Healthy Life Happy Life

Healthy Life Happy Life Keep Your Health for a long life…

24/02/2024

💚💚💚 အိမ်ထောင်ရေးသုခနှင့် ရှီးပဒီး💚💚💚

★ အမျိုးသား၊အမျိုးသမီးများ မျိုးပွားမှုပိုင်းဆိုင်ရာစွမ်းဆောင်မှု🌹🌹🌹

💁တရုတ်ပြည်တွင် ရှေးရာစုနှစ်များစွာတည်းက ရှီးပဒီးကို ပန်းသေခြင်းနှင် မြုံခြင်းဖြစ်နေသော အမျိုးသား၊ အမျိုးသမီးများကို ကုသရန် ရိုးရာဆေးပညာတွင် အသုံးပြုခဲ့ကြပါတယ်။

💁‍♀️နည်းပညာဆိုင်ရာ လေ့လာမှုအရ ရှီးပဒီးဟာ လိင်စွမ်းဆောင်မှုကျဆင်းခြင်းကို ကုသရန်ထိရောက်မှုရှိကြောင်း သိရှိရပါတယ်။

👨‍🦰👩‍🦰ရှီးပဒီးကို အသုံးပြုခြင်းကြောင့် လိင်စွမ်းဆောင်ရည်နှင့် အခြားမျိုးပွားမှုကိစ္စများ ပြဿနာရှိတဲ့ လူနာများတွင် လိင်အင်္ဂါဆီသို့ လိင်ဟော်မုန်း စနစ်တကျ တိုက်ရိုက်လှုပ်ရှား သက်ရောက်စေပါတယ်။

🍂🌾ရှီးပဒီးမှ ရနိုင်တဲ့ အမိုင်နို အက်စစ်များ၊ ဗီတာမင်များ၊ ဇင့်နှင့် အခြားဒြပ်ဆင်များက အမျိုးသား၏ သုတ်ကောင်များအရေအတွက် ရှင်သန်နှုန်းကို တိုးပွားစေပါတယ်။

✍️တရုတ်ပြည်တွင် လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လိင်စွမ်းရည်ကျဆင်းနေတဲ့ လူနာပေါင်း ၇၅၆ လောက်ကို သုံးအုပ်စုခွဲပြီးလေ့လာခဲ့ရာ တစ်အုပ်စုကို ရှီးပဒီး တစ်ရက်လျှင် ၃ ဂရမ် ရက် ၄၀ တိတိ သောက်သုံးစေခဲ့ရာ လူနာ ၆၈% မှာ လိင်စွမ်းဆောင်ရည်ကျဆင်းမှုမှ တိုးတက်ကောင်းမွန်လာကြောင်း အစီရင်ခံခဲ့ပါတယ်။ လူနာ ၄၉၂ ဦးကမူ ရှီးပဒီးကို သောက်သုံးခြင်းဖြင့် လိင်စွမ်းဆောင်ရည် တက်ကြွလာစေကြောင်း အစီရင်ခံခဲ့ပါတယ်။

🤷‍♀️မောပန်းလွယ်ခြင်း၊ မြုံခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ခံစားနေရသော လူကြီးပိုင်း အမျိုးသားများ၊ အမျိုးသမီးများကို တစ်ရက် ၃ ဂရမ်နှုန်းဖြင့် ရက် ၄၀ တိတိ သုံးစွဲစေခဲ့ရာ စွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရပါတယ်။

🙆‍♂️အမျိုးသားလူနာများမှာ ရှီးပဒီး သောက်သုံးပြီးနောက်တွင် သုတ်ကောင်ရေတိုးပွားစေခြင်း၊ သုတ်ကောင်သက်တမ်း ကြာမြင့်စေခြင်းနှင့် ပုံစံမမှန်သော သုတ်ကောင်များ ကျဆင်းစေခြင်းတို့ဖြစ်ပေါ်လာသောကြောင့် မြုံနေသော အမျိုးသားအဖြစ်မှ ပြန်ကောင်းသွားသူအရေအတွက်မှာ ၈၀% အထိရှိပါတယ်။

🙋‍♀️သွေးဆုံးခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်းနှင့် မျိုးဥမအောင်ခြင်းဖြစ်ပေါ်နေသည့် အမျိုးသမီးများအဖြစ်မှ ပြန်လည်ကောင်းမွန်လာသူမှာလည်း ၈၇% ကျော်ရှိပါတယ်။

💁💁‍♀️ရှီးပဒီးသည် လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်သော ပြဿနာများအတွက် အမျိုးသားရော အမျိုးသမီးပါ ကုသနိုင်သည့် ကိုယ်ရံတော်ဖြစ်သည်ဟု ညွှန်းဆိုခဲ့ပါတယ်။

