Ko Pauk Tattoo Club

Ko Pauk Tattoo Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Pauk Tattoo Club, Tattoo & Piercing Shop, Corner of 54th & 114th streets, Mandalay.

16/11/2023

သူ့လိုမျိုး ဇာတ်လမ်းလေး စီစဉ်လာခဲ့လေ ပုံလှလှလေးတွေ အခမဲ့စဉ်းစားပေးမယ်။





Video crd

အမ​ရေ .... အလှူလိုက်ခံ မ​နေနဲ့ သူ ပြင်​ပေးမယ်တဲ့ ... ။ ဆရာကို​ပေါက်ကြီးက ​ပြော​နေတယ် အမ​ရေ။ 🤭💉ပုံ crd ပါ။ ​ပြေးပါပြီ ......
20/09/2023

အမ​ရေ ....
အလှူလိုက်ခံ မ​နေနဲ့
သူ ပြင်​ပေးမယ်တဲ့ ... ။

ဆရာကို​ပေါက်ကြီးက ​ပြော​နေတယ် အမ​ရေ။

🤭💉

ပုံ crd ပါ။

​ပြေးပါပြီ .... 💨



ဖုံးချင်လဲရတယ်။ ​ပြောင်းချင်လဲရတယ်။ ပိုကြွသွား​အောင် ဖိုင်းချင်လဲရတယ်လို့ ​ပြောပြ​ပေးချင်တာပါ။
ပိုပင်ပန်းခက်ခဲ​ပေမယ့် ဆရာကို​ပေါက်ကြီး ရဲ့ အပိုင်နိုင်ဆုံးအပိုင်းဖြစ်ပါတယ်လို့ .... ။ 😁

12/06/2023

ကိုယ့် ညီမ တွေက သတ္တိရှိတာ

သိပြီးသားပါ။

😁






#တက်တူး
#မန္တလေး
#အသားမနာတော့ဘူး

ပြန်ပြီးတော့ ဖျက်ခဲ့ရင်လဲ တို့နှလုံးသားတွေအကောင်းအတိုင်း မဖြစ်တော့ဘူး။                           - ငါ့ရဲ့ တက်တူး -      ...
04/06/2023

ပြန်ပြီးတော့ ဖျက်ခဲ့ရင်လဲ
တို့နှလုံးသားတွေ
အကောင်းအတိုင်း မဖြစ်တော့ဘူး။

- ငါ့ရဲ့ တက်တူး -
- R ဇာနည် -

Photo crd ပါ။ 😁

တက်တူးထိုးရင် အနာသက်သာအောင် အကြံပြုချက် ၁၀ ချက်ဟုတ်တယ်၊ တက်တူးထိုးရတာ နာကျင်ပေမယ့် နာကျင်မှုအတိုင်းအတာက တစ်ဦးနဲ့တစ်ဦး ...
17/04/2023

တက်တူးထိုးရင် အနာသက်သာအောင် အကြံပြုချက် ၁၀ ချက်

ဟုတ်တယ်၊ တက်တူးထိုးရတာ နာကျင်ပေမယ့် နာကျင်မှုအတိုင်းအတာက တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။

လူ့အရေပြား ဒုတိယအလွှာထဲကို မှင်တွေရောက်အောင်ထည့်ရတာဆိုတော့ နဲနဲတော့ နာကျင်မှုရှိပါတယ်။ အဲ့ဒီတော့ အရေပြားထဲကို မော်တာစက်ကလေးမှာ အပ်လေးတပ်ပြီးထိုးတော့ ဘာတွေခံစားရမလဲ ကြိုသိအောင် အရင်ပြောပြပါမယ်။

