Aye Mya Lann Sun - အေးမြလန်းဆန်း

Aye Mya Lann Sun - အေးမြလန်းဆန်း Medical and Health Services

01/03/2026
31/01/2026
31/01/2026
09/01/2026
20/12/2025

Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း
အသက် ၃၁။ ဆေးတွေသောက်လည်း အမြဲတမ်းအောက်ပိုင်းများညောင်းကိုက်နေပါတယ်။ ဆေးတွေသောက်ရင် အရမ်းအိပ်ချင်ပါတယ် အိပ်လို့ကိုမဝနိုင်ပါ။ ဆေးတွေနဲ့ ရောဂါနဲ့လွဲနေသလား မထူးခြားလို့ပါ။ ဆေးသောက်တာ၆လရှိပါပြီ။ မသောက်ဘဲနေတာနဲ့ သောက်တာနဲ့ သိပ်မထူးပါ။ ဘာဆက်လုပ်ရမှန်းမသိပါ ကျေးဇူးပြု၍ညွှန်ပြပါဦးဆရာ။ ကျန်းမာပါစေ။
Triglycerides ထရိုင်ဂလစ်စရိုက် ၁၅ဝ အောက်သာရှိသင့်တာမှာ ၂၅၈ ရှိနေလို့ များနေတယ်။
Cholesterol ကိုလက်စထောမှာ Low-Density Lipoprotein (LDL) ဆိုတာကမှ မကောင်းတာပါ။ High-Density Lipoprotein (HDL) ကကောင်းတယ်။ Cholesterol ဟာ ဆဲလ်နံရံတွေ ဆောက်ဘို့၊ ဟော်မုန်းတွေလုပ်ဘို့ အသုံးဝင်တယ်။ သိပ်နည်းနေသူဟာ စိတ်ကျရောဂါ ဖြစ်နေတတ်တယ်။ ဒိထက် ပိုသိချင်ရင် Triglycerides ထရိုင်ဂလစ်စရိုက်လို့ မှတ်လိုက်ပါ။
ကိုလက်စထောများနေတာထက် ထရိုင်ဂလစ်စရိုက်များနေတာက ရောဂါရမှာကို ပိုပြီးတိကျစေတယ်။ ထရိုင်ဂလစ်စရိုက် နဲ့ HDL အချိုးဟာ နှလုံးကိုထိခိုက်တော့မယ်ဆိုတာသိဘို့ အရေးကြီးတဲ့ ညွှန်းကိန်းဖြစ်တယ်။ သွေးထဲမှာ ထရိုင်ဂလစ်စရိုက် များနေတာနဲ့ Atherosclerosis သွေးလွှတ်ကြော မာတာ ပိတ်တာ ဆက်စပ်နေတယ်။ ဆက်ပြီးလဲ Heart disease နှလုံး-ရောဂါ နဲ့ Stroke စထုပ်ခ်ရတာ ဖြစ်နိုင်တယ်။ အသက်ရလေ ထရိုင်ဂလစ်စရိုက်များလာလေ။ မျိုးရိုးလဲလိုက်နိုင်တယ်။
Myocardial infarction နှလုံးကြွက်သား သွေးမလျှောက် ရောဂါဆိုတာက အလွန့်-အလွန် အရေးကြီးတယ်။ အသက် ကြီးသူတွေမှာ Sick sinus syndrome ရောဂါက ဆိုးတယ်။ ၇ဝ% အောက်သာ ၅ နှစ် ရှင်မယ်။ ဒီရောဂါဟာ တကယ့် အရေးပေါ်ဖြစ်တယ်။ အမေရိကားမှာ တနှစ်မယ် လူ ၅ သိန်းကနေ ၇ သိန်း သေဆုံးနေကြရတယ်။ သေရသူတဝက်က ဆေးရုံတောင် မရောက်နိုင်ကြဘူး။ Acute Coronary Syndrome, Ischemic Heart Disease, Myocardial Ischemia ဆေစာနဲ့ နာမယ်တွေ အမျိုးမျိုးခေါ်တယ်။ ဖြစ်ပြီဆိုရင် ရင်ဘတ် မတရား-နာတာတာကို Angina pectoris ခေါ်တယ်။ မခံနိုင်အောင်၊ ချွေးပြန်အောင်နာတယ်။ နှလုံး-ကြွက်သား သွေးမဝလို့ နာတာ ဖြစ်တယ်။ နာတဲ့နေရာက ရင်ညွန့်ရိုးအထဲကပါ။ မေးရိုး၊ ပခုံးနဲ့ လည်ပင်းဆီကို ဆက်နာနိုင်တယ်။ ရင်ဘတ်နာတာက တခြားနေရာမှာဆိုရင် မစိုးရိမ်ပါနဲ့။
ရောဂါလက္ခဏာတွေ
ရင်ဘတ်အောင့်-နာတာ၊ Syncope ရုတ်တရက် သတိလစ်တာ၊ ခေါင်း မူးတာ၊ ခေါင်းထဲ ပေါ့နေတာ၊ ပျို့-အန်တာ၊ အသက်ရှူ တိုတာ၊ လေ့ကျင့်ခန်း-လှုတ်ရှားမှု လုပ်မရတာ၊ အသားအရေ ပြာနှမ်းနေတာ၊ ကိုယ်ရောင်တာ၊ အဆုတ်ရောင်တာတွေ တွေ့နိုင်တယ်။