👨‍🦳👴အသက်အရွယ်ကြီးရင့်သည့် လူနာများကို မျိုးပွားမှုကိစ္စရပ်တွင် နွေးထွေးစေခြင်း၊ အသက်ရှူနိုင်စွမ်း တိုးတက်စေခြင်း၊ သိသာစွာ အစွမ်းရှိစေခြင်းနှင့် လိင်စွမ်းဆောင်ရည်တိုးတက်စေခြင်းကို ဖြစ်စေသည်။ ရှီးပဒီးသောက်သုံးထားခြင်းကြောင့် လိင်မှုကိစ္စတွင် ငယ်ရွယ်စဉ်ကအတိုင်း မိမိကိုယ်ကို ယုံကြည်မှုရစေသည်ဟု တရုတ်တိုင်းရင်းဆေးပညာကဆိုထားပါတယ်။

ရှီးပဒီးcapsuleမှာ ဘာတွေပါဝင်သလဲဆိုတော့👇

🍄CORDYCEPS acid 7%
🍄Protein 25%
🍄Fat 8.4%
🍄Amino acid 20%
🍄Carbohydrates, fiber,vitamin, tooce element
🍄Zinc, copper
🍄Vitamin A, B ,C, E
🍄Selenium,Magnesium,
Iron,potassium
တို့ အဓိကပါဝင်ထုတ်လုပ်ထားပါတယ်🤗

အိမ်ထောင်ရေးသုခအပြင် ဘာတွေစွမ်းဆောင်နိုင်သေးလဲ👇
🍀ခုခံအားစနစ်မြင့်စေခြင်း
🍀သွေးကြောလည်ပတ်မှုအားကောင်းစေခြင်း
🍀သွေးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးခြင်း
🍀အဆုတ်လုပ်ဆောင်ချက်ကောင်းစေခြင်း
🍀နှလုံးသွေးကြောလုပ်ဆောင်ချက်အားကောင်းစေခြင်း
🍀အသည်း လုပ်ဆောင်ချက်အားကောင်းစေခြင်း
🍀ဆီးချိုသွေးချိုကာကွယ်ပေးခြင်း
🍀ကျောက်ကပ်လုပ်ဆောင်ချက်အားကောင်းစေခြင်း
🍀ကာမစွမ်းရည်မြင့်တတ်စေပြီး အမျိုးသမီးများ မမျိုးဥကိုကောင်းစေခြင်း
🍀အရွယ်တင်နုပျိုစေခြင်း
🍀ကင်ဆာမဖြစ်အောင်ကာကွယ်ပေးခြင်း
🍀နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း
🍀ခြေကုန်လက်ပန်းကျခြင်း ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးခြင်း
🍀ကျီးပေါင်းရောဂါဝေဒနာသည်များအတွက်အထူးသင့်တော်ခြင်း
🍀ဦးနှောက်လုပ်ဆောင်ချက်အားကောင်းစေခြင်း
🍀ခန္ဓာကိုယ် အားအင်ပြည့်ဝစေခြင်း
တို့အတွက် အထူးစွမ်းဆောင်နိုင်သည် 🤗

ဘယ်လိုလူတွေ သောက်သုံးသင့်လဲ 👇

🍀ခုခံအားစနစ်မကောင်းသူ
🍀အအေးမိနှာစေး ခနခနဖြစ်သူ
🍀ဆေးလိပ်သောက်သူများ
🍀နာတာရှည်ချောင်းဆိုးသူများ
🍀ပန်းနာရင်ကျပ်ရောဂါရှိသူ
🍀ကာမစွမ်းရည်ကျဆင်းသူများ
🍀ကင်ဆာဆေးသွင်း ဓာတ်ကင်ကုသနေရသူများ
🍀သွေးတွင်းအဆီများသူများ
🍀ဆီးချိုသွေးချိုဝေဒနာရှင်များ
🍀အသည်းရောင်ရောဂါရှိသူများ
🍀B ပိုး C ပိုးရှိသူများ( သောက်နေရင်းပိုးကောင်ရေ လျော့နည်းပြီး ပျောက်ကင်းသွားနိုင်သည် )
🍀HIV ,AIDS ဝေဒနာရှင်များ
🍀စိတ်ဖိစီးမှုများသူ
🍀အိပ်မပျော်သူများ
🍀ကျောက်ကပ်မကောင်းသူများ
🍀ရေရှည် ကွန်ပြူတာသုံးသူများ
🍀သွေးတိုးရောဂါဝေဒနာရှင်များ
🍀ပန်းသေပန်းညှိုးရောဂါရှိသူများ

သောက်သုံးလို့ရပါတယ်ရှင့်

အဆင့်မြင့်ဓာတ်ခွဲသန့်စင်ထုတ်လုပ်ထားတဲ့
၅၀၀ မီလီဂရမ် x ၁၀၀ လုံးပါ
တစ်ဘူးလျှင် - 72000ကျပ်
မြန်မာ FDA အမှတ် FIR-2017/FF/N-277
* #* #* #* #* #*