- ဆူးသေးသေးလေးစူးပြီး စပ်ဖျဥ်းဖျဥ်လေးလိုဖြစ်မယ်။
- တခုခုကုပ်ဆွဲနေသလို (သိသိသာသာကြီးလဲမဟုတ်ဘူး)
- ပူလာသလို ခံစားရတတ်တယ်။
- မော်တာစက်ရဲ့ တုန်ခါမှုကိုလဲ သိနေလိမ့်မယ်။
- တခါတခါလဲ မနာဘဲ ခပ်ထုံထုံဖြစ်နေလိမ့်မယ်။

တက်တူး ထိုးနေတဲ့ အနုပညာရှင်ရဲ့ လက်နဲ့စကေးပေါ်မူတည်ပြီး ခံစားရတာတွေ ကွာခြားမှာဘဲ။
ဒီအချက်တွေပေါ်မူတည်ပြီးလည်း နာကျင်မှု အတိုင်းအတာတွေ ကွဲပါသေးတယ်။

၁။ ခန္ဓာကိုယ်ဘယ်နေရာမှာထိုးချင်လဲ။
၂။ သေးသေးလား ကြီးကြီးလား၊ ဘယ်လို စတိုင်လ်မျိုးလဲ။
၃။ တက်တူးအနုပညာရှင်ရဲ့ စကေးပေါ်လည်း အများကြီးမူတည်တာပေ့ါ။
၄။ အထိုးခံရမယ့်သူရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး အခြေအနေကလဲ ကောင်းနေမယ်။
၅။ ကြိုတင်ပြင်ဆင်မှုတွေလဲ လုပ်ထားမယ်ဆိုရင် ....
သိပ်မနာကျင်ဘဲ ပုံကောင်းလေးတွေ ရဖို့ပိုသေချာတာပေါ့ဗျာ။

ကဲ ပုံကောင်းလေးတွေ ရဖို့ ကိုပေါက်အကြံပြုမယ် ... ။ (တချို့ website တွေမှာလေ့လာရထားတာတွေကို နှစ် ၂၀ ကျော်ထိုးလာတဲ့ အတွေ့အကြုံတွေနဲ့ ယှဥ်ပြီးရေးထားတာပါ)

၁။ ကျွမ်းကျင်တဲ့ ပညာရှင် ရွေးချယ်ပါ။ (ကိုပေါက်ဆီ လာထိုးမှ မဟုတ်ပါဘူး။ ကျွမ်းကျင်မှုရှိတဲ့ တက်တူးအနုပညာရှင်စစ်စစ်နဲ့သာထိုးပါ။)

၂။ နာကျင်မှု အနည်းဆုံးနေရာတွေရှိတယ်။ ဥပမာ - လက်မောင်း၊ လက်ဖျံ (စာရှည်မှာစိုးလို့ သတ်သတ်ရေးပါဦးမယ်)

၃။ အိပ်ရေးဝဝအိပ်ခဲ့ပါ။ (အရေးကြီးတယ်။ အနာသက်သာတာ သိသာတယ်။ မနက်ပိုင်းထိုးလိုက် အကောင်းပြောတာ)

၄။ အနာသက်သာအောင် ဆေးကြိုမသောက်ခဲ့ပါနဲ့။ (ဆရာဝန်တွေပြောကြတာ အနာသက်သာတဲ့ aspirin လို၊ ibuprofen လိုဆေးမျိုးကို ၂၄ နာရီကြိုသောက်ခဲ့ရင် သွေးပိုကျဲနေတတ်တယ်တဲ့။ ထိုးရင် သွေးထွက် နဲနဲပိုများပါတယ်)

၅။ နေမကောင်းနေရင် တက်တူးမထိုးပါနဲ့ဦး (ပိုနာတယ်။ အနာကျက်လဲမကောင်းတတ်ဘူး)

၆။ ရေဝအောင်သောက်ပေး (မထိုးခင်ရော၊ ထိုးပြီးရော ခနခနသာသောက်ပေး)

၇။ အစာလဲ စားခဲ့ (သွေးထဲ သကြားဓါတ်နဲပြီး ဆာနေရင် နာတာပိုသိသတိထားမိနေတတ်တယ်)

