Nutri Facts by Dr Thin Zar

Nutri Facts by Dr Thin Zar Sharing nutritional facts

🎬 How to Read a Nutrition Label?  “Nutrition Label ဖတ်နည်း”�ဒီနေ့တော့ Supermarket မှာ အစားအစာတစ်ခုဝယ်တဲ့အခါ Nutrition La...
26/08/2026

🎬 How to Read a Nutrition Label?
“Nutrition Label ဖတ်နည်း”
�ဒီနေ့တော့ Supermarket မှာ အစားအစာတစ်ခုဝယ်တဲ့အခါ Nutrition Label ကို ဘယ်လိုဖတ်ရမလဲ ဆိုတာ အလွယ်ဆုံးနည်းနဲ့ ပြောပြပေးသွားပါမယ်
Nutrition Label ကိုကြည့်တဲ့အခါ အချက် ၅ ချက် သိထားရင် အများကြီးအထောက်အကူဖြစ်ပါတယ်

နံပါတ် ၁ — Serving Size 🍽️
အရင်ဆုံး Serving Size ကို ကြည့်ပါ
Nutrition Facts မှာ ရေးထားတဲ့ Calories၊ Protein၊ Sugar၊ Fat စတဲ့ ပမာဏတွေဟာ Serving တစ်ခုစာအတွက် ဖြစ်တတ်ပါတယ်
ဥပမာ Serving Size က 30 grams ဖြစ်ပြီး ကိုယ်က 60 grams စားလိုက်တယ်ဆိုရင် Label မှာရေးထားတဲ့ ပမာဏထက် ၂ ဆ စားသုံးလိုက်တာ ဖြစ်ပါတယ်
ဒါကြောင့် Serving Size ကို မကြည့်ဘဲ Calories ကိုပဲ ကြည့်တာ မလုံလောက်ပါဘူး

နံပါတ် ၂ — Calories 🔥
နောက်တစ်ခုက ကယ်လိုရီ ပါ
ကိုယ်စားမယ့်ပမာဏနဲ့ Serving Size ကို တွဲကြည့်ပြီး Calories ဘယ်လောက်ရရှိမလဲ စဉ်းစားရပါမယ်

နံပါတ် ၃ — Protein 💪
အသားဓာတ်က ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်ခုဖြစ်တဲ့အတွက် Product နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ အသားဓာတ်ပမာဏကိုလည်း ကြည့်ရပါမယ်
ဒါပေမယ့် Protein များတာတစ်ခုတည်းနဲ့ Product က ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ မဆုံးဖြတ်သင့်ပါဘူး

နံပါတ် ၄ — Sugar / Added Sugar (အချိုဓာတ်နှင့် ထပ်ပေါင်းသကြားဓာတ်)🍬
အထူးသဖြင့် အချိုရည်၊ နို့မှုန့်၊ Cereal၊ Snack တွေမှာ Sugar ပမာဏကို သတိထားကြည့်သင့်ပါတယ်
Label မှာ Added Sugar သီးခြားဖော်ပြထားရင် အဲဒီပမာဏကိုလည်း ကြည့်ပေးရပါမယ်
အချိုဓာတ်များတဲ့ Product တွေကို မကြာခဏနဲ့ အများကြီးစားသုံးတာကိုတော့ ရှောင်သင့်ပါတယ်

နံပါတ် ၅ — Fat, Saturated Fat နဲ့ Sodium 🧂
နောက်ဆုံးအနေနဲ့ Total Fat၊ Saturated Fat (အဆီ) နဲ့ Sodium (အငံဓာတ်) ကို ကြည့်ပါ
အထူးသဖြင့် နှလုံးသွေးကြောကျဥ်းရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများဟာ Sodium နဲ့ Saturated Fat ပမာဏကို သတိထားဖို့ လိုပါတယ်

ဒါဆို Nutrition Label ဖတ်တဲ့အခါ
👉 Serving Size�👉 Calories�👉 Protein�👉 Sugar / Added Sugar�👉 Fat, Saturated Fat & Sodium
ဒီ ၅ ချက်ကို အရင်ဆုံးကြည့်ပေးပါ

ပြီးတော့ Product တစ်ခုကို ဝယ်တဲ့အခါ ရှေ့ကရေးထားတဲ့ “Healthy”, “Natural”, “High Protein” ဆိုတဲ့ စာလုံးတွေကိုပဲ မယုံဘဲ Nutrition Label နဲ့ Ingredients List ကိုပါ ဖတ်ကြည့်ပါ
Label ဖတ်တတ်လာရင် ကိုယ်စားသုံးမယ့် အစားအစာတွေကို ပိုပြီးကောင်းမွန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်လာပါလိမ့်မယ်

Nutrition နဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို လွယ်လွယ်ကူကူ သိချင်ရင် Nutri Facts by Dr Thin Zar ကို Follow လုပ်ထားပေးပါရှင့်❤️

Dr. Thin Zar Wai
Clinical Nutritionist
M.B;B.S (Mdy)
M.Sc (Nutrition and Dietetics, UK)

အစားအသောက်တွေ အနံ့အရသာနဲ့ ပြည့်စုံစေဖို့ ဘာတွေထည့်ကြလဲ?    “Food Additives (အစားအစာထဲ ထည့်သွင်းအသုံးပြုသောပစ္စည်းများ)”🍲...
25/08/2026

အစားအသောက်တွေ အနံ့အရသာနဲ့ ပြည့်စုံစေဖို့ ဘာတွေထည့်ကြလဲ?

