Zizawarsoe

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Nutritionist, Mandalay.
(1)

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

မနေ့က အမှတ်တရ ပုံရိပ်များ ….  နောက်တခါအခွင့်ကြုံရင်ပြန်ဆုံကြမယ်ရှင်🌹
31/05/2026

မနေ့က အမှတ်တရ ပုံရိပ်များ ….
နောက်တခါအခွင့်ကြုံရင်ပြန်ဆုံကြမယ်ရှင်🌹

ဒီနေ့ ကျနော်တို့ရဲ့ Lifestyle Community ရဲ့ ပထမဆုံး ရန်ကုန်တွေ့ဆုံပွဲလေးကို အချိန်ပေးပြီး လာရောက်ပေးကြတဲ့ မိတ်ဆွေများအား...
30/05/2026

ဒီနေ့ ကျနော်တို့ရဲ့ Lifestyle Community ရဲ့ ပထမဆုံး ရန်ကုန်တွေ့ဆုံပွဲလေးကို အချိန်ပေးပြီး လာရောက်ပေးကြတဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်🥰
တချို့အလုပ်တွေ ရွှေ့ဆိုင်းပြီး လာခဲ့ကြသလို၊ တချို့တော်တော်ဝေးဝေးကနေ တကူးတက လာတွေ့ပေးကြတာ မြင်ရတော့ တကယ်ကို ဝမ်းသာပြီး စိတ်ခွန်အားတွေရပါတယ်။ 🌹

နောင်လည်း ဒီထက်မက ပိုမိုကောင်းမွန်တဲ့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝပုံစံတွေကို အတူတူ တည်ဆောက်သွားကြမယ်နော်။
အားလုံးကို ချစ်ခင်လေးစားလျက်။ ❤️💪

ဇီဇဝါစိုး




သူငယ်ချင်းက Diet လုပ်တယ်ဆိုပြီး အစားတွေနည်းနည်းပဲစားတယ်။ ကျနော် စားနေတာကို ကြည့်ပြီး “နင် Diet မလုပ်ဘူးလား” တဲ့... 🤩ကျနေ...
30/05/2026

သူငယ်ချင်းက Diet လုပ်တယ်ဆိုပြီး အစားတွေနည်းနည်းပဲစားတယ်။
ကျနော် စားနေတာကို ကြည့်ပြီး “နင် Diet မလုပ်ဘူးလား” တဲ့... 🤩
ကျနော့်ဘဝမှာ Diet ဆိုပြီး တကူးတက လုပ်တာမျိုး၊ အစားလျှော့စားနေရတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ ခုစားနေတာလည်း ကျနော့အတွက် diet ပဲ🤩

အကုန်စားလိုက်မှ ဗိုက်က ၈၀% ပဲ ပြည့်သေးတာပါ 🤩
ကျနော့်လို စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အကုန်စားပြီး မဝချင်ရင် ကျနော့် Post တွေကို အမြဲဖတ်ပါလို့ မှာလိုက်တယ်😄

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



လူတစ်ယောက်အသက်အရွယ်တစ်ခုရောက်လာလို့ အမြဲ ကျန်းမာ သွက်လက်လန်းဆန်းနေတယ်ဆိုတာ ဘဝကုသိုလ်ကံကောင်းနေလို့မဟုတ်ဘူး။ ဒီကုသုလ်ကံကေ...
29/05/2026

လူတစ်ယောက်အသက်အရွယ်တစ်ခုရောက်လာလို့ အမြဲ ကျန်းမာ သွက်လက်လန်းဆန်းနေတယ်ဆိုတာ ဘဝကုသိုလ်ကံကောင်းနေလို့မဟုတ်ဘူး။ ဒီကုသုလ်ကံကောင်းအောင် ကိုယ်တိုင်ဖန်တီးလုပ်ဆောင်ခဲ့တာ။

✅စားသောက်မှုပုံစံကို စနစ်တကျ ပြုပြင်ခဲ့ခြင်း
ခန္ဓာကိုယ်အတွက် တကယ်လိုအပ်တဲ့ အာဟာရတွေကို ရွေးချယ်စားသောက်ပြီး အစွန်းမရောက်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးခဲ့လို့

✅ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ရှိခြင်း
လေ့ကျင့်ခန်းလုပ်တာကို ဝတ္တရားတစ်ခုလိုမဟုတ်ဘဲ ဝါသနာတစ်ခုလို ပျော်ပျော်ရွှင်ရွှင် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့လို့

✅စိတ်ဖိစီးမှုကို ကောင်းစွာစီမံနိုင်ခြင်း
အလုပ်နဲ့ မိသားစုကြားမှာ စိတ်ရောလူပါ မပင်ပန်းရအောင် အကောင်းမြင်စိတ်နဲ့ မျှတအောင် နေထိုင်တတ်ခဲ့တာဟာ ဒီနေ့ရဲ့ ပျော်ရွှင်မှုတွေအတွက် အဓိကသော့ချက်ပါ။

