MSI skin ,Laser and slimming centre

MSI skin ,Laser and slimming centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MSI skin ,Laser and slimming centre, အမှတ် ၂၇၁ လမ်း ၈၀ , ၃၂x၃၃ ကြား , ရီရှင်း အလှကုန် နဘေး, မန္တလေး, Mandalay.

တင်းတိတ် (Melasma) ဘာကြောင့် ဖြစ်ရတာလဲ?Hiချစ်ဆုံးတို့ရေပါးပြင်၊ နှာခေါင်း၊ နဖူးနဲ့ နှုတ်ခမ်းအထက်ပိုင်းတွေမှာ အညိုရောင် က...
09/08/2026

တင်းတိတ် (Melasma) ဘာကြောင့် ဖြစ်ရတာလဲ?

Hiချစ်ဆုံးတို့ရေ

ပါးပြင်၊ နှာခေါင်း၊ နဖူးနဲ့ နှုတ်ခမ်းအထက်ပိုင်းတွေမှာ အညိုရောင် ကွက်လာလို့ စိတ်ညစ်နေရပြီလား?

တင်းတိတ်ဆိုတာ အဓိကအားဖြင့် အရေပြားမှာရှိတဲ့ အရောင်ထုတ်လုပ်ပေးတဲ့ မယ်လနင် (Melanin) ရောင်ခြယ်ဆဲလ်တွေ အလွန်အမင်း အလုပ်လုပ်ရာကနေ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

တင်းတိတ်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကဘာတွေလဲ??

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း
--------------------------

နေရောင်ခြည်ထဲမှာပါတဲ့ UVA နဲ့ UVB ရောင်ခြည်တွေဟာ မယ်လနင် ထုတ်လုပ်မှုကို အားပေးတာကြောင့် တင်းတိတ် ဖြစ်စေတဲ့ အဓိက တရားခံပဲ ဖြစ်ပါတယ်။

ဟော်မုန်း အပြောင်းအလဲများ
-------------------

ကိုယ်ဝန်ဆောင်ချိန်၊ တားဆေးသောက်သုံးချိန် သို့မဟုတ် ဟော်မုန်းကုသမှု ခံယူနေချိန်တွေမှာ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းတွေ တိုးလာတာကြောင့် တင်းတိတ် ပိုဖြစ်လွယ်ပါတယ်။

မျိုးရိုးလိုက်ခြင်း
----------

မိသားစုထဲမှာ တင်းတိတ် ဖြစ်ဖူးသူရှိရင် မိမိမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

အပူချိန်နှင့် အလင်းရောင်များ
--------------------

နေရောင်တင်မကဘဲ မီးဖိုချောင်က အပူရှိန်းရှိန်းများ၊ ဖုန်းနှင့် ကွန်ပျူတာမှ ထွက်သော အပြာရောင်အလင်း (Blue Light) များကြောင့်လည်း တင်းတိတ် ရင့်လာနိုင်ပါတယ်ရှင့်။

တင်းတိတ် မဖြစ်အောင်နဲ့ ပိုမို မဆိုးရွားအောင် ဘယ်လို ကာကွယ် ကြမလဲ?🚫

SPF 50+ နဲ့ PA++++ ပါဝင်တဲ့ Sunscreen ကို နေပူထဲ မထွက်ခင် မိနစ် ၂၀ လို လိမ်းပေးပါ။ (အိမ်ထဲမှာပဲ ရှိနေရင်လည်း နေ့စဉ် လိမ်းပေးသင့်ပါတယ်)

အပြင်ထွက်တဲ့အချိန်တိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ တပ်ဆင်ပါ။

မိမိ အရေပြားနှင့်မတည့်သော သို့မဟုတ် ပြင်းလွန်းသော skin care ပစ္စည်းများကို ရှောင်ကြဉ်ပါ။

တင်းတိတ်ဟာ ရိုးရိုး အမည်းစက်တွေထက် ကုသရ ပိုမို နက်နဲတာကြောင့် မိမိသဘောဖြင့် ပြင်းထန်သော ဆေးများ သုံးစွဲခြင်းထက် ကျွမ်းကျင်သူ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး စနစ်တကျ ကုသမှု ခံယူဖို့ အကြံပြုပါရစေရှင့်။

MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

03/08/2026

Acne laser (IPL )
ဝက်ခြံအနီစက်တွေကို acne laser treatment နဲ့ကုသမှုခံယူပြီး အပျက်ဖယ်ရှားကြမယ်ဟေ့.....

