14/08/2026
ခုတလောဖြစ်နေတဲ့ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး
သတိရသွားတာလေးရှိလို့ရေးလိုက်ဦးမယ်
လက်လီရောင်းတဲ့အခါမှာဆိုရင်
ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ဆေးလာဝယ်ရင်
လူအများစုပြောကြတာက
Tetracyclineတို့
Metronidazoleတို့ကို
ဝမ်းကိုက်ပျောက်ဆေး
ဝမ်းပိတ်ဆေး
အနေနဲ့မှတ်ထားပြီး
မေးကြတာပါပဲ
Amoxicillin ကိုချောင်းဆိုးပျောက်ဆေးထင်ကြသလိုပေါ့
တကယ်တော့Tetracyclineတို့Metronidazoleတို့ဆိုတာပိုးသတ်ဆေးအမျိုးအစားတွေဖြစ်ပြီးလိုအပ်မှသောက်ရပါတယ်ရှင့်
ပိုးသတ်ဆေးအမျိုးအစားတွေကွဲ ပြားပြီး
အသုံးအမျိုးမျိုးလဲရှ်ပါတယ်ရှင့်
ဥပမာ
Metroကိုဝမ်းပျက်ဝမ်းလျှောရာမှာလဲသုံးသလို
သွားနဲ့ဆိုင်တဲ့ရောဂါတွေမှာလည်းသုံးပါတယ်ရှင့်