၈။ သက်တောင့်သက်သာ အဝတ်အစား (ကြာကြာထိုးမယ်ဆိုရင် ပိုသတိထားပါ။ သက်တောင့်သက်သာ ရှိမနေရင် နာတာကို ပိုသတိထားမိနေတတ်ရော)

၉။ အာရုံပြောင်းနေလိုက် (သီချင်းနားထောင်၊ စကားပြော၊ ဇာတ်ကားကြည့်)

၁၀။ အားနာမနေနဲ့။ (တအားနာလာရင် ကြိတ်မှိတ်ခံမနေနဲ့ pain shock နဲ့မေ့လဲရင် နှာနှပ်နေရမယ်)

အပေါ်ကအချက်တွေ သေချာလိုက်နာရင် တက်တူးထိုးလို့ နာတယ်ဆိုတဲ့ ဖီလင်လေးတောင် စွဲသွားဦးမယ်။ တကယ်ပြောတာ တက်တူးထိုးတာ စွဲလန်းတတ်တယ်နော့ .... ။

ကိုပေါက်
Ko Pauk Tattoo Club
Mandalay

လိမ္မာတာ တကယ်ပြချင်ရင်တက်တူးဖျက်ဖို့အထိ မလိုပါဘူး ငါ့ညီရာ ... ။Photo: crd
17/04/2023

လိမ္မာတာ တကယ်ပြချင်ရင်
တက်တူးဖျက်ဖို့အထိ မလိုပါဘူး ငါ့ညီရာ ... ။

Photo: crd

30% Discount နဲ့ နေရာသစ်မှာ စတင်လိုက်ပါပြီ။ညီလေး၊ ညီမလေးတို့ရေ ... ကိုပေါက်ရဲ့ တက်တူးဆိုင်လေးကို  ၅၄ × ၁၁၄F  ထောင့် နေရာ...
17/03/2023

30% Discount နဲ့ နေရာသစ်မှာ စတင်လိုက်ပါပြီ။

ညီလေး၊ ညီမလေးတို့ရေ ...

ကိုပေါက်ရဲ့ တက်တူးဆိုင်လေးကို ၅၄ × ၁၁၄F ထောင့် နေရာသစ်မှာ ၆၉ လမ်းကနေပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပါတယ်။

လတ်တလော ဆိုင်အချောသတ်ပြင်ဆင်နေတုန်း ထိုးချင်တယ်ဆို ဆိုင်နေရာသစ်မှာ စတင်တဲ့အထိမ်းအမှတ် အနေနဲ့ ဘယ်ပုံ ဘယ်နေရာမှာထိုးထိုး 20% လျော့ပေးပါမယ်။ အခု post လေးကို share ထားပေးတဲ့ SS ပြရင် စုစုပေါင်း 30% လျော့ပေးပါမယ်။

မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းများလည်း share ပေးကြပါဦး။

ကဲ ဆုံကြရအောင်လေ ...

0943003452 ကို ဟဲလို လုပ်လိုက်ရင် ပိုအဆင်ပြေတယ်နော်။ messenger က ကိုယ့်အကောင့်ကိုယ်တောင် သိပ်မသုံးဖြစ်လို့ပါ။

37×​ရေနီ​မြောင်းမီးပွိုင့်ကြား69လမ်း​မပေါ်​ပြောင်းဖွင့်ထားပါတယ်ဗျ 0943003452.09953003452
21/04/2022

37×​ရေနီ​မြောင်းမီးပွိုင့်ကြား69လမ်း​မပေါ်​ပြောင်းဖွင့်ထားပါတယ်ဗျ 0943003452.09953003452

25/05/2018

Address

Corner Of 54th & 114th Streets
Mandalay

Telephone

+95943003452

Website

Alerts

Be the first to know and let us send you an email when Ko Pauk Tattoo Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Pauk Tattoo Club:

Share