Acne laser ရဲ့ ကောင်းကျိုးအာနိသင်လေးတွေကတော့ တားဒါ.....👇

✔️ဝက်ခြံကြောင့်အသားအရေနီရဲရောင်ရမ်းခြင်းကို သက်သာစေခြင်း။

✔️ဝက်ခြံထွက်နှုန်းကို လျှော့ကြစေခြင်း။

✔️ချွေးပေါက်ကျယ်ခြင်းကို သက်သာစေခြင်း။

ကဲဒါဆို ဝက်ခြံကြောင့် ဖြစ်တဲ့အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် MSI ကိုအမြန်လေးသာ လှမ်းလာခဲ့ပါနော်🤭🤭

လမ်း 80/32×33ကြား၊မန္တလေးမြို့။
Ph :09-797287200☎️☎️

ဝဝကစ်ကစ်ပေမဲ့ အလှစစ်တွေ စုနေတဲ့ Body မျိုးကို ဖန်တီးပေးနိုင်တယ်ဆိုရင် စိတ်ဝင်စားကြလား ? Hi ချစ်လေးတို့ရေ ! ချစ်စရာကောင်း...
01/08/2026

ဝဝကစ်ကစ်ပေမဲ့ အလှစစ်တွေ စုနေတဲ့ Body မျိုးကို ဖန်တီးပေးနိုင်တယ်ဆိုရင် စိတ်ဝင်စားကြလား ?

Hi ချစ်လေးတို့ရေ !

ချစ်စရာကောင်းပြီး ပြည့်ပြည့်လေးနဲ့လှနေတဲ့ Body မျိုးမှာ ရှိနေနိုင်တဲ့ မလိုလားအပ်တဲ့ အဆီပိုတွေခိုအောင်းနေသောနေရာကိုမှ သီးသန့်ရွေးချယ်ပြီး ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့ Treatment လေးကို You တို့ရဲ့ …

MSI skin ,Laser and slimming centre မှာ ဝါရင့်ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင် ဝန်ဆောင်မှု့ပေးနေပါပြီရှင့်။


MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

ဝါဆိုလပြည့် (ဓမ္မစကြာနေ့)ဓမ္မစကြာတရားတော် စတင်ပြန့်ပွားခဲ့သည့် မင်္ဂလာအခါသမယတွင် တန်ဖိုကြီးမားတဲ့တရားတော်၏ အနှစ်သာရကိုသိ...
29/07/2026

ဝါဆိုလပြည့် (ဓမ္မစကြာနေ့)

ဓမ္မစကြာတရားတော် စတင်ပြန့်ပွားခဲ့သည့် မင်္ဂလာအခါသမယတွင် တန်ဖိုကြီးမားတဲ့တရားတော်၏ အနှစ်သာရကိုသိမြင်နား လည်နိုင်ကြပါစေ။

ပဉ္စဝဂ္ဂီငါးပါးတို့ တရားအလင်းရရှိခဲ့ကြသကဲ့သို့

ချစ်ရတဲ့ Customer များရဲ့ နှလုံးသားအတွင်း၌လည်း
အဝိဇ္ဇာအမှောင်ထုကင်းဝေးပြီး သစ္စာလေးပါး တရားအလင်းရောင် ထွန်းလင်းတောက်ပနိုင်ကြပါစေ။

စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် လိုရာဆန္ဒမှန်သမျှ အေးချမ်းစွာ ပြည့်ဝကြပါစေကြောင်း

