City Hospital

City Hospital The official City Hospital, Mandalay page - Promising Excellence in Healthcare Services. High quality healthcare & 24hr services

💓 Vital Signs ကို ဘာကြောင့် ပုံမှန်တိုင်းဖို့ လိုအပ်တာလဲ ?လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေလား? ကိုယ့်ရဲ့ ကျ...
28/05/2026

💓 Vital Signs ကို ဘာကြောင့် ပုံမှန်တိုင်းဖို့ လိုအပ်တာလဲ ?

လူ့ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေလား? ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာရဲ့လား?
ဆိုတာကို သိရှိရဖို့အတွက် Vital Signs တွေကို တိုင်းတာကြပါတယ်။ Vital signs ဆိုတာ ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး လုပ်ဆောင်ချက်တွေကို တိုင်းတာခြင်း ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် မရှိမဖြစ် သိထားရမယ့် အဓိကကျတဲ့ Vital Signs (၄) မျိုးရှိပါတယ်။

ခန္ဓာကိုယ် အပူချိန် (Body Temperature) 🌡️

ခန္ဓာကိုယ်ရဲ့ အပူအအေး မျှတမှုကို ပြသပေးတဲ့ လက္ခဏာဖြစ်ပါတယ်။
ပုံမှန်အပူချိန်: 98.6°F (သို့မဟုတ်) 37°C ဝန်းကျင် ရှိရပါမယ်။

သွေးခုန်နှုန်း (Pulse Rate) 🫀

နှလုံးက သွေးတွေကို ဘယ်လောက်အကြိမ်ရေ ညှစ်ထုတ်ပေးနေလဲဆိုတာကို သိနိုင်ပြီး များသောအားဖြင့် လက်ကောက်ဝတ် သွေးကြောကို စမ်းသပ်တိုင်းတာကြပါတယ်။
ပုံမှန်နှုန်း: (၁) မိနစ်မှာ အချက် (၆၀) မှ (၁၀၀) အတွင်း ရှိရပါမယ်။

အသက်ရှူနှုန်း (Respiratory Rate) 🫁
အဆုတ်ရဲ့လုပ်ဆောင်ချက်ကို သိရှိနိုင်ဖို့ (၁)မိနစ်အတွင်း အသက်ရှူတဲ့ အကြိမ်ရေကို တိုင်းတာခြင်း ဖြစ်ပါတယ်။
ပုံမှန်နှုန်း: အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အသက်ရှူနှုန်းဟာ (၁)မိနစ်မှာ (၁၂) မှ (၁၆) ကြိမ် ရှိရပါမယ်။

သွေးပေါင်ချိန် (Blood Pressure) 🩸
သွေးလှည့်ပတ်မှုစနစ်ရဲ့ဖိအားကို တိုင်းတာခြင်းဖြစ်ပြီး သွေးတိုး/သွေးကျ ရောဂါတွေကို သိရှိနိုင်ပါတယ်။
ပုံမှန် သွေးပေါင်ချိန်: အပေါ်သွေး 120 mmHg နှင့် အောက်သွေး 80 mmHg (120/80 mmHg) ရှိရပါမယ်။

“သွေးတိုးရောဂါ" ဟာ ထင်ရှားတဲ့ လက္ခဏာတွေ ပြသလေ့မရှိဘဲ ခန္ဓာကိုယ်ကို တဖြည်းဖြည်း အန္တရာယ်ပေးတတ်တာကြောင့် မိမိမှာ သွေးတိုးရောဂါ ရှိ၊ မရှိကို ပုံမှန် တိုင်းတာစစ်ဆေးဖို့ လိုအပ်ပါတယ်နော်…

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

💼 Job Vacancy Announcement 📣🏥 မန္တလေးမြို့“မြို့တော်ဆေးရုံ”နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်...
27/05/2026

💼 Job Vacancy Announcement 📣

🏥 မန္တလေးမြို့“မြို့တော်ဆေးရုံ”နှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိနေပါတယ်။

ဆက်သွယ်ရန်

“City Hospital HR Department”

☎️ Ph (Viber) - 09 797 575 599
📧 Email - [email protected]

📍 သိပ္ပံလမ်း (၁၀၁)လမ်း၊ ၆၅လမ်းနှင့် ၆၆လမ်းကြား၊ မြို့တော်ဆေးရုံ၊ မန္တလေးမြို့။

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ 🩺👩‍⚕️ မိဘပြည်သူတို့ရဲ့ကျန်းမာရေးအခြေအနေတိုင်းအတွက် “မြိ...
25/05/2026

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများ 🩺

👩‍⚕️ မိဘပြည်သူတို့ရဲ့ကျန်းမာရေးအခြေအနေတိုင်းအတွက် “မြို့တော်ဆေးရုံ”၏ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် နေ့စဥ်တိုင်ပင်ဆွေး‌နွေးပြသနိုင်ပါပြီ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

