Swam Swam

Swam Swam Improve your mood by eating healthy food.

01/06/2026
"We are finally back with fresh stocks! Check out our new premium mix!"ခေတ္တခဏ ပျောက်ကွယ်သွားရာကနေ အရသာအသစ်၊ အရှိန်အဟုန်...
01/06/2026

"We are finally back with fresh stocks! Check out our new premium mix!"

ခေတ္တခဏ ပျောက်ကွယ်သွားရာကနေ အရသာအသစ်၊ အရှိန်အဟုန်အသစ်နဲ့ ပြန်လာပါပြီ! 👋✨
Page လေးကို ၃ နှစ်လောက် အဆက်အသွယ်ပြတ်သွားခဲ့ပေမယ့် Swam Mixed Nuts ကို သတိရနေပေးကြတဲ့ Customer ဟောင်းကြီးတွေနဲ့ စားသုံးသူအသစ်လေးတွေကို အကောင်းဆုံးအရာတွေနဲ့ ပြန်လည်ကြိုဆိုချင်ပါတယ်ခင်ဗျာ။😍😍😍
ကျန်းမာရေးနဲ့လည်းညီညွတ်၊ ဝါးလိုက်တိုင်းလည်း စိမ့်အိနေမယ့် Swam Mixed Nuts ကို အဆင့်မြင့် Premium အစေ့အဆန် (၅) မျိုးနဲ့ အချိုးကျကျ အထူးထုတ်လုပ်ပေးထားပါတယ်။
🥜 ပါဝင်တဲ့ Premium အစေ့အဆန်များနှင့် ၎င်းတို့ရဲ့ အကျိုးအာနိသင်များ -

Almond (ဗာဒံစေ့): နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပြီး အသားအရေကို စိုပြေလှပစေပါတယ်။

Pistachio (ပစ္စတာချီယို): မျက်စိအားကောင်းစေပြီး ကိုယ်အလေးချိန် ထိန်းညှိနေသူများအတွက် အထူးသင့်လျော်ပါတယ်။

Macadamia (မက်ကဒေးမီးယား): ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။

Cashew (သီဟိုဠ်စေ့): အရိုးအဆစ်တွေကို သန်မာစေပြီး စွမ်းအင်ကို အပြည့်အဝဖြည့်တင်းပေးပါတယ်။

Pumpkin Seeds (ဖရုံစေ့): ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

💡 ဘာလို့ Swam Mixed Nuts ကို ရွေးချယ်သင့်လဲ?
တစ်ဗူးတည်းနဲ့တင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamins၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နဲ့ Good Fats တွေကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။ အလုပ်လုပ်ရင်းပဲစားစား၊ Diet လုပ်ရင်း Snack အဖြစ်ပဲစားစား၊ မိသားစုဝင်တွေကိုပဲ လက်ဆောင်ပေးပေး အဆင်ပြေဆုံးနော်။

💰 Special Price Update

ခုလက်ရှိ အသစ်ပြန်လည်ရောက်ရှိလာတဲ့ ၂၀၀ ဂရမ် (200g) ဗူးကြီးတစ်ဗူးကိုမှ ၂၀,၀၀၀ MMK ထဲနဲ့ ဝယ်ယူရရှိနိုင်ပါပြီဗျာ!🤗🤗🤗
🛒 ပြန်လည်ဆုံတွေ့ခြင်း အထိမ်းအမှတ်အနေနဲ့ ပထမဆုံးအော်ဒါမှာယူသူ (၁၀) ဦးကို အထူးလက်ဆောင်/Delivery Discount ပေးသွားဦးမှာမို့ ခုပဲ Chatbox မှာ အမြန်ဆုံး အော်ဒါတင်လိုက်ရအောင်နော်။

Hotline - +9592225460

မင်မင်တို့ဆီမှာ  Cereal Bar ရပါပြီကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစေ့အဆံတွေကို ကြိုက်တဲ့သူတွေအတွက် စားလို့လဲကောင်း အဆာလ...
18/11/2023

မင်မင်တို့ဆီမှာ Cereal Bar ရပါပြီ

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစေ့အဆံတွေကို ကြိုက်တဲ့သူတွေအတွက် စားလို့လဲကောင်း အဆာလည်းခံတဲ့ Cereal bar or Nuts bar

အိမ်မှာ စားဖို့ဝယ်ရင်းက ကြိုက်လို့ စားချင်တဲ့သူတွေအတွက် ပြန်ရောင်းပေးတာပါ Keto plan ဝင်နေတဲ့သူတွေ ၊ ဝိတ်ချချင်တဲ့သူတွေ ၊ ကလေးတွေပါ စားသုံးလို့ရပါတယ်

