Medical Equipment & Oxygen

Medical Equipment & Oxygen Pharmacy & Healthcare

3 လွှာ Mask ဖာ 200 Sold Out
10/02/2022

3 လွှာ Mask
ဖာ 200
Sold Out

သင်-ကိုဗစ်ဖြစ်လို့ စိတ်ညစ်နေပါသလား..?သို့တည်းမဟုတ် မဖြစ်သေးလို့ 'ကံအကောင်းဆုံးလူသား'လို့ ယူဆနေပါသလား..?မပူပါနဲ့မိတ်ဆွေ.....
09/02/2022

သင်-
ကိုဗစ်ဖြစ်လို့ စိတ်ညစ်နေပါသလား..?

သို့တည်းမဟုတ် မဖြစ်သေးလို့ 'ကံအကောင်းဆုံးလူသား'လို့ ယူဆနေပါသလား..?

မပူပါနဲ့မိတ်ဆွေ..

လက်ရှိကိုဗစ်ထက် အဆပေါင်းများစွာပြင်းထန်တဲ့ ပိုးတစ်မျိုးပေါ်လာနိုင်ခြေရှိပါတယ်တဲ့..။

သူ့အမည်ကိုတော့ NeoCoV လို့သုတေသီများက ကင်ပွန်းတပ်ပေးထားပါတယ်..။

အကယ်၍ ဒီ NeoCoV သာ လူသားတွေကိုစတင်ကူးခဲ့မယ်ဆိုရင်တော့ ၃ ယောက်မှာ ၁ ယောက်သေနိုင်ပါတယ်လို့လည်း အသိပေးထားပါတယ်။

သတင်းအပြည့်အစုံကိုတော့ အောက်ပါလင့်တွေထဲ ဝင်ဖတ်လေ့လာနိုင်ပါကြောင်း..

https://www.indiatoday.in/coronavirus-outbreak/video/what-is-neocov-a-new-covid-variant-watch-what-experts-say-1906289-2022-01-30

https://www.deseret.com/2022/1/31/22910345/neocov-neo-cov-virus-worry-experts

Google page မှာလည်း NeoCoV လို့ရိုက်ထည့်ပြီး လေ့လာဖတ်ရှုနိုင်ပါကြောင်း

'သဗ်ဗသေတ်တာ ကမ်မသကာ'

😷 Omicron 😷ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)⬛Omicron Day 1 (အဆိုးဆုံးနေ့)🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်အ...
09/02/2022

😷 Omicron 😷
ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)

⬛Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

⬛Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

⬛Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

⬛Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺

Credit to Aye Nyein Swe

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ****************အိုမီခရွန် Omicronနံပါတ် ၁/ အပျော့စား လက္ခဏာ ...
05/02/2022

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ
****************

အိုမီခရွန် Omicron
နံပါတ် ၁/
အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် ၂ / အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ချောင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် ၃ /
အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး
တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါဘဲ အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့ သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်

၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ၊
၃၊လူစုလူဝေးရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ

Courtesy - Sunny
Credit

FYI.ဘယ်လောက်ပဲ restriction တွေလုပ်လုပ် Omicron  ကူးစက်မှုဟာ နေ့စဉ် လူ ၃သန်းကျော်ပါတယ်။သေနှုန်းကတော့ 0.2% သာသာ ရှိပါတယ်။သ...
04/02/2022

FYI.

ဘယ်လောက်ပဲ restriction တွေလုပ်လုပ် Omicron ကူးစက်မှုဟာ နေ့စဉ် လူ ၃သန်းကျော်ပါတယ်။

သေနှုန်းကတော့ 0.2% သာသာ ရှိပါတယ်။

သေတဲ့လူတွေဟာ delta ကြောင့် ကြာရှည်နေတဲ့သူတွေ၊
သွေးတိုး၊ ဆီးချို နှလုံးရောဂါ၊ အဆုတ်ရောဂါ စတဲ့ ရောဂါ အခံရှိတဲ့ omicron ကူးစက်ခံရသူ co-morbid ရှိတဲ့ သက်ကြီးလူနာတွေပါ။

ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီး
သူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေမယ်။ ကူးစက်ခံရတဲ့ targeted cell ကို တိုက်ခိုက်တာမို့
နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက် ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

Omicro specific protein ကို ထုတ်နိုင်ခဲ့ပေမယ့် Anthony Fauci ကတော့ မလိုတော့ဘူးလို့ ဆိုပါတယ်။

Vaccine ထိုးထားတာတွေရယ်
Omicron ကပေးတဲ့ global massive herd immunity ကြောင့်
COVID ရဲ့ ဒုက္ခပေးနိုင်မှုဟာ ကျဆင်းလာနေပါပြီ။

Denmark ကတော့ Pandemic အဆုံးသတ်ပြီလို့ ဆိုပြီး restriction တွေ လျှော့ချပါပြီ။

သတိပြုနိုင်ကြဖို့ပါ~~~~~~~~~~~~~~~~~~အိုမီခရွန်လက္ခဏာတွေက … - (၄၈)နာရီအတွင်း လက္ခဏာပြတယ်(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မ...
03/02/2022

သတိပြုနိုင်ကြဖို့ပါ
~~~~~~~~~~~~~~~~~~
အိုမီခရွန်လက္ခဏာတွေက …

- (၄၈)နာရီအတွင်း လက္ခဏာပြတယ်

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊
အားမရှိဖြစ်နေမယ် …

(၂) လည်ချောင်းယားမယ် ၊
ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ...

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊
ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်
ကိုက်ခဲမယ် ...

(၄) မစားမသောက်ချင်ဖြစ်လာမယ် ...

အထက်ပါလက္ခဏာတွေဖြစ်ရင်
အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီကြပါ။

@နန်း ယု

ကျန်းမာရေးဌာန သုံးMedical Grade Certificate ပါ level 3 PPE အထူးဈေး 6000 ကျပ်
09/12/2021

ကျန်းမာရေးဌာန သုံး
Medical Grade
Certificate ပါ
level 3 PPE
အထူးဈေး 6000 ကျပ်

Omicron ကာကွယ်ဖို့ လူတိုင်း Mask ဆောင်ကြရန် ပစ္စည်း အကောင်း Certificate ပါ Mask မထူ/မပါး အထူးဈေးနှုန်း 850 ကျပ်
09/12/2021

Omicron ကာကွယ်ဖို့
လူတိုင်း Mask ဆောင်ကြရန်
ပစ္စည်း အကောင်း
Certificate ပါ Mask မထူ/မပါး
အထူးဈေးနှုန်း 850 ကျပ်

Omicron ကာကွယ်ဖို့ လူတိုင်း Mask ဆောင်ကြရန်၊ပစ္စည်း အကောင်း Certificate ပါ Mask အထူ အထူးဈေးနှုန်း 950 ကျပ်
09/12/2021

Omicron ကာကွယ်ဖို့
လူတိုင်း Mask ဆောင်ကြရန်၊
ပစ္စည်း အကောင်း
Certificate ပါ Mask အထူ
အထူးဈေးနှုန်း 950 ကျပ်

အရေးပေါ်ကြေငြာချက်။(B.1.1.529)ခေါ်(COVID 19 Omicron Variant)။-(B.1.1.529)ခေါ်(New South Africa Strain, Omicron Variant)မ...
08/12/2021

အရေးပေါ်ကြေငြာချက်။(B.1.1.529)ခေါ်(COVID 19 Omicron Variant)။
-
(B.1.1.529)ခေါ်(New South Africa Strain, Omicron Variant)မကြာမှီတကမ္ဘာလုံးကိုပျံနှံ့လာတော့မည်။အခုလောလောဆယ်မှာတော့(South Africa)နိုင်ငံတွေမှာစတွေ့တာဖြစ်ပြီး၊အစ္စရေးနဲ့၊ဟောင်ကောင်တွေကိုတောင်ကူးစက်ပျံ့နှံနေပြီလို့သိရှိရပါတယ်။
-
