Mandalar Clinic

Mandalar Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalar Clinic, Medical and health, 28th Street, 82nd street, Mandalay.

🏥 အရိုး၊ အကြော၊ အဆစ်ဆိုင်ရာရောဂါများအတွက် “မန္တလာ” က အသင့်ရှိနေပါပြီနော်။💁‍♀️ “မန္တလာဆေးခန်း” တွင် အရိုး၊ အကြော၊ အဆစ်နှင...
20/03/2026

🏥 အရိုး၊ အကြော၊ အဆစ်ဆိုင်ရာရောဂါများအတွက် “မန္တလာ” က အသင့်ရှိနေပါပြီနော်။

💁‍♀️ “မန္တလာဆေးခန်း” တွင် အရိုး၊ အကြော၊ အဆစ်နှင့် ပတ်သက်သော ရောဂါဝေဒနာမျိုးစုံကို တစ်နေရာတည်းတွင် အဆင်ပြေလွယ်ကူစွာ ပြသနိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

- ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရ၍ အရိုးကျိုးခြင်း
- အားကစား အလွန်အကျွံပြုလုပ်ခြင်းကြောင့် အရိုး၊ အဆစ်များ နာကျင်ခြင်း
- လေးဘက်နာကဲ့သို့ အဆစ်အမြစ် ရောင်ရမ်းခြင်း
- အရိုးနုနှင့် အရွတ်များ စုတ်ပြဲခြင်း
- ကြွက်သားမညီညာခြင်းကြောင့် ဖြစ်ပေါ်လာသော နာတာရှည် တင်ပါးဆုံနာ ရောဂါဝေဒနာများ
- အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော ပခုံး၊ ဒူးနှင့် တင်ပါးဆုံ အရိုးကျီးပေါင်းရောဂါများ

စ​သော ကုသမှုများအတွက် အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် လာရောက်ပြသနိုင်ပါပြီ။

"သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

"မန္တလာ ဆေးခန်း"

🏥လိပ်စာ - 82 လမ်း x 28 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

☎️ဖုန်းနံပါတ် - 09 443 466 903, 09 973 173 931




🦴 အရိုးပွရောဂါ (Osteoporosis) နှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်များနှင့် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ အရိုးပွရေ...
10/03/2026

🦴 အရိုးပွရောဂါ (Osteoporosis) နှင့် ပတ်သက်ပြီး သိထားသင့်သည့် အချက်များနှင့် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ

အရိုးပွရောဂါဆိုသည်မှာ အရိုးတွေရဲ့ သန်မာမှု (Bone density) လျော့နည်းလာခြင်း၊ အရိုးများပါးလာခြင်းကို ဆိုလိုပါတယ်။ အရိုးပွခြင်းကြောင့် အရိုးကျိုးလွယ်ခြင်း (အထူးသဖြင့် လက်မောင်း၊ ခါး၊ တံတောင်၊ ခေါင်းရိုး)၊ တင်ပါးဆုံရိုးကျိုးနိုင်ခြင်းများ ခံစားရနိုင်ပါတယ်။

အရိုးပွရောဂါဟာ အမျိုးသားရော အမျိုးသမီးများတွင်ပါ အဖြစ်များတဲ့ အသက်အရွယ်မရွေးဖြစ်ပွါးနိုင်သော ရောဂါတစ်ခုပါ။

အရိုးပွရောဂါလက္ခဏာများဟာ အစောပိုင်းကာလတွေမှာ မထင်ရှားပါဘူး။ အချိန်ကြာလာမှသာ
-ကျောနာခြင်း
-လည်ပင်းနာခြင်း
-ကိုယ်နေကိုယ်ထားကုန်းလာခြင်း
-အရပ်တဖြည်းဖြည်း နိမ့်လာခြင်းစတဲ့ ရောဂါလက္ခာများ သိသိသာသာ ခံစားလာရမှာ ဖြစ်ပါတယ်။

🦴 အရိုးပွခြင်းရောဂါကို လုံးဝပျောက်ကင်းသက်သာအောင် ကုသလို့ မရပေမယ့် ထိရောက်တဲ့ကုသမှုများ ပြုလုပ်ပေးခြင်းဖြင့် အရိုးများ သန်စွမ်းအောင်၊ ပျက်စီးခြင်းနည်းအောင်တော့ ကြိုတင်ကာကွယ်နိုင်ပါတယ်နော်…