🪴 အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနား 🙏ယနေ့ (၂၂.၅.၂၀၂၆) သောကြာနေ့တွင် မေတ္တာဝါဒီ ဘဒ္ဒန္တဆရာတော် ဥိီးကောဝ...
22/05/2026

🪴 အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း မင်္ဂလာအခမ်းအနား 🙏

ယနေ့ (၂၂.၅.၂၀၂၆) သောကြာနေ့တွင်
မေတ္တာဝါဒီ ဘဒ္ဒန္တဆရာတော် ဥိီးကောဝိဒ (တောင်ပုလု ကျောက်ဆင်တောရဆရာတော်)မှ အန္တရာယ်ကင်း ဘေးရှင်း၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန် “မြို့တော်ဆေးရုံ”၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခဲ့ပါတယ်။

မိဘပြည်သူများအားလုံးလည်း ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ်ကင်း၍ ကျန်းမာချမ်းသာကြပါစေကြောင်း “မြို့တော်ဆေးရုံ” မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ 🙏

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော အထွေထွေအထူးကုဆရာဝန်ကြီးများ 🩺👩‍⚕️ မိဘပြည်သူတို့ရဲ့ကျန်းမာရေးအခြေအနေတိုင်းအတွက် “မြိ...
20/05/2026

🏥 “မြို့တော်ဆေးရုံ” တွင် ပြသနိုင်သော အထွေထွေအထူးကုဆရာဝန်ကြီးများ 🩺

👩‍⚕️ မိဘပြည်သူတို့ရဲ့ကျန်းမာရေးအခြေအနေတိုင်းအတွက် “မြို့တော်ဆေးရုံ”၏ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် နေ့စဥ်တိုင်ပင်ဆွေး‌နွေးပြသနိုင်ပါပြီ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

သင့် နှလုံးသားလေး စည်းချက်မှန်ပါစေ…🫀နှလုံးစည်းချက် မမှန်ခြင်း (ဒါမှမဟုတ်) နှလုံးခုန်နှုန်းမမှန်ခြင်းဆိုတာ နှလုံးရောဂါတစ်...
14/05/2026

သင့် နှလုံးသားလေး စည်းချက်မှန်ပါစေ…

🫀နှလုံးစည်းချက် မမှန်ခြင်း (ဒါမှမဟုတ်) နှလုံးခုန်နှုန်းမမှန်ခြင်းဆိုတာ နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ခုန်သင့်တဲ့အချိန်ထက် စောခုန်ခြင်း၊ ခုန်ချင်သလိုခုန်ခြင်း (Fibrillation) တို့ ပါဝင်ပါတယ်။

👉 အရွယ်ရောက်ပြီး လူတစ်ယောက်က တစ်မိနစ်ကို နှလုံးခုန်နှုန်း (၆၀) ကနေ (၁၀၀) ကြားရှိပါတယ်။ ဒါက ယေဘုယျအားဖြင့် ကျန်းမာနေတဲ့ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းဖြစ်ပြီး

- အသက်အရွယ်
- ဆေးလိပ် သောက်မသောက်
- နှလုံးရောဂါ ရှိတာ၊ မရှိတာ
- စိတ်ခံစားမှုအခြေအနေ
- သောက်နေတဲ့ ဆေးဝါးများပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

🫀နှလုံးစည်းချက်မမှန်ရင် ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ်ခံစားနိုင်လဲ ?

နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေက
* နှလုံခုန်နှေးခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် ရောက်နေပါမယ်။
* ရင်တုန်ခြင်း – နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၁၀၀ အထက် ရောက်နေပါမယ်။
* ရင်ထဲ တလှပ်လှပ်ဖြစ်နေခြင်း
* ရင်ဘတ်အောင့်ခြင်း
* အသက်ရှူမဝခြင်း
* မူးမေ့ချင်သလိုဖြစ်ခြင်း သို့မဟုတ် ခေါင်မူးခြင်း
* ချွေးစေးများထွက်ခြင်း
* ရင်ဘတ်ထဲတွင် တဒုန်းဒုန်းနဲ့ ဆောင့်နေသလိုခံစားရခြင်း
* ရင်ထဲမွန်းကျပ်နေခြင်း
* အားနည်းခြင်း သို့ မောပန်းလွယ်ခြင်း (အလွန်ပင်ပန်းသလို ခံစားရခြင်း) တို့ ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်ရဲ့ နှလုံးခုန်နှုန်းက ရှိသင့်တာထက် နည်းလွန်း၊ များလွန်းနေရင် သက်ဆိုင်ရာ နှလုံးအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။

