ဆရာမြတ်မင်း ဗေဒင်နှင့်လက္ခဏာ

  • Home
  • Myanmar
  • Mandalay
  • ဆရာမြတ်မင်း ဗေဒင်နှင့်လက္ခဏာ

ဆရာမြတ်မင်း ဗေဒင်နှင့်လက္ခဏာ ဗေဒင်မေးမည့်သူများဆရာ့ထံဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
09777771813

 #ကိုယ့်ချစ်သူကိုတကယ်ချစ်တယ်ဆိုဒီစာကိုဆုံးအောင်ဖတ်ပါအချစ်ရေးအိမ်ထောင်ရေးဆင်မပြေတာကအမျိုးမျိုးရှိပါတယ်။တစ်ယောက်အပေါ်တစ်ယေ...
11/01/2022

#ကိုယ့်ချစ်သူကိုတကယ်ချစ်တယ်ဆိုဒီစာကိုဆုံးအောင်ဖတ်ပါ
အချစ်ရေးအိမ်ထောင်ရေးဆင်မပြေတာကအမျိုးမျိုးရှိပါတယ်။
တစ်ယောက်အပေါ်တစ်ယောက်တကယ်ချစ်ရဲ့သားနဲ့ဘာအကြောင်းပြချက်မှမရှိဘဲဘာလို့ပြတ်နေကြတာလဲ???
#ဗေဒင်ဆရာမြတ်မင်း
Ph:09-777771813(Viber)
09-402576380(Viber)

သူကအပြစ်မရှိဘဲကိုယ်ကအလိုလိုနေရင်းအထင်လွဲနေတာမျိုး
ကိုယ်ကအပြစ်မရှိဘဲသူကအလိုလိုကိုယ့်ကိုအပြစ်မြင်နေတာမျိုး

အချစ်ရေးဖြစ်ဖြစ် အိမ်ထောင်ရေးဖြစ်ဖြစ် ပြန်ဆုံချင်တယ် ပြန်ပေါင်းချင်တယ် ဆိုရင် ၂ယောက်ဇာတာ အရင်ဆုံးစစ်ရပါတယ် ဇာတာမှာ တွေ့ခွင့်ရှိ ပေါင်းခွင့်ရှိမှ ပေါင်းရပါတယ်

ကွဲချင်သူများလည်း ထို့အတူပါပဲ ကွဲကိန်းရှိမှ ကွဲပါတယ် ကွဲကိန်းမရှိတာကိုကွဲချင်လို့ ရန်ဓာတ်တွေဆင်ရင် သေကွဲကွဲမည်သာမှတ်...

ဒီလိုကိန်းတွေရှိမရှိ ဆိုတာ အရင် မစစ်ပဲ မိမိဖြစ်ချင်တာကိုသာ ရမ်းသမ်းလုပ်ခိုင်း ဆရာတွေက အားနာပြီးဖြစ်စေ ငွေကြောင့်ဖြစ်စေ လုပ်ပေးကြ
မဖြစ်ရင် ဆရာတွေကို အပြစ်တင် လူလိမ်လို့သမုတ်
#ဗေဒင်ဆရာမြတ်မင်း
Ph:09-777771813(Viber)

အချိန်ကာလဆိုတာရှိသေးတယ် တစ်နှစ်ပဲကွဲရမယ့် သူဟာ တနှစ်ပြည့်ပြီးတာနဲ့ ပြန်ပေါင်းတယ် မွေးလကျော်ရင် ပြန်ပေါင်းတယ် ပိုဆိုးတယ် စသည့်ဖြင့် သူ့ကာလကို မရောက်မချင်း ဘာတွေနဲ့လုပ်လုပ် အဆင်ပြေလည်း ခဏပဲ ပြန်ပျက်တာပဲ သတိချပ်စရာပါ...
#ဗေဒင်ဆရာမြတ်မင်း
Ph:09-777771813(Viber)

အဆင်ပြေနိူင်တယ်ဆိုမှလုပ်ပေးပါတယ် အဆင်မပြေနိူင်ပါက ဘယ်လောက်ပေးပေး ဘယ့်သူ့ကိုမှ ဘာမှ အဆင်ပြေအောင်မဆောင်ရွှက်မပေးပါ။

ဇာတာစစ်ဆေးမေးမြန်း လိုလျင် နှစ်ယောက်စလုံး၏ မွေး ခု လ နေ့နံ အမည် ဓာတ်ပုံ နှင့်ဆရာ့ဉာဏ်ပူဇော်ခ Telenor ဘေ 3000 ကို ဆရာ့ထံပို့ပေးပါ။ ပြီးရင်ဆက်သွယ်ရမည့်ဖုန်းနံပါတ်ပါပို့ပေးပါ။ဆရာမှအလည့်ကျ ဖုန်းဆက်ဖြေဆိုပေးပါမည်။

ဗေဒင်နှင့်လက္ခဏာ
ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
ဟောပြောခန်း➡ 72လမ်း33x34လမ်းကြား၊မန္တလေးမြို့။
Ph-09 777771813(Viber)
09-402576380(Viber)

ယနေ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏(၅၈)နှစ်ပြည့်မွေးနေ့ဖြစ်ပါသည် ဆရာတော်ဘုရားကြီးကျန်းမာချမ်းသာစွာသာသနာပြုနိူင်ပါစေဘုရား 🙏...
05/01/2022

ယနေ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး၏(၅၈)နှစ်ပြည့်မွေးနေ့ဖြစ်ပါသည် ဆရာတော်ဘုရားကြီးကျန်းမာချမ်းသာစွာသာသနာပြုနိူင်ပါစေဘုရား 🙏🙏🙏🙏🙏
5-1-2022

#ဗေဒင်နှင့်လက္ခဏာ အထူးယတြာ
#ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
#ဟောပြောခန်း-72x73လမ်းကြား34လမ်း။မန္တလေးမြို့။
📞09-777771813 (Viber), 09-402576380

အမှန်တကယ်အဆင်ပြေသွားကြတော့ တအားဝမ်းသာရတယ် အဆင်မပြေသေးတဲ့သူတွေအတွက် ဆရာကြိုးစားပေးနေပါတယ်။ခုလိုအဆင်ပြေတာကြားရတော့ဝမ်းသာပါ...
05/01/2022

အမှန်တကယ်အဆင်ပြေသွားကြတော့ တအားဝမ်းသာရတယ် အဆင်မပြေသေးတဲ့သူတွေအတွက် ဆရာကြိုးစားပေးနေပါတယ်။
ခုလိုအဆင်ပြေတာကြားရတော့ဝမ်းသာပါတယ်
တကယ်ယုံယုံကြည်ကြည်နဲ့အလုပ်အပ်တဲ့အကျိုးကျေးဇူး
ထာဝရစိတ်ချမ်းသာပါစေ
#ဗေဒင်နှင့်လက္ခဏာ အထူးယတြာ
#ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
#ဟောပြောခန်း-72x73လမ်းကြား34လမ်း။မန္တလေးမြို့။
📞09-777771813 (Viber)

31/12/2021

"နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ"
နှစ်သစ်ကူး 1. 1. 2022 နေ့မှစပြီး ၇ နေ့သားသမီးများအားလုံး ကျန်းမာ ချမ်းသာ ဘေးကင်းပါစေ ထီပေါက်ပါစေ
ချစ်သူများ အိမ်ထောင်သည်များအဆင်ပြေကြပါစေ ငွေများများဝင်ပါစေ လိုရာဆန္ဒအားလုံး ပြည့်ဝကြပါစေဟု မြတ်စွာဘုရားထံမှ ဆုတောင်း မေတ္တာပို့သပေးပါတယ်ခင်ဗျား🙏🙏🙏
မိတ်ဟောင်း မိတ်ဆွေသစ်များအားလုံး မင်္ဂလာပါ💚💛

 #2022ခုနှစ်အတွက်နေ့နံအလိုက်(၁)နှစ်စာဟောစာတမ်းကြီးအားလုံးစောင့်မျှော်နေကြတဲ့2022ခုနှစ်အတွက် (၁)နှစ်စာဟောစာတမ်းကြီးကို ဆရ...
28/12/2021

#2022ခုနှစ်အတွက်နေ့နံအလိုက်(၁)နှစ်စာဟောစာတမ်းကြီး

အားလုံးစောင့်မျှော်နေကြတဲ့2022ခုနှစ်အတွက် (၁)နှစ်စာဟောစာတမ်းကြီးကို ဆရာမြတ်မင်း(မန္တလေး) ကိုယ်တိုင်တွက်ချက်ပီးတင်ပေးလိုက်ပါပြီ။
လာမည့် 2022 မှာ မိမိကံကြမ္မာ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာဖတ်ကြည့်နိုင်ပီးဆောင်ရန်ရှောင်ရန်များနှင့်အကျိုးပေးဂဏန်းများလည်းထည့်သွင်းပေးထားပါတယ်။
အများဖတ်ရှုနိုင်အောင်လည်းများများ ေးကြပါ။