Healthy Life Happy Life page chat box (သို့မဟုတ်)
09797999464(viber )သို့ ဆက်သွယ်မှာယူနိုင်ပါပြီရှင့်

🚚 မြန်မာပြည်အနှံ မြို့ပေါင်း ၁၀၀ ကျော်သို့ ပစ္စည်းရောက်ငွေချေ စနစ်ဖြင့်ပို့ဆောင်ပေးနေပါပြီ။

Happy Valentine’s Dayပါရှင့်ပျော်ရွှင်အေးချမ်းစွာ ချစ်ရတဲ့မိသားစုလေးနဲ့ ဖြတ်သန်းနိုင်ကြပါစေရှင့်ချစ်တဲ့သူတွေ ကျန်းမာကြဖိ...
14/02/2024

Happy Valentine’s Dayပါရှင့်

ပျော်ရွှင်အေးချမ်းစွာ ချစ်ရတဲ့မိသားစုလေးနဲ့ ဖြတ်သန်းနိုင်ကြပါစေရှင့်

ချစ်တဲ့သူတွေ ကျန်းမာကြဖို့ Healthy Life Happy Lifeမှ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်ရှင့်❤️❤️❤️

ဘာတွေစားရင် ကိုယ်ဝန်အမြန်ရလွယ်စေလဲ?🤔ခဏခဏမေးကြလို့ ဖြေပေးလိုက်ပါပြီနော်☺️💁🏻‍♀️💁သစ်ကြားသီး💁🏻‍♀️💁နေကြာစေ့💁🏻‍♀️💁စတော်ဘယ်ရီ /...
29/01/2024

ဘာတွေစားရင် ကိုယ်ဝန်အမြန်ရလွယ်စေလဲ?🤔
ခဏခဏမေးကြလို့ ဖြေပေးလိုက်ပါပြီနော်☺️

💁🏻‍♀️💁သစ်ကြားသီး

💁🏻‍♀️💁နေကြာစေ့

💁🏻‍♀️💁စတော်ဘယ်ရီ /ဘလူးဘယ်ရီ

💁🏻‍♀️💁ဒိန်ချဉ် /cheese

💁🏻‍♀️💁ထောဘတ်သီး

💁🏻‍♀️💁ခရမ်းချဉ်သီး

💁🏻‍♀️💁သံပုရာသီး

💁🏻‍♀️💁လိမ္မော်သီး

💁🏻‍♀️💁ကမ္ဗလာသီး

💁🏻‍♀️💁ဂရိတ်ဖရု

💁🏻‍♀️💁ပဲအမျိုးမျိုး

💁🏻‍♀️💁ဆယ်လ်မွန်ငါး

💁🏻‍♀️💁ကြက်ဥ

စားရမှာတွေပဲစားပြီး ဘာမှမရှောင်ရင်လဲအဆင်မပြေနိုင်လို့
ဘာတွေရှောင်သင့်လဲ ဆိုတာသိထားဖို့လဲလိုပါမယ်☺️

💁ရှောင်ရမှာတွေကတော့💁🏻‍♀️

💁🏻‍♀️💁အရက်ဘီယာ

💁🏻‍♀️💁ဆေးလိပ်

💁🏻‍♀️💁ကဖီးဓာတ်များတဲ့ အစားစာ
(ကော်ဖီ လက်ဖက်ရည်)

💁🏻‍♀️💁ချိုလွန်းသောအစားစာ
(ရေခဲမုန့််/ကိတ်မုန့်/မလိုင်)

💁🏻‍♀️💁နီရဲပြီးတာရှည်ခံအောင်ထားတဲ့ အသား

💁🏻‍♀️💁စိုးရိမ် ပူပန်မှု စိတ်ဖိစီးမှု

ဒါတွေကတော့ အမျိုးသားရော အမျိုးသမီးရော နှစ်ယောက်လုံးရှောင်ရပါမယ်နော်🤗

စိတ်ရှည်ရှည်နဲ့ အပေါ်ကပြောတဲ့အစားစာတွေသေချာပါအောင် ဂရုစိုက်ပြီးစားကြမယ်
ရှောင်ရန်လဲသေချာလိုက်နာကြမယ်နော်

❤️Healthy Life Happy Life❤️

ကိုယ်ဝန်ရှိမရှိ ဘယ်လိုစစ်မလဲ ?☺️
29/01/2024

ကိုယ်ဝန်ရှိမရှိ ဘယ်လိုစစ်မလဲ ?☺️

ကိုယ်ဝန်ရှိမှန်း ဘယ်လိုသိနိုင်သလဲ?