✅စဉ်ဆက်မပြတ် လေ့လာသင်ယူနေခြင်း
ဘဝသင်ခန်းစာတွေလေ့လာသလို အာဟာရနဲ့ ကျန်းမာရေးဗဟုသုတတွေကို အမြဲလေ့လာပြီး ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုစကားသံကိုအမြဲနားထောင်ခဲ့လို့

✅စည်းကမ်းရှိတဲ့ နေထိုင်မှုပုံစံ
အိပ်ချိန်၊ စားချိန်နဲ့ အလုပ်လုပ်ချိန်တွေကို စနစ်တကျ ထိန်းညှိနေထိုင်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် လန်းဆန်းတက်ကြွနေတာပါ။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



29/05/2026

တစ်လမှာ အများဆုံး အဆီဘယ်နှပေါင်ကျနိုင်တယ်ထင်လဲမိတ်ဆွေ 😍





ဒီမနက် စီးနေကျ road bike အစား mountain bike ထုတ်စီးလိုက်တယ်။ Road bike ဖိနပ်စီးပြီး Mountain bike ရဲ့ pedal ပေါ်တပ်တော့ ...
28/05/2026

ဒီမနက် စီးနေကျ road bike အစား mountain bike ထုတ်စီးလိုက်တယ်။
Road bike ဖိနပ်စီးပြီး Mountain bike ရဲ့ pedal ပေါ်တပ်တော့ အံမဝင်ဖြစ်မှ ဖိနပ်မှားစီးမိတာကို သိလိုက်တယ်🤩
ကိုယ်လုပ်နေကျ အလေ့အကျင့်တွေက ဦးနှောက်ထဲမှာ အလိုအလျောက် မှတ်မိသွားပြီး အသိစိတ်မပါဘဲ လုပ်မိနေတတ်တာ သဘာဝကျပါတယ်😄

အစားအသောက်ဆင်ခြင်တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေလည်း အတူတူပါ။ တစ်ခါတလေ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်က အလေ့အကျင့်ဟောင်းတွေကိုပဲ အလိုအလျောက် လုပ်နေတတ်တော့ အသစ်တစ်ခုခု ပြောင်းလဲလုပ်ဆောင်တဲ့အခါ အမှားအယွင်းလေးတွေ ရှိလာတယ်။

အရေးကြီးတာက မှားသွားတာကို သိလိုက်တဲ့အချိန်မှာ ပြန်ပြင်ဖို့ပါ🤩
အကျင်းကောင်းလေးတွေ ပျိုးထောင်ဖို့ အချိန်နဲ့ စိတ်ရှည်မှု လိုတယ်ရှင်💪

ဇီဇဝါစိုး



ဘဝဆိုတာ အမြဲတမ်း ပြေးလွှားနေရတဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ဘူး။ တစ်ခါတစ်လေ နှေးကွေးခြင်းက ကျနော်တို့ကို ပို ဝေးဝေးရောက်အောင် ပ...
28/05/2026

ဘဝဆိုတာ အမြဲတမ်း ပြေးလွှားနေရတဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ဘူး။ တစ်ခါတစ်လေ နှေးကွေးခြင်းက ကျနော်တို့ကို ပို ဝေးဝေးရောက်အောင် ပို့ဆောင်ပေးနိုင်တယ်🤩

နေ့စဉ်စားဝတ်နေရေး ၊ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေချိန်မှာ ကိုယ်လက်လှုပ်ရှားမှုဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာတယ်။
ကျန်းမာရေးဆိုတာ Gym သွားမှ၊ အချိန်အကြာကြီး ပင်ပန်းခံမှ ဆိုတဲ့ ဖိအားတွေအောက်မှာ ရှိနေတာ မဟုတ်ဘူး။
စက်ဘီးလေးစီးရင်း လှပတဲ့ရှုခင်းကြည်းရင်း စိတ်ကြည်လင်စေတာမို့ စက်ဘီးစီးတာသဘောကျတယ်။

စက်ဘီးစီးတာ ဘာတွေကောင်းလဲဆိုတော့….

✅ နှလုံးကျန်းမာရေးကောင်းမွန်စေပြီး ကြွက်သားအုပ်စုအမျိုးမျိုးကို တစ်ပြိုင်နက်တည်း အလုပ်လုပ်စေတယ်။ ဒါဟာ အဆီကို စွမ်းအင်အဖြစ် ပြောင်းလဲပေးပြီး Metabolic Flexibility ကို မြှင့်တင်ပေးတဲ့ Cardio လေ့ကျင့်ခန်းတစ်ခု။
✅ သဘာဝတရားနဲ့ ထိတွေ့ရင်း လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝိတ်ချနေတယ်ဆိုတဲ့ စိတ်ဖိစီးမှုထက်၊ ဒီနေ့တစ်နေ့တာကို ပျော်ရွှင်စွာ ဖြတ်သန်းနေရတယ်ဆိုတဲ့ ခံစားချက်ပိုရှိစေမယ်။
✅ အချိန်အကြာကြီး ပင်ပန်းခံတာထက်၊ စဉ်ဆက်မပြတ်တဲ့ သေးငယ်တဲ့ အလေ့အကျင့်ကောင်းလေးတွေကသာ ကျနော်တို့ကို ပိုမိုကျန်းမာပြီး တက်ကြွတဲ့ဘဝကို ပိုင်ဆိုင်စေမှာပါ။

