15/08/2026
“ဘီယာနဲ့ အရက်…
အသည်းကို ဘယ်ဟာပိုထိလဲ?” 🍺🥃
ဒီမေးခွန်းကို လူတော်တော်များများက—
“အရက်က ပိုပြင်းတာဆိုတော့ အရက်ကပဲ အသည်းပိုထိမှာပေါ့… ဘီယာကတော့ ပေါ့ပါတယ်”
လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့်… အဓိကက ဘီယာလား၊ အရက်လား မဟုတ်ပါဘူး။
👉 ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ “Pure Alcohol” ပမာဏက ပိုအရေးကြီးပါတယ်။
ဘီယာ၊ ဝိုင်၊ ဝီစကီ စသဖြင့် အမျိုးအစားမတူပေမယ့် အရက်ဓာတ် (ethanol) တူညီတဲ့ပမာဏ ကို သောက်မိရင် အသည်းအပေါ် သက်ရောက်မှုကို “ဘီယာဖြစ်လို့ ပိုလုံခြုံတယ်” လို့ မပြောနိုင်ပါဘူး။ အရက်သောက်သုံးမှုမှာ ပမာဏနဲ့ သောက်တဲ့အကြိမ်ရေ တိုးလာတာနဲ့အမျှ အသည်းရောဂါအန္တရာယ်လည်း တိုးလာပါတယ်။
⸻
🍺 ဘီယာက ပျော့တယ်ဆိုပေမယ့်…
ဥပမာ NIAAA ရဲ့ standard drink သတ်မှတ်ချက်အရ—
Beer 5% — 12 oz (355 ml) ≈ Pure Alcohol 14 g
နဲ့
Spirits 40% — 1.5 oz (44 ml) ≈ Pure Alcohol 14 g
ဟာ Pure Alcohol ပမာဏအနေနဲ့ တူညီတဲ့ standard drink တစ်ခွက် ဖြစ်ပါတယ်။
ဒါကြောင့်—
“ဘီယာဆိုတော့ အရက်ထက် အသည်းအတွက် အန္တရာယ်နည်းတယ်”
လို့ တန်းပြီး မယူဆသင့်ပါဘူး။
⸻
😳 ပိုစိတ်ဝင်စားစရာက…
ဘီယာကို အရက်ရာခိုင်နှုန်းနည်းလို့ တစ်ခါတည်း အများကြီးသောက်မိတတ်ပါတယ်။
ဥပမာ—
🍺 ဘီယာ ၁ လုံး နဲ့
🍺🍺🍺 ဘီယာ ၃–၄ လုံး
က အရက်ဓာတ်ဝင်တဲ့ပမာဏ မတူတော့ပါဘူး။
ဘူးအရေအတွက်ထက် ABV + သောက်တဲ့ပမာဏ ကိုကြည့်ဖို့လိုပါတယ်။ ဘီယာအမျိုးအစားတစ်မျိုးနဲ့တစ်မျိုး alcohol % ကလည်း ကွာနိုင်ပါတယ်။
⸻
🫀 အသည်းကို ဘာတွေဖြစ်စေနိုင်လဲ?
အရက်ကို အချိန်ကြာကြာ၊ ပမာဏများများ သောက်သုံးတာက—
🟡 အသည်းအဆီဖုံးခြင်း
🔴 အသည်းရောင်ခြင်း
🟠 အသည်းအမာရွတ်ဖြစ်ခြင်း (Fibrosis)
⚫ အသည်းခြောက်ခြင်း (Cirrhosis)
⚠️ အသည်းကင်ဆာအန္တရာယ်
တို့နဲ့ ဆက်စပ်နိုင်ပါတယ်။ အရက်ကြောင့် အသည်းထိခိုက်မှုဟာ ပမာဏပေါ် မူတည်ပြီး တိုးလာနိုင်ပါတယ်။
⸻
❗ ဒါဆို အဖြေက ဘာလဲ?
“ဘီယာက ပိုထိလား? အရက်က ပိုထိလား?”
👉 တစ်မျိုးတည်းကို “ပိုထိတယ်” လို့ မပြောနိုင်ပါဘူး။
ဘယ်လောက်သောက်လဲ + ဘယ်လောက်ကြာကြာသောက်လဲ + ဘယ်လောက်မကြာခဏသောက်လဲ က ပိုအရေးကြီးပါတယ်။
အရက်ရာခိုင်နှုန်းမြင့်တဲ့အရက်ကို ပမာဏတူတူနဲ့ သောက်ရင် pure alcohol ပိုများနိုင်သလို၊ ဘီယာကိုလည်း အများကြီးသောက်ရင် အရက်ဓာတ်ပမာဏ စုပေါင်းပြီး အသည်းကို ထိခိုက်စေနိုင်ပါတယ်။
⸻
အသည်းရောဂါရှိပြီးသားသူတွေအတွက်တော့ အရက်ကိုရှောင်တာက အလုံခြုံဆုံးရွေးချယ်မှု ဖြစ်ပါတယ်။
09789 29 3300 | 09777 444424
110st,bet 60x61st , Chanmyatharsi Township, Mandalay.
ShwePyaeSone Zay, Yangon.