#ဗေဒင်နှင့်လက္ခဏာ အထူးယတြာ
#ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
#ဟောပြောခန်း-72x73လမ်းကြား34လမ်း။မန္တလေးမြို့။
📞09-777771813 (Viber)
မည်သည့်မြို့မှမဆိုဆရာ့ထံဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရာဟုသားသမီးများဗုဒ္ဓဟူးတွင်ကြည့်ရန်👇👇👇👇👇

#တနင်္ဂနွေသားသမီးများ
တနင်္ဂနွေနေ့သားသမီးများ2022ထဲမှာတော့ စီးပွားရေးကိစ္စများနှင့်ပတ်သက်၍အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများဆောင်ရွက်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း၊အစုရှယ်ယာလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများလုပ်ခြင်းကောင်း၏။ စိတ်မြန်ခြင်း၊စိတ်ကြီးခြင်းများ၊အလောတကြီးအလုပ်လုပ်ခြင်းများ တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ နာမည်အလွဲသုံးစားပြုခြင်းများခံရတတ်သည်။

2022ထဲတွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။ ယခုနှစ်တွင်သတိတရားရှေးရှု၍သွားလာဆောင်ရွက်ရမည်။ ရင်းနှီးသောသူများနှင့်မိမိအကြားအယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ညီအစ်ကို၊မောင်နှမချင်းစကားများရမည်။

ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်ပြီး မိမိရည်ရွယ်ထားသောသူများနှင့်ခင်သလောက်ခရီးမပေါက်ခြင်း၊ မိမိထက်အသက်၊ဝါကြီးသောသူများနှင်းအိမ်ထောင်ကျရခြင်း၊ အခြားရပ်ဝေးဒေသမှသူနှင့်အိမ်ထောင်ကျရခြင်းများကြုံရတတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားအတွက်ငွေကြေးကုန်ကျမှုလည်းများမည်။ အိမ်တွင်းရေးပြသနာများဖြေရှင်းရမည်။

ဉာဏဆိုင်ရာပညာရပ်များ၊တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ပညာရေးတွင်မိမိရည်မှန်းချက်အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။

ကျန်းမာရေးတွင်ချောင်းဆိုးခြင်း၊အဆုတ်နှင့်ပါတ်သက်သောရောဂါ၊ မီယပ်ရောဂါ၊အရိုးအဆစ်ရောဂါများဖြစ်တတ်သည်။ ဝါဆို၊သီတင်းကျွတ်၊ပြာသိုလများတွင်အလုပ်လုပ်ပါက သတိနှင့်ယှဉ်လုပ်ပါ။လွဲချော်တတ်သည်။ အရေးကြီးသောဆုံးဖြတ်ချက်များဤလပိုင်းတွေမှာမလုပ်ပါနှင့်။

#ယတြာ-ဘုရားမှာရွှေပန်း၊အောင်သပြေညွန့်၊ ဝါးညွန့်(၆)ညွန့်စီတင်ပါ။ယပ်တောင်(၁၇)ချောင်းဘုရားမှာပူဇော်ပေးပါ။

#အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ-(ပ၊ဖ၊မ၊က)(၄၊၁၊၈၊၅)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♋♋♋♋♋♋♋♋♋♋♋♋♋♋♋♋

#တနင်္လာသားသမီးများ
တနင်္လာသားသမီးများသည် 2022ခုနှစ်ရှေ့ပိုင်း(၃)လတွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ အခက်အခဲမည်မျှရှိစေဆောင်ရွက်စရာများရှေ့တိုး၍ ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ စီးပွားရေးတိုးချဲ့လုပ်ကိုင်လိုစိတ်များပေါ်ပေါက်နေတတ်သည်။ ဘဏ်လုပ်ငန်း၊ငွေကြေးချေးငှါးခြင်း၊အစုရှယ်ယာဝင်ခြင်းများ ကောင်းကျိုးပေးမည်။မမျှော်လင့်ဘဲငွေကြေးအမြောက်အများဝင်မည်။

ညီအစ်ကို၊မောင်နှမ၊ဆွေမျိုးသားချင်းများနှောင့်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးအမြတ်များပျက်စီးတတ်သည်။ အိမ်ခြံမြေပြုပြင်မှုများကြုံမည်။ ပြည်တွင်းပြည်ပခရီးတို၊ခရီးရှည်များခနခနသွားရကိန်းရှိသည်။

ပျိုရွယ်သူများမေတ္တာရေးကံကောင်းပြီး၊ မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရေးများမည်။ အိမ်ထောင်ရှင်များအိမ်တွင်းရေးပြသနာများအနှောင့်အယှက်များ ဝင်တတ်သည်။အပျော်အပါးလိုက်စားမှုကြောင့် လူမှုရေးပြသနာများဖြေရှင်းရတတ်သည်။
မိမိကြိုးစားသောပညာရပ်များတွင်ဝီရိယစိုက်ရမည့်နှစ်ဖြစ်သည်။ ဆွေမျိုးသားချင်းအကူညီကောင်းများပညာရေးတွင်ကူညီမည်။ လုပ်ငန်းခွင်စာမေးပွဲများ၊အင်တာဗျူးများဖြေဆိုခွင့် အခွင့်လမ်းကောင်းများရရှိမည်။

ကျန်းမာရေးတွင်အဖျားရှည်ရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊ အပူနာရောဂါများဖြစ်တတ်သည်။ ပြာသို၊တပို့တွဲ၊တပေါင်းလများတွင်လုပ်ငန်းကိစ္စများ အထူးလာဘ်လာဘများအကျိုးဖြစ်ထွန်းမည်။

#ယတြာ-ဘုရားမှာ သပြေညွန့်၊သီးညွန့်၊သနပ်ခါညွန့်(၁၅)ညွန့်စီတင်လှူပူဇော်ပါ။ဘုရားတစ်ဆူဆူမှာ ထီး၊ တံခွန်၊ကုက္ကား၊များလှူပေးပါ။

#အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (သ၊ဟ၊စ၊ဆ)(၁၊၇၊၄၊၉)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♌♌♌♌♌♌♌♌♌♌♌♌♌♌♌♌

#အင်္ဂါသားသမီးများ
2022ထဲမှာအင်္ဂါသားသမီးတွေဟာ
ပေါ်ပေါက်လာသော စိတ်ကူးများကိုလက်တွေ့အောင်မြင်မှု ရသောနှစ်ဖြစ်သည်။ လုပ်ငန်း၊အလုပ်သစ်၊နေရာသစ်တိုးချဲ့လုပ်ကိုင်ပါကအောင်မြင်မှုရမည်။နာမည်ဘုန်းကံတိုးတက်ပြီးနေရာအနှံပျံ့နှံ့သွားကိန်းရှိသည်။ လုပ်ငန်းခွင်တွင်မိတ်ဆွေအသစ်၊နယ်ပယ်အသစ်နှင့်ဆက်ဆံရမည်။ စိတ်လောကြီးပြီးတစ်ပါးသူ၏ ငွေကြေးဥစ္စာများကိုလုပ်ငန်းခွင်သုံးစွဲခြင်းများရှောင်သင့်သည်။
ဇိမ်ခံပစ္စည်းများဝင်မည်။ငွေကြေးကိစ္စများ၊အစုရှယ်ယာလုပ်ငန်းများ၊ ငွေချေးငွေငှါးလုပ်ငန်းများအထူးသတိပြုဆောင်ရွက်ပါ။ စက်ပစ္စည်းများဝင်လာမည်။အများသဘောတူညီမှုကြောင့် လူမှုရေး၊ဘာသာရေးကိစ္စများဆောင်ရွက်ရမည်။

ပျိုရွယ်သူများချစ်သူရည်းစားအချင်းချင်းတစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအားနည်းလာမည်။ အကောင်းလုပ်လည်းမကောင်းမြင်တတ်မည်။ အိမ်ထောင်ရှင်များပတ်ဝန်းကျင်၊ဘေးအနှောင့်အယှက်ကြောင့် ရံဖန်ရံခါစကားငြင်းဆိုရမှုများဖြစ်မည်။ ဒီနှစ်အတွက်တော့အိမ်ထောင်ရေး၊အချစ်ရေးကံမကောင်းဘူးလို့ ဆိုရမှာဘဲ။သတိထားနေကြပေတော့။

ပညာရေးတွင်လူမှုရေးရှုပ်ထွေးမှုကြောင့်နှောင့်နှေးမှုများကြုံရမည်။ ပညာသင်စရိတ်အတွက်ခက်ခဲလာတတ်သည်။

ကျန်းမာရေးတွင်နှလုံးသွေးကြောကျဉ်းခြင်း၊ထုံနာကျဉ်နာရောဂါ၊ လေနှင်အူလမ်းကြောင်းရောဂါများဖြစ်ပွားတတ်သည်။ နဲနဲဖြစ်ဖြစ်၊များများဖြစ်ဖြစ် ဖြစ်လာပါက ကျွမ်းကျင်သောဆရာဝန်နှင့်ကုသပါ။မပေါ့ပါနှင့်။

ဒီနှစ်ထဲမှာဝါခေါင်၊တန်ဆောင်မုန်း၊တပို့တွဲလများ၌ မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်လုပ်ပါ။ သီတင်းကျွတ်၊တန်ခူး၊ကဆုန်လတွေမှာတော့စိတ်ချမ်းသာမှုပိုရမည်။