ကံကောင်းတဲ့အချက်ကဒီ(Virus)အသစ်ကိုအစောကြီးရှာဖွေတွေ့ရှိလိုက်လို့၊အရင်(Delta Strain)ကလိုမဟုတ်ပဲတစ်ကမ္ဘာလုံးအတွက်ပြင်ဆင်ချိန်အနည်းငယ်ပိုရပါတယ်။ဒီ(Virus)ဟာအသစ်ဖြစ်ပြီးဒီနေ့မှာမှ(Omicron)ဆိုပြီးဂရိစာလုံး(o)နဲ့(WHO)ကနာမည်ပေးလိုက်တာပါ။
-
ကံဆိုးတဲ့အချက်က၊အရင်ကမြန်မာပြည်ကိုဝင်သွားတဲ့(တတိယလှိုင်း, Delta Strain)ထက်အဆပေါင်းများစွာပြင်းထန်ကြောက်စရာကောင်းပြီးကူးစက်လွယ်ပါတယ်လို့ပြောနေကြပါတယ်။
-
သေပျောက်နှုန်းလဲ(Delta)ထက်ပိုများနိုင်တယ်လို့လူအများယူဆထားကြပေမယ့်၊အတိအကျသေချာမသိရသေးလို့အကြောက်မပိုကြပါနှင့်ဦး။
-
(တတိယလှိုင်း, Delta Strain)ထက်ပိုပြင်းထန်ပြီးကူးစက်တယ်လို့ပြောပေမယ့်၊သေပျောက်နှုန်းပိုများမလား၊နည်းမလားဆိုတာသေချာမသိရသေးပေမယ့်၊သေချာတာတစ်ခုကတော့လက်ရှိသုံးနေတဲ့ဘယ်ကာကွယ်ဆေးကမှမကာကွယ်ပေးနိုင်တော့ပါဘူး။
-
ဘာကြောင့်လက်ရှိကာကွယ်ဆေးတွေအလုပ်မလုပ်တော့သလဲဆိုတော့၊ဒီ(Virus)အသစ်ဟာ(Mutation)ပေါင်း(၃၀)ကျော်လောက်ဖြစ်သွားပြီး၊(Receptor Binding Domain)ဖြစ်တဲ့၊(Spike Protein)မှာတင်(Major Mutation)တွေ(၁၀)ခုလောက်ဖြစ်သွားခဲ့ပါတယ်တဲ့။
-
ဆိုလိုတာက(တတိယလှိုင်း, Delta Strain)ဟာ၊(Spike Protein)မှာ(Major Mutation)တွေ(၂)ခုသာဖြစ်ခဲ့လို့ကာကွယ်ဆေးတွေကိုအနည်းငယ်အားကိုးမျှော်လင့်ချက်ထားလို့ရပေမယ့်၊ဒီ(Virus)အသစ်ဟာ(Spike Protein)မှာတင်(Delta Strain)ထက်(500%)လောက်(Major Mutation)ဖြစ်ပြီးပြောင်းလဲသွားလို့၊လက်ရှိဘယ်ကာကွယ်ဆေးမှအလုပ်လုပ်ဖို့မျော်လင့်ချက်မရှိတော့ပါဘူး။
-
(Spike Protein)ကိုအဓိကပြစ်မှတ်ထားတဲ့ကာကွယ်ဆေးတွေဟာ၊(Spike Protein)အများကြီးပြောင်းလဲသွားမှတော့ဘယ်လိုမှမကာကွယ်နိုင်တော့ဘူးဆိုတာကတော့အကျိုးအကြောင်းညီညွတ်နေလို့သေချာတဲ့အချက်တစ်ချက်ပါပဲ။
-
ကျွန်တော်ဆိုလိုချင်တာက(Major Mutation)တွေ(၃၀)ကျော်လောက်ဖြစ်သွားတာတော့ဟုတ်ပါပြီ၊ပိုပြီးအသေအပျောက်များမယ်၊မများဘူးဆိုတာကတော့သေချာမသိနိုင်သေးပါဘူး။(Mutation)များတိုင်းလူပိုသေတာတော့မဟုတ်ပါဘူး။သေပျောက်မှု့နှုန်းဟာ(Mutation)နဲ့တိုက်ရိုက်အချိုးကြနေတာတော့မဟုတ်ပါဘူး။
-
(Mutation)များသွားတယ်ဆိုတာကအရင်ကနဲ့အသွင်မတူပဲပြောင်းလဲသွားတာကိုဆိုလိုချင်တာပါ။သေပျောက်မှု့နှုန်းကတော့၊ကောင်းတဲ့ဖက်ကိုပြောင်းလာနိုင်သလို၊ပိုပြီးဆိုးတဲ့ဖက်ကိုလဲရောက်နိုင်တာပါပဲ။
-
(Mutation)များသွားခြင်းဟာသေပျောက်နှုန်းနဲ့မဆိုင်ပဲ၊ကာကွယ်ဆေးတွေဘာမှအလုပ်မလုပ်တော့ဘူးဆိုတာကိုပြရုံသက်သက်ပါပဲ။ဒါကြောင့်ကာကွယ်ဆေးထိုးထားတဲ့နိုင်ငံတွေကပိုပြီးသွေးပျက်နေကြပါပြီ။ကာကွယ်ဆေးမထိုးထားတဲ့နိုင်ငံတွေအတွက်ကတော့(delta)နဲ့ထူးမခြားနားပါပဲ။
-
(Major Mutation)ဖြစ်သွားတယ်ဆိုတာကလဲ၊(Virus)ကိုယ်တိုင်ကကာကွယ်ဆေးတွေတစ်ခုမှအသုံးမဝင်တော့အောင်၊သူ့ရဲ့(Spike Protein)တွေကိုပုံစံပြောင်းပြီးရှောင်ထွက်သွားလို့ပဲဖြစ်ပါတယ်။
-