MSI skin ,Laser and slimming centre မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

ဝက်ခြံကို MSI ရဲ့ Acne Laser ဖြင့် အနိုင်ယူလိုက်ပါ 💫Hi သဲတို့ရေ! ​ခေါင်းမာနေတဲ့ဝက်ခြံတွေနဲ့ ဘယ်လို Skin care ကိုလိမ်းလိမ...
23/07/2026

ဝက်ခြံကို MSI ရဲ့ Acne Laser ဖြင့် အနိုင်ယူလိုက်ပါ 💫

Hi သဲတို့ရေ!

​ခေါင်းမာနေတဲ့ဝက်ခြံတွေနဲ့ ဘယ်လို Skin care ကို
လိမ်းလိမ်းမပျောက်တဲ့ အမာရွတ်တွေ အတွက် …

MSI skin ,Laser and slimming centre ရဲ့
Acne Laser နဲ့ အမြစ်ကနေ ရှင်းထုတ်ပစ်ကြမယ်နော်

Ance Laserရဲ့အကျိုးကျေးဇူးတွေကတော့..

✅​ နီရဲရောင်ရမ်းမှု သက်သာစေခြင်း

✅​ အမည်းစက်များ ကြည်လင်လာစေခြင်း

✅​ အသားအရေကို ညီညာချောမွေ့လာစေပါတယ်ရှင့်။

​✨ ကျွမ်းကျင်​ဆရာဝန်ကိုယ်တိုင် အသားအရေအမျိုးအစားကို စနစ်တကျ စိစစ်ပြီး ကုသပေးတာမို့ကြည်လင်တဲ့ အသားအရေကို ပြန်လည်ပိုင်ဆိုင်ဖို့အခုပဲ Appointment ယူလိုက်ပါရှင့်။

MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

အာဇာနည်နေ့တို့မမေ့🇲🇲​တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ကြိုးပမ်းသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင...
19/07/2026

အာဇာနည်နေ့တို့မမေ့🇲🇲

​တိုင်းပြည်နှင့် လူမျိုးအတွက် သက်စွန့်ကြိုးပမ်းသွားခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်ထာဝရ အောက်မေ့သတိရလျက် …

MSI skin ,Laser and slimming centre မိသားစုမှဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

ခွဲစိတ်စရာမလိုဘဲ မျက်နှာကို သဘာဝအတိုင်း တင်းရင်းသွယ်လျစေမယ့် HIFU Treatment ✨မင်္ဂလာပါ ချစ်ဆုံးတို့ရေ... ​အသက်အရွယ်ကြောင...
18/07/2026

ခွဲစိတ်စရာမလိုဘဲ မျက်နှာကို သဘာဝအတိုင်း တင်းရင်းသွယ်လျစေမယ့် HIFU Treatment ✨

မင်္ဂလာပါ ချစ်ဆုံးတို့ရေ...

​အသက်အရွယ်ကြောင့် ပါးရေတွဲကျတာ၊ မေးစေ့နှစ်ထပ်ဖြစ်တာတွေအတွက် စိတ်ညစ်မခံနဲ့တော့နော်

မင်မင်တို့ MSI skin ,Laser and slimming centre ရဲ့ HIFU Treatment က အရေးကြောင်းတွေနဲ့ပျက်စီးသွားတဲ့နုပျိုခြင်းတွေကို အချိန်တိုအတွင်း ပြန်လည်ခေါ်ဆောင်လာပေးပါမယ်ရှင့်😍

​HIFU Treatment က ဘာတွေထူးခြားလာမလဲ ?
--------------------------------

✅​ မျက်နှာအသားအရေ တင်းရင်းခြင်း

✅ ​မေးရိုးတစ်ဝိုက်ကို သွယ်လျလှပလာစေခြင်း

✅ မေးစေ့အောက်က အဆီပိုတွေကို ဖယ်ရှားပေးခြင်း

✅ ​အရေပြားအတွင်းပိုင်းက ကော်လာဂျင်ကို မြှင့်တင်
ပေးလို့ အရေးအကြောင်းတွေ သက်သာစေခြင်း

