Lin Yaung Oo Hospital

Lin Yaung Oo Hospital Better Quality Care For You.

🫁 "သင့်အဆုတ်ထဲ လေမဟုတ်ဘဲ ရေတွေ၊  ပြည်တွေနဲ့ ပြည့်နေရင် ဘာဖြစ်မလဲ..."ကြောက်စရာကောင်းပေမဲ့ ဒါဟာ အဆုတ်ပိုး (Pneumonia) ဝင်ရ...
23/08/2026

🫁 "သင့်အဆုတ်ထဲ လေမဟုတ်ဘဲ ရေတွေ၊ ပြည်တွေနဲ့ ပြည့်နေရင် ဘာဖြစ်မလဲ..."

ကြောက်စရာကောင်းပေမဲ့ ဒါဟာ အဆုတ်ပိုး (Pneumonia) ဝင်ရောက်လာတဲ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုပါ။

💁‍♀️ အဆုတ်ပိုးဝင်ခြင်းဆိုတာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ သို့မဟုတ် မှိုများကဲ့သို့သော အန္တရာယ်ရှိသောပိုးမွှားများ ဝင်ရောက်ပြီး အဆုတ်ရဲ့တစ်ရှူးများကို ရောင်ရမ်းစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

အဆုတ်ပိုးဝင်ခြင်း အမျိုးအစားများစွာ ရှိပြီး

အဆုတ်ရောင်နာ: ကူးစက်တတ်သော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ သို့မဟုတ် မှိုကြောင့်ဖြစ်ခြင်း
ချောင်းဆိုးရင်ကျပ်: အများအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတဲ့ အဆုတ်လေပြွန်တွေ ပိုးဝင်ခြင်း
Bronchiolitis ရောဂါ: မွေးကင်းစကလေးများတွင် အများအားဖြင့် အသက်ရှူလမ်းကြောင်းငယ်များ (bronchioles) ကို ထိခိုက်စေပြီး အများအားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။

🔰 ဒါဆို အဆုတ်ပိုးဝင်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ ?

ကာကွယ်ဆေးထိုးပါ: အဆုတ်ရောင်ကာကွယ်ဆေး (Pneumococcal Vaccine) နှင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးများ ထိုးပါ။
လက်ကို စနစ်တကျဆေးပါ: ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားများ ကူးစက်မှုနည်းစေရန် အရက်ပြန် သို့မဟုတ် ဆပ်ပြာဖြင့် မကြာခဏ ဆေးပေးပါ။
ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ: ဆေးလိပ်ဟာ အဆုတ်ရဲ့ သဘာဝခုခံအားစနစ်ကို ပျက်စီးစေပြီး ပိုးဝင်လွယ်စေပါတယ်။
ကိုယ်ခံအား ကောင်းနေပါစေ : အိပ်ရေးဝဝအိပ်ပါ၊ အာဟာရပြည့်ဝအောင်စားပါ၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

⚠️ ပုံမှန် တုပ်ကွေးထက် ပိုပြီး အသက်ရှုရခက်တာ၊ ရင်ဘတ်အောင့်တာမျိုး ခံစားရရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်၍ ပြသသင့်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🍚 ထမင်းကျန်ကို ပြန်နွှေးစားတာက "အစာဆိပ်သင့်" နိုင်တယ်ဆိုတာ သင်သိပါသလား ?နှမြောစရာကြီး... မနက်ကျမှ ထမင်းကြော်စားလိုက်မယ် ...
17/08/2026

🍚 ထမင်းကျန်ကို ပြန်နွှေးစားတာက "အစာဆိပ်သင့်" နိုင်တယ်ဆိုတာ သင်သိပါသလား ?

