30/03/2026
PYRIFORMIS SYNDROME
🍑 သင့်တွင်တင်ပါးကစ၍နာကျင်ပြီးခြေထောက်အထိ ဆင်းသွားသောဝေဒနာခံစားနေရပါသလား? 🍑
🍑 ဒါဆိုရင် သင်ဟာ Piriformis Syndrome ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
❓ Piriformis Syndrome ဆိုတာဘာလဲ?
❓ ဘာကြောင့်ဖြစ်ရတာလဲ?
Piriformis Syndrome ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့-
🚗 ကြွက်သား တောင့်တင်းခြင်း/ညှစ်ခြင်း: ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အလွန်အကျွံသုံးစွဲခြင်း (ဥပမာ- ပြေးခြင်း၊ လမ်းကြာကြာလျှောက်ခြင်း၊ မှားယွင်းသောအနေအထားနှင့်ထိုင်ခြင်း) ကြောင့် ကြွက်သားဒဏ်ဖြစ်လာပြီး အာရုံကြောကို ဖိမိနိုင်ပါတယ်။
⚽ အားကစားသမားများ: Piriformis ကြွက်သား ကြီးထွားလာခြင်းကြောင့်လည်း Sciatic Nerve ကို ဖိမိနိုင်ပါတယ်။
🧬 ကိုယ်ခန္ဓာဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်: အချို့သူတွေမှာ Sciatic Nerve က Piriformis ကြွက်သားထဲကနေ ဖြတ်သန်းသွားတတ်ပါတယ်။ ဒီလိုအခြေနေမှာ ကြွက်သားပုံမှန်မဟုတ်ခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့် ကြွက်သားညှစ်လျှင် အာရုံကြောကို ဖိမိဖို့ ပိုလွယ်ပါတယ်။
🏥 အခြားအကြောင်းရင်းများ: တင်ပါးဆုံမှာ အကျိတ်ဖြစ်ခြင်း၊ သွေးကြောဆိုင်ရာ ပြဿနာများ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
❓ ဘယ်လိုလက္ခဏာတွေရှိလဲ?
Piriformis Syndrome ရဲ့ လက္ခဏာတွေကတော့-
💥 တင်ပါးဆုံ အလယ်-အပေါ်ပိုင်းမှာ ပြင်းထန်တဲ့ နာကျင်မှု ခံစားရခြင်း။
⚡ နာကျင်မှုက ခြေထောက်အောက်ပိုင်း (ပေါင်၊ ခြေသလုံး၊ ခြေဖဝါး) ကို ပျံ့နှံ့သွားခြင်း (ကျဉ်တက်ခြင်း၊ကိုက်ခြင်း)
🏃♂️ Physical exercise လုပ်တဲ့အခါ သို့မဟုတ် လုပ်ပြီးတဲ့အခါ နာကျင်မှု ပိုဆိုးလာခြင်း။
🌙 ညဘက်မှာ နာကျင်မှု ပိုဆိုးလာခြင်း။
💡 နာကျင်မှုသက်သာဖို့အတွက် ခြေထောက်ကို အနည်းငယ် ကွေးပြီး အပြင်ဘက်ကို လှည့်ထားတတ်ခြင်း။
❓ ဘယ်လိုရောဂါရှာဖွေမလဲ?
🩺 Physical Examination: လူနာကို ရောဂါရာဇဝင်မေးခြင်း၊ သက်ဆိုင်ရာ Test များဖြင့် စမ်းသပ်စစ်ဆေးခြင်း။
🖥️ လိုအပ်ပါက MRI၊ Electroneuromyography စသည်တို့ အသုံးပြုရပါမည်။
❓ ဘယ်လိုကုသလို့ရလဲ?
Piriformis Syndrome ကုသဖို့အတွက် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။
💊 Medication: အနာသက်သာစေရန်နှင့် ကြွက်သားတင်းမှုလျော့စေသော ဆေးများ အသုံးပြုခြင်း။
🧘♂️ Physiotherapy:
အသံလှိုင်း၊ သံလိုက်လှိုင်းစသည်တို့သုံး၍ ကုသခြင်း။
လူနာတစ်ဦးစီ၏ အခြေအနေနှင့်ကိုက်ညီသော လေ့ကျင့်ခန်းများ ပေး၍ ကုသခြင်း။
💉 Injection: Physiotherapy နှင့်ကုသ၍ မအောင်မြင်ပါက Local anesthetic သို့မဟုတ် Steroid ကို Piriformis ကြွက်သားထဲကို ထိုးပေးနိုင်ပါတယ်။
🔪 ထိုအဆင့်များ မအောင်မြင်ပါက ခွဲစိတ်သည့်နည်းလမ်း ကို အသုံးပြုနိုင်ပါသည်။
💡 အကြံပြုချက် 💡
င့်မှာ ဒီလက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး စောစီးစွာ ကုသမှု ခံယူဖို့ တိုက်တွန်းလိုပါတယ်။ စောစီးစွာ ကုသမှု ခံယူရင် ရောဂါလက္ခဏာတွေကို သက်သာစေပြီး နေ့စဉ်လူမှုဘဝကို ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။