🦴 ကျန်းမာပြီး သန်မာတဲ့အရိုးတွေ ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုကုသမှုနည်းလမ်းတွေ လုပ်သင့်သလဲဆိုရင်-

-ဆေးဝါးများ သောက်သုံးခြင်း
-နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
-လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်း
-အရိုးကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအသောက်များကို စားသုံးခြင်း (ပရိုတိန်း၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် ကေ၊ ဇင့်ဓာတ် ပါဝင်သော အစားအစာများ)
-အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးပေးခြင်းများ ပြုလုပ်သင့်ပါတယ်။

ဒီလို အရိုးသိပ်သည်းမှု စစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အရိုးကျန်းမာခြင်းအခြေအနေများကို သိနိုင်ပြီး ကိုယ့်ရဲ့အရိုးက လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုးရှိမနေတော့ဘူးဆိုရင် ဆေးဝါးကုသမှုများကို ခံယူသင့်ပါတယ်…

" သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ ”

" မန္တလာဆေးခန်း "

🏥 လိပ်စာ - 82 လမ်း x 28 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

☎️ဖုန်းနံပါတ် - 09 443 466 903, 09 973 173 931

📣 Job Vacancy Announcement, We’re Hiring 📣🏥Mandalar Healthcare Group (MHG) လက်အောက်ရှိ Mandalar Clinic တွင် တာဝန်ထမ်းဆော...
09/02/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥Mandalar Healthcare Group (MHG) လက်အောက်ရှိ Mandalar Clinic တွင် တာဝန်
ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 Customer Service - 2 Posts

✨ Benefit Package:

Attractive Salary
Medical discount according to the organization’s policy
Leave according to the organization's policy
Learn for personal and professional development at all time


▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]

📞 Phone & Viber: 09 799 529 965

📣 Job Vacancy Announcement, We’re Hiring 📣🏥Mandalar Healthcare Group (MHG) လက်အောက်ရှိ Mandalar Clinic တွင် တာဝန်ထမ်းဆော...
28/01/2026

📣 Job Vacancy Announcement, We’re Hiring 📣

🏥Mandalar Healthcare Group (MHG) လက်အောက်ရှိ Mandalar Clinic တွင် တာဝန်
ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါသည်။

💼 Security
💼 Runner

✨ Benefit Package:

Attractive Salary
Medical discount according to the organization’s policy
Leave according to the organization's policy
Learn for personal and professional development at all time


▶️ Apply by sending your CV form to the email below 👇

📧 Email: [email protected]

📞 Phone & Viber: 09 799 529 965

📣 Job Vacancy Announcement, We're Hiring 🔔  Mandalar Healthcare Group (MHG) လက်အောက်ရှိ ၈၂ လမ်းနှင့် ၂၈ လမ်းထောင့် Manda...
12/01/2026

📣 Job Vacancy Announcement, We're Hiring 🔔

Mandalar Healthcare Group (MHG) လက်အောက်ရှိ ၈၂ လမ်းနှင့် ၂၈ လမ်းထောင့် Mandalar Clinic နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Blood Collector : 1 Post

✅ Benefit Package:

- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time


▶️ Apply by sending your CV form to the email below 👇

📧 Email : [email protected]

📞 Phone & Viber : 09 799 529 965

ကလေးဖျားနေပေမယ့် မိဘအနေနဲ့ ဘာလုပ်ပေးရမှန်းမသိဖြစ်ဖူးလား 😥❓ဒီလို ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင် သေချာစစ်ဆေးပေးချင်တယ်၊ က...
09/01/2026

ကလေးဖျားနေပေမယ့် မိဘအနေနဲ့ ဘာလုပ်ပေးရမှန်းမသိဖြစ်ဖူးလား 😥❓

ဒီလို ကလေးရဲ့ကျန်းမာရေးနဲ့ပတ်သက်လာရင် သေချာစစ်ဆေးပေးချင်တယ်၊ ကုသပေးချင်တယ်

ဒါပေမယ့် ဆေးရုံထိလည်းမသွားချင်ဘူးဆိုရင်…

📍၂၈လမ်း x ၈၂လမ်းထောင့်ရှိ “မန္တလာဆေးခန်းမှာ” ကလေးအထူးကုဆရာဝန်များနှင့် ပြသနိုင်ပါတယ်ခင်ဗျာ 😇