နှမြောစရာကြီး... မနက်ကျမှ ထမင်းကြော်စားလိုက်မယ် ဆိုပြီး အပြင်မှာပဲ ဒီအတိုင်း ထားခဲ့တဲ့ ထမင်းအိုးလေးရှိတယ်ဆိုရင် အဲဒီထမင်းအိုးထဲမှာ ဘက်တီးရီးယား" တွေ ပေါက်ဖွားနေပါပြီနော်…

အဲဒီ ဘက်တီးရီးယားတွေကိုတောပ Bacillus cereus လို့ခေါ်ပါတယ်။ ထမင်းကို အပြင်မှာ အချိန်အကြာကြီး (၂ နာရီထက်ပိုပြီး) ထားလိုက်တဲ့အခါ ဒီဘက်တီးရီးယားတွေက အဆိပ်အတောက် (Toxins) တွေကို ထုတ်လွှတ်ပါတယ်။ အဲဒီအဆိပ်အတောက်တွေက ထူးခြားတာက "အပူဒဏ်ကို ခံနိုင်ရည်ရှိတာ" ပါပဲ။

⚠️ ပြန်နွှေးလိုက်ရင် ပျောက်သွားတာ မဟုတ်ဘူးလား?
ဒါက လူအများစု မှားနေတဲ့ အချက်ပါ။ ထမင်းကို ပြန်နွှေးလိုက်တဲ့အခါ ဘက်တီးရီးယားတွေ သေသွားနိုင်ပေမဲ့ သူတို့ထုတ်ထားတဲ့ "အဆိပ်အတောက်" တွေကတော့ မသေပါဘူး။ ဒါကြောင့် ပြန်နွှေးစားလည်း အန်တာ၊ ဝမ်းလျှောတာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။

💡 ဘယ်လိုကာကွယ်ကြမလဲ?
🪭 မြန်မြန်အေးအောင်လုပ်ပါ။ ထမင်းကျန်ရင် အပြင်မှာ ဒီတိုင်းမထားဘဲ (၁) နာရီအတွင်း ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။

☝️ တစ်ကြိမ်ပဲ ပြန်နွှေးပါ။ ထမင်းကျန်ကို တစ်ခါထက်ပိုပြီး ထပ်ခါထပ်ခါ ပြန်မနွှေးပါနဲ့။

👨‍⚕️ အနံ့မရလည်း သတိထားပါ။ ဒီဘက်တီးရီးယားက ထမင်းရဲ့ အနံ့နဲ့ အရသာကို မပြောင်းလဲစေဘဲ အဆိပ်ထုတ်နိုင်လို့ "အနံ့မနံသေးပါဘူး" ဆိုပြီး စိတ်မချပါနဲ့။

💁‍♀️ တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဟာ သာမန်လိုလိုနဲ့ လူကို အကြီးအကျယ် ဒုက္ခပေးနိုင်ပါတယ်။

👉 တကယ်လို့ ထမင်းကျန်စားပြီးနောက် ပြင်းထန်စွာ အော့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာရင် အချိန်မဆွဲဘဲ အစာအိမ်အူလမ်းကြောင်းဆိုင်ရာဆရာဝန်ကြီးများနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

ခါးကနေတစ်ဆင့် တင်ပါး၊ ခြေသလုံးနဲ့ ခြေဖဝါးအထိ ဓါတ်လိုက်သလို စူးရှစွာ နာကျင်တာ၊ ထုံကျင်တာမျိုး ကြုံဖူးပါသလား? ဒါဟာ သာမန်ကြ...
08/08/2026

ခါးကနေတစ်ဆင့် တင်ပါး၊ ခြေသလုံးနဲ့ ခြေဖဝါးအထိ ဓါတ်လိုက်သလို စူးရှစွာ နာကျင်တာ၊ ထုံကျင်တာမျိုး ကြုံဖူးပါသလား?

ဒါဟာ သာမန်ကြွက်သားနာတာ မဟုတ်ဘဲ ကျောရိုးဆစ်ကြားခံပြား ကျွံထွက်တဲ့ ခါးဆစ်ရိုးကျွံခြင်း (Pr*****ed Intervertebral Disc) ရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။

ခါးဆစ်ရိုးကျွံခြင်းက လူကြီးတွေမှာ အဖြစ်များပြီး ခါးဆစ်ရိုးများကြားရှိ အရိုးနုလွှာများ ကျွံကျလာတာကြောင့် ဖြစ်တတ်ပါတယ်။

👉🏻 အသက်အရွယ်အိုမင်းလာခြင်းကြောင့် အရိုးနုများ ပါးလာကာ အနည်းငယ် ထိခိုက်မိရုံနှင့် ကျွံကျလာနိုင်ခြင်း
👉🏻 ကျောရိုးထိခိုက်ဒဏ်ရာရခြင်း
👉🏻 လေးလံသောပစ္စည်းများကို ရုတ်တရက် ခါးကုန်း၍ မခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေ အနေနဲ့