“Food Additives (အစားအစာထဲ ထည့်သွင်းအသုံးပြုသောပစ္စည်းများ)”

🍲အနံ့၊ အရသာ၊ အရောင်အဆင်းနှင့် နူးညံ့မှုတွေ ရရှိနိုင်ဖို့အတွက် ဟင်းချက်တဲ့ အခါမှာ additives တွေကို ခေတ်အဆက်ဆက် ထည့်သွင်း အသုံးပြုလာကြပါတယ်

Additives တွေကို ဘယ်ကရနိုင်မလဲ?
→ အပင်တွေ၊ အသားတွေနဲ့ ဓာတုနည်းအားဖြင့် ပြောင်းလဲထားတဲ့ ပစ္စည်းတွေကနေ ရနိုင်ပါတယ်

Additives ဘယ်နှစ်မျိုးလောက်ရှိလဲ?
→ WHO (World Health Organization) နဲ့ FAO (Food and Agriculture Organization) တို့ ပူးပေါင်းသတ်မှတ်ချက်အရ လက်ရှိ တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ food additives က ထောင်ချီရှိပါတယ်

Food Additives ကို အဓိကအားဖြင့် —
🛡️ အစားအစာကို ထိန်းသိမ်းရန် → Preservatives, Antioxidants
🌈 အရောင်၊ အနံ့၊ အရသာကောင်းစေရန် → Colouring agents, Flavourings, Sweeteners
🍮 Texture ကောင်းစေရန် → Emulsifiers, Stabilisers, Thickeners, Gelling agents
⚙️ ထုတ်လုပ်မှုနှင့် အရည်အသွေးကို ထိန်းချုပ်ရန် → Acidity regulators, Anti-caking agents, Humectants, Leavening agents
ဆိုပြီး ခွဲခြားနိုင်ပါတယ်

၁။ တာရှည်ခံပစ္စည်းများ (Preservatives) → အစားအစာများ ပျက်စီးခြင်း၊ မှိုတက်ခြင်း၊ ဘက်တီးရီးယားပေါက်ပွားခြင်းကို ကာကွယ်ရန် အသုံးပြုပါတယ်
ဥပမာ – Sodium benzoate, Potassium sorbate, Nitrites
၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) → အစားအစာ အနံ့၊ အရသာနှင့် အရောင် ပြောင်းလဲပျက်စီးခြင်းကို နှေးကွေးစေရန် အသုံးပြုပါတယ်
ဥပမာ – Vitamin C, Vitamin E
၃။ အရောင်ဆိုးဆေးများ (Colouring agents) → အစားအစာ၏ အရောင်ကို ပိုမိုလှပစေရန် သို့မဟုတ် ပြုပြင်ထုတ်လုပ်ရာတွင် ပျောက်ဆုံးသွားသောအရောင်ကို ပြန်လည်ဖြည့်တင်းရန် အသုံးပြုပါတယ်
ဥပမာ – Caramel colour, Beta-carotene, Tartrazine
၄။ အနံ့အရသာကောင်းမွန်စေသောပစ္စည်းများ (Flavourings & Flavour enhancers) → အစားအစာ၏ အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေရန် အသုံးပြုပါတယ်
ဥပမာ – Vanilla flavouring, MSG (ဟင်းချိုမှုန့်)
၅။ အချိုဓာတ်ပေးနိုင်သောပစ္စည်းများ (Sweeteners) → အစားအစာနှင့် အဖျော်ယမကာများတွင် ချိုသောအရသာရရှိစေရန် အသုံးပြုပါတယ်
ဥပမာ – Stevia, Sucralose, Aspartame
၆။ အဆီနှင့်ရေ ရောစပ်စေရန် ကူညီပေးသောပစ္စည်းများ (Emulsifiers) → ပုံမှန်အားဖြင့် မရောနိုင်သော အဆီနှင့်ရေကဲ့သို့သော ပါဝင်ပစ္စည်းများကို ရောစပ်ထားနိုင်ရန် ကူညီပေးပါတယ်
ဥပမာ – Lecithin
၇။ အစားအစာ၏ ပုံစံနှင့် texture ကို တည်ငြိမ်စေသောပစ္စည်းများ (Stabilisers) → အစားအစာ၏ texture နှင့် consistency ကို ထိန်းသိမ်းရန် အသုံးပြုပါတယ်
ဥပမာ – Xanthan gum, Carrageenan
၈။ ပျစ်စေသော / ဂျယ်ဖြစ်စေသောပစ္စည်းများ (Thickeners & Gelling agents) → အစားအစာကို ပိုမိုပျစ်စေရန် သို့မဟုတ် ဂျယ်လ်ပုံစံ ဖြစ်စေရန် အသုံးပြုပါတယ်
ဥပမာ – Pectin, Agar, Gelatin
၉။ အချဉ်ဓာတ် ထိန်းညှိပစ္စည်းများ (Acidity regulators) → အစားအစာ၏ အချဉ်ဓာတ် (pH) ကို ထိန်းညှိရန် အသုံးပြုပါတယ်
ဥပမာ – Citric acid, Lactic acid
၁၀။ အမှုန့်များ မစုပြုံအောင် ကာကွယ်ပေးသောပစ္စည်းများ (Anti-caking agents) → အမှုန့်များ တစ်ခုနှင့်တစ်ခု ကပ်ပြီး အခဲဖြစ်မသွားစေရန် အသုံးပြုပါတယ်
ဥပမာ – Silicon dioxide, Calcium silicate
၁၁။ အစိုဓာတ်ထိန်းပစ္စည်းများ (Humectants) → အစားအစာအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အလွယ်တကူ ခြောက်သွေ့မသွားစေရန် အသုံးပြုပါတယ်
ဥပမာ – Glycerol, Sorbitol
၁၂။ ဖောင်းကြွစေသောပစ္စည်းများ (Leavening agents) → မုန့်ဖုတ်ရာတွင် ဓာတ်ငွေ့ထွက်စေပြီး မုန့်ကို ပွလာစေရန် အသုံးပြုပါတယ်
ဥပမာ – Baking soda, Baking powder