ဒီသဘောကို(Vaccine escape)သို့မဟုတ်(immune escape)ဖြစ်တယ်လို့ခေါ်ပါတယ်။ဆိုလိုတာကလူဆိုးသူခိုးကအိမ်ရှင်မမှတ်မိတော့အောင်၊အကြီးအကျယ်ရုပ်ဖျက်ပြီးပုံပြောင်းလိုက်တဲ့သဘောပေါ့။
-
ဒီ(New Strain B.1.1.529, Omicron)ရဲ့(Spike Protein)မှာ(Major Mutations)တွေအများကြီးဖြစ်သွားလို့၊ကမ္ဘာပေါ်မှာလက်ရှိသုံးနေကြတဲ့ဘယ်ကာကွယ်ဆေးတွေကမှကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူးလို့ပညာရှင်အများစုကလဲအထူးသတိပေးနေကြပါပြီ။
-
နောက်ပိုင်းကာကွယ်ဆေးတွေကိုပုံစံသစ်လိုက်ပြီးပြောင်းမယ်ဆိုရင်တော့မသိဘူးပေါ့။ကာကွယ်ဆေးကိုပုံစံပြောင်းဖို့ဆိုတာကလဲလွယ်တာမှမဟုတ်တာ၊အချိန်ကလဲလပေါင်းများစွာကြာဦးမယ်။
-
ဆေးကိုပုံစံပြောင်းလိုက်လို့၊ကာကွယ်ဆေးအသစ်ရပြီဆိုဦးတော့၊ဒီဗိုင်းရပ်စ်ကမပြောင်းလဲပဲစိတ်ရှည်ရှည်နဲ့သစ္စာရှိစွာထိုင်စောင့်နေမှာတော့မဟုတ်ပါဘူး။အဲဒီအချိန်မှာသေတဲ့လူတွေကလဲသေကုန်ပြီ။
-
(Virus)ကိုယ်တိုင်ကလဲနောက်ထပ်အသစ်တစ်မျိုးထပ်ပြောင်းဦးမှာပဲမဟုတ်ဘူးလား။ကာကွယ်ဆေးပြောင်းလိုက်တိုင်းမှာ(Virus)ကလဲရှောင်ထွက်သွားနေမယ်ဆိုရင်တော့မုန့်လုံးစက္ကူကပ်ပါပဲ၊ရေရှည်မှာမလွယ်လှပါဘူး။
-
ဒီ(Omicron Variant)မှာ(Major Mutation)တွေဒီလောက်ပြောင်းသွားတာ၊ကာကွယ်ဆေးတွေကိုမဆိုထားနဲ့ဦး၊နဂိုက(COVID)အပြင်းအထန်ဖြစ်ခဲ့ဖူးတဲ့လူတွေရဲ့သွေးထဲမှာကျန်ရှိနေတဲ့(Natural Immunity)တွေကတောင်ဒီ(Virus)အသစ်ကိုဆက်ပြီးကာကွယ်ပေးနိုင်မယ်မထင်ဘူးလို့ပညာရှင်တွေယူဆနေကြပါတယ်။
-
ဒါပေမယ့်ကျွန်တော့်အထင်ကတော့(Natural Immunity)ဆိုတာကာကွယ်ဆေးတွေလို(Spike Protein)တွေကိုအဓိကမထားပဲ၊(Full spectrum immunity)ဖြစ်နေလို့ဒီ(Virus)အသစ်ကိုကာကွယ်ဆေးအမျိုးမျိုးတွေထက်အချိန်အတိုင်းတာတစ်ခုအထိတော့ကာကွယ်ပေးနိုင်ပါလိမ့်မယ်လို့တော့ယုံကြည်နေပါသေးတယ်။
-
သို့သော်(Natural Immunity)ဟာ၊(COVID)ဖျားနာပြီး(၆)လကျော်လောက်ကြာသွားရင်တော့စိတ်ချလို့မရနိုင်တော့ပါဘူး။
-
(Delta)တတိယလှိုင်းကဖြစ်သွားတာသိပ်မကြာသေးလို့မြန်မာပြည်မှာ(Natural Immunity)တွေလတ်လတ်ဆတ်ဆတ်ကျန်နေတဲ့လူတွေရှိနေဦးမှာပါ။ဒါကြောင့်မြန်မာပြည်ကိုတော့ချက်ခြင်းကြီးဝင်လာလိမ့်မယ်လို့တော့မထင်ပါဘူး။
-
နောက်ကံကောင်းတာတစ်ခုကဒီ(Virus)အသစ်ကိုအစောကြီးရှာဖွေတွေ့ရှိလိုက်လို့၊အရင်(Delta Strain)ကလိုမဟုတ်ပဲမြန်မာပြည်အပါအဝင်တစ်ကမ္ဘာလုံးအတွက်ပြင်ဆင်ချိန်အနည်းငယ်ပိုရပါတယ်။
-
မြန်မာပြည်အတွက်ကတော့ပြင်ဆင်ချိန်အနည်းဆုံးတစ်လလောက်တော့ရနိုင်ပါလိမ့်မယ်။ဒါကကျွန်တော့်အမြင်ခန့်မှန်းပြောတာဖြစ်လို့၊အမှန်လို့တော့ယူဆလို့မရနိုင်ပါ။
-

အနှစ်ချူပ်ပြောရရင်ကာကွယ်ဆေးရဲ့အကျိုးသက်ရောက်မှု့ကိုရှောင်ထွက်သွားနိုင်ပြီဖြစ်တဲ့(COVID 19)ပိုးအသစ်(Omicron Variant)ကတော့မြန်မာပြည်ကိုချက်ခြင်းရောက်မလာနိုင်သေးပေမယ့်၊မပေါ့ဆကြဖို့တော့ကြိုတင်ပြီးအသိပေးချင်ပါတယ်။
-