#ယတြာ-ဘုရားမှာသရက်ညွန်၊ဇွန်ညွန့်၊စံပယ်ညွန့်(၈) ညွန့်စီ ကပ်လှူပူဇော်ပါ။မိမိမွေးနေ့မှာဇီးဖျော်ရည်နှင့်ဆီကြော်မုန့်ဆွမ်း ကပ်လှူပူဇော်ပါ။

#အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(ခ၊န၊ပ၊ဝ)(၆၊၅၊၁၊၃)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♌♌♌♌♌♌♌♌♌♌♌♌♌♌♌♌

#ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးများသည်2022အတွင်း လုပ်ငန်းခွင်ကိုတိုးချဲ့ရန်ဆန္ဒရှိသော်လည်း သတိတရားဖြင့်လုပ်ကိုင်သင့်သည်။ အကောင်းအဆိုးဒွန်တွဲလျက်ရှိသည်။ လေကြောင်းလုပ်ငန်း၊ရေကြောင်းလုပ်ငန်း၊ဖန်စီနှင့်ဖက်ရှင်လုပ်ငန်း လုပ်ခြင်း၊ဆက်သွယ်ရေးပစ္စည်းများရောင်းဝယ်ခြင်းကောင်းမည်။ အတိုက်အခိုက်အမျိုးမျိုးကြားမှအောင်မြင်မှုမျိုးကိုရရှိမည်။ တပည့်၊လက်အောက်ငယ်သားနှင့်အစုရှယ်ယာလုပ်ငန်းများ လုပ်ကိုင်မှုတွင်အထူးသတိထားပြီးပြုလုပ်သင့်သည်။

ပြည်တွင်းပြည်ပခရီးသွားရကိန်းခနခနကြုံလာမည်။
ငွေကြေးကိစ္စအဆင်ပြေမည်။

အသက် ၁၅ နှစ်မ ှ၁ရ နှစ်ကြား၊အသက် ၂၀ မှ ၂၂ နှစ်ကြား၊အသက ်၂၉ နှစ်မှ ၃၁ နှစ်ကြား ရောက်ရှိနေသူများအချစ်ရေးနှင့်ပါတ်သက်၍ အဖုအထစ်များတွေ့ရတတ်သည်။နားလည်မှုများလွဲတတ်သည်။ စကားတစ်ခွန်းဆိုတစ်ခွန်းပြသနာတက်မည်။ အိမ်ထောင်ရှင်များတစ်ပါးသူအတွက်မိမိဂုဏ်သိက္ခာ ကျဆင်းတတ်သည်။

2022ထဲမှာတပေါင်း၊နယုန်၊နတ္တော်လများတွင်အလုပ်လုပ်တာ အထူးသတိနှင့်ယှဉ်လုပ်ပါ။အရေးကြီးသောဆုံးဖြတ်ချက်များ ထိုလများတွင်အလောတလျင်မလုပ်သင့်ပါ။

#ယတြာ-ဘုရားမှာ အုန်းညွန့်၊အင်ကြင်းညွန့်၊လက်ဖက်ညွန့်(၁၇)ညွန့်စီ တင်လှူပူဇော်ပါ။သစ်သီးငါးမျိုးဆွမ်းတော်ကပ်လှူပူဇော်ပါ။

#အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ(စ၊လ၊ပ၊ယ)(၉၊၁၊၃၊၇)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

#ကြာသပတေးသားသမီးများ
ဤနှစ်အတွင်း ကိုယ်ထူးကိုယ်ချွန်အလုပ်လုပ်တာပိုအဆင်ပြေမည်။ 2022ခုနှစ်အတွင်း ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ တစ်ပါးသူအပေါ်အားကိုး၍မရသောကာလဖြစ်သည်။ မိမိလွယ်ကူမည်ဟုယူဆသောကိစ္စများအနှောင့်အယှက်ပေးခြင်း ခံရတတ်သည်။ဖုန်းနှင့်စက်ပစ္စည်းများရောင်းဝယ်ခြင်း၊အိမ်ခြံမြေလုပ်ငန်းများလုပ်ခြင်း၊ဖျောက်ရည်၊ယမကာထုတ်လုပ်ခြင်းလုပ်ငန်းများမှ အကျိုးအမြတ်များရမည်။

ပြည်တွင်းပြည်ပဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ ကွန်ပျူတာနှင့်တီထွင်ပညာများလုပ်ခြင်းကောင်းမည်။ ငွေကြေးကိစ္စကတော့မထင်မှတ်ဘဲဒီနှစ်အတွင်း ထင်မှတ်ထားတာထက်ပိုဝင်ကိန်းကြုံမည်။ အိမ်ယာ၊တိုက်ခန်း၊မြေယာခြံကွက်များရရှိတတ်သည်။ ဖုန်းနှင့်အဖိုးတန်ပစ္စည်းများကျပျောက်ကိန်းရှိသည်။ လူစုလူဝေးများပြားသောနေရာများတွင်သွားလာလှုပ်ရှားခြင်း ရှောင်ရမည်။ယခုနှစ်တွင်တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေးနေ့ သားသမီးများနှင့်မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။အိမ်တွင်းရေးပြသနာများမကြာမကြာ ဖြေရှင်းရတတ်သည်။တခါတခါမှန်ရဲ့သားနဲ့အကျဉ်းအကြပ်ထ ဲကြုံရတတ်သည်။

ပျိုရွယ်သူများအချစ်ရေးနှင့်ပတ်သက်၍စန်းပွင့်လိမ့်မည်။အနှစ်နှစ်အလလမစွံသူများဒီနှစ်မှာစွံဖို့များပါတယ်။အချစ်ကံကောင်းမည်။

ပညာရေးတွင်မိမိ၏ကြိုးပမ်းမှုကြောင့်ထူးထူးခြားခြား တိုးတက်အောင်မြင်လာလိမ့်မည်။သို့သော်ပညာရေးနှင့် အချစ်ရေးများရောထွေးနေခြင်းများကြုံနေရတတ်သည်။

ကျန်းမာရေးတွင်အရေပြားရောဂါ၊အာရုံကြောအားနည်းခြင်း၊ အပူနာပေါက်ခြင်း၊ခေါင်းကိုက်ခြင်းဝေဒနာများ မကြာခန ခံစားရတတ်သည်။တန်ခူး၊ကဆုန်လများတွင်အလုပ်လုပ်တာ၊ အရေးကြီးစကားပြောဆိုတာတွေသတိထားပါ။ အဲဒီ(2)လကအထူးညံ့သည်။ သီတင်းကျွတ်၊တန်ဆောင်မုန်း၊နတ္တော်လများတွင် အောင်မြင်မှုများကြုံရမည်။အဲဒီလတွေမှာအလုပ်လုပ်လျင် ဖိကြိုးစားပီးလုပ်ပါ။

#ယတြာ➖မေမြို့ပန်း၊ပိတောက်ညွန့်၊ပေါက်ညွန့်(၁၉)ညွန့်စီ ဘုရားမှာတင်ပါ။
မိမိမွေးနေ့တွေမှာခေါက်ဆွဲထုပ်၊ကြံရည်၊ကြာဇံထုပ်များလှူပေးပါ။

#အကျိုးပေးသောအက္ခရာနှင့်ဂဏာန်းများ➖(တ၊န၊ပ၊ဖ)(၃၊၈၊၂၊၇)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♈♈♈♈♈♈♈♈♈♈♈♈♈♈♈♈

#သောကြာသားသမီးများ
သောကြာသားသမီး တို့သည် လာမည့် 2022 ခုနှစ်အတွင်း အစစအရာရာ အဆင်ပြေလာမည့် ကာလဖြစ်သည်။ မိမိရပ်တန့်ထားသောလုပ်ငန်းကိစ္စများပြန်လည်အသက်ဝင်လာအောင် ဆောင်ရွက်ရမည်။သို့သော် လုပ်ငန်းခွင်တွင်အပြိုင်အဆိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ကာလဖြစ်သည်။အထူးသဖြင့်အစုရှယ်ယာ ဝင်ခြင်း၊ကုန်မာဆိုင်နှင့်စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေသြဇာနှင့်ဆန်ရောင်းဝယ်ခြင်းများမှအကျိုးအမြတ်ဖြစ်ထွန်းမည်။ 2022ခုနှစ်တွင်အလုပ်သစ်များဝင်ရောက်လုပ်ကိုင်ရတတ်ခြင်း၊ ရာထူးတိုးခြင်း၊ဂုဏ်သတင်းကျော်ဇောခြင်း၊
နေရာအပြောင်းရွှေ့များကြုံမည်။