ကိုယ်ဝန် ရှိ/မရှိ သိနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ ဆီးစစ်ကြည့်တာပဲဖြစ်ပါတယ်။
ယူစီဂျီ စစ်ဆေးခြင်း (UCG test) လို့ခေါ်ပါတယ်။ ဆီး (Urine) ထဲမှာ (hCG- Human chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ပါ/မပါကို စစ်ဆေးတာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိပြီဆိုရင် hCG ဟော်မုန်းကို သန္ဓေ‌သားလောင်းလေးရဲ့ အချင်းဖြစ်လာမယ့် အစိတ်အပိုင်းက ထုတ်လွှတ်လိုက်တာဖြစ်ပါတယ်။ hCG ကို ဆီးအပြင် သွေးထဲမှာလည်း စစ်ဆေးနိုင်ပါတယ်။ ဆီးစစ်တာက မိမိဘာသာ အိမ်မှာ စစ်ဆေးကြည့်နိုင်လို့ ပိုပြီးအဆင်ပြေလွယ်ကူပါတယ်။ မနက်မိုးလင်းအိပ်ယာအထမှာ စွန့်တဲ့ဆီးကို ခံယူ စစ်ဆေးရပါတယ်။ မအိပ်မီ ရေအများကြီး သောက်မထားဖို့ လိုအပ်ပါတယ်။ ရေသောက်များလို့ ဆီးသွားတဲ့ ပမာဏများရင် hCG ပါဝင်မှုရာခိုင်နှုန်း နည်းသွားလို့ အဖြေမပေါ်ပဲနေတတ်ပါတယ်။ အဖြေ နှစ်ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ယခုလက်ရှိ ဈေးကွက်အတွင်းဝယ်လို့ရတဲ့ ဆီးစစ်ကိရိယာတွေမှာ လုပ်ဆောင်ပုံနည်းလမ်းကို မြန်မာစာနဲ့ ရေးသားပေးထားလို့ အမျိုးသမီးတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

စောစောသတိထားမိနိုင်တဲ့ အဖြစ်များသော လက္ခဏာတွေကတော့…

• ရာသီမလာခြင်း/ရာသီထိမ်ခြင်း
မိမိပုံမှန် ရာသီလာရမယ့်ရက်မှာ မလာဘဲ တစ်ပတ်ထက်ပိုပြီး နောက်ကျနေမယ်ဆိုရင် ကိုယ်ဝန်ရှိနေ နိုင်ပါတယ်။ နဂိုကထဲက ရာသီလာတာမမှန်တဲ့သူတွေမှာ ဒီလက္ခဏာက မသေချာနိုင်ပါဘူး။

• ရင်သား နာကျင်ခြင်း
ကိုယ်ဝန်ရှိစမှာ ဖြစ်လေ့ရှိတဲ့ ဟော်မုန်းပြောင်းလဲခြင်းတွေကြောင့် ရင်သားက အထိမခံနိုင်တာ၊ နာတာတွေ ဖြစ်လေ့ရှိပါတယ်။ ရင်သားအနည်းငယ်ကြီးလာသယောင် ထင်ရတတ်ပါတယ်။ အချို့အမျိုးသမီးတွေမှာ ရာသီလာစဉ် အဆိုပါလက္ခဏာတွေ ပေါ်လာတတ်တာကြောင့် ကိုယ်ဝန်ရှိပြီလို့ တပ်အပ်ပြောလို့မရတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

• ပျို့ခြင်း
အများစုက Morning sickness လို့‌ခေါ်ကြတဲ့ ပျို့အန်ခြင်းပါ။ ရုပ်ရှင်တွေထဲ ထည့်ရိုက်ပြကြလေ့ရှိလို့ လူတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပွားမှုနဲ့ ပြင်းထန်မှု မတူညီကြပါဘူး။ ဖြစ်ပွားချိန်ကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။

• ဆီးရွှင်ခြင်း
ကိုယ်ဝန်ရှိပြီဆို ပုံမှန်ထက်ပိုပြီး ဆီးသွားများလေ့ရှိပါတယ်။ မကြာခဏဆီးသွားရလေ့ရှိပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာ ခန္ဓာကိုယ်အတွင်း သွေးရည်ပမာဏ များလာပါတယ်။ ထို့ကြောင့် ကျောက်ကပ်က ရေစွန့်ထုတ်တာများလာပြီး ဆီးသွားများရခြင်းဖြစ်ပါတယ်။

• ပင်ပန်းနွမ်းနယ်ခြင်း
အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အလိုလိုနေရင်း အိပ်ချင်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ပထမ ၃ လအတွင်း ဖြစ်ပွားလေ့ရှိသော အခြားလက္ခဏာများ…