🏷️ Food Additive Codes ဆိုတာဘာလဲ?
အစားအစာထဲမှာ အသုံးပြုထားတဲ့ additive တစ်မျိုးချင်းစီကို နံပါတ်ကုဒ် တစ်ခုနဲ့ ဖော်ပြထားနိုင်ပါတယ်။
100 - 199 → Colour 🌈
200 - 299 → Preservative 🛡️
300 - 399 → Antioxidant / Acidity 🍋
400 - 499 → Texture 🍮
500 - 599 → Processing / Acidity ⚙️
600 - 699 → Flavour 👅
900 - 999 → Sweetener & Others 🍬
ဆိုပြီး အကြမ်းဖျင်းမှတ်လို့ရပါတယ်

ဥပမာ -
E300 / INS 300 → Ascorbic acid (Vitamin C) → Antioxidant
E621 / INS 621 → Monosodium glutamate (MSG) → Flavour enhancer
E415 / INS 415 → Xanthan gum → Thickener/Stabiliser
E440 / INS 440 → Pectin → Gelling agent/Thickener
E955 / INS 955 → Sucralose → Sweetener
E160a / INS 160a → Carotene → Colour
E150 / INS 150 → Caramel colours → Colour

🇪🇺 E-number နဲ့ INS number ဘာကွာတာလဲ?
E-number → ဥရောပနိုင်ငံများတွင် အသုံးများသော coding system
INS (International Numbering System) → နိုင်ငံတကာအဆင့် အစားအစာ additive တွေကို သတ်မှတ်ပေးတဲ့ numbering system
ဒါကြောင့် label တစ်ခုမှာ INS 330 လို့တွေ့ရနိုင်သလို E330 လို့လည်း တွေ့ရနိုင်ပါတယ်
နံပါတ်တူရင် additive တစ်မျိုးတည်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်

Additives တွေထဲကမှ ဟင်းချိုမှုန့် အကြောင်းလေးကို အသေးစိတ် ပြန်လည်ရှင်းပြချင်ပါတယ်
ဟင်းချိုမှုန့် (Monosodium glutamate)
🧂ဟင်းချိုမှုန့်ကို ၁၉၀၈ ခုနှစ်က Japan နိုင်ငံမှာ စတင် တီထွင်ခဲ့ပါတယ်
🧂ဟင်းချိုမှုန့် အစားများလျှင်
-ခေါင်းကိုက်ခြင်း
-မျက်နာနီရဲ ချွေးပြန်ခြင်း
-မျက်နှာနှင့် လည်ပင်းတစ်ဝိုက် ပူရှိန်းခြင်း
-ဇာတ်ကြောလေးခြင်း
-ရင်တုန်ခြင်း
-ပျို့အန်ခြင်း
-ရေငတ်ခြင်း တို့ ဖြစ်ပေါ်နိုင်ပါတယ်
🧂ပန်းနာရင်ကြပ်ရှိသူများကတော့ ဟင်းချိုမှုန့်ကို
ရှောင်သင့်ပါတယ်
🧂ဟင်းချိုမှုန့်စားသုံးခြင်းဟာ အဝလွန်ခြင်းနဲ့လဲ
ဆက်စပ်နေပါတယ်
🧂လူတစ်ဦးပျှမ်းမျှ တစ်နေ့လျှင် စားနိုင်မည့်
ပမာဏမှာ လက်ဖက်ရည်တစ်ဇွန်း၏ ၃ ပုံ ၁ ပုံ
သာရှိပါတယ်

