Beacon Healthcare Alliance Vocational Training Centre

Beacon Healthcare Alliance Vocational Training Centre healthcare alliance vocational training

22/04/2026

မေလ ၄ ရက်၊ တနင်္လာနေ့ သင်တန်းများစပါမည်၊

📌 မေလ ၄ ရက်၊ တနင်္လာနေ့ သင်တန်းများစပါမည်၊ 📌သင်တန်းကာလ - သုံးလ - စာသင်ခန်းတွင်း တိုက်ရိုက်သင်ကြားမှု့စနစ်ဖြင့်တက်ရောက်နိ...
22/04/2026

📌 မေလ ၄ ရက်၊ တနင်္လာနေ့ သင်တန်းများစပါမည်၊

📌သင်တန်းကာလ - သုံးလ - စာသင်ခန်းတွင်း တိုက်ရိုက်သင်ကြားမှု့စနစ်ဖြင့်တက်ရောက်နိုင်ရပါမည်။

🔍 စိတ်ပါဝင်စားသူများ အောက်ပါ ☎️ ဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Beacon Healthcare Alliance Vocational Training Centre

ဆရာတိုး - 09969300250
မာမီမိုး - 0943044779
တီချာသိမ့် - 09444037333
မာမီပြုံး - 09792017645

31/01/2026

❗ နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) (၃၀-၁-၂၀၂၆)

🔴 အဓိကအချက်များ

🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) သည် အလွန်ပြင်းထန်ပြီး တစ်ခါတစ်ရံ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့များမှ ကူးစက်တတ်ပြီး လူနှင့် အခြားတိရစ္ဆာန်များကို နာမကျန်းဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားမှုများသည် အာရှတိုက်၏ အစိတ်အပိုင်းများတွင် နှစ်စဉ်နီးပါးဖြစ်ပွားလေ့ရှိပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ အသက်သေဆုံးနိုင်သည်။

🔴 နီပါ ဗိုင်းရပ်စ်ရောဂါဆိုတာ ဘာလဲ။

နီပါ ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်နှင့် လူသားကြား ကူးစက်စေနိုင်သော ရောဂါကို ဖြစ်စေသည်။ နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့ (Fruit bat) (genus Pteropus) (Flying foxes) များမှတစ်ဆင့် ကူးစက်နိုင်သည်။

၁၉၉၉ ခုနှစ်၌ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ လူနှင့် ဝက်တို့တွင် နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်ဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့သည်။ လူဦးရေ ၃၀၀ ရောဂါဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ၁၀၀ ကျော် သေဆုံးခဲ့သည်။ ထိုပထမဆုံး ကပ်ရောဂါဖြစ်ပွားမှု၌ နီပါ ဗိုင်းရပ်စ်ပိုးသည် လင်းနို့မှ ဝက်များသို့ ဦးစွာ ကူးစက်ခဲ့သည်။ ရောဂါဖြစ်ပွားနေသော ဝက်များနှင့် နီးကပ်စွာ အလုပ်လုပ်သူများလည်း နာမကျန်းဖြစ်ခဲ့ရသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင်ကူးစက်ဖြစ်ပွားမှုများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့ကသာ ဖြစ်ပွားကြောင်း တင်ပြခဲ့သည်။ သို့သော် နီပါ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော လင်းနို့ကို အာရှ၊ တောင်ပစိဖိတ်နှင့် သြစတြေးလျတစ်လျှောက်တွင် တွေ့ရှိရသည်။

🔴 ရောဂါလက္ခဏာများ

နီပါ ဗိုင်းရပ်စ်ရောဂါသည် မပြင်းထန်သော ရောဂါလက္ခဏာများမှစ၍ ဦးနှောက်ရောင်ခြင်းနှင့် သေဆုံးခြင်းအပါအဝင် ပြင်းထန်သောရောဂါများအထိ ဖြစ်စေနိုင်သည်။

ရောဂါဖြစ်ပွားသူသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်းတို့ကို ၃ ရက်မှ ၁၄ ရက်အထိ ခံစားရလေ့ရှိသည်။ နောက်ပိုင်းတွင် အချို့လူများ၌ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်းနှင့် တက်ခြင်း စသည့် ပြင်းထန်သော လက္ခဏာများဖြစ်စေသည့် ဦးနှောက်ရောင်ခြင်းကို ခံစားရနိုင်ပါသည်။ ထိုလက္ခဏာခံစားရသူများသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့ခြင်းအဆင့်သို့ ရောက်သွားနိုင်သည်။