• စိတ်လှုပ်ရှားလွယ်ခြင်း
ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းပြောင်းလဲမှုများကြောင့် စိတ်လှုပ်ရှားလွယ်ပြီး ငိုလွယ်၊ ရယ်လွယ် ဖြစ်တတ်ပါတယ်။ Mood swing တယ်လို့ ပြောကြပါတယ်။

• ကိုယ်ခန္ဓာ ဖောင်းတင်းသည်ဟု ခံစားရခြင်း
Bloating ဖြစ်တယ်လို့ခေါ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် ကိုယ်ခန္ဓာဖောင်းတင်းနေတယ်လို့ ခံစားရတတ်ပါတယ်။ သာမန် ရာသီလာခါနီးမှာလည်း ဖြစ်လေ့ရှိပါတယ်။

• သွေး တစ်စက်တစ်လေ ဆင်းခြင်း
ကိုယ်ဝန်ရှိစမှာ သန္ဓေသားက သားအိမ်နံရံကို တွယ်ကပ်တဲ့အခါ သွေးအနည်းငယ်ဆင်းလေ့ရှိပါတယ်။ Implantation bleeding လို့ခေါ်ပါတယ်။ ကိုယ်ဝန်စရှိပြီး ၁၀ ရက်က ၁၄ ရက်အတွင်း ဖြစ်လေ့ရှိပါတယ်။ လူတိုင်းမဖြစ်တတ်ပါဘူး။ အကယ်၍ သွေးဆင်းများခဲ့လို့ရှိရင် သွားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

• ဗိုက်နာခြင်း
အချို့သောအမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိစ သားအိမ်ညှစ်ခြင်းကြောင့် ဗိုက်နာတတ်ပါတယ်။ ရာသီလာစဉ် နာကျင်ခြင်းနဲ့ ဆင်တူပါတယ်။

• ဝမ်းချုပ်ခြင်း
ခန္ခာကိုယ်အတွင်း ဟော်မုန်းပြောင်းလဲမှုတွေက အူတွေရဲ့လှုပ်ရှားမှုကို လျော့နည်းစေလို့ ဝမ်းချုပ်လေ့ ရှိပါတယ်။

• အစားအသောက်ပျက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် အနံ့၊ အရသာတွေ ပြောင်းသွားတတ်ပါတယ်။ အချို့သော အနံ့တွေကို မခံနိုင်တော့တာ၊ အရသာပြောင်းပြီး မစားချင်မသောက်ချင်ဖြစ်တာမျိုးတွေ ကြုံရလေ့ရှိပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

References
https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/symptoms-of-pregnancy/art-20043853
https://www.healthline.com/health/hcg-in-urine

Merry Christmas 😇ပျော်ရွှင်ဖွယ် Christmas နေ့လေးဖြစ်ကြပါစေမေမေလောင်းတို့ လိုချင်နေသော Baby လေးလဲ အမြန်ဆုံးရကြပါစေလို့ ဆု...
25/12/2023

Merry Christmas 😇

ပျော်ရွှင်ဖွယ် Christmas နေ့လေးဖြစ်ကြပါစေ
မေမေလောင်းတို့ လိုချင်နေသော Baby လေးလဲ အမြန်ဆုံးရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်🙏🙏🙏

Healthy Life Happy Life
🌺🌺🌺🌺🌺🌺🌺🌺

Sweet December😍😍😍ဖြည့်စွက်စာတစ်တွဲနဲ့ အောင်မြင်သွားပြန်ပြီ☺️ကိုယ်ဝန်ရဖူးတယ် တစ်လကျော်နဲ့ ပျက်သွားပြီး ပြန်မရသေးလို့ပါတဲ့...
15/12/2023

Sweet December😍😍😍

ဖြည့်စွက်စာတစ်တွဲနဲ့ အောင်မြင်သွားပြန်ပြီ☺️

ကိုယ်ဝန်ရဖူးတယ် တစ်လကျော်နဲ့ ပျက်သွားပြီး ပြန်မရသေးလို့ပါတဲ့

အမျိုးသား 33နှစ်
အမျိုးသမီး 28နှစ်

ကိုယ်ဝန်ရဖို့အတွက်ရော ကိုယ်ဝန်မြဲဖို့အတွက်ရော သားအိမ်အားပြည့်နေဖို့က အဓိကမို့

လိုအပ်တဲ့ဖြည့်စွက်ဆေးညွှန်းပေးလိုက်တယ်

ဖြည့်စွက်ဆေးတောင် ကုန်အောင်မသောက်ရသေးဘူး

ရသွားပြီတဲ့လား 🤩

ကိုယ်ဝန်အားဆေးအနေဖြင့်ဆက်သောက်ပေးလို့ရတော့
Babyလေးအတွက် စိတ်ချလို့ရပြီ

ဖေ​ဖေမေမေအတွက်
ထပ်တူဝမ်းသာရပါသော 😘

မေမေလောင်းနဲ့babyလေး ကျန်းမာစွာနဲ့ ကိုယ်ဝန်ကာလကို ဖြတ်သန်းနိုင်ပါစေလို့ Healthy Life Happy Lifeမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်☺️☺️☺️