လူမှုရေးပြသနာများဝင်ရောက်ဖြေရှင်းပေးရတန်သည်။
2022ခုနှစ်တွင် တနင်္ဂနွေ၊ဗုဒ္ဓဟူး၊သောကြာသားသမီးများနှင့် မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင်အထူးဂရုစိုက်ရမည်။
အိမ်ထောင်ရေးတွင်မိတ်ဆွေ၊အသိုင်းအဝိုင်း၊ဆွေမျိုး စကားများကြောင့်အိမ်ထောင်ရေးအထင်အမြင်လွဲမှားမှုများ ်ပေါ်ပေါက်လာတတ်သည်။အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိသားစုတွင်ကျန်းမာရေးပြုစု
စောင့်ရှောက်မှုများပြုလုပ်ပေးရတတ်သည်။

ပျိုရွယ်သူများ အိမ်ထောင်ရေးတွင် အသစ် အဆန်းများတွေ့ရတတ်သည်။မိမိရည်းစားခြံခုန်တတ်သည်။ စနိုက်ကြော်သူများနှင့်တွေ့ရတတ်သည်။ ဘုရားဖူးသွားလာရာမှချစ်သူရည်းစားတွေ့ရတတ်သည်။

ပညာရေးတွင်ရှေ့ပိုင်း၌ကြိုးစားအားထုတ်မှုကောင်းပြီးနောက်ပိုင်းတွင်အပေါင်းအသင်းများကြောင့်စိတ်လေပြီးမိမိရည်မှန်းချက်များနှင့်ဝေးကွာသွားတတ်သည်။

ကျန်းမာရေးတွင်အဖျားအနာဖြစ်ခြင်း၊ခါးနာခြင်း၊မျက်စိအားနည်းခြင်း၊ သွေးအားနည်းခြင်းများခံစားရခြင်းဖြစ်မည်။
ယခုနှစ်အတွင်းကျန်းမာရေးအထူးဂရုစိုက်ပေးပါ။
ကဆုန်၊နယုန်လများတွင်အရေးကြီးကိစ္စများလုပ်လျင်အထူးဂရုစိုက်ပါ။အရှုံးပေါ်မည်။ဝါခေါင်၊တော်သလင်း၊နတ္တော်လများတွင်ဘာမှမစင်းစားဘဲလုပ်လျင်တောင်အောင်မြင်မှုများကြုံရမည်။

#ယတြာ➖မိမိမွေးနေ့တွင်ဇော်စိမ်းညွန့်၊ဇီးညွန့်၊ဇွန်ညွန့်(၂၁)ညွန့်စီဘုရားမှာတင်လှူပူဇော်ပါ။ထောပတ်ဆီနှင့်ဆီမီးခွက်သက်စေ့ပူဇော်ပါ။လိမ္မော်ဖော်ရည်နှင့်ယိုစုံများတင်လှူပူဇော်ပါ။

#အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ (က၊ပ၊တ၊ဖ)(၂၊၅၊၇၊၀)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♉♉♉♉♉♉♉♉♉♉♉♉♉♉♉♉

#စနေသားသမီးများ
စနေသားသမီးများသည်2022ခုနှစ်ရှေ့ပိုင်း(၆)လတွင် လုပ်ငန်းခွင်တွင်အကြံအစည်သစ်များဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီးလုပ်ငန်းခွင််များ အောင်မြင်လာလိမ့်မည်။နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည်။ရပ်ဝေးမိတ်ဆွေများနှင့်အခုရှယ်ယာလုပ်ငန်းများ လုပ်ခြင်း၊အလုပ်သစ်စတင်ထူထောင်ခြင်းများကောင်း၏။ လုပ်ငန်းခွင်တွင်မိန်ဆွေအသစ်များနှင့်ဆက်ဆံရမည်။ ရေကြောင်းခရီးသွားလာခြင်းများမကောင်းပါ။

2022ထဲမှာ မိတ်ဆွေများပေးထားသောကတိများ ပျက်ပြားခြင်းကြောင့်မိမိဆောင်ရွက်ထားသမျှသဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ငွေကြေးကိစ္စများအလွယ်တကူကတိပေး ဆောင်ရွက်ခြင်းများမပြုသင့်ပါ။လူမှုရေးပြသနာများနှင့်ရုတ်တရက် ရင်ဆိုင်ရတတ်သည်။ဒီနှစ်ထဲမှာသောကြာ၊ကြာသပတေး၊ ဗုဒ္ဓဟူးနေ့သားသမီးများနဲ့မည်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိမည်။

အိမ်ထောင်ရှင်များသားသမီးရတနာထွန်းကားပြီး သတင်းကောင်းကြားရတတ်သည်။ ပျိုရွယ်သူများချစ်သူနှင့်နီးစပ်ရန်မလွယ်ကူသလောက်ခက်ခဲမည်။ ဝေးကွာနေသောချစ်သူများပြန်လည်ဆုံစည်းရတတ်သည်။

ပညာရေးတွင် ဉာဏ်ရည်ထက်မျက်ပြီး ဂုဏ်သတင်းကြီးမားလာလိမ့်မည်။ သို့သော်ပညာရေးတွင်ဝီရိယရှိမှမိမိမျှော်မှန်းသောပညာရပ်ကိုဆည်းပူးခြင်းရမည်။အခြားအလုပ်မစဉ်းစားဘဲလက်ရှိ အတတ်ပညာကိုအခြေပြု၍ အဆင့်မြင့်ပညာရပ်များ ဆည်းပူးလေ့လာနိုင်လျင်အထူးအောင်မြင်မည်။

ကျန်းမာရေးတွင်ထုံကျဉ်ခြင်း၊ခါးအောက်ပိုင်းရောဂါများခံစားရခြင်း၊ သွေးအားနည်းခြင်း၊များဖြစ်တတ်သည်။ တပို့တွဲ၊တပေါင်း၊တန်ခူးလများတွင်အထူးကံကောင်းမည်။ကျန်တဲ့လတွေမှာတော့သတိနဲ့ယှဉ်ပြီးလုပ်ဆောင်ပါ။

ယတြာ ➖နှင်းဆီပန်း၊နှင်းပန်း၊ရွက်လှ၊ဝါးညွန့်၊သစ္စာပန်း(၁၀)ပွင့်စီ ဘုရားမှာတင်လှူပေးပါ။မိမိမွေးနေ့မှာ ထန်းလျက်၊ထိုးမုန့်၊ နာနတ်ယိုဆွမ်းဘုရားမှာကပ်လှူပူဇော်ပေးပါ။

အကျိုးပေးအက္ခရာနှင့်ဂဏာန်းများ➖(ရ၊လ၊ဝ၊သ၊ဟ)(၉၊၀၊၂၊၆)
ဆရာမြတ်မင်း(ဗေဒင်နှင့်ယတြာ)
BSc.Zool:(Myanmar),M.A.R.P(Astro)India
Ph:09-777 77 1813 (Viber)

♊♊♊♊♊♊♊♊♊♊♊♊♊♊♊♊

မိမိကံကြမ္မာကောင်းကျိုးဆိုးကျိုးများအား #အသေးစိတ်သိရှိလိုပါကဆရာ့ထံဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ယတြာတိုက်ရိုက်လုပ်ချင်သူများ viberသို့စာရေးပြီး အကြိုးကြောင်းပြောကြပါခင်ဗျာ။

#ဗေဒင်နှင့်လက္ခဏာ အထူးယတြာ
#ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
#ဟောပြောခန်း-72x73လမ်းကြား34လမ်း။မန္တလေးမြို့။
📞09-777771813 (Viber)

⭐️တစ်ဦးဟောပြောခ Telenor (or) Mpt Bill (3000)ကျပ် ခဲခြစ်၍ မွေးခုနှစ် နာမည် နေ့နံ သိလိုသောအကြောင်းများနှင့်တကွ message (or) viberတွင် ပေးပို့ရမည်။

သာသနာတော်နှစ် ၂၅၆၅ ခု တန်ဆောင်မုန်းလကွယ် (3.12.2021) မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဉာဏသံဝရ ပေးပို့သော မေတ္တာစာသားဆုဝါ...
04/12/2021

သာသနာတော်နှစ် ၂၅၆၅ ခု တန်ဆောင်မုန်းလကွယ် (3.12.2021)
မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဉာဏသံဝရ ပေးပို့သော မေတ္တာစာ
သားဆုဝါလိန်နှင့်တကွ အနယ်နယ်အရပ်ရပ်မှ တပည့်ဒကာအပေါင်းတို့အား သိစေအပ်ပါတယ်။ ဆရာတော်လည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလျက်ပါ။ ကြည်လင်အေးမြပြီး အံ့ဩရလောက်တဲ့ သဘာဝတရားနှင့်အညီ တရားဘာဝနာများကို ပွားများအားထုတ်လျက်ရှိပါတယ်။ မဟာသတိပဋ္ဌာန်တရား ၄ ပါးနဲ့အညီ ဘာပဲလုပ်လုပ် သတိတရားနဲ့ ယှဉ်စေပါတယ်။ တရားသဘောကို ပိုမိုနားလည်လာပြီး မတည်မြဲတဲ့ ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှု ပျက်မှုများကို နေ့ညမပျက်ရှုမြင်လျက်ပါ။ ဘယ်အရာမှ မမြဲပါဘူး။ ကာယလဟုတာ စိတ္တလဟုတာတွေနဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကာ စိုးရိမ်မှုကင်းပါတယ်။