👉🏻 ခါးဆစ်ကျွံတဲ့နေရာတစ်ဝိုက် ပြင်းထန်စွာ နာကျင်ခြင်း
👉🏻 ကျွံထွက်နေတဲ့ အရိုးနုတွေက ပတ်ဝန်းကျင်မှာရှိတဲ့ အာရုံကြောတွေကို ဖိမိတဲ့အခါ
❗️ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုံကျဉ်ခြင်း
❗️ကြွက်သားများ အားနည်းလာခြင်း
❗️လမ်းလျှောက်လျှင် ဟန်ချက်မညီခြင်း
❗️ဆီးဝမ်းမထိန်းနိုင်ခြင်း တို့ ခံစားရနိုင်ပါတယ်။

ဒီလို ခါးဆစ်ရိုးကျွံတဲ့ ဝေဒနာအတွက် ကုသနည်းတွေကတော့

✅ အရိုးအဆစ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ခြင်း
✅ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း
✅ ကျွံထွက်နေသော အရိုးနုများကို ခွဲစိတ်ဖယ်ထုတ်ခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ ခါးဆစ်ရိုးကျွံခြင်းလက္ခဏာများ ရှိနေပါက “လင်းရောင်ဦးဆေးရုံ”တွင် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးတွေနဲ့ နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

"ရင်ဘတ်ထဲက မီးတောင်တစ်ခု ပေါက်ကွဲလုနီးပါး ခံစားချက်မျိုးကို ကြုံဖူးပါသလား..."💁‍♀️ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တိ...
04/08/2026

"ရင်ဘတ်ထဲက မီးတောင်တစ်ခု ပေါက်ကွဲလုနီးပါး ခံစားချက်မျိုးကို ကြုံဖူးပါသလား..."

💁‍♀️ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်တိုင်း ဒါမှမဟုတ် စိတ်လှုပ်ရှားတဲ့အခါမျိုးမှာ ရင်ဘတ်ထဲက တင်းကျပ်ပြီး ဖိညှစ်ထားသလို ခံစားရတာဟာ သာမန်မောပန်းတာ မဟုတ်ဘဲ သင့်နှလုံးက အရေးပေါ်အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာ အသက်အန္တရာယ်ကို အသံတိတ်ခြိမ်းခြောက်နေတဲ့ နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ရဲ့ အစပျိုးလက္ခဏာတွေပါပဲ။

🫀နှလုံးဆိုတာ ခန္ဓာကိုယ်အနှံ့ သွေးတွေရောက်အောင် ညှစ်ထုတ်ပေးနေရတဲ့ အရေးကြီးဆုံးအင်္ဂါပါ။ နှလုံးကို သွေးပို့ပေးတဲ့ သွေးကြောလေးတွေ ကျဉ်းလာတာ၊ ပိတ်ဆို့လာတာကို "နှလုံးသွေးကြောကျဉ်းရောဂါ" လို့ ခေါ်ပါတယ်။ သွေးကြောနံရံတွေမှာ ကိုလက်စထရောတွေ စုပုံလာပြီး သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းမြောင်းလာတာက အဓိကအကြောင်းရင်းဖြစ်ပြီး ဒီအချက်တွေက နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ် -

▪️ သွေးတွင်း အဆီဓာတ် မြင့်မားခြင်း
▪️ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါ အခံရှိခြင်း
▪️ ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်း
▪️ အဝလွန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
▪️ စိတ်ဖိစီးမှုများခြင်း နှင့် မိသားစု မျိုးရိုးရှိခြင်း

ဒါ့အပြင် ရင်ဘတ်အောင့်တာ၊ မောပန်းလွယ်တာ၊ အသက်ရှူကျပ်တာတွေ ခံစားရတတ်ပြီး ပေါ့ဆမိရင် ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