pcosကြောင့် သားအိမ်နံရံထူနေလို့တဲ့ မမရေ 🥲  အိမ်ထောင်ကျစတည်းက ခုထိ တားဆေးလဲ မထိုး မသောက်ခဲ့ပါဘူး ရာသီလဲ လတိုင်းမှန်နေတာပဲ...
01/11/2023

pcosကြောင့် သားအိမ်နံရံထူနေလို့တဲ့ မမရေ 🥲

အိမ်ထောင်ကျစတည်းက ခုထိ တားဆေးလဲ မထိုး မသောက်ခဲ့ပါဘူး ရာသီလဲ လတိုင်းမှန်နေတာပဲ ကလေးကျ မရသေးလို့😒
OGပြတယ် မျိုးဥကြွေဆေးတွေပေးတယ် သောက်တာ 3လရှိပြီ မထူးတာနဲ့ မန္တလေးဆင်းပြီး ဆေးစစ်တော့မှ pcosလို့ပြောတယ်🥺ဆေးပေးခဲ့ပေမဲ့ ခုထိ မထူးခြားသေးဘူး😌

အိမ်ထောင်သက်က 10လ
အမျိုးသား33
ညီမက 28

ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦး ဆိုတော့

💁🏻‍♀️အရင်ဆုံးကတော့ စိတ်ရှည်ရပါမယ်☺️
💁🏻‍♀️ဖြစ်တဲ့ရောဂါအကြောင်းနားလည်ဖို့လိုပါမယ်
💁🏻‍♀️လိုအပ်တဲ့ ဆောင်ရန် ရှောင်ရန် သေချာလိုက်နာရပါမယ်
💁🏻‍♀️စိတ်ဖိစီးမှုလျှော့ချရပါမယ် စိတ်ကိုပေါ့ပေါ့ပါးပါးနေပါ
💁🏻‍♀️ဆေးနဲ့ ဖြည့်စွက်ဆေးပုံမှန်သောက်ရပါမယ်
💁🏻‍♀️တွက်ပေးထားတဲ့အတူနေရမဲ့ရက်တွင်းနေရန်

စသဖြင့် မှာတမ်းခြွေအကြံပေးပြီး
ဖြည့်စွက်စာနဲ့ တွဲဖက်သောက်ဖို့ ညွှန်းပေးလ်ုက်ပါတယ်
ပထမတစ်တွဲမှာတော့ မျိုးဥ ကောင်းကောင်းမကြွေပဲ ဒုတိယလမှာတော့ ရာသီလာတဲ့ရက်တောင် မကျော်သေးဘူး နှစ်ကြောင်းထင်းထင်းပြသွားပါပြီရှင့်😍

ဘေဘီလေးကမနက်စောစောsurpriseလာတိုက်သွားပါတယ်ရှင့်😘

မေမေလောင်းလေးနဲ့ ထပ်တူပျော်ရပါတယ်
ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ကာလကို ဖြတ်သန်းနိုင်ပါစေနော်😘😘😘

Healthy Life Happy Life
ရင်သွေးရရေး ဖြည့်စွက်ပေး
ကျန်းမာရေး ဖြည့်စွက်စာ
09269999892
09797999464(viber)

ပျော်ရွှင်ဖွယ် သီတင်းကျွတ်လေးဖြစ်ကြပါစေရှင့်🥰🥰🥰  ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး 😇ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ😇  သောက...
29/10/2023

ပျော်ရွှင်ဖွယ် သီတင်းကျွတ်လေးဖြစ်ကြပါစေရှင့်🥰🥰🥰

ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး 😇
ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ😇
သောကခပ်သိမ်း ကင်းဝေးကြပါစေ😇
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ😇

လိုအင်ဆန္ဒများ အမြန်ဆုံးပြည့်ဝကြပါစေ
🙏Baby လေးရချင်သူများလဲ အမြန်ဆုံး ရကြပါစေလို့ Healthy Life Happy Lifeမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

08/10/2023

ဖေဖေဖြစ်မဲ့သူရဲ့ ပီတိ🥹🥹🥹
သူတို့နဲ့ ထပ်တူပျော်ရ🥹
ဒို့မေမေလောင်းလေးတို့ရေ ဇွဲမလျှော့ကြနဲ့နော်💪💪💪
ဒီလိုလေး တူတူပျော်ကြမယ်😍❤️