နှာ ၂
စိတ်ကို ဥပေက္ခာထားလာနိင်ကာ မဇ္ဈိမပဋိပဒါအဖြစ် ရပ်တည်နိုင်ပါတယ်။ ရုပ်နာမ်သင်္ခါရရဲ့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ အစိုးမရတဲ့ အနတ္တ စတာတွေဟာ ဒုက္ခသစ္စာတွေပါပဲ။ မိမိရဲ့ အလိုကိုမလိုက် သူ့တရားသဘောအတိုင်း ဖြစ်ပျက်ပြောင်းလဲနေပါတယ်။
အနှစ်သာရမရှိတဲ့ ဒီရုပ်နာမ်ခန္ဓာဟာ မွေးဖွားလာကတည်းက သေခြင်းကို စောင့်နေရတဲ့ အရာပါ။ သံဝေဂ ရစရာ အလွန်ကောင်းပါတယ်။ ဒီသင်္ခါရလောကကြီးဟာ တကယ်တော့ ရွံမုန်းစရာပါ။ ပျော်စရာကင်းပြီး ဘေးရန်များတဲ့ လောကကြီးမှာ ထပ်ပြီးတော့လဲ မမွေးချင် ထပ်ပြီးတော့လဲ မသေချင်တော့ပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ ဒီကာလအတွင်းမှာ ဒုက္ခတွေပါပဲ။ မွေးဖွားခြင်းမှသည် သေခြင်းသို့သာလမ်းဆုံးတဲ့အတွက် သံဝေဂတရား ရှိကြကာ သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို အမတဓါတ်နိဗ္ဗာန်မြတ်ကို ရရှိခံစားနိုင်ကြပါစေ။

နှာ ၃
ဒို့တတွေဟာ ကုသိုလ်ထူးလို့ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ လာကြုံတွေ့ကြရတာပါ။
အဲဒါကို ဝမ်းသာပီတိဖြစ်ရပါမယ်။
ရခဲလှတဲ့ လူ့ဘဝမှာ သာသနာတော်နဲ့ ကြုံကြိုက်တဲ့အခါမှာ ဘုရား တရား သံဃာ မိဘ ဆရာဖြစ်တဲ့ အနန္တော အနန္တငါးပါးကို ပူဇော်ကြပါ။ ဂါရဝပြုကြပါ။ ကျေးဇူးဆပ်ကြပါ။
အနန္တော အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးဟာ လွန်စွာကြီးမားပါတယ်။ မဟာပထဝီမြေကြီးထက် ကျယ်ပြန့်တယ်။ မြင့်မိုရ်တောင်ထက် ကြီးမြင့်တယ်။
အနန္တော အနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးဟာ ဘာနဲ့မှ တုနှိုင်းလို့ မရပါဘူး။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရဲ့ အရိပ်အာဝါသသည် လွန်စွာအေးချမ်းလှပါတယ်။
မိဘရဲ့ အရပ်အာဝါသည်လည်း အေးမြသလို ဆရာသခင်ကျေးဇူးရှင်ရဲ့ ဂုဏ်ကျေးဇူးလည် အထူးအေးချမ်းလှပါတယ်။
ရတနာတော်မြတ်သုံးပါအား ယုံကြည်သူ၊ မိဘကို လုပ်ကျွေးသူ ကျေးဇူးသိတတ်သူသည် ချမ်းသာမှုအပြင် ငြိမ်းချမ်းမှုကို ရပါမယ်။
တရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သူသည်လည်း ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကာ ဘေးရန်အန္တရာယ် အသွယ်သွယ်ကို လွန်မြှောက်နိုင်မယ်။ ဒုက္ခအပေါင်းမှ လွှတ်ကင်းပါမယ်။
လူချစ်နတ်ခင် အပူအပင်တွေ ကင်းပါမယ်။ လူ့လောကအတွင်းမှာလည်းပျော်ရွှင်ရ နတ်လောကမှာလည်း ကြည်နူးရပါမယ်။ နိဗ္ဗာန်တိုင်အောင် မြင့်မြတ်ပါတယ်။

တန်ဖိုးရှိလှတဲ့ အချိန်မှာ ပါရမီမြှောက်တဲ့ ကုသိုလ်တွေ များများလုပ် မြန်မြန်လုပ်ကြပါ။
ကုသိုလ်လုပ်ဖို့ရန် မဓွန့်ဆုတ်ပါနဲ့။
ဒါန စာဂ များများလုပ်ကြပါ။
သီလကို မြဲမြဲ စွဲကိုင်ထားပါ။
သတိပဋ္ဌာန်တရားလေးပါးဖြစ်တဲ့ ဘာဝနာတရားကို ရုပ်နာမ်ဖြစ်ပျက်မြင်တဲ့အထိ ရှုမှတ်ပွားများကြပါ။
ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ်အပြင် သစ္စာလေးပါး သိအောင်အားထုတ်ကြပါကုန်။
ဘေးဘယာဝေးကွာ ဒုက္ခအပေါင်း ကင်းကွာတဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ကြပါစေ။

နှာ ၄ လည်း စာမျက်နှာ ၃ နှင့် ဆိုလိုခြင်း တူပါသည်။
မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) မှ တာဝန်ယူ တာဝန်ခံ ဆီလျှော်အောင်ဘာသာပြန်ဆိုပေးထားပါသည်။
ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာဆန္ဒပြည့်ဝကြပါစေ။
ရောဂါအပေါင်း ဝေးခွာရှောင်း ခေတ်ကောင်အမြန် ကြုံပါစေ။

Credit by - Sao Su Kham 🙏🙏🙏

02/12/2021

#ဗေဒင်နှင့်လက္ခဏာ အထူးယတြာ
#ဆရာမြတ်မင်း
BSc.Zool:(Myanmar),M.A.R.P(Astro)India
#ဟောပြောခန်း-72x73လမ်းကြား34လမ်း။မန္တလေးမြို့။
📞09-777771813 (Viber)

29/11/2021

သန့်ရှင်းစင်ကြယ်သောအဖြူရောင်သည်ဝိဇ္ဇာမည်၏။
👏👏👏
,,,,,,,,,,,,,,🙏🙏🙏

ဝိဇ္ဇာလောကတွင်အရောင်မရှိပေ။
ပကတိအဖြူထည်သက်သက်သည်ဝိဇ္ဇာဖြစ်၏။
အနီအစိမ်းအဝါအပြာဟူသောအရောင်များသည်လူတို့၏ပုံဖေါ်မှု့ ပညတ်မျှသာဖြစ်ပါသည်။
အဘဘိုးမင်းခေါင်(အဘအောင်မင်းခေါင်)
ပင်နီတိုက်ပုံဝတ်ဆင်ခဲ့သည်မှာ မြန်မာပြည်၌
အရောင်တွေ သတ်မှတ်ချက်တွေမပေါ်မီရှေးအခါ
ကာလ၌ပင်ဝတ်ဆင်ခဲ့ခြင်းဖြစ်ပါသည်။
လူ့သဘာဝနှင့်မထွေးသည်မှာဝိဇ္ဇာပင်ဖြစ်ပါ၏။
ဝိဇ္ဇာသည်ကိုယ့်လမ်းကို ကိုယ်ဖေါက်၏။
ကိုယ့်လမ်းကိုသာ ကိုယ်လျှောက်၏။
မည်သူ့ကိုမျှဝိဇ္ဇာသည်ဝေဖန်ကဲ့ရဲ့ပြစ်တင်ခြင်း
မရှိပေ။
လူတို့သည်ဝိဇ္ဇာအားဝေဖန်၏။
ဝိဇ္ဇာသည် လူတို့အား မဝေဖန်။
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ့်ကံ၏စေရာသို့သာ
ဝိဇ္ဇာသည်ရှေးရှု၏။
ဝိဇ္ဇာသည်ပါး၏။
လူသည်ထူ၏။
ဝိဇ္ဇာသည်ဖြောင့်မတ်၏။
လူသည်ကွေ့ကောက်၏။
ဝိဇ္ဇာသည်မာယာကင်း၏။
လူသည်မာယာများ၏။
အဖြူထည်ဝိဇ္ဇာအားလူတို့သည်အရောင်ဆိုး၏။
အနီဝိဇ္ဇာအစိမ်းဝိဇ္ဇာအပြာဝိဇ္ဇာအဝါဝိဇ္ဇာဟု
လူတို့သည်လိုရာသို့ဆွဲယူပြီးပုံဖေါ်၏။

ဝိဇ္ဇာသည်ကားအရောင်နှင့်မရောယှက်။
အနီဖြစ်စေအစိမ်းဖြစ်စေအပြာဖြစ်စေအဝါဖြစ်စေ
အညိုဖြစ်စေ အရောင်၏သတ်မှတ်အပေါ်၌
ဘက်လိုက်မှု့ကင်း၏။
လူပီသသောလူသီလအားအကြောင်းအရင်းခံ၍
လူနှင့်ဝိဇ္ဇာ၏ပါတ်သက်မှု့ဆက်ဆံမှုတို့ကိုအစပြု၏
မည်သည့်ဝိဇ္ဇာမှအရောင်များ၏အသုံးချခံ
အဖြစ်မခံ။