ပါဝင်ပစ္စည်းတွေကတော့

✅ ဗာဒံ

- ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
- အစာချေစနစ်ကောင်းမွန်စေခြင်း
- ကိုယ်ဝန်ဆောင်မိခင်များအတွက် များစွာသော
အကျိုး ဖြစ်စေခြင်း
- ဦးနှောက်အလုပ်လုပ်ဆောင်ပုံ ကောင်းမွန်စေခြင်း
- နှလုံးကျန်းမာရေးကောင်းစေခြင်း
- ကိုယ်ခံအားကောင်းစေခြင်း
- ဆီချိုးဖြစ်မှုကို လျော့ချပေးနိုင်ခြင်း
- သွေးအားကောင်းစေခြင်း
- ဝမ်းချုပ်ခြင်းကို မဖြစ်စေခြင်း
- ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြင်း
- အသားအရည် လှစေခြင်း
- ဆံပင်ကျွတ်ခြင်းကို သက်သာစေခြင်း

✅ သစ်ကြား

- ကိုယ်အလေးချိန်လျော့ရာတွင် ကူညီပေးခြင်း
- အိပ်ပျော်စေခြင်း
- ဆီးချိုရောဂါသက်သာစေခြင်း
- သွေးတွင်း ကိုလက်စထရော ကျဆင်းစေခြင်း
- နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးခြင်း
- ဆီးကျိတ် ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း
- စိတ်ကျရောဂါ သက်သာစေခြင်း
- သည်းခြေကျောက်တည်မှု မဖြစ်ရန် ကာကွယ်နိုင်ခြင်း
- အရိုး ကျန်းမာရေးကို ကောင်းမွန်စေခြင်း
- မှတ်ဥာဏ် ကောင်းမွန် စေခြင်း
- ကိုယ်တွင်းရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း
- အူအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို
ပေါက်ဖွားစေတဲ့အတွက် ဝမ်းမှန်စေခြင်း
- ကလေးငယ်များအတွက် ဦးနှောက်ဖွင့်ဖြိုးမှုကို
အထောက်အကူပေးခြင်း

✅ သီဟိုဠ်

- နှလုံးရောဂါကိုကာကွယ်ပေးခြင်း
- ကြွက်သားနဲ့ အာရုံကြောစနစ် အားကောင်းစေခြင်း
- ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း
- ကင်ဆာရောဂါကာကွယ်ပေးခြင်း
- သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးခြင်း
- အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း
- သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
- သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း
- ကိုယ်ခံအားကောင်းစေခြင်း

✅ ဖရုံစေ့
- အာရုံကြောကျန်းမာရေးကောင်းစေခြင်း
- ဆီးကြိတ်ကျန်းမာရေး အတွက် ကောင်းစေခြင်း
- ဆီးချိုရောဂါကာကွယ်ဖို့ အထောက်အကူဖြစ်ခြင်း
- သွေးဆုံးပြီးအမျိုးသမီးများအတွက်
အထူးသင့်လျော်ခြင်း
- နှလုံးရောဂါ ကာကွယ်ပေးခြင်း
- အိပ်ပျော်စေခြင်း
- ခုခံအားစနစ်ကောင်းစေခြင်း
- သံဓါတ်ပါဝင်ခြင်း
- Vitamin E ပါဝင်ခြင်း

✅ strawberry

- အသားအရေကို ပိုကောင်းမွန်လာစေခြင်း
- သွားများကို ခိုင်မာစေခြင်း
- မျက်လုံးအားကောင်းစေခြင်း
- အဟာတန်ဖိုးမြောက်များစွာပါဝင်ခြင်း
- ကိုယ်ခံအားကောင်းမွန်စေခြင်း
- ဆံပင်ကိုလျှင်မြန်စွာ ရှည်စေခြင်း
- ဉာဏ်ကောင်းစေခြင်း
- ရောင်ရမ်းမှု လျော့စေခြင်း

✅ စပျစ် ရွှေရောင်
✅ အနက်ရောင်တို့ ပါဝင်ပါတယ်
4ခုပါ တစ်ထုပ်ကို ၃၀၀၀ကျပ်နဲ့ Swam Swam Mixed Nuts & Dried Fruits မှာ ဝယ်ယူရရှိနိုင်ပါပြီ
၀၉၂၂၂၅၄၆၀

မက္ကဒေးမီးယား ( Macadamia ) စေ့က ကျန်းမာစေသလား?ဟုတ်ပါတယ်။ မက္ကဒေးမီးယားစေ့က ကျန်းမာစေပါတယ်။ အခွံမာမာလေးနဲ့ အတွင်းမှာ အဖြ...
17/11/2023

မက္ကဒေးမီးယား ( Macadamia ) စေ့က ကျန်းမာစေသလား?