ပြသနိုင်တဲ့ရောဂါတွေကတော့

🔹 အဖျား၊ တုပ်ကွေး
🔹 ဝမ်းပျက်၊ ဝမ်းလျှော
🔹 ဆီးနှင့်ပတ်သက်သောရောဂါများ
🔹 အသက်ရှုကြပ်ခြင်း
🔹 နာတာရှည်ရင်ကျပ်ရောဂါ
🔹 ချွဲကြပ်ခြင်း
🔹အရေပြားရောဂါနှင့်
🔹 မွေးရာပါရောဂါများပါ ပြသနိုင်ပြီး ကာကွယ်ဆေးများပါ ထိုးနှံနိုင်ပါတယ်

ဆရာဝန်ကြီးများနှင့်မပြသခင် Booking ကြိုတင်ဖို့လိုအပ်ပါတယ်နော်

Booking ဖို့အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

☎️ 09 - 443 466 903
09 - 973 173 931

"သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

"မန္တလာ ဆေးခန်း"

🏥 လိပ်စာ - 28 လမ်း x 82 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့


#ကလေးဆေးခန်း

📣 Job Vacancy Announcement, We're Hiring 🔔  Mandalar Healthcare Group (MHG) လက်အောက်ရှိ ၈၂ လမ်းနှင့် ၂၈ လမ်းထောင့် Manda...
02/12/2025

📣 Job Vacancy Announcement, We're Hiring 🔔

Mandalar Healthcare Group (MHG) လက်အောက်ရှိ ၈၂ လမ်းနှင့် ၂၈ လမ်းထောင့် Mandalar Clinic နှင့် လက်တွဲလုပ်ကိုင်ရန် Medical Officer ရာထူးအတွက် ခေါ်ယူလျက်ရှိပါသည်။

💼 Medical Officer : 1 Post

📄 Requirements:

- M.B.,B.S with registered SAMA
- Have experiences in clinical care
- Have experiences in emergency care
- Preferably ACLS or other related certificates for trauma and emergency medical services

✅ Benefit Package:

- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Maintain the medical professional ethics and moral of confidentiality in medical practice
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time

▶️ Apply by sending your CV form to the email below 👇

📧 Email : [email protected]

📞 Phone & Viber : 09 799 529 965

🙏🙏🙏 မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယမှာ လေးစားတန်ဖိုးထားရသူတွေကို Medical Checkup Package ကျန်းမာရေးစစ်ဆေးခြင်း လက်ဆောင်ပ...
30/09/2025

🙏🙏🙏 မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယမှာ လေးစားတန်ဖိုးထားရသူတွေကို Medical Checkup Package ကျန်းမာရေးစစ်ဆေးခြင်း လက်ဆောင်ပေးပြီး ကုသိုလ်ယူလိုက်ပါနော်

🌕 မိဘပြည်သူတို့အတွက် “Elotus Laboratory” ရဲ့သီတင်းကျွတ်ပရိုမိုးရှင်းအစီအစဉ် ✨

🙏🏼 မြန်မာလူမျိုးတို့ရဲ့မင်္ဂလာရှိသော သီတင်းကျွတ်အချိန်အခါသမယမှာ မိမိလေးစားတန်ဖိုးထားရသူတွေကို Medical Check-Up Package ကျန်းမာခြင်းလက်ဆောင်ပေး၍ ကုသိုလ်ယူလိုက်ပါနော်..