ဝိဇ္ဇာဟူသည်အမှန်ကိုလည်းသိ၏။
အမှားကိုလည်းသိ၏။
မမှန်မမှား ကြားခံကိုလည်းသိ၏။
လောဘကိုသိ၏။
ဒေါသကိုသိ၏။
မောဟကိုသိ၏။
အလောဘ အဒေါသ အမောဟကိုသိ၏။

သိတိုင်းမပြောသည်မှာဝိဇ္ဇာဖြစ်၏။
စကားလည်းမရှုပ်လို။
အမှားလည်းမလုပ်လို။
သကြားကို သကြားလိုသာချိုစေ၏။
ထန်းလျက်ကိုထန်းလျက်လိုသာချိုစေ၏။

လူအုပ်ကြီးနဲ့ဟိတ်ဟန်မလုပ်။
ရှိုးမထုတ်။
ရိုးရိုးကုတ်ကုတ်နဲ့ကိုယ့်အလုပ်ကိုသာကိုယ်လုပ်သောဝိဇ္ဇာ၏သဘာဝအဖြူထည်ဇါတ်ရုပ်အား မည်သူတွေ အရောင်ဆိုးနေသနည်း။
လူနှင့်ဝိဇ္ဇာသည် မတူညီသော ဆန့်ကျင်ဆီသို့
ဦးတည်နေသူများသာဖြစ်ပါသည်။
လူသည်ဦးထုပ်ဆောင်းပြီးဖိနပ်စီးသော်လည်း
အပူမကင်းသူများသာဖြစ်၏။
ဝိဇ္ဇာသည်ဦးထုပ်မဆောင်းဖိနပ်မစီးသော်လည်း
အပူကင်းသူများသာဖြစ်၏။
လူသည်အပူငွေ့ဟပ်ပြီး မိုးပေါ်သို့ပက်လက်
လှန်ပြီးတံတွေး ထွေးနေသူများဖြစ်၏။
ဝိဇ္ဇာသည်ပက်လက်လှန်ပြီးတံတွေးထွေးမှု့ကင်း၏။

လူ၏အတွေးနှင့်ဝိဇ္ဇာ၏အတွေးသည်
ခရီးတာ ဝေးပါသည်။
လူသည်လူလိုသာတွေး၏။
တချို့သည်လူ့ထက်ပင်နိုမ့်ကျစွာတွေး၏။
ဝိဇ္ဇာသည် ဝိဇ္ဇာလိုသာတွေး၏။
တချို့သည် အရိယာကဲ့သို့မြင့်မြတ်စွာတွေး၏။

တရားမျှတမှု့၏ဘောင်အတွင်း၌သာ
ဝိဇ္ဇာတို့သည်နေ၏။
ဝိဇ္ဇာသည် မသူတော်တရားအားမပိုက်ထွေး။
သူတော်ဥစ္စာဟုဆိုအပ်သောဘုရားရှင်၏ဓမ္မတို့ကို
မြတ်နိုးစွာပွေ့ဖက်၏။
လူတို့သည် အဓမ္မကိုရင်ထဲ၌သိမ်းစည်း၏။
ဝိဇ္ဇာသည်အဓမ္မအားရင်ထဲမှထုတ်ပယ်၏။
ဝိဇ္ဇာစစ်စစ်သည်အိပ်ယာလိပ်ထမ်းပြီးလူ့လောက
သို့မလာ။
လူသည်အိပ်ယာလိပ်ထမ်းပြီးဝိဇ္ဇာလောကအား
ရှာ၏။
ရှာတိုင်းမတွေ့သည်မှာဝိဇ္ဇာ။
တွေ့တိုင်းမဟုတ်သည်မှာဝိဇ္ဇာ။
ဝိဇ္ဇာအားရှာဖွေရင်းအဝိဇ္ဇာ၏ပရိယာယ်၌သာ
အချိန်ကုန်ရ၏။
ဝိဇ္ဇာသည်အမှန်သိမှု့ပညာဖြစ်၏။
အဝိဇ္ဇာသည်အမှန်မသိမှု့မောဟပင်ဖြစ်၏။

လူသည်အမှန်တရားကိုမြတ်နိုး၏။
သို့သော်မြတ်နိုးသောအမှန်တရားကိုတန်ဘိုးမထား။
ထို့ကြောင့်ပင်လူသည်မှားပြီးရင်းမှားရင်းဖြင့်သာ
အမှန်တရား၏ဝေးရာဖက်သို့ရောက်မှန်းမသိပဲ
ရောက်ရတော့၏။
လူနှင့်ဝိဇ္ဇာသည် အကြွေစေ့၏ခေါင်းနှင့်ပန်းပမာ
နှစ်သက်ရာကိုသာပုံပေါ်လေ၏။
နီးလျက်နှင့်ဝေးနေသည်မှာလူနှင့်ဝိဇ္ဇာသာလျှင်
ဖြစ်ပေ၏။
အမှန်မသိမှု့ကြောင့်ပင်လောကကြီးဆူပွတ်၏။
အမှန်သိမှု့ကြောင့်ပင်လောကကြီးတည်ငြိမ်စွာဖြင့်
ငြိမ်းချမ်းရ၏။

ငြိမ်းချမ်းမှု့အားရစ်ပါတ်နှောင်ဖွဲ့ထားသူများ
သည် ဝိဇ္ဇာဟုခေါ်ထိုက်၏။
အဘယ့်ကြောင့်နည်း။
ဝိဇ္ဇာသည်ငြိမ်းချမ်းခြင်းအားလိုလားတောင့်တသူများဖြစ်သောကြောင့်ပင်ဖြစ်၏။
ဝိဇ္ဇာလောကအေးချမ်းသကဲ့သို့
လူ့လောကလည်းအေးချမ်းပါစေ။🙏🙏🙏
ခရက်ဒစ်။သူများဟာ။

မှန်လွန်းအားကြီးလို့.ပါဘုရားအလောင်း မဟာဇနက မင်းသားကိုအကြောင်းပြု၍ရှေးဗေဒင်ဆရာကြီးများ ဟောထားပေးခဲ့သည့်  #ဇနကဟောကိန်း ကို...
26/11/2021

မှန်လွန်းအားကြီးလို့.ပါ

ဘုရားအလောင်း မဟာဇနက မင်းသားကိုအကြောင်းပြု၍ရှေးဗေဒင်ဆရာကြီးများ ဟောထားပေးခဲ့သည့် #ဇနကဟောကိန်း ကို မျှဝေပေးချင်ပါတယ်
ယနေ့ စီးပွားရေးသမားများ အနုပညာရှင်များ ရာထူးဌာနန္တရကြီးသူများ အများဆုံး ယုံကြည်အားထားနေရပါတယ်

ဟောကိန်းကတော့
တည် -ထွက် -ပျက် -ကျောက် -ထီး -နန်း -စံ
ဖြစ်ပါတယ်

👉 #တည် ဆိုတာ..မဟာဇနကမင်း သင်္ဘောတည်ဆောင်ခြင်းကို အရင်တည်ဟောတာပါ
၇. ရက်သားသမီးများ အသက်သည် တည်ထဲတွင် ရှိနေပါက ဘာလုပ်ရမည်စသည်ကို တွေးတော ကြံစည်နေဆဲကာလ ဖြစ်၏ ဘာပဲလုပ်လုပ် အောင်မြင် အကျိုးပေးမည် ဝင်ငွေနှင့် ထွက်ငွေ မျှတနေလိမ့်မည် အချစ်ရေး အိမ်ထောင်ရေး စီးပွားရေး ပညာရေး အောင်မြင်မည် ကျန်းမာရေး ကောင်းမွန်မည် အားပေးကူညီမည့်သူ ပေါများပါလိမ့်မည်

👉 #ထွက် ဆိုတာ....
သင်္ဘော ကြီး စပ္ပါနဂိုပြည်မှ စ၍ထွက်သည်ကို ဆိုလိုသည် ။ကောင်းမွန်သော သစ္စာရှိသောမိတ်ဆွေအပေါင်းအသင်းများနှင့်ကြုံရမည် သားကောင်းရတနာ သမီးကောင်းရတနာ ရတတ်သည် ညအိပ်ခရီး ထွက်ရတတ်သည် ကုန်သည်ပွဲစား အရောင်းအဝယ် လုပ်ငန်းများ အကျိုးပေးမည်

👉 #ပျက် ဆိုသည်မှာ...
သင်္ဘောပျက်ကိန်းကို ဆိုလိုသည်
ရည်ရွယ်ချက် ရည်မှန်းချက် မျှော်လင့်ချက်တွေ ပျက်ဆီးတတ်သည် ကံဇာတာ ညံနေသည် ဘာလုပ်လုပ် အဖျက် အမှောင့်များနှင့် ကြုံရမည် စီးပွားရေးသမားများ အရှုံးပေါ်မည် ကျန်းမာရေး အထူး ဂရုပြုပါ အသက်အန္တရာယ်ရှိသည်။ အိမိထောင်ရေး အချစ်ရေး ကွဲတတ်သည် သွေးထွက်သံယို ဖြစ်တတ်သည် စိတ်ဆင်းရဲမှူများ ဆက်တိုက် ကြုံရတတ်သောကြောင့် ငြိမ်ငြိမ်လေး နေရမည့်ကာလ ဖြစ်၏