🔴 ရောဂါလက္ခဏာပြရန် အချိန် ဘယ်လောက်ကြာသလဲ။

ရောဂါပိုး ကူးစက်ခံရပါက ၄ ရက်မှ ၁၄ ရက်အတွင်း စတင်၍ နာမကျန်းဖြစ်လေ့ရှိသည်။

🔴 မည်ကဲ့သို့ ကူးစက်သနည်း။

လူများတွင် နီပါ ဗိုင်းရပ်စ်ရောဂါကို အောက်ပါအချက်များမှတစ်ဆင့် ကူးစက်ခံရနိုင်သည်။

👉 ရောဂါဖြစ်ပွားနေသော ဝက်နှင့် လင်းနို့ကဲ့သို့ တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း။
👉 ရောဂါရှိသော တိရစ္ဆာန်နှင့် ထိတွေ့ညစ်ညမ်းမှုရှိသော သစ်သီး သို့မဟုတ် ပြုပြင်ထားခြင်းမရှိသော ထန်းရည်ကဲ့သို့ အစားအစာ၊ အရည်တို့ကို စားသုံးမိခြင်း။
👉 ရောဂါဖြစ်သူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်တစ်မျိုးမျိုးနှင့် ထိတွေ့မိခြင်း။

လူတစ်ဦးသည် ရောဂါပိုးရှိသော လင်းနို့နှင့် ထိတွေ့ညစ်ညမ်းထားသော အသီးစားခြင်း သို့မဟုတ် မပြုပြင်ထားသော ထန်းရည်သောက်ခြင်းမှ ရောဂါကူးစက်ခံရနိုင်သည်။ ထိုကဲ့သို့ တိရစ္ဆာန်မှ လူသို့ ဦးစွာ ကူးစက်ခြင်းကို ဖိတ်စဥ်ပျံ့နှံ့ခြင်းဖြစ်ရပ် (Spillover event) ဟု ခေါ်သည်။

လူတစ်ဦး ကူးစက်ခံရပါက ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ နောက်တစ်ဦးသို့ ဆက်လက်ကူးစက်နိုင်သည်။

🔴 ကူးစက်နိုင်ခြေကို လျှော့ချခြင်း

ရောဂါရှိသူအား စောင့်ရှောက်ပေးသူနှင့် ကုသမှုပေးသူတို့သည် ရောဂါကူးစက်နိုင်ခြေ ပိုများသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သို့မဟုတ် ထိုဒေသသို့ ခရီးသွားမည်ဆိုပါက

👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။
👉 လင်းနို့ သို့မဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
👉 လင်းနို့များ အိပ်စက်နားနေရာ နေရာများကို မသွားပါနှင့် သို့မဟုတ်
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းစေနိုင်သည့် မည်သည့်အရာမဆို ထိတွေ့ခြင်း မပြုပါနှင့်။
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းနိုင်သော သစ်သီးများနှင့် ထန်းရည်ကို စားသောက်ခြင်းအား ရှောင်ကြဥ်ပါ။
👉 ရောဂါရှိသူ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်မှ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဥ်ပါ။

🔴 ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်း

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံကဲ့သို့ ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင် ‌နေထိုင်ရောက်ရှိခဲ့သူများ၌ ထင်ရှားသော ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်သူများအနေဖြင့် ထိုရောဂါဖြစ်ပွားနိုင်ခြေကို ထည့်သွင်းစဥ်းစားသင့်သည်။

ရောဂါဖြစ်ပွားချိန် သို့မဟုတ် ရောဂါမှ ပြန်လည်သက်သာလာချိန်တွင် ဓာတ်ခွဲစစ်ဆေးချက်များ ပြုလုပ်နိုင်သည်။

🔴 ကုသမှုနှင့် ပြန်လည်သက်သာကောင်းမွန်လာမှု

နီပါ ဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်သတ်မှတ်ကုသခြင်းများ လတ်တလော မရှိသေးပါ။ အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ကုသခြင်း စသည့် ထောက်ကူစောင့်ရှောက်ကုသခြင်း (Supportive care) သာ ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: USCDC

#နီပါဗိုင်းရပ်စ်

သတိပြုစရာ မှတ်သားပါ 💕
30/06/2025

သတိပြုစရာ မှတ်သားပါ 💕

Be aware of the symptoms of a heart attack 👇

မကြာခင် စတင်ကြမယ်Let's start soon.
30/06/2025

မကြာခင် စတင်ကြမယ်
Let's start soon.

Address

D16 110 Street, (မနော်ဟရီလမ်း)မြောက်ဘက် 77B Road, (b/t 77x78) ချမ်းမြသာစည်မြို့နယ် မန္တလေး Phone 09792017645
Mandalay
05024

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959251775077

Website

Alerts

Be the first to know and let us send you an email when Beacon Healthcare Alliance Vocational Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beacon Healthcare Alliance Vocational Training Centre:

Share