​ဘာကြောင့် HIFU Treatmentကို ရွေးချယ်သင့်လဲ ?
-----------------------------------

​❌ အပ်နဲ့ ထိုးစရာမလို၊ ဓားနဲ့ ခွဲစိတ်စရာမလိုခြင်း၊

​❌ နာကျင်မှုမရှိဘဲ ဘေးထွက်ဆိုးကျိုး လုံးဝမရှိခြင်း၊

​❌ လုပ်ပြီးတာနဲ့ အမာရွတ်မကျန်ဘဲ နေ့စဉ် ပုံမှန်အလုပ်
တွေကို ချက်ချင်းပြန်လုပ်နိုင်ခြင်း။

​တစ်ကြိမ်လုပ်ရုံနဲ့ သိသာတဲ့ရလဒ်ကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Booking ယူလိုက်တော့နော်🥰

MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေ (Good skin) ရရှိစေဖို့အတွက် နေ့စဉ် လိုက်နာသင့်တဲ့ အခြေခံအချက် ၅ ချက်မှာ အောက်ပါတို့ ပါဝင်...
14/07/2026

ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေ (Good skin) ရရှိစေဖို့အတွက် နေ့စဉ် လိုက်နာသင့်တဲ့ အခြေခံအချက် ၅ ချက်မှာ အောက်ပါတို့ ပါဝင်ပါတယ်။

​၁။ ရေဓာတ်ပြည့်ဝအောင် သောက်သုံးပါ
---------------------------

​အသားအရေ စိုပြည်ဖို့အတွက် အတွင်းပိုင်းကနေ ရေဓာတ်ဖြည့်တင်းပေးဖို့ အလွန်အရေးကြီးပါတယ်။

တစ်နေ့တာမှာ ရေအနည်းဆုံး (၈) ခွက်ခန့် သောက်ပေးခြင်းက အသားအရေကို ကြည်လင်စေပြီး ခန္ဓာကိုယ်ရဲ့
အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

​၂။ ကိုယ်နဲ့ ကိုက်ညီတဲ့ Skin Care ကို ပုံမှန်လုပ်ပါ
----------------------------------

​မိမိရဲ့ အသားအရေက အဆီပြန်တာလား၊ ခြောက်သွေ့တာလား၊ ဒါမှမဟုတ် ပေါင်းစပ်အသားအရေလားဆိုတာ သိထားဖို့ လိုပါတယ်။

- (Cleansing): ညအိပ်ခါနီးတိုင်း မျက်နှာပေါ်က ဖုန်မှုန့်
နဲ့ အညစ်အကြေးတွေကို သန့်စင်ပါ။

- ​(Moisturizing): အသားအရေ စိုပြည်နေဖို့အတွက်
ရေဓာတ်ပြည့်ဝနေဖို့ နေ့စဉ်လိမ်းပေးပါ။

​၃။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ
------------------------

​အသားအရေ ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ ခရမ်းလွန်ရောင်ခြည် (UV rays) ဖြစ်ပါတယ်။

အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးခြင်းက အသားအရေ မည်းညစ်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်းနဲ့ အရေပြားကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးပါတယ်။

​၄။ အာဟာရပြည့်ဝစွာ စားသုံးပါ
----------------------
​စားသောက်တဲ့ အစားအသောက်က အသားအရေပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

​သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများ စားပေးပါ။
​ဗီတာမင် C၊ E နဲ့ Omega-3 ကြွယ်ဝတဲ့ အစားအစာတွေက အသားအရေကို တောက်ပစေပါတယ်။