ဟုတ်ပါတယ်။ မက္ကဒေးမီးယားစေ့က ကျန်းမာစေပါတယ်။ အခွံမာမာလေးနဲ့ အတွင်းမှာ အဖြူဆံလေးပါတဲ့ မက်ကာဒေးမီးယားစေ့က စားရတာ ချိုဆိမ့်ဆိမ့်လေးနဲ့ တော်တော်ကို အရသာရှိတာပါ။

ချောကလက်တွေထဲမှာ ပါလေ့ရှိသလို ဒီအတိုင်းစားလို့လည်းရပါတယ်။ နို့ထဲမှာ ရောကြိတ်ပြီး သောက်ပေးလို့ ရသလို နို့နဲ့ ဒီအတိုင်း စိမ်ပြီး သောက်ပေးလို့လည်း ရပါတယ်။

အခွံလေးက လှော်ထားတာကြောင့် ချောကလက်လေးလို အညိုရောင်သန်းသန်းလေးပါ။ မလှော်ခင်မှာတော့ အခွံလေးက စိမ်းစိမ်းလေးပါ။ အတွင်းဆံလေးကတော့ အဖြူရောင်လေးပါပဲ။

မက္ကဒေးမီးယားကို မီးပြင်းပြင်းနဲ့ လှော်လိုက်တဲ့အခါ အာဟာရဓာတ် လျှော့သွားတတ်တာကြောင့် မီးကို ခပ်အေးအေးနဲ့ လှော်တာ အကောင်းဆုံးပါ။ ဒါမှလည်း အာဟာရကြွယ်ဝလွန်းတဲ့ မက္ကဒေးမီဒယားစေ့ရဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။

မက္ကဒေးမီးယားမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်နေလဲ?

စားလိုက်ရင် ချိုစိမ့်စိမ့်နဲ့ အရသာရှိလှတဲ့ မက္ကဒေးမီးယားစေ့လေးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

✅ ပရိုတင်း
✅ ဗီတာမင် E
✅ သီယာမင်း (ဗီတာမင် B1)
✅ ကော့ပါး
✅ မဂ္ဂနိစ်
✅ ဆိုဒီယမ်
✅ သကြားဓာတ်
✅ အမျှင်ဓာတ်
✅ ကာဗိုဟိုက်ဒရိတ်
✅ အဆီဓာတ်တို့ ပါဝင်နေပါတယ်။

မက္ကဒေးမီးယားစေ့က ကျန်းမာစေသလား?

မက္ကဒေးမီးယားစေ့ကအခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ် 👇👇👇

🔹 နှလုံး ကျန်းမာစေတယ် 💙💙💙

မက္ကဒေးမီးယားစေ့ကအဆီများတယ်ဆိုပေမယ့် မပြည့်ဝဆီ ကြွယ်ဝတာပါ။ ဒါကြောင့် အသင့်အတင့် စားသုံးမယ်ဆိုရင် နှလုံး ကျန်းမာစေနိုင်မှာပါ။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်သလို သွေးကြောတွေကိုလည်း သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

🔹 ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

မက္ကဒေးမီးယားစေ့က အဆာခံနိုင်စေပြီး အစား စားချင်စိတ် ခဏခဏ မဖြစ်အောင် လုပ်ဆောင်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိပေးသလို ဝိတ်ချချင်သူတွေအတွက်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်စာ တစ်မျိုးပါ။

အလွန်အကျွံ စားတာမျိုး မလုပ်ဖို့တော့ လိုပါမယ်။ သင့်တင့်တဲ့ ပမာဏကို စားသုံးတာက ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။

🔹 သွေးပေါင်ချိန် ထိန်းညှိပေးတယ်

မက္ကဒေးမီးယားစေ့က သွေးတွင်းအဆီကျစေနိုင်သလို ဝမ်းဗိုက်အဆီကိုလည်း ကျစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို မဖြစ်အောင် ကာကွယ်ပေးသလို လေဖြတ်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။

🔹 ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

မက္ကဒေးမီးယားစေ့မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာနိသင် ပါဝင်နေတာကြောင့် အမျိုးအစား-၂ ဆီးချို ရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမချုပ်စေဖို့ ကာကွယ်ပေးပါတယ်။


🔹 ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်

မက္ကဒေးမီးယားစေ့မှာ ဗီတာမင် E ပါဝင်နေတာကြောင့် အချို့သော ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ သင့်တင့်တဲ့ ပမာဏ ပါဝင်အောင် စားသုံးပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။

ကဲ …… အရသာ ရှိတဲ့ မက္ကကေးမီးယားစေ့ကအခုလိုမျိုး ကျန်းမာရေးကို အထောက်အကူပြုပေးတယ်ဆိုတော့ ဆေးဖြစ်ဝါးဖြစ်လေးတော့ စားပေးဖို့ လိုမယ်နော်။ အများကြီး မစားမိဖို့လည်း
🔹 Hello Sayarwon Page မှ ကူးယူဖော်ပြပါသည် 🔹