→ အရေးကြီးတာက “Food additive ပါတယ်၊ ကျန်းမာရေးအတွက် မကောင်းဘူး” လို့ တစ်ထစ်ချ မမှတ်ယူနိုင်ပါဘူး
→ ဘယ် additive ကို ဘယ်ပမာဏနဲ့ အသုံးပြုထားသလဲ၊ စားသုံးမှုပမာဏ ဘယ်လောက်ရှိသလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်
→ ပါးစပ်ပျက် အစားမဝင်တဲ့သူတွေမှာလဲ food additives ထည့်သွင်းအသုံးပြုနိုင်လျှင် အစားပိုဝင်လာနိုင်ပါတယ်
→ ဓာတုပစ္စည်း အဓိက ပါဝင်တဲ့ food additives တွေအစား သဘာဝက ရရှိတဲ့ additives တွေကို ပိုမိုသုံးစွဲသင့်ပါတယ်

Dr. Thin Zar Wai
Clinical Nutritionist
M.B;B.S (Mdy)
M.Sc (Nutrition and Dietetics, UK)

09/08/2026

https://forms.gle/CGGXuFtAUe5Dcoau6
Whole grain နဲ့ ပတ်သက်တဲ့ စစ်တမ်းလေးပါ
မေးခွန်း ၁၈ ခုပဲပါတာမလို့ အဆင်ပြေရင် ဖြေပေးကြပါဦးရှင့်

AIA insurance Myanmar နဲ့ Bento Lunch Box တို့ပူးပေါင်းစီစဉ်တဲ့ Growing Healthy, Dreaming Bright ဆိုတဲ့ Theme နဲ့ပွဲလေးမ...
05/08/2026

AIA insurance Myanmar နဲ့ Bento Lunch Box တို့ပူးပေါင်းစီစဉ်တဲ့ Growing Healthy, Dreaming Bright ဆိုတဲ့ Theme နဲ့ပွဲလေးမှာ ပါဝင်ဆွေးနွေးဖြစ်ခဲ့တဲ့ ကလေးများအတွက် အာဟာရအကြောင်းလေးကို ပြန်ပြီး sharing လုပ်ပေးထားပါတယ်

Dr. Thin Zar Wai
Clinical Nutritionist

အမျိုးသမီးနှင့်သံဓာတ်👉အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သံဓာတ် လိုအပ်မှုနှုန်း ၂ ဆလောက် ပိုမိုများပြားပါတယ်👉ကိုယ်ဝန်ဆောင်ခ...
22/07/2026

အမျိုးသမီးနှင့်သံဓာတ်

👉အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သံဓာတ် လိုအပ်မှုနှုန်း ၂ ဆလောက် ပိုမိုများပြားပါတယ်
👉ကိုယ်ဝန်ဆောင်ချိန်လိုအပ်မှုနှုန်းဟာ ၂၇ မီလီဂရမ် ထိ မြင့်တက်လာပါတယ်
👉ရာသီသွေးဆင်းချိန်မှာလဲ တစ်နေ့ကို ၁ မီလီဂရမ် နှုန်းဖြင့် ဆုံးရှုံးနေပါတယ်

👉၂၀၂၀ ခုနှစ် UNICEF နှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ယောက်လျှင် ၁ ယောက်နှုန်း၊ အပျိုဖော်ဝင်အရွယ်မှ သွေးဆုံးသည့်အရွယ် အမျိုးသမီး ၃ ယောက်လျှင် ၁ ယောက်နှုန်းဟာ သံဓာတ်ချို့တဲ့၍ သွေးအားနည်းသည့် ဝေဒနာကို ခံစားနေကြရပါတယ်

👩‍⚕သံဓာတ်အားနည်းလျှင် မူးဝေခြင်း၊ နုံးချိ အားမရှိခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမကြည် ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်း အစရှိသည့် လက္ခဏာများခံစားရနိုင်ပါတယ်

🤱သံဓာတ်အားနည်းသောမေမေမှ ကလေးလေးမွေးလာလျှင်လည်း လမစေ့ပဲမွေးဖွားခြင်း၊ မွေးစပေါင်ချိန်မပြည့်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်

