23/08/2026
လက်ဖျားခြေဖျား ထုံကျင်တာကို ပေါ့ပေါ့ဆဆမနေပါနဲ့ ဒါတွေက အာရုံကြောအားနည်းခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်🥰
ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆက်သွယ်ပေးထားတဲ့ အာရုံကြော (Nerves) လေးတွေ ထောင်သောင်းချီရှိပါတယ်။ သူတို့က ခန္ဓာကိုယ်ရဲ့ "ဝိုင်ယာကြိုးစနစ်" လိုပါပဲ။ လှုပ်ရှားဖို့ အမိန့်ပေးတာတွေ၊ အပူအအေး နာကျင်မှု ခံစားချက်တွေကို သယ်ဆောင်ပေးတာတွေ လုပ်ဆောင်ကြပါတယ်။
အိမ်မှာ ဝိုင်ယာကြိုးပြတ်ရင် မီးမလင်းတော့သလို၊ ခန္ဓာကိုယ်က အာရုံကြောလေးတွေ ထိခိုက်တဲ့အခါမှာလည်း ကျန်းမာရေးပြဿနာတွေ စတင်လာပါတော့တယ်။
သင့်အာရုံကြောတွေ အားနည်းနေပြီလားဆိုတာ ဒီလက္ခဏာ (၇) ချက်နဲ့ စစ်ဆေးကြည့်လိုက်ပါ။
👇👇👇
၁။ ခြေလက်ထုံကျဉ်ခြင်း
ဒါက အတွေ့ရအများဆုံး လက္ခဏာပါ။ လက်ချောင်း၊ ခြေချောင်းလေးတွေက စထုံမယ်။ မကုသရင် တခြားနေရာတွေထိ ပျံ့သွားပြီး နေ့စဉ်ဘဝနဲ့ အိပ်စက်ခြင်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ (ဗီတာမင် B12, Magnesium ချို့တဲ့တာကြောင့်လည်း ဖြစ်တတ်ပါတယ်)
၂။ ကိုက်ခဲမှု ခံစားရခြင်း
အထိအတွေ့အာရုံခံ အာရုံကြောတွေ ထိခိုက်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။ ဒီနာကျင်မှုက တဖြည်းဖြည်း ပျံ့နှံ့လာပြီး ညဘက်တွေမှာ ပိုဆိုးတတ်ပါတယ်။
၃။ ကြွက်သားအားနည်းခြင်း
လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ထိခိုက်ရင် ကြွက်သားတွေ နာကျင်မယ်၊ အားနည်းလာပြီး ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာပါမယ်။
၄။ ခဏခဏ ကြွက်တက်ခြင်း
အာရုံကြောပျက်စီးမှုကြောင့် ကြွက်တက်နိုင်သလို၊ ကြွက်တက်လွန်းရင်လည်း အာရုံကြောကို ပြန်ထိခိုက်စေပါတယ်။
၅။ ချွေးထွက် လွန်ကဲခြင်း (သို့) နည်းခြင်း
ခေါင်းနဲ့ ကိုယ်အထက်ပိုင်းမှာ ချွေးအရမ်းထွက်တာ၊ ဒါမှမဟုတ် ချွေးထွက် အရမ်းနည်းတာတွေကလည်း အာရုံကြောစနစ် ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။
၆။ ဆီးခဏခဏသွားခြင်း
ဆီးစနစ်ကို ထိန်းချုပ်တဲ့ ကြွက်သားနဲ့ အာရုံကြောတွေ ပူးပေါင်းမလုပ်ဆောင်နိုင်တော့တဲ့အခါ ဆီးခဏခဏ သွားချင်စိတ် ဖြစ်ပေါ်လာပါတယ်။
၇။ အလွန်အမင်း ခေါင်းကိုက်ခြင်း
ခေါင်းအပြင်းအထန် ကိုက်တာ၊ ဓာတ်လိုက်သလို ကျဉ်ကနဲ ဖြစ်သွားတာမျိုးတွေကလည်း အာရုံကြောစနစ် ထိခိုက်နေတဲ့ လက္ခဏာတွေပါပဲ။
💡 အကြံပြုချက်
အထက်ပါ လက္ခဏာတွေကို မကြာခဏ ခံစားနေရပြီဆိုရင် ပေါ့ဆမနေဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်ခင်ဗျာ။
ကျန်းမာရွှင်လန်းကြပါစေ။
Crd
#ကပြာကယာဆေးမြင်းခွါရေနွေးကြမ်းတစ်ရက်တစ်ခွက်နဲ့ပိုကျန်းမာဖို့ကြိုးစားခဲ့တယ်
#ကပြာကယာဆေးမြင်းခွါ