💠 💠 💠 💠  PISTACHIO 💠 💠 💠 💠  ဟာလဲ တခြား အစေ့အဆံ တွေလိုပဲ✅ Healthy Fat ✅ Protein ✅ Fiber✅ Mineral✅ Vitamin နဲ့✅ Antioxidan...
15/11/2023

💠 💠 💠 💠 PISTACHIO 💠 💠 💠 💠

ဟာလဲ တခြား အစေ့အဆံ တွေလိုပဲ
✅ Healthy Fat
✅ Protein
✅ Fiber
✅ Mineral
✅ Vitamin နဲ့
✅ Antioxidants တွေ ကြွယ်ဝပါတယ်။

ဒါပေမဲ့ တခြား အ​​စေ့အဆံတွေထက် ထူးခြားတာက Pistachio ဟာ အစေ့အဆံ တွေထဲမှာ ြွယ်ဝဆုံးဖြစ်ပါတယ်။
Pistachio တအောင်စ ( 28g ) မှာ လူတဦးရဲ့ Vitamin B6 တနေ့တာလိုအပ်ချက်ရဲ့ 28% အထိ ပါဝင်တာဖြစ်ပါတယ်။

Vitamin B6 ဟာ
#ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ရာမှာ ဖြစ်စေ၊

#ကြွက်သားတွေသန်စွမ်းဖို့အတွက် ဖြစ်စေ၊

#အရေပြားကျန်းမာရေးနဲ့ကိုယ်ခံစွမ်းအားမြှင့်တင်ရာမှာ ဖြစ်စေ
အလွန်အရေးပါတဲ့ vitamin ဖြစ်ပါတယ်။
ဒါ့အပြင် Vitamin B6 ဟာ #အာရုံကြောစနစ်ကိုတိုးတက်ကောင်းမွန်စေပီးသွေးတွင်းသကြားဓာတ်ကိုလဲထိန်းညှိပေးပါတယ်။

Pistachio ရဲ့ နောက်ထူးခြားချက်တခုက အစေ့အဆံတွေထဲမှာ
နဲ့ အများဆုံးပါဝင်တဲ့ အစေ့အဆံ ဖြစ်တာပါပဲ။

Lutein နဲ့ Zeaxanthin တွေဟာ ကွန်ပြူတာ ၊ ဖုန်း ၊ TV အစရှိတဲ့ Electronic ပစ္စည်းတွေက ထွက်လာတဲ့ Blue light တွေကြောင့် မျက်စိပျက်စီးခြင်းကို ကာကွယ်ပေးသလို #ဇရာကြောင့်ဖြစ်ပေါ်လာတဲ့အမြင်အာရုံချို့ယွင်းခြင်း age-related macular degeneration ကိုလဲ ကာကွယ်ပေးပါတယ် ✅✅✅

နောက် တခုက Pistachio ဟာ သွေးကြောတွေထဲမှာ သွေးလည်ပတ်မှုကောင်းစေတဲ့ အတွက်
#အမျိုးသားကျန်းမာရေး အတွက် ကောင်းမွန်စေတာပါပဲ 💪💪💪

နောက်ထပ်အကျိုးကျေးဇူးတွေကတော့ တခြားသော အစေ့အဆံ တွေလိုပါပဲ
🔹 မကောင်းတဲ့ ကိုလက်စထရော Bad LDL Cholesterol တွေကို လျှော့ချပေးပီး ကောင်းတဲ့ ကိုလက်စထရော
Good HDL Cholesterol တွေကို တိုးတက်စေတာ 👍

🔹 နှလုံးရောဂါ ၊ ကင်ဆာ နဲ့ ဆီးချိုရောဂါ တွေကနေ ကာကွယ်ပေးတာ 👍

🔹 Fiber အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူလမ်းကြောင်း ကျန်းမာရေးကောင်းစေတာ 👍

🔹 Vitamin E ပါဝင်နှုန်းများလို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပီး အသားအရေ ကို ကျန်းမာ လှပစေတာ အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်

Almond - ဗာဒံစေ့ Almond ဗာဒံစေ့တွေဟာ အမေရိကားမှာ လူကြိုက်အများဆုံး nut တွေထဲက တခု one of the most popular nuts in US ဖြစ...
14/11/2023

Almond - ဗာဒံစေ့

Almond ဗာဒံစေ့တွေဟာ အမေရိကားမှာ လူကြိုက်အများဆုံး nut တွေထဲက တခု one of the most popular nuts in US ဖြစ်ပါတယ် ။😎😎😎
တချို့ကတော့ Almond ဗာဒံစေ့ကို
The king of the nuts လို့လဲ ခေါ်ကြပါတယ်။