(COVID 19)ဟာကမ္ဘာပေါ်မှာပြီးဆုံးမသွားသေးပါဘူး။ဘယ်အခါကြမှပြီးဆုံးသွားမလဲဆိုတာလဲဘယ်သူမှမသိသေးပါဘူး။အခုအချိန်မှာတော့၊အနှေးနှင့်အမြန်ပဲကွာမယ်ဒီလိုပဲမကြာခဏလိုင်းတွေတစ်ခုပြီးတစ်ခုဝင်ရောက်လာနိုင်တယ်ဆိုတာကိုတော့လူတိုင်းနားလည်ပြီးသတိရှိကြဖို့တော့အထူးလိုအပ်နေပါပြီ။
-
အားလုံးကျန်းမာ၍ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။

Oxygen Concentrator Sale Myanmar

ဒီဇင်ဘာ ၁ ရက် ၂၀၂၁၊ ဂရင်းနစ်စံတော်ချိန် ၁၅၀၀ နာရီမှာ အိုမီခရွန် ဗီဇပြောင်းပိုးအသစ် ကူးစက်မှုဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံမ...
08/12/2021

ဒီဇင်ဘာ ၁ ရက် ၂၀၂၁၊ ဂရင်းနစ်စံတော်ချိန် ၁၅၀၀ နာရီမှာ အိုမီခရွန် ဗီဇပြောင်းပိုးအသစ် ကူးစက်မှုဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံများပြ မြေပုံ

VOA

Omicron အကြောင်း လက်ရှိ ဗဟုသုတ တောင်အာဖရိကနှင့် ကမ္ဘာတစ်ဝှမ်းရှိ သုတေသီများသည် Omicron ၏ ရှုထောင့်များစွာကို ပိုမိုနားလည...
08/12/2021

Omicron အကြောင်း လက်ရှိ ဗဟုသုတ

တောင်အာဖရိကနှင့် ကမ္ဘာတစ်ဝှမ်းရှိ သုတေသီများသည် Omicron ၏ ရှုထောင့်များစွာကို ပိုမိုနားလည်သဘောပေါက်စေရန် လေ့လာမှုများ ပြုလုပ်နေပြီး ၎င်းတို့ရရှိလာပါက ယင်းလေ့လာမှုများ၏ တွေ့ရှိချက်များကို ဆက်လက်မျှဝေသွားမည်ဖြစ်သည်။

Transmissibility - Omicron သည် Delta အပါအဝင် အခြားသောမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပိုမိုကူးစက်နိုင်ခြေ (ဥပမာ၊ လူမှလူတစ်ဦးသို့ လွယ်ကူစွာ ကူးစက်နိုင်သည်) ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ဤမျိုးကွဲကြောင့် တောင်အာဖရိကရှိ ဒေသများတွင် အပြုသဘောဆောင်သော စမ်းသပ်တွေ့ရှိသူဦးရေ တိုးလာသော်လည်း Omicron သို့မဟုတ် အခြားသော အကြောင်းအရင်းများကြောင့် ဖြစ်မဖြစ် သိရှိနိုင်ရန် ကူးစက်ရောဂါဆိုင်ရာ လေ့လာမှုများကို လုပ်ဆောင်နေပါသည်။

ရောဂါပြင်းထန်မှု− Omicron ပိုးကူးစက်မှုသည် Delta အပါအဝင် အခြားသောမျိုးကွဲများနှင့် နှိုင်းယှဉ်ပါက ပိုမိုပြင်းထန်သောရောဂါဖြစ်စေခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ပဏာမအချက်အလက်များအရ တောင်အာဖရိကတွင် ဆေးရုံတက်ကုသသည့်နှုန်း တိုးလာသော်လည်း Omicron နှင့် သီးခြားကူးစက်မှုရလဒ်ထက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် တိုးလာခြင်းကြောင့် ဖြစ်နိုင်သည်။ Omicron နှင့် ဆက်စပ်သော လက္ခဏာများသည် အခြားမျိုးကွဲများနှင့် ကွဲပြားကြောင်း လောလောဆယ်တွင် အကြံပြုရန် အချက်အလက်မရှိပါ။ ကနဦးအစီရင်ခံတင်ပြထားသောရောဂါကူးစက်မှုများသည် တက္ကသိုလ်ကျောင်းသားများ—ပိုမိုပျော့ပျောင်းသောရောဂါရှိသူ—ငယ်ရွယ်သူများ—သို့သော်လည်း Omicron မျိုးကွဲ၏ပြင်းထန်မှုအဆင့်ကိုနားလည်ရန် ရက်သတ္တပတ်များစွာကြာမည်ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် လွှမ်းမိုးနေသော မြစ်ဝကျွန်းပေါ်မျိုးကွဲအပါအဝင် COVID-19 အမျိုးကွဲအားလုံးသည် ပြင်းထန်သောရောဂါ သို့မဟုတ် သေဆုံးနိုင်သည်၊



Effectiveness of prior SARS-CoV-2 infection