🏥 ဒါကြောင့် နှလုံးရောဂါတွေနဲ့ ပတ်သက်ပြီး စိတ်ချသေချာရတဲ့ စစ်ဆေးကုသမှုတွေ ခံယူလိုတယ်ဆိုရင်တော့ “လင်းရောင်ဦးအထူးကုဆေးရုံ” က မိဘပြည်သူတို့အတွက် အသင့်ရှိနေပါပြီနော်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံတွင် အတူတကွအလုပ်လုပ်ရန် အတွက် ဝန်ထမ်းများခေါ်ယူလိုပါသည်။2026 August Vacant Positions.La...
01/08/2026

လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံတွင် အတူတကွအလုပ်လုပ်ရန် အတွက် ဝန်ထမ်းများခေါ်ယူလိုပါသည်။

2026 August Vacant Positions.

Lab Assistant (ဓာတ်ခွဲခန်းကျွမ်းကျင်အကူ) - 1 Post (M/F)
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) သင်တန်းဆင်းပြီးသူဖြစ်ရမည်။
- ဓာတ်ခွဲခန်းအတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- Computer (သို့မဟုတ်) LIS Software အသုံးပြုနိုင်သူဖြစ်ရမည်။
- Day/Night အလှည့်ကျဆင်းရမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Allowance
- Other Allowances - Health care benefits (Employee & Employee’s Family)

Pharmacist Aid (ဆေးဝါးကျွမ်းကျင်အကူ) – 1 Post (M/F)
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့) ကျောင်းဆက်မတက်သူဖြစ်ရမည်။
- ဆေးဝါးကျွမ်းကျင်အကူ သင်တန်းဆင်းလက်မှတ်ရှိသူဖြစ်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- Computer (သို့မဟုတ်) အရောင်း Software အသုံးပြုနိုင်သူဖြစ်ရမည်။
- Day/Night အလှည့်ကျဆင်းရမည်။
- အတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Allowance
- Other Allowances - Health care benefits (Employee & Employee’s Family)

Customer Service Staff (ဧည့်ကြိုဝန်ထမ်း) - 1 Post (F)
- ဆယ်တန်းအောင် (သို့မဟုတ်) ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဆေးရုံတွင် Customer Service အတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူဖြစ်ရမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးအထူးကောင်းမွန်သူဖြစ်ရပါမည်။
- ကွန်ပျူတာ အသုံးပြုနိုင်သူဖြစ်ရပါမည်။
- နေ့/ည အလှည့်ကျ Duty ဆင်းနိုင်သူဖြစ်ရပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Allowance
- Other Allowances - Health care benefits (Employee & Employee’s Family)

Store Assistant (ဆေးစတိုအကူ) - 1 Post (M)
လုပ်ငန်းလိုအပ်ချက်များ
-တက္ကသိုလ်ဝန်တန်း အောင်မြင်ပြီးသူဖြစ်ရပါမည်။
-Warehouse နှင့် အခြား Training certificate ရရှိထားသူများအားဦးစားပေးပါမည်။
-ဆေးဝါးကျွမ်းကျင်အကူ သင်တန်းဆင်းလက်မှတ်ရှိသူ ဦးစားပေးပါမည်။
-သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
-Computer (သို့မဟုတ်) အရောင်း Software အသုံးပြုနိုင်သူဖြစ်ရမည်။
-အတွေ့အကြုံရှိသူကိုဦးစားပေးပါမည်။
Duty ချိန်များ
- Day 9:00 AM to 5:00 PM
- Off Days - 6 Days per month & Public Holidays
လစာနှင့်ခံစားခွင့်များ
- Salary +Allowance
- Other Allowances - Health care benefits (Employee & Employee’s Family)

Cashier (ငွေကိုင်) - 2 Posts (F)
လုပ်ငန်းလိုအပ်ချက်များ
- တက္ကသိုလ်၊ ကောလိပ် တခုခုမှ ဘွဲ့ သို့မဟုတ် Diploma ရရှိသူဖြစ်ရပါမည်။
- Cashier အတွေ့အကြုံ (၁)နှစ်ရှိရပါမည်။
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- Computer POS Software အသုံးပြုနိုင်သူဖြစ်ရမည်။
- ငွေစာရင်း အ၀င်/အထွက်များ စနစ်တကျ လုပ်ကိုင်နိုင်ရမည်။
- နေ့/ည အလှည့်ကျ Duty ဆင်းနိုင်သူဖြစ်ရပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Allowance
- Other Allowances - Health care benefits (Employee & Employee’s Family)