အဲ့လို ခေါ်ရလောက်အောင်လဲ ဗာဒံစေ့တွေမှာ
➡ Protein - အသားဓာတ်
➡ Fiber - အမျှင်ဓာတ်
➡ Monounsaturated fats - ကျန်းမာရေးအတွက်ကောင်းတဲ့ မပြည့်ဝဆီတွေ ပါဝင်တဲ့အပြင်
တခြား အာဟာရဓာတ်တွေဖြစ်တဲ့
- calcium
- phosphorous
- potassium
- magnesium
- zinc
- copper
- riboflavin ( vitamin B2 )
- iron နဲ့
- vitamin E တွေပါဝင်ပါတယ်။😋😋😋

Almond ဗာဒံစေ့ တစ်အောင်စ ( 28 g )
မှာ
- Protein: 6 g
- Fiber: 3.5g
- Fat: 14g
- Potassium: 208mg
- Magnesium: 76.5mg
- Calcium: 76.3mg
- Vitamin E: 7.27mg
- Iron: 1.05mg
- Riboflavin: 0.323mg နှုန်း ပါဝင်ပါတယ်။

ဗာဒံစေ့ကို ပုံမှန် စားသုံးပေးရင်
ဦးနှောက်၊အာရုံကြော၊အရိုး၊နှလုံး နဲ့ အသဲ တို့အတွက် ကောင်းကျိုးများရရှိစေပါတယ်။🥰🥰🥰

ဗာဒံစေ့တွေဟာ antioxidants နဲ့ vitamin E ကြွယ်ဝစွာ ပါရှိတဲ့ အတွက်
ကင်ဆာ ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါတွေကို တဖက်တလမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ဗာဒံစေ့မှာ ပါဝင်တဲ့ အဆီနဲ့ အမျှင်ဓာတ်တွေဟာ သည်းခြေအိတ်နဲ့ အသဲ တို့ကို ကောင်းမွန်စွာ အလုပ်လုပ်စေနိုင်တဲ့အတွက် သည်းခြေကျောက် တည်ခြင်းမှလဲ ကာကွယ်ပေးနိုင်ပါတယ်။
Fiber အမျှင်ဓာတ် ကြွယ်ဝတဲ့ အတွက်
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမှလဲ ကာကွယ်ပေးပါတယ်။

ဗာဒံစေ့ရဲ့ တခြားကောင်းတဲ့ အချက်ကတော့ သွေးထဲက မကောင်းတဲ့
ကိုလက်စထရော
Bad LDL cholesterol တွေကို လျှော့ချပေးနိုင်တာပါပဲ။

ဗာဒံစေ့ ဟာ အစေ့အဆံ တွေထဲမှာ calcium အများဆုံးပါဝင်တဲ့ အစေ့အဆံ တခုပါ။
calcium ဓာတ်ကြွယ်ဝတဲ့ အတွက် အရိုးနဲ့ သွားများကို ခိုင်မာစေပီး အရိုးပွခြင်းမှလဲ ကာကွယ်ပေးနိုင်ပါတယ်။💪💪💪

ဗာဒံစေ့ရဲ့ ကောင်းကျိုးတွေကတော့ ရေးမယ်ဆို မကုန်ပါ။
ဒါ့ကြောင့် ဗာဒံစေ့ ကို တရက်ကို 10ဆံ ခန့် နေ့စဥ်စားသုံးပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ life style ကို အရယူလိုက်ကြပါစို့😘😘😘

14/11/2023
Cranberry (ခရမ်ဘယ်ရီသီး)ခရမ်ဘယ်ရီသီးဆိုတာအမေရိကန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသမှာ ပေါက်ရောက် သီးပွင့်လေ့ရှိတဲ့ ခရ...
12/11/2023

Cranberry (ခရမ်ဘယ်ရီသီး)

ခရမ်ဘယ်ရီသီးဆိုတာ
အမေရိကန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသမှာ ပေါက်ရောက် သီးပွင့်လေ့ရှိတဲ့ ခရမ်ဘယ်ရီသီးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ကာကွယ်ရေးနဲ့ကုသရေးမှာ အသုံးများကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ဘယ်နေရာမှာအသုံးပြုသလဲ?

ခရမ်ဘယ်ရီကို ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိမ်ရောဂါ၊ ဆီးမထိန်းနိုင်သူတွေကို ဆီးနံ့ပျောက်စေဖို့၊ ဆီးပြွန်တွေမပိတ်ဆို့အောင်ကာကွယ်ဖို့၊ ဆီးကိုစွန့်ထုတ်နိုင်ဖို့ အစာအိမ်အတွင်း ခွဲစိတ်ထားရတဲ့အနာနဲ့တဝိုက် အရေပြားကို အနာကျပ်စေဖို့လည်း ခရမ်ဘယ်ရီကို သုံးကြပါတယ်။

ဆီးချိုအမျိုးအစား ၂၊ နာတာရှည်မောပန်းနွမ်းနယ်မှုရောဂါ(CFS)၊ ဆီးကျိတ်ကြီးခြင်း၊ အအေးမိခြင်း၊ တုပ်ကွေး၊ နှလုံးရောဂါ၊ မှတ်ဉာဏ်၊ Helicobacter pylori(H. pylori) ပိုးကြောင့်ဖြစ်တဲအနာများ၊ အဆုတ်အမြှေးရောင်ရမ်းခြင်းနဲ့ ကင်ဆာတို့အတွက်လည်း တချို့က ခရမ်ဘယ်ရီကိုသုံးကြပါတယ်။

ဘယ်လိုပုံစံနဲ့ရနိုင်သလဲ?