ဆေးစစ်ရင် Electrolyte, Glucose, Calcium, Magnesium, Thyroid function tests, Toxicologic screen, Imaging Studies တွေနဲ့ 12-lead ECG စစ်မယ်။ ထရိုင်ဂလစ်စရိုက် များ-မများ မစစ်ခင် ၈ နာရီကနေ ၁၂ နာရီ အစာမစားဘဲ နေသင့်တယ်။ 150 mg/dL အောက်ရှိတာကောင်းတယ်။ ၁၅ဝ ကနေ ၁၉၉ ဆိုရင် သတိထားရတော့မယ်။ ၂ဝဝ ကနေ ၄၉၉ အထိ မကောင်းဘူး။ ၅ဝဝ ကျော်ရင် အန္တရာယ်ရှိနေပြီ။
Asparaginase လူကီးမီးယားဆေး၊ Fenofibrate, Gemfibrozil, Clofibrate, Statin ကိုလက်စထောကျဆေး၊ Nicotinic acid ဗီတာမင် ဘီ-၃ နဲ့ ဗီတာမင် စီ တွေ သောက်နေသူတွေ၊ အဆီစားနည်းသူတွေ၊ လည်ပင်းကြီးဟော်မုန်း များသူ၊ အာဟာရချို့တဲ့သူ၊ အစာစုပ်မယူနိုင်တဲ့ရောဂါ ရှိသူတွေမှာ ထရိုင်ဂလစ်စရိုက်နည်းနေတာ တွေ့ရမယ်။
Beta blockers, Calcium channel-blocking agents, Clonidine, Reserpine သွေးတိုးကျဆေး၊ Tamoxifen ကလေး မရတာ အတွက်ဆေး၊ Steroids စတီရွိုက်ဆေး၊ Diuretics ဆီးသွားစေတဲ့ဆေး၊ Class I Antiarrhythmic agents, Amiodarone, Acetylcholine, Digitalis glycosides နှလုံးရောဂါဆေး၊ Estrogen မ-ဟော်မုန်းဆေး၊ ကိုယ်ဝန်-တားဆေး၊ Colestipol, Cholestyramine ကိုလက်စထောကျဆေး၊ Protease inhibitors ဗိုင်းရပ်စ်ဆေး၊ Retinoids ဗီတာမင် အေ၊ Lithium, Antipsychotics စိတ်ရောဂါဆေး၊ Paclitaxel, Toluene ဓါတုဆေး၊ Dimethyl sulfoxide ဆီးအိမ်ရောဂါ ဆေးနဲ့ Alfentanil, Fentanyl, Sufentanil ဘိန်းပါတဲ့ အနာသက်သာဆေးတွေကနေလဲ Triglycerides များနေနိုင်တယ်။
အပူချိန်နည်းတာ၊ သကြားဓါတ်နည်းနေတာ၊ အအိပ်ပျက်ရောဂါ၊ ဆုံဆို့နာ၊ လေးဘက်နာ၊ နှလုံးကြွက်သားရောင်ရောဂါ၊ ပတ်ဝန်းကျင်-အဆိပ်သင့်တာ၊ ဓါတ်ဆားမညီမျှတာ၊ ရောဂါပိုးဝင်တာ၊ သကြားဓါတ်နည်းတာ၊ လည်ပင်းကြီးဟော်မုန်း နည်းတာ၊ ဦးနှောက် ဖိအားများတာတွေကြောင့်လဲ ဒီရောဂါဖြစ်နိုင်တယ်။
ဘယ်လို ကုသလဲ
ရောဂါလက္ခဏာ မပြသူတွေအတွက် ဆေးပေးဘို့ မလိုပါ။ ဓါတ်ဆား မမျှတာမျိုး ရှိနေရင် ပြင်ပေးရမယ်။ Hypothermia ကိုယ်ပူချိန် နည်းတာကြောင့် ဖြစ်ရတာဆိုရင် ပြန်ပြီး နွေးအောင်လုပ်ရမယ်။ ရောဂါပိုးဝင်ရာကနေ ဖြစ်သူတွေကိုတော့ Permanent Pacing အမြဲ လုပ်ပေးရတယ်။ Sick sinus syndrome ဖြစ်သူတွေက Atropine ပေးရင် ခဏဘဲ သက်သာလို့ Pacemaker ထည့်ပေးရတယ်။ Atropine ဆေးကို သွေးပြန်ကြောထဲ ထိုးပေးရင် လောလောဆယ် သက်သာမယ်။ Atropine လူကြီးဆိုရင် 0.5-1 mg IV or ET q3-5min up to 3 mg total (0.04 mg/kg) နဲ့ ကလေးတွေမှာ 0.02 mg/kg/dose IV, minimum of 0.1 mg ပေးတယ်။