👩‍🍳သံဓာတ်ကြွယ်ဝသည့်အစားအစာများကို ပုံမှန်စားသုံးပေးခြင်းဖြင့် သံဓာတ်ချို့တဲ့ခြင်းအား အနည်းနှင့် အများ ကာကွယ်ပေးနိုင်ပါတယ်
👩‍🍳သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကတော့ အသား၊ အသည်း၊ ဆာဒင်းငါး၊ ဟင်းနုနွယ်၊ ပဲနီလေး၊ ကုလားပဲ၊ တိုဟူးနှင့် အစေ့အဆံများပဲ ဖြစ်ပါတယ်

💁‍♀️သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့ ဗီတာမင်စီများသော အစားအစာများလဲ စားပေးသင့်ပါတယ်
🙅‍♀️ကော်ဖီ၊ လက်ဖက်ရည်နှင့် ကယ်လ်စီယမ်အားဆေးတို့ကို သံဓာတ်များသောအစားအစာနှင့် အချိန်နီးကပ်စွာ မသောက်သင့်ပါ

🤝Good food builds strong women ဖြစ်တာမလို့ အာဟာရပြည့်မှန်ကန်စွာ စားသောက်ကြရအောင်…

Dr. Thin Zar Wai
Clinical Nutritionist


“Gout - လေးဘက်နာရောဂါ”Gout ရောဂါဟာ အတွေ့ရအများဆုံး အဆစ်အမြစ်ရောင်ရမ်းနာကျင်တဲ့ရောဂါဖြစ်ပါတယ်💁Uric acid crystal လေးတွေဟာ ...
20/07/2026

“Gout - လေးဘက်နာရောဂါ”

Gout ရောဂါဟာ အတွေ့ရအများဆုံး အဆစ်အမြစ်ရောင်ရမ်းနာကျင်တဲ့ရောဂါဖြစ်ပါတယ်

💁Uric acid crystal လေးတွေဟာ အဆစ်နေရာလေးတွေမှာ သွားစုပြီး အဆစ်ရောင်နာကျင်မှုကိုဖြစ်စေပါတယ်
💁ခြေမနားမှာရှိတဲ့ အဆစ်ကတော့ uric acid ဒဏ်အခံရဆုံးနေရာလေးပါ
💁အဲ့တာကြောင့် ခြေမနားက အဆစ်ရောင်ပြီး နာတဲ့ လက္ခဏာကို ခံစားကြရတာဖြစ်ပါတယ်
💁အဆစ်ရောင်ပြီး သွေးတွင်း Uric acid တက်နေပြီ ဆိုရင်တော့ Gout ရောဂါလို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါပြီ

🥃ရောဂါဖြစ်စေတဲ့အဓိကတရားခံကတော့ အရက်နဲ့ ကလီစာတွေပါပဲ
🦪တခြား Uric acid တက်စေနိုင်တာတွေကတော့ ပင်လယ်စာ၊ သကြားဓာတ်များသောအစာများ၊ သွေးတိုးရောဂါနဲ့ အဝလွန်ခြင်းတို့ဖြစ်ပါတယ်

❎ရောဂါသက်သာဖို့ ဘာတွေရှောင်ရမလဲ?
🥨အသည်း၊ကျောက်ကပ်၊ ကလီစာနဲ့ ဝမ်းတွင်းသားတွေကိုတော့ လုံးဝရှောင်သင့်ပါတယ်
🥤အချိုဓာတ်များတဲ့ ready made အချိုရည်တွေ အစားအသောက်တွေကိုလဲ ရှောင်ရပါမယ်
🍻အရက်ဘီယာကတော့ ယောကျ်ားလေးတွေမှာဆို တစ်နေ့ ၂ ယူနစ်နဲ့ မိန်းကလေးတွေမှာဆို တစ်နေ့ ၁ ယူနစ်ထက်ပို၍ မသောက်သင့်ပါဘူး။ လတ်တလော ရောင်ရမ်းနာကျင်နေမယ်ဆိုရင်တော့ အရက်ကို လုံးဝနားထားရပါမယ်
🍤🍖အသား၊ငါးနဲ့ ပင်လယ်စာတွေကိုတော့ တစ်နေ့တစ်နပ်၊ တစ်ခါစား အရွယ်တော်နှစ်တုံးခန့်သာ စားပေးနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်

💁အာ့တာဆို လိုအပ်တဲ့ တစ်နေ့တာ အသားဓာတ်ကို ဘယ်ကနေရနိုင်မလဲ?
🥜🥛နို့ထွက်ပစ္စည်းအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးတို့ကနေ တစ်နေ့တာအတွက် လိုအပ်တဲ့ ပမာဏကို ရနိုင်ပါတယ်

💁ဘာတွေ အဓိကစားပေးရမလဲ?
🥬🥦အဆီအစိမ့်နည်းတဲ့အစာတွေနဲ့ အရွက်တွေကို ပိုမိုစားသုံးသင့်ပါတယ်