​အဆီများတဲ့ အစားအစာနဲ့ အချိုကဲတဲ့ အစားအစာတွေကို လျှော့စားပေးပါ။

​၅။ လုံလောက်စွာ အိပ်စက်အနားယူပါ
--------------------------
​ညဘက်မှာ အသားအရေဆဲလ်တွေ ပြန်လည်ပြုပြင်ပါတယ်။ တစ်နေ့ကို ၇ နာရီမှ ၈ နာရီအထိ လုံလောက်စွာ အိပ်စက်ခြင်းက မျက်ကွင်းညိုခြင်းကို ကာကွယ်ပေးပြီး အသားအရေကို နုပျိုလန်းဆန်းစေပါတယ်။

​အကြံပြုချက် : စိတ်ဖိစီးမှုများခြင်းကလည်း အသားအ ရေကို ထိခိုက်စေနိုင်တာကြောင့် တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းဖြင့် စိတ်ကို ငြိမ်းချမ်း ကြည်လင်အောင် ထားပေးပါ။

ဒါတွေအားလုံးကို လုပ်နေပါလျှက် Good Skin ဖြစ်မလာသေးဘူးဆိုရင် …

MSI skin ,Laser and slimming centre မှာရှိတဲ့ အမိုက်စား Treatment တွေကိုလာရောက်စမ်းသပ်
ကြည့်ကြဖို့ အကြံပြုပါရစေရှင့်။


MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂×၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

အမာရွတ်တွေ ကင်းစင်ပြီး Glass Skin လေးလို လှပတဲ့အသားအရေမျိုး ပိုင်ဆိုင်ဖို့ ✨မင်္ဂလာပါ ချစ်လေးတို့ရေ ! ချစ်ကလေးတို့ရဲ့အသာ...
14/07/2026

အမာရွတ်တွေ ကင်းစင်ပြီး Glass Skin လေးလို လှပတဲ့
အသားအရေမျိုး ပိုင်ဆိုင်ဖို့ ✨

မင်္ဂလာပါ ချစ်လေးတို့ရေ !

ချစ်ကလေးတို့ရဲ့အသားအရေကို တစ်ခါပြန်ပြီး နုပျိုစိုပြေလာစေဖို့နဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အမာရွတ်တွေကို ပျောက်ကင်းသက်သာစေဖို့ဆိုရင်တော့ …

MSI skin ,Laser and slimming centre ရဲ့
Vital Injector Treatment လေးရှိပါတယ်ရှင့် ။

Vital Injector Treatment လေးက ဆန်းသစ်ပြီး
အဆင့်မြင့်နည်းပညာတွေနဲ့ အသားရေအတွင်းပိုင်းထိ
အထိရောက်ဆုံး ပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့အတွက်

လှပပြီး ယုံကြည်မှုအပြည့်ရှိတဲ့မျက်နှာလေးကို ပြန်လည် ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင့်။

ပိုမိုနုပျိုပြီး ကြည်လင်တဲ့ အလှတရားအတွက်
You တိုရဲ့ MSI သို့ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။


MSI skin ,Laser and slimming centre
----------------------------
လမ်း၈၀၊ ၃၂×၃၃ကြား၊ မန္တလေးမြို့၊
ချမ်းအေးသာစံမြို့နယ်။

Ph : 09 797287200
ဆေးခန်းဖွင့်ချိန် မနက် (9:30) မှ ညနေ (6:00)ထိ

07/07/2026

တစ်နေ့တည်း HIFU Treatment နဲ့ Vital Injector Treatment လေးအမြဲလာရောက် အားပေးတဲ့ MSIရဲ့ VVIP ချစ်customer မမရေကျေးဇူးပါရှင့်🥰🥰
ဒီထက်မကလည်းပိုလှပါစေ❤️❤️


Address

အမှတ် ၂၇၁ လမ်း ၈၀ , ၃၂x၃၃ ကြား , ရီရှင်း အလှကုန် နဘေး, မန္တလေး
Mandalay
4802

Telephone

09797287200

Website

Alerts

Be the first to know and let us send you an email when MSI skin ,Laser and slimming centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share