Triglyceride levels ဘယ်လို ချမလဲဆိုတာ စိန်ခေါ်မှုဖြစ်တယ်။ ကျန်းမာရေးလိုက်စားသူဆိုတဲ့ လူနေမှုဘဝပုံစံ တခုလုံး ပြောင်းရပါမယ်။ ဆန်လုံးညို စားပါ။ Saturated and trans fats အဆီအမျိုးတွေ ရှောင်ပြီး၊ Monounsaturated and Polyunsaturated fats တွေကို စားသုံးပါ။ Olive oil, Canola oil, Nuts, Peanut oils စားသုံးဆီတွေ ကောင်းတယ်၊ နို့နဲ့ နို့ထွက် အစာတွေမှာ အဆီနည်းတာ ရွေးစားပါ။ Omega 3 များတဲ့ Salmon, Mackerel, Lake trout, Sardines, Herring, Albacore tuna ငါးတွေက ကောင်းတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ၊ အသားထဲက အဆီ ရွေး-ချန် စားပါ၊ ဖိုင်ဗာများအစာ၊ ဖွေးဖြူသွားအောင် ချွတ်မထားတဲ့ အစေ့အဆံ စားပါ၊ အသီးအနှံ စားပါ၊ အချိုဓါတ်၊ သကြားဓါတ် နည်းတဲ့ အရည်ကိုသာ သောက်ပါ၊ အရက်ရှောင်ပါ၊ ဆေးလိပ်ဖြတ်ပါ၊ ကိုယ်အလေးချိန်လျှော့ပါ။
လိုသေးရင် ဆေးကူရမယ်။ Cholesterol နဲ့ Triglycerides တွေချဘို့ ဆေးတွေကတော့ Fibrates တွေ ဖြစ်တယ်။ Gemfibrozil (Lopid), Fenofibrate (Tricor) နဲ့ Niacin တွေပါတယ်။ အစာမရှောင်ဘဲ၊ ဆေးတခုထဲနဲ့ မရတာ သတိထားရမယ်။
အရေးပေါ်အခြေအနေ
ရင်ဘတ် နာလွန်းတာအတွက် ဘိန်းပါတဲ့ Morphine sulfate ဆေးနဲ့သာ သက်သောစေနိုင်တယ်။ မတည်ငြိမ်တဲ့လူနာကို Cardiac monitor နှလုံးစောင့်ကြည့်စက် နဲ့ IV line အကြောဆေး သွင်းပေးထားရတယ်။ အောက်စီဂျင်လဲ ပေးမယ်။ လိုအပ်ရင် Endotracheal intubation လည်ချောင်းထဲ ကရိယာ ထည့်ပေးထားမယ်၊ Aspirin အက်စပရင်ကြောင့် သေဆုံးတာကို ၂ဝ% လျော့စေနိုင်တယ်။ Nitroglycerin, Thrombolytic agents, Heparin, Beta blockers နဲ့ Calcium channel blockers ဆေးတွေ သုံးတယ်။ Pulmonary angioplasty ဆိုတာလဲ လုပ်ပေးနိုင်တယ်။ လိုသေးရင် Transcutaneous အရေပြားအောက်ဖြစ်ဖြစ် Transvenous Pacing သွေးကြောကနေဖြစ်ဖြစ် စည်းချက် မှန်စေတာ လုပ်ပေးပါမယ်။
Cholesterol ကိုလက်စထော https://dr-tint-swe.blogspot.com/2020/12/cholesterol.html
Cholesterol and food ကိုလက်စထောနဲ့ အစားအစာ https://dr-tint-swe.blogspot.com/2021/06/good-food.html
Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/saturated-fatty-acids-and-health-risks.html
Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) https://dr-tint-swe.blogspot.com/2021/07/chicken-eggs.html
Triglycerides ထရိုင်ဂလစ်စရိုက် အဆီများခြင်း https://dr-tint-swe.blogspot.com/2021/01/triglycerides.html
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://dr-tint-swe.blogspot.com/2021/10/ischemic-heart-disease.html
Natural foods for Cholesterol ကိုလက်စထောနည်းစေမည့် အစားအစာများ https://dr-tint-swe.blogspot.com/2024/12/natural-foods-for-cholesterol.html
Atorvastatin ဆေး https://dr-tint-swe.blogspot.com/2021/11/atorvastatin.html
Dr. တင့်ဆွေ

Address

Mandalay
05041

Telephone

+9595240273

Website

Alerts

Be the first to know and let us send you an email when Aye Mya Lann Sun - အေးမြလန်းဆန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share