🏌️‍♂️သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
🥗သင့်တင့်မျှတသော အစားအစာများရွေးချယ်စားသုံးခြင်းဖြင့် ရောင်ရမ်းနာကျင်မှုများကို သက်သာစေနိုင်ပါတယ်

Dr. Thin Zar Wai
Clinical Nutritionist

“ဘာလို့ အသားဓာတ်က အရေးကြီးတာလဲ”အသားစားရမယ် အသားများများစားပေးနော်…အမြဲကြားနေကျစကားလေးတွေအတွက် ဘာလို့ အသားစားပေးသင့်တာလဲ ...
14/07/2026

“ဘာလို့ အသားဓာတ်က အရေးကြီးတာလဲ”

အသားစားရမယ် အသားများများစားပေးနော်…အမြဲကြားနေကျစကားလေးတွေအတွက် ဘာလို့ အသားစားပေးသင့်တာလဲ ဆိုတာ ဒီတစ်ခေါက်မှာ ပြောပြပေးချင်ပါတယ်…

အသားဓာတ်ရဲ့ လုပ်ငန်းဆောင်တာလေးတွေ ဘာရှိမလဲ?
၁။ ကြွက်သားတည်ဆောက်ခြင်း
ကျွန်မတို့ ခန္ဓာကိုယ်မှာ တည်ဆောက်ထားတဲ့ အသားတွေ အဆီတွေဟာ ဒီခန္ဓာကိုယ်အသုံးပြုဖို့ လိုအပ်တဲ့ အားအင်တွေရရှိအောင် ဖြိုခွဲလိုက် တည်ဆောက်လိုက် ပြုလုပ်ကြရပါတယ်… အဲ့အခါမှာ အသားဓာတ်လုံလောက်အောင် မစားမိရင် ကြွက်သားတွေလျော့ကျသွားနိုင်ပါတယ်…
၂။ ဟော်မုန်း အင်ဇိုင်းများတည်ဆောက်ခြင်း
ခန္ဓာကိုယ်မှာ မဖြစ်မနေပြုလုပ်ရတဲ့ အစာချေခြင်း၊ လှုပ်ရှားခြင်း စသည့်အရာများအားလုံးအတွက် လိုအပ်သည့် ဟော်မုန်း အင်ဇိုင်းများ အားလုံးဟာ အသားဓာတ်နဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်…
၃။ ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပေးခြင်း
ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးတဲ့ ခုခံအားစနစ်ဟာလဲ အသားဓာတ်တစ်မျိုးဖြစ်ပါတယ်…
၄။ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
အသားဓာတ်ဟာ အစာစားပြီးတင်းတိမ်စေတဲ့ ဟော်မုန်းထွက်စေခြင်း၊ ဗိုက်ပြည့်စေခြင်းတို့ကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းနေတဲ့ သူတွေမှာလဲ အရေးကြီးပါတယ်…
၅။ ကယ်လိုရီချေဖျက်ခြင်း
အဆီဓာတ်နဲ့ ကစီဓာတ်တွေကနေရတဲ့ ကယ်လိုရီထပ် အသားကနေရတဲ့ ကယ်လိုရီက ပိုချေဖျက်ရလွယ်ပါတယ်…

အသားလျှော့စားရမယ့် ရောဂါတစ်ချို့ (ကျောက်ကပ်ပျက်စီးခြင်း၊ uric acid များခြင်း) စတဲ့ရောဂါရှိသူများက လွဲလျှင် အသားကို လုံလောက်အောင် စားပေးသင့်ပါတယ်…

“အသားဓာတ်လုံလုံလောက်လောက်ရရှိရန် အထောက်အကူပြုမယ့် အချက် ၁၀ ချက်”
၁။ အစာအုပ်စုစုံအောင်စားပါ (အသား၊ငါး၊ကြက်ဥ၊ပဲအမျိုးမျိုး၊နို့နှင့် နို့ထွက်ပစ္စည်းများ)
၂။ ၁ ပတ် ၂ ကြိမ် ငါး/ပုစွန် စားပေးပါ
၃။ အသား - အဆီနည်းသောအပိုင်းကို အဓိကစားပေးပါ (ရင်အုပ်သား)
၄။ ကြက်ဥ တစ်နေ့တစ်လုံးပါအောင်စားပါ ( အနှစ် တစ်နေ့ နှစ်လုံး၊ အကာကြိုက်သလောက် စားနိုင်ပါတယ်)
၅။ အမျှင်ဓာတ်များပြီး မကောင်းတဲ့အဆီဓာတ်နည်းတဲ့ အပင်ကနေရတဲ့ ပဲသီးအမျိုးမျိုး ပဲအမျိုးမျိုးကို များများစားပေးပါ
၆။ တစ်နေ့ အစေ့အဆံ နည်းနည်းစီ စားပေးပါ
၇။ ကြော်ချက်ထားသော အသားများထပ် ပြုတ်၊သုပ်၊ကင်ထားသော အသားများများစားပေးပါ (မဲနေအောင်ကင်ထားသော အသားများရှောင်ပါ)
၈။ အသင့်စား အသားများ ဟမ်ဘာဂါ၊ ဆန်းဒ်ဝစ်ရ် စားချင်လျှင် မိမိအိမ်တွင် အဆီထောပတ်မများပဲ ကင်ထားသော အသားနှင့်စားပါ (ခဏခဏမစားသင့်ပါ)
၉။ အသင့်စား အသားများ၊ ပြုပြင်ထားသောအသားများ (ကြက်အူချောင်း စသည်) တို့ကိုရှောင်ပါ
၁၀။ အငံများသော အသားများ၊ ဆားသိပ်ထားသော အသားငါးများကို ရှောင်ပါ