😌သားအိမ်နံရံထူခြင်း🥴ခုတလော ကလေးမရနိုင်တဲ့စုံတွဲကြား ဒီပြသနာက ခပ်စိပ်စိပ်တွေ့လာရတယ်😌  အိမ်ထောင်ကျတာ 10လရှိပြီဖြစ်တဲ့ သူငယ...
25/09/2023

😌သားအိမ်နံရံထူခြင်း🥴

ခုတလော ကလေးမရနိုင်တဲ့စုံတွဲကြား ဒီပြသနာက ခပ်စိပ်စိပ်တွေ့လာရတယ်😌

အိမ်ထောင်ကျတာ 10လရှိပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ညီမလေး စကားစပ်ကြည့်မိတော့မှ ကလေးမရသေးကြောင်းသိရတော့တယ်

အသက်က အမျိုးသမီး 29 အမျိုးသား29နှစ်
အိမ်ထောင်သက်လဲ နုတယ် အသက်လဲ နှစ်ယောက်လုံးငယ်သေးတယ်

ဆေးမှတ်တမ်းကြည့်လိုက်တော့ သားအိမ်နံရံထူနေတာ 😌
OGဘာပြောလဲလို့မေးတော့ ဆေးသောက်ကြည့်
ရရင်လဲ ရသွားနိုင်တယ်လို့ပဲပြောတာတဲ့🥴
သူတို့ပေးတဲ့ဆေးလဲ သောက်ကြည့်ပြီးပြီ ခုထိ မထူးသေးဘူးအစ်မရေတဲ့😌

သားအိမ်နံရံထူတဲ့သူက အဓိက ဟော်မုန်းမမှန်တာဖြစ်လို့ အစားသောက်နဲ့ အနေထိုင်က အဓိကပါ ကျန်တာက ဖြည့်စွက်ဆေးနဲ့ ကူပေးလိုက်ရင် OKပြီ အချိန်ပေးရမယ် စိတ်ရှည်ရမယ်လို့ပြောလိုက်သေးတယ်

ဖြည့်စွက်ဆေးနဲ့ အစားသောက်သေချာလိုက်နာလိုက်တာ ဖြည့်စွက်ဆေးတစ်တွဲ မကုန်သေးဘူးခုတော့ အောင်မြင်သွားပြီ❤️🤩

Pcos က ကိုယ်ဝန်3လထိ riskရှိနေနိုင်လို့ ဖြည့်စွက်ဆေး ဆက်သောက်ခိုင်းထားတယ်☺️

ကလေးနဲ့မေမေ ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ကာလကို ဖြတ်သန်းနိုင်ပါစေရှင့်😘🥰

ရေးမြို့က မမတော့ ဖြည့်စွက်စာတစ်တွဲတည်းနဲ့လိုချင်တဲ့ babyလေးရောက်လာပြီ🤩အိမ်ထောင်သက် 1နှစ်ခွဲရှိပြီ တားဆေးလဲ မသုံးပဲ မရလို...
16/08/2023

ရေးမြို့က မမတော့ ဖြည့်စွက်စာတစ်တွဲတည်းနဲ့
လိုချင်တဲ့ babyလေးရောက်လာပြီ🤩

အိမ်ထောင်သက် 1နှစ်ခွဲရှိပြီ တားဆေးလဲ မသုံးပဲ မရလို့ပါတဲ့

အရင်က သားအိမ်ရောင်တာ ရေအိတ်တည်တာဖြစ်ဖူးပေမဲ့ ခုစစ်ကြည့်တော့ အကုန်ကောင်းနေတယ်
အမျိုးသားရော သူရော စစ်ထားတဲ့အဖြေ OKတယ်

👱🏻‍♂️အမျိုးသားအသက် 41
👩🏻‍🦰အမျိုးသမီး 30ကျော်

ရာသီလာတာ မမှန်ဘူး ရာသီလာတာလဲ နည်းတယ်
Baby လေးလဲ ရချင်တယ်
ဖြည့်စွက်စာသောက်ကြည့်ချင်တယ်ဆိုလို့

တစ်တွဲသောက်ကြည့်ဖို့ ညွှန်းလိုက်တယ်
တစ်တွဲကုန်သွားတော့ ရာသီပြန်လာမလာစောင့်ကြည့်ပြီးထပ်သောက်မို့ပါဆို 🥹

ဒီနေ့ကျ ရာသီကျော်နှစ်ရက်ရှိသေး ရသွားပြီတဲ့လေ😘

အပျော်တွေကူးစက်သွားတာပဲ မင်မင်လဲ ပီတိဖြစ်ရ😘

မေမေရော babyလေးရော ကျန်းမာပါစေရှင့်♥️
Healthy Life Happy Lifeမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်😇

PCOSလို့ပြောလိုက်ရင် ရာသီမမှန်တာရာသီထိန်တာက ထိပ်ဆုံးကရာသီမမှန်တော့ ကိုယ်ဝန်ပဲ ကပ်သွားသလား ခါတိုင်းလို ရာသီထိန်တာလား မသဲက...
08/06/2023