👉 #ကျောက် ဆိုသည်မှာ..
မဏိမေခလာ နတ်သမီးက ကျောက်ဖျာထက်၌ ကယ်တင်မည့်ကိန်း ဖြစ်၏ သင့်ကံဇာတာ ပြန်ထလာလေပြီ မျှော်လင့်မထားသော အကူအညီတွေ ရလာတတ်သည် ငွေတွေ အဖိုးတန် ရတနာပစ္စည်းတွေ ဝင်လာလိမ့်မည် မြေယာ ဝင်ကိန်းရှိသည် ထီပေါက်ကိန်းရှိသည် အချုပ်အနှောင်မှ လွတ်မည် စီးပွားရေး ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး အချစ်ရေး စိတ်ချမ်းသာရမည် အိမ်ထောင်ကျကိန်းရှိသည် အိမ်အသစ်ရကိန်း ရှိသည် အကြံအစည်တွေ အောင်မြင်ပါလိမ့်မည်

👉 #ထီး ဆိုသည်မှာ....
ထီးဖြူတောင်ဆောင်းရကိန်းကို ဆိုလိုသည်
နာမည်ကြော်ကြား ဂုဏ်သတင်းမွှေးသောကာလဖြစ်၏ လုပ်ကိုင် ပြောဆို ကြံစည်သမျှ အောင်မြင်သည့်ကာလဖြစ်၏အထူးဟောစရာ မရှိ

👉 #နန်း ဆိုသည်မှာ...
နန်းတက်ရသည့်ကိန်း ဖြစ်၏။ ကံဇာတာမြူးကြွနေသည်
အရမ်းကောင်းသည့်ကာလဖြစ်၏ အပြိုင်အဆိုင်တွေကို အနိုင်ရမည် ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ကြွယ်ဝမည် ရတနာပစ္စည်းများ ဝင်နေလိမ့်မည် ။ အလှူပွဲကြီးပေးရတတ်သည် အမွေပစ္စည်းများ ရတတ်သည် ။ အိမိထောင်ကျကိန်း ရှိသည် ကျန်းမာစွာ စိတ်ချမ်းသာနေရပါလိမ့်မည်

👉 #စံ ဆိုသည်မှာ....
ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတို့ကို စံမြန်းခြင်းကို ဆိုလိုသည်။ ဘေးအန္တရယ် ရန်စွယ်တွေ ကင်းဝေး ပပြောက်မည် လုပ်ငန်းတွေ တဟုန်ထိုး တိုးတက်မည် မိတ်ဆွေသစ်များ အကျိူးပေးမည် အဖိုးတန်ရတနာပစ္စည်းများ ဆုဆောင်းမိမည် အရာရာအောင်မြင်သောကာလဖြစ်၏

သင်၏အသက် ဘယ်အကွက်ရောက်နေပါသလဲ။
ကြည့်ရှူနိုင်ပါသည် (၇)ရက်သားသမီးများအားလုံး
အန္တရာယ်ကင်းဘေးရှင်း၍ စိတ်ချမ်းသာ ကိုယ်ကျနိးမာ လိုရာပြည့်ဝကြပါစေ မှတ်ချက်..
မဟာဘုတ်ဟောကိန်းနှင့်တွဲဟောပါက ပိုမှန်သည်
ဇယားကွက်ထဲတွင်
မပါသော အသက်ဂဏန်းများအတွက် ၁၉ နှစ်ဖြစ်ပါက ၁၈ နှစ်ပါ ပါသည်
၁၈ နှစ်ဖြစ်ပါက ၁၇ နှစ်ပါ ပါပါသည်
( တည် ထွက် ပျက် ကျောက် ထီး နန်း စံ တစ်ခုလျှင် အသက် ၂ နှစ် ဖြစ်သည်)

Credit

13/07/2021

#တစ်ပြားတစ်ချပ်မှမကုန်တဲ့ယတြာအစုံ
👉အောက်တွင်ရေးသားထားသည့်ယတြာလေးတွေဟာ
အမှန်တစ်ကယ်ထိရောက် အစွမ်းထက်သောကြောင့်
တစ်ချိန်ချိန်တွင် ဤယတြာများမှ တစ်ခုသာဖြစ်စေ
အသုံးဝင်တတ်လို့ Like&Share ပြီး ကုသိုလ်ပြုစေချင်ပါတယ်
မိတ်ဆွေများခင်ဗျား👈
#ဆရာဝေမင်း(P.O.L)
M.A.R.P(Astro)India.
ရပ်ကွက်ကြီး(၁၂)ရေချမ်းအိုးရပ်ကွက်၊ပြင်ဦးလွင်မြို့။
Ph:09-448591819(Viber)

❤အချစ်ရေးကိစ္စအမျိုးမျိုးအတွက်အမြန်အဆင်ပြေလိုပါက
ဘုရားတွင် အမွှေးတိုင် ၆ တိုင်ပူးပြီးတစ်နေ့တစ်ကြိမ်ထွန်းပြီး လိုရာဆုတောင်းပါ❤

👪အိမ်ထောင်ရေးကိစ္စအမျိုးမျိုးတွင် စိတ်ချမ်းသာလိုပါက
ပုလင်းတစ်လုံးထဲမှာ အုန်းရည်အပြည့်ထည့်ပါ သစ္စာပန်း
ထည့်ပြီး အိမ်ဘုရားတွင် လှူပေးပါ။
⏰အချိန်/ မွေးနေ့မနက် ၉ နာရီမှ ၁၀ နာရီခွဲအတွင်း စပြီး
ပြုလုပ်ပါ👪

😞မည်သည့် နေ့သားသမီးမဆို ဘာလုပ်လုပ် အဆင်မပြေ
၍ စိတ်သောက ရောက်နေရပါက
အိမ်ဘုရားတွင် ကြွေပန်းကန်ပြားတစ်ချပ်၌ သကြား
အနည်းငယ်ထည့်ပြီးအမွှေးတိုင်၂တိုင်ပူး၍ထွန်းပြီး
လိုရာဆုတောင်းပါ။
မည်သည့်နေ့မှမဆို စပြီးလုပ်နိုင်ပါတယ် မနက်စောစော
လှူပေးပါ။ နောက်တစ်နေ့မှာပြန်လဲပေးပါ😢

😵မည်သည့်ကိစ္စအတွက်မဆို ပြသနာ ရန်ဝိုင်းနေပါက
အိမ်ဘုရားတွင် နှမ်းပြစ်(နှမ်းယို)အနည်းငယ်ကို ကပ်လှူပါ / တံမြက်စည်း ၃ ချောင်းကို ဘယ်ဘုရားမှာမဆို(သို့မဟုတ်) နီးစပ်ရာ ဘုန်းကြီးကျောင်းတွင် လှူပြီး လိုရာဆုတောင်းပါ / မည်သည့်ရက်မဆို ပြုလုပ်နိုင်ပါတယ်😥

💰ကျောက် ကား ကုန်စိမ်း ကုန်ခြောက် ငါး ကွမ်းစသည့်
တနင်္လာနံပစ္စည်းတစ်ခုခု အမြန်ရောင်းထွက်လိုပါက
⏩ယတြာပြုလုပ်ရန်⏪
စနေနေ့မနက် ၆ နာရီမှ ရ နာရီခွဲအတွင်း ရောင်းမည့်ပစ္စည်းများကို ဒန်းညွန့် ရ ညွန့်နှင့် ၁၀ ချက်တိတိ တစ်ခါပြော
တစ်ခါရိုက်ပေးရပါတယ်။
"ဒီပစ္စည်း အမြန်ရောင်းထွက်ပါစေ" ဟု ပြောရမည် 💰

😛အလုပ်အတွက် (သို့) မည်သည့်ကိစ္စအတွက်မဆို
အင်တာဗျူးဖြေဆိုရန်သွားခြင်း(သို့)ရုံးကိစ္စအရုှပ်ရှင်း/ ငွေအကြွေးရရန်/ ချစ်သူနှင့်တွေ့ရန် သွားလျှင် အမြန်ဆုံး
အဆင်ပြေစေရန်အတွက်---
မည်သည့်နေ့နံသားသမီးမဆို အိမ်မှထွက်ခါနီး (သို့မဟုတ်)
လမ်းပေါ်မှာ အောက်ပါအတိုင်း နေ့နံများအလိုက်
အရွက်များကို ခြေထောက်နှင့် နင်းချေပြီး
"အခုအချိန်မှစပြီး ငါသွားမယ့်ကိစ္စ အမြန်ဆုံး အဆင်ပြေပါစေ" ဟု ပြောပြီးမှ ထွက်သွားပါ
➡မှတ်ချက်=နင်းပြီးလျှင် အိမ်ထဲ ချက်ချင်း မဝင်ရပါ ⏪
တနင်္ဂနွေသားသမီး ဆိုပါက=ဆလပ်ရွက် ရ ရွက်
တနင်္လာ=လက်ဖက်ခြောက် အနည်းငယ်
အင်္ဂါ=သပြေညွန့် ၁၁ ညွန့်
ဗုဒ္ဓဟူး=သီးညွန့် ၆/ ဒန်းညွန့် ရ ညွန့်
ကြာသပတေး=ဒါန်းညွန့် ရ/ အုန်းရွက် ၁ ရွက်
သောကြာ=အုန်းရွက် ၁ညွန့်/ကံ့ကော်(သို့)ကုက္ကိုလ် ၂ ညွန့်
စနေ=ကန်စွန်းညွန့် ၅ ညွန့် 😍