🤩 “Elotus Laboratory” တွင် ဝါကျွတ် အထိမ်းအမှတ်အဖြစ် ကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်များကို ၅၀% လျှော့စျေးဖြင့် စစ်ဆေးနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

🎁 အရင်ထက် ပိုတန်တဲ့ စျေးနှုန်းတွေကတော့

▫️Silver Package
ယခင် - 197,000 Ks
ယခု - 98,500 Ks

🔸 Gold Package
ယခင် - 314,000 Ks
ယခု - 157,000 Ks

▫️Platinum Package (Male)
ယခင် - 574,000 Ks
ယခု - 287,000 Ks

▫️Platinum Package (Female)
ယခင် - 610,500 Ks
ယခု - 305,250 Ks

စသော အထူးစျေးနှုန်းများဖြင့်
🗓️ အောက်တိုဘာလ (၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ 🗓️ စစ်ဆေးနိုင်မှာဖြစ်လို့

“Elotus Laboratory”မှာ အခုပဲ စာရင်းပေးသွင်းပြီး Medical Check-up များ လာရောက်စစ်ဆေးလိုက်ပါတော့နော်…

“ELOTUS International Laboratory Service”

🏥လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ဖုန်း - 09 942 344 500, 09 753 922 900

👉🏻 ကိုယ်အလေးချိန်လျှော့ချရန် စဉ်းစားနေသူများ👉🏻 ကင်ဆာ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါခံစားနေရသူများအတွက် “မန္တလာဆေးခန...
17/09/2025

👉🏻 ကိုယ်အလေးချိန်လျှော့ချရန် စဉ်းစားနေသူများ
👉🏻 ကင်ဆာ၊ ကျောက်ကပ်ရောဂါ စသည့် နာတာရှည်ရောဂါခံစားနေရသူများအတွက် “မန္တလာဆေးခန်း” တွင် အာဟာရအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါပြီ 🤩

ရောဂါပျောက်ကင်းသက်သာဖို့အတွက် ဆေးတစ်မျိုးတည်းကိုသာ အားကိုးလို့မရတော့ပါ
။ အနေအထိုင်၊ အစားအသောက်ကိုလည်း ဆင်ခြင်မှ အချိန်မြန်မြန်နဲ့ သက်သာပျောက်ကင်းမှာဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့

✅ ကိုယ်အလေးချိန်ထိန်းချင်၊ လျော့ချချင်သည်ဖြစ်စေ
✅ နာတာရှည်ရောဂါများခံစားရသည်ဖြစ်စေ

အာဟာရဆရာဝန် (Nutritionist) နှင့် ဆွေးနွေးပြသလိုပါက
အခုပဲ “မန္တလာဆေးခန်း” သို့ဆက်သွယ်ပြီး
Booking ယူနိုင်ပါပြီခင်ဗျာ

Booking ဖို့အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

☎️ 09 - 443 466 903
09 - 973 173 931

"သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

"မန္တလာ ဆေးခန်း"

🏥 လိပ်စာ - 28 လမ်း x 82 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

#နားကျန်းမာရေး #အာဟာရဆရာဝန်

“တစ်ခါတလေ နားယားလို့ နားကြပ်တာ ပြဿနာမဟုတ်ပေမယ့် နားခဏခဏယားနေတာဆိုရင်တော့ ပြဿနာရှိသွားပါပြီ”👉🏻 • နားဖာချေးကလည်း အမြဲလိုလိ...
02/09/2025

“တစ်ခါတလေ နားယားလို့ နားကြပ်တာ ပြဿနာမဟုတ်ပေမယ့်
နားခဏခဏယားနေတာဆိုရင်တော့ ပြဿနာရှိသွားပါပြီ”

👉🏻 • နားဖာချေးကလည်း အမြဲလိုလို အဖြူရောင်ဖြစ်နေတယ်
👉🏻 • နားယားရုံတင်မက တဆစ်ဆစ်ကိုက်လာတာမျိုး
👉🏻 • အသံတွေကို သေချာမကြားရတော့တာမျိုး

ဒီလိုမျိုးဖြစ်ဖူးကြလား ???

အပေါ်ကလိုမျိုးမဖြစ်အောင် ဆရာဝန်တွေက “နားရေမစိုစေနဲ့၊ နားမကြပ်နဲ့” လို့ မှာကြပါတယ်

ဘာလို့လဲဆိုတော့ နားမှိုစွဲမှာစိုးလို့ပါ ❗️

👂🏻နားမှိုစွဲနေပြီဆို နားက ယားလာတယ်၊ နားယားလို့ နားကြပ်တယ်၊ နားကြပ်လို့ မှိုပြန်စွဲ၊ နားစည်ယောင်၊ နားစည်ပေါက် ဒီလိုနဲ့ သံသရာလည်တတ်ပါတယ်။