PCOSလို့ပြောလိုက်ရင်

ရာသီမမှန်တာရာသီထိန်တာက ထိပ်ဆုံးက

ရာသီမမှန်တော့ ကိုယ်ဝန်ပဲ ကပ်သွားသလား ခါတိုင်းလို ရာသီထိန်တာလား မသဲကွဲ

ဆီးစစ်ကြည့်တော့လဲ နှစ်ကြောင်းမပေါ်ရင် ထပ်မစစ်ချင်တော့ဘူး စိတ်ဓာတ်ကျရလို့😒

ကိုယ်ဝန်ရဖို့ ကြိုးစားတာလဲ စိတ်တော်တော်ရှည်ရသလို

ကိုယ်ဝန်ကပ်ပြန်တော့လဲ 2လ3လဆို စိတ်မချရဘူး အဖတ်မတင်တဲ့ပြသနာကလဲရှိနေသေးတယ်😌

ဒါကတော့
ဒီနေ့ရောက်လာသော surprised လေး😍ကိုယ့်ရဲ့ဝမ်းကွဲယောင်းမ

အိမ််ထောင်သက်5နှစ်
တားဆေးဖြတ်ထားတာ 2နှစ်ရှိပြီ
ကိုယ်ဝန်မရလို့တဲ့

ရာသီလဲမမှန်ဘူး
အရင်က စစ်ထားတဲ့ အာထရာဆောင်းကြည့်တော့လဲ
နှစ်ယောက်လုံးကောင်းတယ်ဆိုတော့ ဖြည့်စွက်ဆေးသောက်ဖို့ ညွှန်းဖြစ်တယ်

နှစ်လသောက်ကြည့်ပြီး မထူးသေးလို့
Mdyသွားတုန်း အာထရာဆောင်းထပ်စစ်ကြည့်မှ PCOSဖြစ်မှန်းသိရတယ်

စားသောက်နေထိုင်မှုပြောင်းခိုင်းတယ် လေ့ကျင့်ခန်းလုပ်ခိုင်းတယ် ဖြည့်စွက်စာ ထပ်သောက်တယ်

နောက်လကျ ရာသီမလာလို့
စစ်ကြည့်တော့လဲ မပေါ်လို့ 😌

ရင်သားနာတယ်တင်းတယ်လို့တော့ပြောပေမဲ့ကိုယ်ဝန်မဟုတ်ပဲ ရာသီနောက်ကျတယ်လို့ပဲ ကိုယ်ကထင်လိုက်တာ (ခါတိုင်းလဲ နှစ်လမှ တစ်ခါလာဆိုတော့)

ဆေးခန်းသွားပြတော့ ဟော်မုန်းထိန်းဖို့ ဆေးပေးလိုက်တယ် နှစ်ရက်3ရက်သောက်ပြီး မူးလို့တဲ့ (တကယ်က ကိုယ်ဝန်ကြောင့်ဖြစ်တာ)ဟော်မုန်းဆေးရော သောက်နေကျ ဖြည့်စွက်ဆေးရော ရပ်ထားလိုက်တယ်

ကိုယ်လက်လှုပ်ရှားမှုလဲ မလုပ်ချင်တော့ဘူး အစားလဲ မရှောင်ချင်တော့ဘူးဆိုပြီး ရချင်ရ မရချင်နေတဲ့😅

အဲ့ကတည်းက ကိုယ့်လဲ လာမမေးတော့ဘူး
ကိုယ်လဲ ဆက်မပြောဖြစ်တော့ဘူး😌

ဒီနေ့ကျတော့ နေမကောင်းလို့ ဆေးထိုးလို့ရလား ကိုယ်ဝန်က 5လကျော်ပြီတဲ့ အစ်မကိုပြောဖို့မေ့သွားလို့ဆိုလား🫢🙄

ရာသီမလာတာ 2လကျော်3လပြည့်ခါနီးမှ စစ်ကြည့်မိတာတဲ့အဲ့ကျမှသိရတာတဲ့ 🤧

ကိုယ့်မှာတော့ ကိုယ်ဝန်ကိစ္စ မေးရင် စိတ်မကောင်းဖြစ်မှာစိုးလို့ မမေးဖြစ်ဘူး🥹

ခုလိုလေး surprised လာတိုက်တာကျေးဇူးပါရှန်🤧😅🥰

ကလေးလေးရော မေမေရော ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ကာလကို ဖြတ်သန်းနိုင်ပါစေနော် 🥰😍

Address

33 Street , 78 Road & 79 Rd
Mandalay

Telephone

09402623946

Website

Alerts

Be the first to know and let us send you an email when Healthy Life Happy Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share