General Worker (အထွေထွေဝန်ထမ်း) - 3 Posts (M)
လုပ်ငန်းလိုအပ်ချက်များ
- သပ်ရပ်သန့်ရှင်းစွာ​နေတတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရပါမည်။
- ပေါ့ပါးသွက်လက်သူဖြစ်ရပါမည်။
- ဆေးရုံ၊ ဆေးခန်းအတွေ့အကြုံရှိသူဦးစားပေးပါမည်။
- Duty Roster ဖြင့် နေ့/ည တာဝန်ထမ်းဆောင်နိုင်ရမည်။
- ယာဉ်မောင်းလိုင်စင်ရှိသူကို ဦးစားပေးပါမည်။
Duty ချိန်များ
- Day 8:00 AM to 6:00 PM, Night 6:00 PM to 8:00 AM
- Off Days - 6 Days per month
လစာနှင့်ခံစားခွင့်များ
- Salary +Fees
- Other Allowances - Health care benefits (Employee & Employee’s Family)

စိတ်ဝင်စားပါက [email protected] (သို့မဟုတ်) Viber 09-949241010 သို့ 7/8/2026 နေ့ နောက်ဆုံးထား၍ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက 09-949241010 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လင်းရောင်ဦး အထွေထွေရောဂါကုဆေးရုံ
🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
☎️- 09 949 241 001, 09 949 241 002, 09 949 241 003

🪷 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🌕၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတ...
29/07/2026

🪷 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) 🌕

၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၉)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် (၇)ရက်သား၊သမီီးအားလုံး ဘေးရန်ကင်းကွာ၍ ကောင်းကျိုးလိုရာမှန်သမျှပြည့်ဝကြပါစေကြောင်း “လင်းရောင်ဦးဆေးရုံ”မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

🌎 ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day 2026)🔔 နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့ကို World Hepatitis Day (ကမ္ဘာ့အသ...
28/07/2026

🌎 ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day 2026)🔔

နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့ကို World Hepatitis Day (ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့) အဖြစ် ကမ္ဘာတစ်ဝှမ်းပြုလုပ်ကျင်းပကြပါတယ်။

🌍 ဒီနှစ် (၂၀၂၆)ခုနှစ်ရဲ့ World Hepatitis Day Theme ကတော့ “Hepatitis: Let's Break It Down” ဘဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အသည်းရောင်အသားဝါရောဂါဝေဒနာခံစားနေရသူများအတွက် စစ်ဆေးမှု၊ ကုသမှုများကို အချိန်နှင့်တပြေးညီ ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။

✅ အသည်းရောင်အသားဝါရောဂါမှ ကာကွယ်ရန်

- တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
- ကာကွယ်ဆေးထိုးခြင်း စတဲ့နည်းလမ်းများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

"အသက်ကြီးလာလို့ ခါးကိုင်းတာ သဘာဝပဲ" လို့ တွေးပြီး ဥပေက္ခာပြုထားမိပါသလား?💁‍♀️ တကယ်တော့ ဒါဟာ အသက်အရွယ်ကြောင့် သက်သက်မဟုတ်ဘ...
26/07/2026

"အသက်ကြီးလာလို့ ခါးကိုင်းတာ သဘာဝပဲ" လို့ တွေးပြီး ဥပေက္ခာပြုထားမိပါသလား?

💁‍♀️ တကယ်တော့ ဒါဟာ အသက်အရွယ်ကြောင့် သက်သက်မဟုတ်ဘဲ သင့်ခန္ဓာကိုယ်ထဲမှာ
"အရိုးပါး၊ အရိုးပွရောဂါ” (Osteoporosis) ခံစားနေရပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

⚠️ အရိုးပါး၊ အရိုးပွရောဂါဆိုတာ ဘာလဲ?
အရိုးပါး၊ အရိုးပွရောဂါဟာ ဘာအထိအခိုက်မှ မရှိဘဲနဲ့တော့ သူ့အလိုလို နာကျင်လေ့မရှိပါဘူး။ ဒါကြောင့်လည်း လူတော်တော်များများဟာ အရိုးကျိုးကျိုးချင်း ဒါမှမဟုတ် အရိုးအက်သွားမှသာ မိမိမှာ အရိုးပွနေမှန်း သိကြတာပါ။