တန်ဆေးလွန်ဘေးဖြစ်သည့်အတွက် အသားကို ချင့်ချိန်ပြီး လုံလောက်စွာ စားသုံးနိုင်ကြမယ်ဆိုရင် မိမိခန္ဓာကိုယ် ကျန်းမာဖို့အတွက် အထောက်အကူဖြစ်မှာသေချာပါတယ်ရှင်…

Dr. Thin Zar Wai
Clinical Nutritionist

Cow Milk (နွားနို့) အကြောင်း သိကောင်းစရာဒီလ ဇွန်လ ၁ ရက်နေ့က World Milk Day ပါဒါကြောင့် World Milk Day ကို ဂုဏ်ပြုတဲ့ အနေ...
28/06/2026

Cow Milk (နွားနို့) အကြောင်း သိကောင်းစရာ

ဒီလ ဇွန်လ ၁ ရက်နေ့က World Milk Day ပါ
ဒါကြောင့် World Milk Day ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဇွန်လ မကုန်ခင် နွားနို့ရဲ့ အသုံးဝင်ပုံ အမျိုးအစားတွေကို ပြောပြပေးချင်ပါတယ်

နို့လို့ ပြောလိုက်တာနဲ့ ကျွန်မတို့တွေ အများဆုံးသောက်သုံးကြတာက နွားနို့ပဲ ဖြစ်ပါတယ်

နွားနို့ကို Whole milk, Reduced fat milk, Low fat (1%) နဲ့ Skim (fat-free) milk ဆိုပြီး ၄ မျိုးခွဲပြီး ရရှိနိုင်ပါတယ်
၄ မျိုးလုံးမှာ ဖန်ခွက် တစ်ခွက်ကို ကစီဓာတ် ၁၅ ဂရမ်နဲ့ အသားဓာတ် ၈ ဂရမ် ပါလို့ ပါဝင်မှုနှုန်းက တူပါတယ်

“Whole Milk”
ပထမဆုံးအနေနဲ့ အဆီ မထုတ်ထားတဲ့ နွားနို့က ကယ်လိုရီပမာဏ အများဆုံးဖြစ်ပါတယ်
အဆီပမာဏအနေနဲ့ တစ်ခွက်မှာ ၈ ဂရမ်ပါပြီးတော့ ကယ်လိုရီ ၁၅၀ ပါပါတယ်
အဆီကနေ ရရှိတဲ့ အာဟာရဓာတ်တွေ အားအင်ဓာတ်တွေ အဓိကလိုအပ်တဲ့ ဖွံ့ဖြိုးဆဲအရွယ် ကလေးတွေကတော့ တစ်နေ့တစ်ခွက် သောက်သုံးပေးသင့်ပါတယ်

“Reduced Fat Milk”
မြန်မာနိုင်ငံက အသင့်ချက်ပြီးသားရောင်းတဲ့ နွားနို့ဆိုင် တော်တော်များများမှာ ရနိုင်တဲ့ နို့ဖြစ်ပါတယ်
အဆီပမာဏအနေနဲ့ တစ်ခွက်မှာ ၅ ဂရမ်ပါပြီးတော့ ကယ်လိုရီ ၁၂၀ ပါပါတယ်
ဝိတ်ချနေတဲ့ သူများကတော့ လွယ်လွယ်ကူကူရနိုင်တဲ့ ဒီအမျိုးအစားကို သောက်သုံးနိုင်ပါတယ်

“Low Fat Milk and Skim Milk”
ဒီအမျိုးအစား၂ မျိုးကတော့ နိုင်ငံခြားက တင်သွင်းတဲ့ နွားနို့တွေ နို့မှုန့်တွေမှာ ရရှိနိုင်ပါတယ်
တစ်ခွက်မှာ အဆီ ၀-၃ ဂရမ်နဲ့ ကယ်လိုရီ ၉၀ ပါဝင်ပါတယ်
ဝိတ်သေချာထိန်းချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးနို့အမျိုးအစားဖြစ်ပါတယ်