သူများက သူပျောက်ခဲ့တဲ့ဆေးကိုညွှန်းလို့ ကိုယ်လည်း လိုက်လိမ်းကြည့်တာ၊ နားထဲ အစက်ချတာတွေ မလုပ်သင့်ပါဘူး။ မြန်မြန်သက်သာပျောက်ကင်းအောင် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်( ENT Specialist) နဲ့ပြပြီး စစ်ဆေးကုသဖို့လိုပါတယ်ခင်ဗျာ။

မိတ်ဆွေအနေနဲ့ နားပြဿနာများဖြစ်တဲ့

✅ နားယားခြင်း
✅ နားအူခြင်း
✅ နားပိတ်ခြင်း
✅ နားကိုက်ခြင်း
✅ နားအရည်ထွက်ခြင်း စတဲ့ နားဝေဒနာခံစားရပါက

၈၂လမ်း x ၂၈လမ်းထောင့်ရှိ မန္တလာဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများဖြင့် လာရောက်ပြသနိုင်ပါတယ်ခင်ဗျာ

ဆရာဝန်ကြီးများနှင့်မပြသခင် Booking ကြိုတင်ဖို့လိုအပ်ပါတယ်နော်

Booking ဖို့အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

☎️ 09 - 443 466 903
09 - 973 173 931

"သင်နှင့် သင့်မိသားစု ကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

"မန္တလာ ဆေးခန်း"

🏥 လိပ်စာ - 28 လမ်း x 82 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

#နားကျန်းမာရေး #နားနှာခေါင်းလည်ချောင်း

🤔 ကိုယ်တောင်မသိလိုက်ဘဲ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူများသင်ရော ဘယ်အချက်တွေ လုပ်မိနေလဲ???- ညဘက် တော်တော်နဲ့...
27/08/2025

🤔 ကိုယ်တောင်မသိလိုက်ဘဲ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ
သင်ရော ဘယ်အချက်တွေ လုပ်မိနေလဲ???

- ညဘက် တော်တော်နဲ့မအိပ်ခြင်း
- Screen Time များခြင်း
- တစ်ခုခုဆို အရမ်းတွေးခြင်း (Overthinking)
- အမြဲတမ်း မိမိကိုယ်မိမိ နှိမ့်ချပြောဆိုခြင်း
- အလုပ်တွေမနားဘဲ ဆက်တိုက်လုပ်ခြင်း
- အားကစားမလုပ်ခြင်း
- အရက်၊ ဆေးလိပ်များသောက်ခြင်း

👉 ဒီအချက်တွေ တော်တော်များများလုပ်မိနေတယ်ဆိုရင်

❗️ စိတ်အတက်အကျမြန်တာ
❗️ လူတွေကို မယုံကြည်တော့တာ
❗️ အကောင်းမြင်စိတ်နည်းလာတာ
❗️ စိတ်တိုလွယ်တာမျိုး ဖြစ်လာတတ်ပါတယ်။

💁‍♀️ တကယ်လို့ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ဖို့လိုအပ်နေပြီဖြစ်တာကြောင့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့လိုပါမယ်။

စိတ်ရောဂါတွေဆိုတာ မကုသဘဲထားတဲ့အခါ အချိန်ကြာလာနဲ့အမျှ ပိုဆိုးလာတတ်ပြီးနောက်ပိုင်းမှာပြဿနာကြီးကြီးမားမားတွေရင်ဆိုင်လာရနိုင်ပါတယ်။

ဒီလို အရေးကြီးတဲ့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ကုသမှုမျိုးခံယူလိုတယ်ဆိုရင် “မန္တလာဆေးခန်း” မှာ စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီးများနဲ့ လာရောက်ပြသနိုင်ပါပြီ။

သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”

"မန္တလာဆေးခန်း"

🏥လိပ်စာ - 82 လမ်း x 28 လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

☎️ဖုန်းနံပါတ် - 09 443 466 903, 09 973 173 931

#မန္တလာဆေးခန်း #မန္တလေး #စိတ်ကျန်းမာရေး

Address

28th Street, 82nd Street
Mandalay

Alerts

Be the first to know and let us send you an email when Mandalar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalar Clinic:

Share