ဆီးနှင်းတောင်လေးတစ်ခု ပြိုကျမသွားခင်အထိ ငြိမ်သက်နေသလိုမျိုး သင့်အရိုးတွေဟာလည်း အတွင်းထဲကနေ တဖြည်းဖြည်း ပွယောင်းလာပြီး တစ်နေ့မှာတော့
ခြေခေါက်ရုံမျှဖြင့်…
ချောင်းဆိုး၊ နှာချေလိုက်ရုံမျှဖြင့်…
သို့မဟုတ် ပစ္စည်းအလေးအပင် မလိုက်ရုံမျှဖြင့်…
တင်ပါးဆုံအရိုး၊ လက်ကောက်ဝတ် ဒါမှမဟုတ် ခါးဆစ်အရိုးတွေ အလွယ်တကူ ကျိုးသွားနိုင်ပါတယ်။

💡 ဘယ်သူတွေ ပိုသတိထားရမလဲ?
- အမျိုးသမီးများ: သွေးဆုံးပြီးစ အမျိုးသမီးတွေမှာ အက်စထရိုဂျင် (Estrogen) ဟော်မုန်း ရုတ်တရက် လျော့နည်းသွားတဲ့အတွက် အရိုးပွနိုင်ခြေ ပိုများပါတယ်။
- အသက်အရွယ်ကြီးရင့်သူများ
- ကယ်လ်ဆီယမ်နှင့် ဗီတာမင် D လုံလောက်စွာ မရရှိသူများ
- ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မပြုလုပ်သူများ
- ဆေးလိပ်နှင့် အရက် သောက်သုံးသူများ တို့ ဖြစ်နိုင်ခြေပိုများပါတယ်။

🚨 အရိုးပွခြင်း၊ အရိုးပါးခြင်း ပြဿနာတွေကနေ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းတွေကတော့

🥛🥦 ကယ်လ်စီယမ်နှင့် ဗီတာမင်ဓာတ်များ ပြည့်ဝစွာ စားသုံးပါ - အရိုးသန်မာစေဖို့ ကယ်လ်စီယမ် (Calcium) ကြွယ်ဝတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို စားသုံးပေးရမည့်အပြင်၊ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်ထဲ စုပ်ယူမှုကောင်းစေဖို့ ဗီတာမင်ဒီ (Vitamin D) ကိုလည်း ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။

🏃‍♂️💪 ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ - အရိုးနှင့် ကြွက်သားများ သန်မာစေရန် အလေးမလေ့ကျင့်ခန်းများ၊ လမ်းလျှောက်ခြင်းနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှား အားကစားများကို နေ့စဉ် ပြုလုပ်ပေးပါနော်…

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

☎️- 09 949 241 001 ~ 3, 09 740 900 961

💁‍♀️ မန္တလေးမှာ မုန့်တီစားရင် "နန်းကြီးသုပ်စားမယ်" လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုး...
23/07/2026

💁‍♀️ မန္တလေးမှာ မုန့်တီစားရင် "နန်းကြီးသုပ်စားမယ်" လို့ တခါတည်းမမှာကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစား အများကြီး ရှိနေလို့ပါပဲ။
ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဒါမှမဟုတ် ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

မုန့်တီအရွယ်အစားဆိုရင်လည်း
နန်းသေး (0.1 - 0.2 cm)
နန်းလတ် (0.4 - 0.5 cm)
နန်းကြီး (0.7 - 0.8 cm)
ခိုတောင်နန်း (0.3 - 0.4 cm) ဆိုပြီး အစားစားရွေးချယ်စားသောက်နိုင်ပါတယ်။

ဒါကြောင့် မန္တလေးမှာ "နန်းကြီးသုပ်" လို့ လွယ်လွယ်မပြောကြဘဲ "မုန့်တီစားမယ်" လို့သာ မှာကြပြီး ကိုယ်နှစ်သက်တဲ့ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ် သုံးဆောင်ကြတာ ဖြစ်ပါတယ်။