“UHT and Pasteurized Milk”
အပေါ်မှာပြောသွားတဲ့ နွားနို့ဆိုင်တွေမှာ ရနိုင်တဲ့ အသင့်ချက်ပြီး နို့နဲ့ နိုင်ငံခြားက တင်သွင်းတဲ့ နို့က ဘာကွာသလဲ?
မြန်မာနိုင်ငံမှာ အလွယ်တကူရနိုင်တဲ့ အသင့်ချက်ပြီး နွားနို့တွေက pasteurized milk အမျိုးအစားဖြစ်ပါတယ်
အပူချိန် ၁၆၂ ဒီဂရီဖာရင်ဟိုက် (၇၂ ဒီဂရီ စင်တီဂရိတ်) နဲ့ ၁၅ စက္ကန့် အပူပေးပြီး ရလာတဲ့ နို့ဖြစ်ပါတယ်
အဲ့လို အပူပေးခြင်းအားဖြင့် ပိုးမွှားတော်တော်များများကို သတ်ပြီးသားဖြစ်လို့ နွားနို့မှာပါတဲ့ ပိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်
ဒါပေမယ့် spore forming bacteria တစ်မျိုးကိုတော့ မသေစေနိုင်ပါဘူး
ဒီနည်းက နွားနို့ အရသာပြောင်းလဲခြင်းမရှိလို့ တော်တော်များများကြိုက်ကြတဲ့ အမျိုးအစားဖြစ်ပါတယ်
မကောင်းတဲ့အချက်ကတော့ ရေခဲသေတ္တာထဲမှာပဲ သိမ်းရပြီး ၂-၃ ရက်သာခံပါတယ်
နိုင်ငံခြားကနေ တင်သွင်းတဲ့ နို့တွေကတော့ UHT milk အမျိုးအစားဖြစ်ပါတယ်
အပူချိန် ၂၈၄ ဒီဂရီဖာရင်ဟိုက်(၁၄၀ ဒီဂရီ စင်တီဂရိတ်) နဲ့ ၄ စက္ကန့် အပူပေးပြီး ရလာတဲ့နို့ဖြစ်ပါတယ်
အပြင်းဆုံးအပူချိန်နဲ့ spore forming bacteria အပါအဝင် ရှိသမျှပိုးအကုန်သေနိုင်လို့ ကျန်းမာရေးအတွက် စိတ်အချရဆုံးဖြစ်ပါတယ်
အရသာအနည်းငယ် ပြောင်းသွားလို့ နွားနို့ကြိုက်တဲ့ အချို့သူများကတော့ သိပ်မကြိုက်ကြပါဘူး
ကောင်းတဲ့အချက်အနေနဲ့ကတော့ ပြင်ပအခန်းအပူချိန်မှာပဲ ၆ လ ထားနိုင်ပါတယ် ဒါပေမယ့် ဖွင့်ပြီးရင်တော့ ရေခဲသေတ္တာထဲ ထည့်ပြီး ၃ ရက်အတွင်း သောက်ရပါမယ်
ဒါဆိုရင် အိမ်မှာ သေသေချာချာလေး မလိုင်တက်အောင် ကြိုထားတဲ့ နွားနို့ဆိုရင်ရော?
ဟုတ်ကဲ့ အပေါ်ကပြောထားတဲ့ အပူချိန် ကြာချိန်အတိုင်းရအောင် မကြိုနိုင်ရင်တော့ ပိုးမွှားတွေ မသေနိုင်တဲ့အတွက် အပေါ်က နွားနို့ ၂ မျိုး လုံးဝ ဝယ်ရမလွယ်ကူတဲ့ နေရာတွေက လွဲလို့ ရှောင်နိုင်ရင် ပိုကောင်းပါတယ်

နွားနို့မှာ အသားဓာတ်ကောင်းကောင်းအပြင် တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေလဲ အများကြီးပါဝင်ပါတယ်
ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ စလီနီယမ်၊ ဇင့်၊ ဖောလိတ်၊ ဗီတာမင် A,E,B2 နဲ့ B12 တို့ပါဝင်ပါတယ်
အဲ့ဒါကြောင့် နွားနို့တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးပေးသင့်ပါတယ်

Dr. Thin Zar Wai
Clinical Nutritionist


01/06/2026

၁ နှစ်ကျော် ကလေးအရွယ်မှစပြီး နို့ကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းအားဖြင့် ကလေးများဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း၊ အရိုးနှင့်သွားများကို ကျန်းမာစေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်များကို ဖြည့်တင်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်ရှင်

World Milk Day 🥛

Dr. Thin Zar Wai
Clinical Nutritionist


28/05/2026

2026 World Nutrition Day
Theme - Shaping the Future of Joint Nutrition Action in a Changing World

အားလုံးပဲ အာဟာရမျှတစွာ စားသောက်ခြင်းဖြင့် ပိုမိုကျန်းမာသော ဘဝကို တည်ဆောက်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

Dr. Thin Zar Wai
Clinical Nutritionist


Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Nutri Facts by Dr Thin Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category