အစားအသောက်အနေနဲ့တော့ ခရမ်ဘယ်ရီကို ဖျော်ရည်၊ ကော့တေး၊ ဂျယ်လီနဲ့ ဆော့စ် ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

ခရမ်ဘယ်ရီရဲ့ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

( ၁ ) ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ခရမ်ဘယ်ရီက ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အကောင်းဆုံးဓါတ်စာလို့ သိကြပါတယ်။ အထူးသဖြင့် အကြိမ်ကြိမ်ပိုးဝင်လေ့ရှိသူတွေအတွက်ပေါ့။ ခရမ်ဘယ်ရီမှာပါတဲ့ proanthocyanidins (PACs) ပါဝင်မှုမြင့်မား တာကြောင့် ဆီးလမ်းကြောင်းနံရံတွေမှာ ဘက်တီးရီးယားတွယ်ကပ်နိုင်စွမ်းကို အားလျော့စေပြီး ရောဂါပိုးဝင်ရောက်မှုကို တိုက်ထုတ်ပေးပါတယ်။

(၂ ) နှလုံးသွေးကြောကျဉ်းရောဂါ

ခရမ်ဘယ်ရီမှာပါဝင်တဲ့ polyphenols တွေကြောင့် အဆီချေးတွေစုပုံခြင်းကိုကာကွယ်ပြီး သွေးတိုးကိုကျစေလို့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိင်ခြေကိုလျော့နည်းစေပါတယ်။

( ၃ ) ကင်ဆာ

ခရမ်ဘယ်ရီတွေဟာ အကျိတ်ဆက်လက်ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့အစွမ်းအာနိသင်ရှိသလို ဆီးကျိတ်၊ အသည်း၊ ရင်သား၊ သားအိမ်နဲ့ အူမကြီးကင်ဆာတွေကို တိုက်ဖျက်နိုင်တဲ့ အကျိုးကျေးဇူးတွေရှိတယ်လို့ သုတေသနကဖော်ပြခဲ့ပါတယ်။

( ၄ ) သွားကျန်းမာရေး

ခရမ်ဘယ်ရီမှာပါတဲ့proanthocyanidins ကသွားတွေမှာဘက်တီးရီးယားမကပ်ငြိအောင် ကာကွယ်ပေးပြီး ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ခရမ်ဘယ်ရီတွေက သွားဖုံးရောဂါကိုလည်းကာကွယ်ပေးပါတယ်။

( ၅ ) အစာအိမ်ကင်ဆာနဲ့ အစာအိမ်အနာမဖြစ်အောင်ကာကွယ်ပေးခြင်း

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့H. pylori ပိုးကိုကာကွယ်ပေးပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့ A-type proanthocyanidinsဒြပ်ပေါင်းလည်း ခရမ်ဘယ်ရီမှာပါရှိပါတယ်။

သုတေသနအရ ခရမ်ဘယ်ရီသီးဖျော်ရည်ကို တစ်နေ့ လီတာဝက်သောက်တဲ့သူတွေဟာH. pyloriကူးစက်ရရှိမှု သိသိသာသာလျော့ျကျစေနိုင်တယ်လို့တွေ့ရပါတယ်။

( ၆ ) နှလုံးသွေးကြောကျန်းမာရေး

ခရမ်ဘယ်ရီသီးတွေမှာ နှလုံးကျန်းမာရေးအတွက် အကျိုးများတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ ဒိအထဲမှာanthocyanins၊ proanthocyanidins နဲ့ quercetin တို့ ပါဝင်ပါတယ်။

လက်တွေ့လေ့လာစမ်းသပ်မှုတွေမှာ ခရမ်ဘယ်ရီသီးဖျော်ရည်နဲ့တခြားထုတ်ကုန်တွေဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများစေနိုင်တဲ့ အန္တရာယ်အချက်တွေအပေါ် သက်ရောက်မှုရှိတာတွေ့ရပါတယ်