“မြို့တော်ဆေးရုံ” မှာဆိုရင် နှလုံးစည်းချက်မမှန်ခြင်း (Arrhythmia) ကဲ့သို့ ရောဂါလက္ခဏာများ ခံစားနေရပါက ဝါရင့်အတွေ့အကြုံရှိ နှလုံးအထူးကုဆရာဝန်ကြီးများနှင့်နေ့စဉ်လာရောက်ပြသနိုင်ပါပြီ။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

🎉 International Nurses Day 2026 အမှတ်တရပုံရိပ်များ ✨ 🌎 အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မြိ...
12/05/2026

🎉 International Nurses Day 2026 အမှတ်တရပုံရိပ်များ ✨

🌎 အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မြို့တော်ဆေးရုံ” မှ International Nurses Day Event 2026 ပြုလုပ်ကျင်းပခဲ့ပုံများကို အမှတ်တရမှတ်တမ်းတင်လိုက်ရပါတယ်။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

📣 အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ | International Nurses Day 2026 🌎 🤍 ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အရေးပါသော အခန်...
12/05/2026

📣 အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ | International Nurses Day 2026 🌎

🤍 ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေတဲ့ သူနာပြုများအားလုံးကို လေးစားဂုဏ်ပြုသောအားဖြင့် မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day) အဖြစ် ကမ္ဘာတစ်ဝှမ်းပြုလုပ်ကျင်းပကြပါတယ်။

🌎 ယခုနှစ် International Nurses Day 2026 ရဲ့ဆောင်ပုဒ်ကတော့ "Our Nurses. Our Future. Empowered Nurses Save Lives” ဖြစ်ပါတယ်။ ဆောင်ပုဒ်ရဲ့ အဓိပ္ပါယ်ကတော့ သူနာပြုများ၏ အခန်းကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာရေးရလဒ်များ ပိုမိုကောင်းမွန်လာစေပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်လာမည်ဖြစ်ကြောင်း အသိပညာပေးထားခြင်း ဖြစ်ပါတယ်။

🏥 “မြို့တော်ဆေးရုံ”တွင် တာဝန်ထမ်းဆောင်နေသော သူနာပြု ဆရာ၊ ဆရာမများသာမက ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သူနာပြုဆရာ၊ ဆရာမများ အားလုံးရဲ့ကြိုးစားအနွံတာခံမှုတွေ၊ ကြီးမားတဲ့ စာနာစိတ်နဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေကို “မြို့တော်ဆေးရုံ” မှ International Nurses Day နဲ့ အတူ ချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။ 🙏

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

12/05/2026

🌎 အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day 2026) အထိမ်းအမှတ်အနေဖြင့် ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ သူနာပြုဆရာ၊ ဆရာမများအားလုံးရဲ့ကြိုးစားအနွံတာခံမှုတွေ၊ ကြီးမားတဲ့ စာနာစိတ်နဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေကို “မြို့တော်ဆေးရုံ” မှ ဒီ Video လေးနဲ့အတူ ချီးမွမ်းဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ 🙏🙏🙏

🖐️ ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့ | World Hand Hygiene Day 2026 🌎 👉 ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၅)ရက်နေ့က “ကမ္ဘာ့လက်သန့်...
05/05/2026

🖐️ ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့ | World Hand Hygiene Day 2026 🌎

👉 ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ (၅)ရက်နေ့က “ကမ္ဘာ့လက်သန့်ရှင်းရေးအထိမ်းအမှတ်နေ့” (World Hand Hygiene Day) ဖြစ်ပြီး လက်သန့်ရှင်းရေးရဲ့အရေးကြီးပုံအကြောင်း အသိပညာတိုးပွါးစေရန် ကမ္ဘာတစ်ဝှမ်း နှစ်စဉ်ပြုလုပ်ကျင်းပကြခြင်း ဖြစ်ပါတယ်။

🌎 ယခုနှစ် World Hand Hygiene Day 2026 ရဲ့ဆောင်ပုဒ်ကတော့ “Action saves lives” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ လက်ဆေးခြင်းဟူသော လက်တွေ့လုပ်ဆောင်ချက်ဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

✨ ဒါကြောင့် သေးငယ်တဲ့ အလေ့အထတစ်ခုဖြစ်တဲ့ လက်ဆေးခြင်းက မိမိကိုယ်တိုင်သာမက… မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့်

“စနစ်တကျလက်ဆေးကာ
အသက်ပေါင်းများစွာ ကာကွယ်ပါ” လို့ “မြို့တော်ဆေးရုံ” မှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

“မြို့တော်ဆေးရုံ”

🏥 သိပ္ပံလမ်း (၁၀၁) လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မန္တလေးမြို့။

☎️ 09 880 441 288

Address

Theikpan (101) Road, Between 65th & 66th Streets
Mandalay
05032

Alerts

Be the first to know and let us send you an email when City Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to City Hospital:

Share