ဒီလိုပါပဲ …

“လင်းရောင်ဦးဆေးရုံ” မှာဆိုရင်လည်း
လူနာတစ်ဦးချင်းစီရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ ကုသမှုတွေကို လူနာတစ်ဦးချင်းစီအလိုက် အသေးစိတ် ပြုစုကုသမှုတွေ နေ့စဉ်ပေးဆောင်နေပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

👉 သွေးပေါင်ရုတ်တရက်ကျရင်လည်းလေဖြတ်တတ်တယ်ဆိုတာ သင်သိပါသလား ?လူတော်တော်များများက သွေးတိုးမှသာ လေဖြတ်တတ်တယ်လို့ ထင်ကြပေမဲ့ ...
18/07/2026

👉 သွေးပေါင်ရုတ်တရက်ကျရင်လည်း
လေဖြတ်တတ်တယ်ဆိုတာ သင်သိပါသလား ?

လူတော်တော်များများက သွေးတိုးမှသာ လေဖြတ်တတ်တယ်လို့ ထင်ကြပေမဲ့ သွေးပေါင်ရုတ်တရက် ကျဆင်းသွားတာ (Sudden Hypotension) ကလည်း လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

​ဒါကို ဆေးပညာအရ Ischemic Stroke (သွေးကြောပိတ်၍ လေဖြတ်ခြင်း) လို့ ခေါ်ပါတယ်။

​ဒါဆို သွေးပေါင်ကျတာကြောင့် ဘယ်လိုလေဖြတ်တာလဲ?

​သွေးပေါင်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်အောင် တွန်းပို့ပေးတဲ့ ဖိအားပါ။

သွေးပေါင်ချိန်က ပုံမှန်ထက် အလွန်အမင်း ရုတ်တရက် ကျသွားတဲ့အခါ ဦးနှောက်ဆီကို လိုအပ်တဲ့ သွေးနဲ့ အောက်ဆီဂျင် မရောက်ရှိတော့ပါဘူး။

​အထူးသဖြင့် Watershed Stroke လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အဓိက သွေးကြောကြီးတွေ ဆုံရာ အစွန်အဖျားနေရာလေးတွေမှာ သွေးမလုံလောက်မှု စဖြစ်ပြီး ဦးနှောက်ဆဲလ်တွေ သေဆုံးကာ လေဖြတ်ခြင်းကို ဖြစ်စေတာပါ။

​ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲ?

- နှလုံးရောဂါအခံရှိသူများ
- နှလုံးခုန်နှုန်းမမှန်တာ ဒါမှမဟုတ် နှလုံးညှစ်အားနည်းတဲ့အခါ သွေးပေါင်ရုတ်တရက် ကျနိုင်ပါတယ်။
- ​ရေဓာတ်အလွန်အမင်း ခမ်းခြောက်သူများ
- ပြင်းထန်စွာ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့ကြောင့် သွေးထုထည် လျော့နည်းသွားတဲ့အခါ ဖြစ်တတ်ပါတယ်။

​⚠️ သတိထားရမယ့် လက္ခဏာတွေအနေနဲ့

​သွေးပေါင်ကျပြီး လေဖြတ်ခြင်းမဖြစ်ခင် ဒီလက္ခဏာတွေကို ကြိုတင်သတိပြုနိုင်ပါတယ် -

✅​မျက်စိပြာလာခြင်း
✅​ရုတ်တရက် မူးဝေခြင်း
✅​ခြေဖျားလက်ဖျားများ အေးစက်လာခြင်း
✅​နုံးချည့်ပြီး သတိလစ်ချင်သလို ဖြစ်လာခြင်း တို့ ခံစားလာရပြီဆိုရင်တော့ မပေါ့ဆသင့်ဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ကမ်းလက်များနှင့် ဖေးမကူ ကျန်းမာကြည်နူး “လင်းရောင်ဦး”

“လင်းရောင်ဦးဆေးရုံ”

🏥- ၁၉လမ်း၊ ၆၃x၆၄လမ်းကြား၊ နန်းရှေ့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။

☎️- 09 949 241 001 ~ 3, 09 740 900 961

Address

19th Street
Mandalay

Telephone

+959949241001

Website

Alerts

Be the first to know and let us send you an email when Lin Yaung Oo Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lin Yaung Oo Hospital:

Shortcuts

Share