👳‍♀️ မိမိ၏ လင်ယောကျင်္ား(သို့)သားသမီး တစ်ဦးဦးက
သောက်စား မူးယစ်ပြီး အိမ်မှာ သောင်းကြမ်းနေခြင်း/
မိမိပြောစကားများကို နာခံစေရန်အတွက်
ထိုသူ ရေချိိုးခါနီးတွင် ချိုးမည့်ရေထဲ၌ မိသားစု သောက်ရေအိုးထဲမှ ရေတစ်ခွက်ကို စိတ်ထဲမှ လိုရာပြောပြီးမှ ရောထားပါ မကြာမကြာ လုပ်ပေးပါ။
အတော်သိသာပါတယ် မိမိစကား နာခံပြီး အရင်ထက်ပိုပြီး ချစ်ခင်လာပါမည်👳‍♀️

🤒ကျန်းမာရေး မကြာခဏ ချူချာနေလို့ စိတ်ဆင်းရဲနေ
ကြသူများ ဒီယတြာလေးကို ယုံကြည်စွာ ပြုလုပ်ပေးပါက
မကြာခင် ကျန်းမာရွှင်လန်း စိတ်ချမ်းသာလာစေရမည်။
ညအိပ်တဲ့အချိန် ဖျာ ထောင့်လေးထောင့်ရဲ့အောက်မှာ "ဆား" အနည်းငယ်စီ စက္ကူနဲ့ အထုပ်လေးတွေလုပ်၍ ထည့်ထားပါ / နောက်နေ့မနက်ပိုင်းမှာ အိမ်အတွင်း (သို့) အိမ်ဝင်းအတွင်း အဆင်ပြေတဲ့နေရာမှာ မီးနည်းနည်းလေးမွှေးပြီး ဆားထုပ်တွေအကုန်လုံးကို မီးထဲမှာ တစ်ပြိုင်နက် ပေါက်၍
ထည့်ပေးရပါ့မယ်။
"အခုအချိန်ကနေစပြီး ငါ့မှာရှိတဲ့ မကောင်းသောရောဂါများ အနှောင့်ယှက် ပယောဂတွေအကုန်လုံး ဒီမှာ ပါသွားပ
ါစေ"ဟု ပြောပြီးမှ ထည့်ပါ/
အိမ်တွင် အသုံးပြုနေသော မီးဖိုတွင် လုံးဝမလုပ်ရပါ။

👉အမြန်ပြန်လာ(သို့)အဆက်သွယ်ရရန်👈
မည်သူမဆို အိမ်မှ ထွက်သွားခြင်း/ငွေအကြွေးရရန်
(သို့) မိမိရဲ့ ချစ််သူ / အိမ်​ထောင်သည်က မိမိကို ပစ်ထားပြီး တစ်ခြားတစ်ယောက်ယောက် ထားနေခြင်း များဖြစ်နေပါက
👪 သူ့ ဓါတ်ပုံ သို့မဟုတ် သူဝတ်ပြီးသား အကျႌ
လုံချည် တစ်ခုခုကို ကံ့ကော်ကိုင်း တစ်ထွာလောက်နဲ့
အသက်အောင့်ပြီး ၁၅ ချက်ရိုက်ပါ

တစ်ခါရိုက်တိုင်း သူ့နေ့နံ အမည် အမြန်ပြန်လာပါ ဟု
ပြောပြီးရိုက်ပါ / ပြီးလျှင် အဲ့ဒီ ကံ့ကော်ကိုင်းကို အိမ်အဝင် (သို့) ဝင်းတံခါးအဝင်မှာရှိတဲ့ မြေမှာ တစ်ခုခုနဲ့ ရိုက်၍
စိုက်ထားပေးပါ 👨‍👨‍👦

👉 ကုန်ပစ္စည်းတစ်ခုခု အမြန် ရောင်းထွက်လိုပါက ဒီယတြာလေး ပြုလုပ်ပေးပါ👇
💰 တနင်္ဂနွေနံ ပစ္စည်းဆိုပါက
ရောင်းမည့်ပစ္စည်းကို သီးသီးညွန့် ၆ ညွန့်နှင့် ၂၁ ချက်တိတိ တစ်ခါပြော တစ်ခါရိုက်ပါ လိုရာပြောပါ💰
🦊တနင်္လာနံ ပစ္စည်းဆိုပါက
ဒန်းညွန့်နှင့် ၁၀ ချက်တိတိရိုက်ပါ🦊
🐹 အင်္ဂါနံ ပစ္စည်းဆိုပါက
အုန်းရွက် တစ်ရွက်နှင့် ၆ ချက်တိတိရိုက်ပါ🐹
🐇 ဗုဒ္ဓဟူးနံ ပစ္စည်းဆိုပါက
က့ံကော်(သို့)ကုက္ကိုလ် ၂ ညွန့်နှင့် ၁၅ ချက်🐇
🐀ကြာသပတေးနံ ပစ္စည်းဆိုပါက
ဇီးညွန့်(သို့)ညောင်ရွက် ၃ ရွက်နှင့် ၈ ချက်တိတိ🐀
🐁သောကြာနံ ပစ္စည်းဆိုပါက
ဝါးညွန့် ၄ ညွန့်နှင့် ၁ရ ချက်တိတိရိုက်ပါ🐁
🐉စနေနံ ပစ္စည်းဆိုပါက
ပေါက်ပန်းညွန့် ၅ညွန့်နှင့် ၁၉ ချက်တိတိ🐍
🌴ရာဟူးနံ ပစ္စည်းဆိုပါက
က့ံကော်(သို့)ကုက္ကိုလ် ၂ ညွန့်နှင့် ၁၅ ချက်🌴

💰ထီဂဏန်း💰
🏣🚖နေ့နံ တစ်ခုချင်းစီအတွက် အကျိုးပေး
ထီဂဏန်းများ💰💰💰💰💰💰💰💰💰💰
🌞တနင်္ဂနွေသားသမီးများအတွက်
၅. အစ. ၄ပိတ်/ ၆ အစ ၃ပိတ်🌞
🐆တနင်္လာသားသမီးများအတွက်
၆ အစ ၅ပိတ်/ရ အစ ၄ပိတ်🐆
🐹အင်္ဂါသားသမီးများအတွက်
ရ အစ ၆ပိတ်/ ၁ အစ ၅ ပိတ်🐹
🐇ဗုဒ္ဓဟူးသားသမီးများအတွက်
၂ အစ ၆ ပိတ်/ ၁ အစ ၀ ပိတ်🐇
🌸ကြာသပတေးသားသမီးများအတွက်
၃ အစ ရ ပိတ်/ ၂ အစ ၁ ပိတ်🌸🌼🌺
🐀သောကြာသားသမီးများအတွက်
၃ အစ ၂ ပိတ်/ ၄ အစ ၁ ပိတ်🐁🐀🐁🐀
💥စနေသားသမီးများအတွက်
၈ အစ ၃ ပိတ်/ ၉ အစ ၂ ပိတ်💥
🙏မိတ်ဟောင်း မိတ်ဆွေသစ်များအားလုံး
ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ🙏

🙏ရရက်သားသမီးများ စီးပွားရေး၊အချစ်ရေး၊
အိမ်ထောင်ရေး၊ပညာရေး၊လူမှုရေး၊အိမ်မြေ
အရောင်းအဝယ် ကိစ္စအဝဝများအတွက်
တိကျသေချာစွာ အဆင်ပြေစေရန်အတွက်
ဆရာ့ထံကံဇာတာစစ်ဆေးမေးမြန်းနိုင်ပါပြီ။🙏

💵ဉာဏ်ပူဇော်ခ=၃၀၀၀ကျပ်💵

မိမိဘဝမိမိကံကြမ္မာကို တန်ဖိုးထားပြီး...
စစ်မှန်သောပညာရပ်များကို မြတ်နိုးသူများ.....
ယုံကြည် အားကိုး ဆန္ဒရှိသူများသာ.....
ကြိုဆိုလျက်ပါ…။

✡မှန်တာဟော၍ ဟောတာမှန်ရမည်✡

#ဆရာဝေမင်း(P.O.L)
M.A.R.P(Astro)India.
ရပ်ကွက်ကြီး(၁၂)ရေချမ်းအိုးရပ်ကွက်၊ပြင်ဦးလွင်မြို့။
Ph:09-448591819(Viber)

Address

Mandalay
1

Alerts

Be the first to know and let us send you an email when ဆရာမြတ်မင်း ဗေဒင်နှင့်လက္ခဏာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share