Preliminary evidence suggests there may be an increased risk of reinfection with Omicron (ie, people who have previously had COVID-19 could become reinfected more easily with Omicron), as compared to other variants of concern, but information is limited. More information on this will become available in the coming days and weeks.

Effectiveness of vaccines: WHO is working with technical partners to understand the potential impact of this variant on our existing countermeasures, including vaccines. Vaccines remain critical to reducing severe disease and death, including against the dominant circulating variant, Delta. Current vaccines remain effective against severe disease and death.

Effectiveness of current tests: The widely used PCR tests continue to detect infection, including infection with Omicron, as we have seen with other variants as well. Studies are ongoing to determine whether there is any impact on other types of tests, including rapid antigen detection tests.

Effectiveness of current treatments: Corticosteroids and IL6 Receptor Blockers will still be effective for managing patients with severe COVID-19. Other treatments will be assessed to see if they are still as effective given the changes to parts of the virus in the Omicron variant.



Studies underway

At the present time, WHO is coordinating with a large number of researchers around the world to better understand Omicron. Studies currently underway or underway shortly include assessments of transmissibility, severity of infection (including symptoms), performance of vaccines and diagnostic tests, and effectiveness of treatments.

WHO encourages countries to contribute the collection and sharing of hospitalized patient data through the WHO COVID-19 Clinical Data Platform to rapidly describe clinical characteristics and patient outcomes.

More information will emerge in the coming days and weeks. WHO’s TAG-VE will continue to monitor and evaluate the data as it becomes available and assess how mutations in Omicron alter the behaviour of the virus.



Recommended actions for countries