ကျန်းမာရေးဆိုတာ အချိန်အကြာကြီး ပင်ပန်းခံမှ ရတာမဟုတ်ဘူး။ သေးငယ်တဲ့ အလေ့အကျင့်လေးတစ်ခုကနေ စလို့ရပါတယ်။
ခန္ဓာကိုယ်က အမြဲရွေ့လျားနေဖို့ လိုအပ်သလို၊ စိတ်ကလည်း အေးချမ်းဖို့ လိုအပ်ပါတယ် 💪

ဒီနေ့အတွက် မိတ်ဆွေရဲ့ ကိုယ်လက်လှုပ်ရှားမှုလေးက ဘာဖြစ်မလဲ ????

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



စနေနေ့ ( မေလ ၃၀ ရက်) ရန်ကုန်မှာရှိနေမှာမို့ ကျနော် မဇီဇဝါစိုး နဲ့ ဆရာ Nay San Lin ကို ချစ်ခင်ပေးကြတဲ့ မိတ်ဆွေတွေနဲ့  တွေ...
27/05/2026

စနေနေ့ ( မေလ ၃၀ ရက်) ရန်ကုန်မှာရှိနေမှာမို့ ကျနော် မဇီဇဝါစိုး နဲ့ ဆရာ Nay San Lin ကို ချစ်ခင်ပေးကြတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံပြီး ပျော်ပျော်ပါးပါးစကားတွေ ပြော ကော်ဖီသောက်ဖို့စီစဉ်ထားပါတယ်။
ဒီစနေနေ့ နေ့လယ် ၂:၀၀ နာရီကနေ ၃:၃၀ နာရီအထိ Golden Inya Cafe & Restaurant ( အင်းယားလမ်း ၊ ကမာရွတ်) မှာ ဆရာ Nay San Lin နဲ့အတူ ရှိနေပါမယ်။ အချိန်ရရင်လာခဲ့ဖို့ ကျနော်တို့ ၂ ယောက်စလုံးဖိတ်ခေါ်ပါတယ် 😍 ။ ကော်ဖီသောက်ရင်း စိတ်ခွန်အားဖြည့်စကားလေးတွေ ပြော၊ ပျော်ပျော်ပါးပါး ဆုံတွေ့ရဖို့ မျှော်လင့်နေပါတယ်ရှင်။

နေရာလေး ကြိုတင်စီစဉ်ထားချင်တာမို့ လာဖြစ်ရင် CB or Comment ကနေတစ်ဆင့် အကြောင်းကြားပေးပါဦးနော်။ ဆုံဖို့ စောင့်မျှော်နေပါမယ်ရှင်😍

ကော်ဖီတိုက်မယ်ရှင့် ☕️
Key chains လေးတွေအရင်ရောက်သူများ အမှတ်တရလက်ဆောင်ပေးမယ်ရှင့် 😍



ဘဝမှာ အောင်မြင်မှုတွေ တရိပ်ရိပ်တက်နေချိန်မှာ အဲဒီအောင်မြင်မှုရဲ့ အသီးအပွင့်ကို အပြည့်အဝခံစားနိုင်ဖို့ ကျန်းမာတဲ့ခန္ဓာကို...
27/05/2026

ဘဝမှာ အောင်မြင်မှုတွေ တရိပ်ရိပ်တက်နေချိန်မှာ အဲဒီအောင်မြင်မှုရဲ့ အသီးအပွင့်ကို အပြည့်အဝခံစားနိုင်ဖို့ ကျန်းမာတဲ့ခန္ဓာကိုယ် ရှိနေဖို့လိုတယ်။

အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးတွေ ကျရှုံးခဲ့လို့ သုညကနေ ပြန်စရမယ်ဆိုရင်လည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိနေမှ အရာရာကိုအစကနေ ပြန်တည်ဆောက်လို့ ရမယ်။

ကျန်းမာရေးက ကျနော်တို့ရဲ့အကြီးမားဆုံးသော အရင်းအနှီး ဆိုတာ မေ့လို့မရဘူး။

ဒီနေ့ကစပြီး ကိုယ့်ခန္ဓာကိုယ်အတွက် အာဟာရနဲ့ လေ့ကျင့်ခန်းကို အချိန်ပေး ရင်းနှီးမြှုပ်နှံကြစို့ 💪

ကျန်းမာပါစေရှင်

ဇီဇဝါစိုး



26/05/2026

Basketball ဆော့တဲ့သားက စက်ဘီးစီးတဲ့မေမေနဲ့တူတူ workout လုပ်သောအခါ 😍😍

For fun 🤩



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category