အကျိုးပြုကိုလက်စထရော (HDL) ပမာဏကို တိုးစေခြင်း
မကောင်းတဲ့ကိုလက်စထရော (LDL) ကို ကျစေခြင်း(ဆီးချိုရောဂါမှာ)
LDL ကိုလက်စထရောကို ဓါတ်တိုးခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း
နှလုံးရောဂါရှိသူတွေမှာသွေးကြောမာခြင်း(arterial stiffness)ဖြစ်ပွားမှုလျော့ကျစေခြင်း
သွေးဖိအားကိုကျစေခြင်း
သွေးထဲက homocysteine ပမာဏကိုလျော့ကျစေပြီး သွေးကြောအတွင်းရောင်ရမ်းမှုအန္တရာယ်ကိုလျှော့ချပေးခြင်း

⛔ သတိထားသင့်တဲ့အချက်များ ⛔

သွေးကျဲဆေး

သင်ဟာcoumadin လို့သိကြတဲ့သွေးကျဲဆေးwarfarinသောက်သုံးနေသူဖြစ်ရင် ခရမ်ဘယ်ရီသီးကို များများမစားသင့်ပါဘူး။ ခန္ဓာကိုယ်မှာဒီဆေးရဲ့အာနိသင်ခရမ်ဘယ်ရီက သက်ရောက်မှုရှိနိုင်သလားဆိုတာကို အထောက်အထား အငြင်းပွားမှုတွေရှိပါတယ်။ ခရမ်ဘယ်ရီဖျော်ရည်နဲ့warfarin ဓါတ်ပြုမှုကြောင့်လို့ယူဆရတဲ့သွေးယိုစိမ့်မှုဆိုးလာတဲ့အခြေအနေတွေတွေ့ရှိခဲ့ရဖူးလို့ဖြစ်ပါတယ်။

ခရမ်ဘယ်ရီထုတ်ကုန်တွေဟာ ကျောက်ကပ်ကျောက်တည်စေနိုင်တဲ့ ဆီးထဲကoxalate စွန့်ထုတ်မှုကိုတိုးစေနိုင်ပါတယ်။

အစာအိမ်နံရံအမြှေးရောင်ရမ်းခြင်း(Atrophic gastritis)

ခရမ်ဘယ်ရီဖျော်ရည်ကatrophic gastritis ရှိသူတွေမှာ ဗီတာမင် B12 ကို ခန္ဓာကိုယ်ကစုပ်ယူတဲ့ပမာဏကို တိုးမြင့်စေနိုင်ပါတယ်။

ဆီးချိုသွေးချို

တချို့ခရမ်ဘယ်ရီဖျော်ရည်တွေမှာ အချိုကဲထားတတ်ပါတယ်။ ကိုယ့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင် သကြားအတု ထည့်သွင်းထားတဲ့ ခရမ်ဘယ်ရီထုတ်ကုန်တွေကိုပဲရွေးချယ်ပါ။

အစာအိမ်အက်စစ်ဓါတ်ထွက်ရှိမှုလျော့နည်းစေခြင်း

ခရမ်ဘယ်ရီဖျော်ရည်ဟာ အစာအိမ်အက်စစ်ပမာဏလျော့နည်းနေသူတွေမှာ ဗီတာမင် B12 ကို ခန္ဓာကိုယ်က စုပ်ယူမှုပမာဏ ပိုတိုးစေနိုင်ပါတယ်။

Credit ⏩ Hello Sayarwon

10/11/2023

" #မက္ကဒေးမီးယား/ " ဟာ ကမ္ဘာပေါ်မှာ စားလို့အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အစေ့အဆံ ဖြစ်ပါတယ်။ မြန်မာတွေက ချောကလက်သီး၊ သော့သီးလို့ခေါ်ကြသလို တချို့လည်း ထန်းလျက်သီးလို့လည်း ခေါ်ကြပါတယ်။ စားလို့ကတော့ ဆိမ့်ဆိမ့်လေးနဲ့ အင်မတန်ကောင်းပါတယ်၊ သူ့ရဲ့အရသာဟာ ထူးကဲပြီး ကျန်တဲ့အစေ့အဆံတွေနဲ့ နှိုင်းယှဥ်ဖို့ခက်ပါတယ်။

မက္ကဒေးမီးယားရဲ့ အကျိုးကျေးဇူးတွေကတော့ Omega-3 ပါဝင်တာကြောင့် ကျန်းမာရေးဓာတ်စာအဖြစ် အဓိက စားသုံးနိုင်ပြီး နေ့စဉ် အသီး ရှစ်လုံးမှ အလုံး၂၀ ခန့်စားသုံးပေးမယ်ဆိုရင် အသားအရေနုပျိုတင်းရင်းစေတဲ့အတွက် အသားအရေထိန်းသိမ်းလိုသူ အမျိုးသမီးတွေအတွက် အထူးသင့်တော်တဲ့ ဖြည့်စွက်စာလည်းဖြစ်ပါတယ်၊ ဆိမ့်ဆိမ့်လေးမို့ သူ့ချည်း သရေစာအဖြစ်နဲ့စားလို့ရသလို မနက်စာအနေနဲ့ နွားနို့ ပေါင်မုန့်တို့နဲ့ တွဲဖက်စားသုံးလို့လည်းရပါတယ်။ မြေပဲဆံနဲ့ အခြားအစေ့အဆံတွေလိုပဲ ချက်ပြုတ်ကြော်လှော်စားလို့ရသလို အသုတ်တွေမှာလည်း မြေပဲအစားထိုး အသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ရာမှာလည်း သင့်သလို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ချောကလက်နဲ့ မုန့်ဖုတ်ရာမှာ အစာအနေနဲ့ အသုံးပြုကြပါတယ်။