As Omicron has been designated a Variant of Concern, there are several actions WHO recommends countries to undertake, including enhancing surveillance and sequencing of cases; sharing genome sequences on publicly available databases, such as GISAID; reporting initial cases or clusters to WHO; performing field investigations and laboratory assessments to better understand if Omicron has different transmission or disease characteristics, or impacts effectiveness of vaccines, therapeutics, diagnostics or public health and social measures. More detail in the announcement from 26 November.

Countries should continue to implement the effective public health measures to reduce COVID-19 circulation overall, using a risk analysis and science-based approach. They should increase some public health and medical capacities to manage an increase in cases. WHO is providing countries with support and guidance for both readiness and response.

In addition, it is vitally important that inequities in access to COVID-19 vaccines are urgently addressed to ensure that vulnerable groups everywhere, including health workers and older persons, receive their first and second doses, alongside equitable access to treatment and diagnostics.



Recommended actions for people

The most effective steps individuals can take to reduce the spread of the COVID-19 virus is to keep a physical distance of at least 1 metre from others; wear a well-fitting mask; open windows to improve ventilation; avoid poorly ventilated or crowded spaces; keep hands clean; cough or sneeze into a bent elbow or tissue; and get vaccinated when it’s their turn.

WHO will continue to provide updates as more information becomes available, including following meetings of the TAG-VE. In addition, information will be available on WHO’s digital and social media platforms.


Reference material:

Classification of Omicron (B.1.1.529): SARS-CoV-2 Variant of Concern
Further information on TAG-VE






Subscribe to our newsletters →Media Contacts
Media Team WHO

Email: [email protected]
News
Omicron (B.1.1.529) အမျိုးအစားခွဲခြားခြင်း- SARS-CoV-2 ၏စိုးရိမ်မှု မူကွဲ ၂၆ နိုဝင်ဘာ ၂၀၂၁
များသော
မူဝါဒများ
ကြှနျုပျတို့အကွောငျး
ကျွန်ုပ်တို့၏သတင်းလွှာများကို စာရင်းသွင်းပါ။
အိမ်
ကိုယ်ရေးကိုယ်တာ ဥပဒေသတိပေးချက်
© 2021 ကမ္ဘာ့ကျန်းမာရေးအဖွဲ့

to Aung Medical Market

Address

Mandalay

Telephone

+959794079950

Website

Alerts

Be the first to know and let us send you an email when Medical Equipment & Oxygen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share