မက္ကဒေးမီးယားအစေ့ ၁၀၀ ဂရမ်မှာ ကယ်လိုရီ ၇၄၀ ပါဝင်ပြီး သိုင်ရာမင်း (နေ့စဉ်လိုအပ်ချက်၏ ၁၀၄%)၊ ဗီတာမင်ဘီ-၆ (နေ့စဉ်လိုအပ်ချက်၏ ၂၁%)၊ မက်ဂနိစ် (နေ့စဉ်လိုအပ်ချက်၏ ၁၉၅%)၊ သံဓာတ် (နေ့စဉ်လိုအပ်ချက်၏ ၂၈%)၊ မဂ္ဂနီစီယမ် (နေ့စဉ်လိုအပ်ချက်၏ ၃၇%)၊ ဖော့စဖရပ် (နေ့စဉ်လိုအပ်ချက်၏ ၂၇%) အပါအဝင် (နေ့စဉ်လိုအပ်ချက်၏ ၂၀% သို့ ယင်းထက်ကျော်သော) အခြေခံလိုအပ်သော အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ မက္ကာဒေးမီးယားအစေ့များတွင် အဆီဓာတ် ၇၆%၊ အမျှင်ဓာတ် ၉% အပါအဝင် ကာဘိုဟိုက်ဒရိတ် ၁၄%၊ နှင့် ပရိုတိန်း ၈% ပါဝင်တယ်။ အခြားသော စားသုံးနိုင်သည့် အခွံမာသီးများနှင့် နှိုင်းယှဉ်ပါက မက္ကဒေးမီးယားသည် အဆီဓာတ်ကြွယ်ဝပြီး ပရိုတိန်းနည်းပါးသည်ဆိုသော်လည်း ယင်းမှာပါဝင်တဲ့ မိုနိုမပြည့်ဝအဆီများ (စုစုပေါင်းပါဝင်မှုများ၏ ၅၉%) ဟာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေများပြားလှတဲ့ မက္ကဒေးမီးယားကိSwam SwamMixed Nuts & Dried Fruitsမှာ250gm 11000ကျပ်နဲ့ ဝယ်ယူအားပေးနိုင်ပါပြီ
အစာလဲ​ဆေး ​ဆေးလဲအစာဖြစ်တာကြောင့် ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစေ့အဆံများကို နေ့စဉ်စားသုံးကြပါစို့

ဒီတခေါက်တော့ စုံစုံလင်လင်ရွေးချယ်စရာတွေ အများကြီးနဲ့ Healthy Nuts & Dried Fruits လေးတွေ နဲ့ မိဘဆရာများနဲ့သူငယ်ချင်းတွေကိ...
06/11/2023

ဒီတခေါက်တော့ စုံစုံလင်လင်
ရွေးချယ်စရာတွေ အများကြီးနဲ့ Healthy Nuts & Dried Fruits လေးတွေ နဲ့ မိဘဆရာများနဲ့သူငယ်ချင်းတွေကို မိတ်ဆက်ပေးချင်ပါတယ်ရှင့်
ကြွပ်ရွမှု လတ်ဆတ်မှု ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် စားကောင်းတယ်ဆိုတာထက်ပိုတဲ့ ထပ်ခါထပ်ခါ စားချင်တဲ့ အဆာပြေမုန့်လေးတွေအာဟာရပြည့်တဲ့ အစေ့အဆံလေးတွေ
အသီးအစစ်နဲ့ ပြုလုပ်ထားတဲ့ အသီးခြောက်လေးတွေ ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်းထားတဲ့အတွက် စျေးနှုန်းနဲ့ အရည်အသွေးကို ယုံကြည်စိတ်ချစွာ အားလေးလို့ရပါတယ်
Mixed Nuts 200g-10000
Nuts Bar4’s- 3000
Almond 200g-13000
Cranberry 200g- 10000
Mixed Dried Fruits 100g-7000
Hard Strawberries 50g-8000
Soft Strawberries 100g-6000
092225460 —
Kpay Accept🤗😘

Address

60st, 30st Bet 32st
Mandalay
05021

Website

Alerts

Be the first to know and let us send you an email when Swam Swam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share