မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

  • Home
  • Myanmar
  • Mandalay
  • မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး

မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး 1) To give information about pregnancy and infant health care
2) To give information about physical and psychological development of children

သွေးလွန်တုပ်ကွေးက တအားကိုဖြစ်နေကြပြီနော် မေမေတို့ရေ ပြင်းထန်ရင် သေဆုံးတဲ့ထိဖြစ်နိုင်တာမို့ ကိုယ့်ကလေး မဖြစ်အောင် ဘယ်လိုက...
26/05/2026

သွေးလွန်တုပ်ကွေးက တအားကိုဖြစ်နေကြပြီနော် မေမေတို့ရေ

ပြင်းထန်ရင် သေဆုံးတဲ့ထိဖြစ်နိုင်တာမို့

ကိုယ့်ကလေး မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ Videoလေးလုပ်ထားတဲ့ ပုံနဲ့တင်ပေးလိုက်ပါပြီ။


#သွေးလွန်တုပ်ကွေး

22/05/2026
🍓Estrogen hormoneဟာအမျိုးသမီးတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲ?Estrogen hormoneဟာ အမျိုးသမီးတွေရဲ့ လိင်ပို...
22/05/2026

🍓Estrogen hormoneဟာအမျိုးသမီးတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိနေလဲ?

Estrogen hormoneဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ အဓိကဇာတ်လိုက်မင်းသမီးပဲဖြစ်ပါတယ်။

Estrogen hormone ပမာဏဟာ သဘာဝအားဖြင့်အမျိုးသမီးတွေ ဓမ္မတာလာချိန် နဲ့ အသက်အရွယ်အပိုင်းခြားအလိုက်ကွဲပြားခြားနားမှုရှိပါတယ်။

Estrogen hormone ပမာဏအလွန်အမင်း တက်ခြင်း နဲ့ အလွန်အမင်းကျခြင်းဟာအမျိုးသမီးတွေရဲ့ကျန်းမာရေးပြဿနာတစ်ခုခုကိုရည်ညွှန်းနေတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ကုသမှုတွေလိုအပ်ရင် ခံယူသင့်ပါတယ်။

အမျိုးသားတွေမှာလည်း Estrogen hormone ရှိပါတယ်။သို့ပေမယ့်အရမ်းနည်းလွန်းတဲ့ပမာဏရှိပါတယ်။ Estrogen hormone ဟာလူတွေရဲ့ခန္ဓာကိုယ်စံနစ်တည်ဆောက်တဲ့နေရာမှာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ နှလုံး ၊ အရိုး နဲ့ ဦးနှောက်ကျန်းမာရေးအတွက် အထောက်ပံ့များစွာပေးပါတယ်။

အခြားသောဟော်မုန်းအားလုံးလိုပါဘဲ Estrogen hormone သည်လည်းဓာတုပစ္စည်းတစ်ခုဖြစ်ပါတယ်။လူတွေရဲ့လိင်မှုနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းဖို့ နဲ့ ဖျက်သိမ်းဖို့ရန် အတွက် အဓိကလုပ်ငန်းစဉ်များကို ဘယ်အချိန်မှာ စတင်ပြီးတော့ ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ သင့်ခန္ဓာကိုယ်ကို အချက်ပြပြောဆိုပေးပါတယ်။

🍓Estrogen hormone အတက်အကျမညီတာ သဘာဝလား?

အမျိုးသမီးတွေရဲ့အသက်အရွယ်အပိုင်းခြားအလိုက်၊ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာများအလိုက် Estrogen hormone ရဲ့အခန်းကဏ္ဍကကွဲပြားခြားနားမှုတွေရှိပါတယ်။

အမျိုးသမီးတွေရဲ့ဘဝတလျှောက်လုံး Estrogen hormone ရဲ့ပမာဏက တက်သွားလိုက် ကျသွားလိုက်နဲ့တည်ငြိမ်မှုမရှိပါဘူး။ဒီလိုအတက်အကျမညီတာကိုက ပုံမှန်ပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် Estrogen hormone ပမာဏဟာ ပျိုဖော်ဝင်စအချိန်မှာတက်လာပြီးတော့သွေးဆုံးချိန်ခါမှာ ပြန်လည်ပြီးကျဆင်းသွားတတ်ပါတယ်။ မျိုးဥကြွေချိန်မှာမြင့်တက်လာပြီးတော့ သဘာဝအတိုင်းကိုယ်ဝန်ဆောင်လို့ရအောင်သားအိမ်နံရံတွေကို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပေးပါတယ်။ကိုယ်ဝန်မရလိုက်လို့ ရာသီသွေးလာချိန်မှာ ပြန်လည်ကျဆင်းသွားပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာသိသိသာသာမြင့်တက်လာပါတယ်။ ကိုယ်ဝန်နောက်ဆုံး သုံးလပတ်မှာEstrogen hormone ပမာဏဟာ အမြင့်ဆုံးအချိန်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ပြန်လည်ကျဆင်းသွားတတ်ပါတယ်။

🍓အသက်အရွယ်အပိုင်းအခြားအလိုက် Estrogen hormone ရဲ့လုပ်ဆောင်ချက်များ

အရွယ်ရောက်လာတဲ့အမျိုးသမီးတစ်ယောက်အတွက် Estrogen hormone ရဲ့အခန်းကဏ္ဍကတော့ မွေးဖွားခြင်းဆိုင်ရာအင်္ဂါရပ်တွေဖြစ်တဲ့ မျိုးဥအိမ် သားအိမ်နဲ့အမျိုးသမီးလိင်အင်္ဂါတွေကို ပိုမိုဖွံ့ဖြိုးလာစေတာပဲဖြစ်ပါတယ်။ရာသီဓမ္မတာပုံမှန်လာအောင်လည်း စွမ်းဆောင်ပေးပါတယ်။ သားဥအိမ်မှာရှိတဲ့ မျိုးဥတွေ ရင့်ကျက်ပြီး မျိုးဥကြွေကျတဲ့ရက်အပိုင်းအခြားမှာ Estrogen hormone ပမာဏဟာ အမြင့်ဆုံးရောက်ရှိလာပြီး ကိုယ်ဝန်ရခဲ့မယ်ဆိုရင် ကလေးနေဖို့ သားအိမ်ရဲ့အတွင်းသားနံရံတွေကို ပိုမိုထူထဲအောင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။

တစ်ချိန်ထဲမှာဘဲ သားအိမ်ခေါင်းမှာရှိတဲ့အကျိအချွဲလေးတွေကိုကျဲပြီးပါးလွှာအောင်လုပ်ဆောင်ပေးထားပါတယ်။ဒါဟာ မျိုးဥကြွေချိန်မှာဝင်ရောက်လာတဲ့ သုတ်ပိုးတွေကိုမြန်မြန်ဆန်ဆန်နဲ့အလွယ်တကူမျိုးဥဆီရောက်အောင် ကူးခတ်သွားလာနိုင်ဖို့ရန်အတွက် အထောက်အပံ့ပေးပါတယ်။ ဒီကာလမှာအကာအကွယ်တွေမပါဘဲနဲ့ လိင်ဆက်ဆံထားတယ်ဆိုရင်တော့သန္ဓေအောင်ပြီး ကိုယ်ဝန်ရှိဖို့ရန်အတွက်အလွယ်ကူဆုံးအချိန်ဘဲဖြစ်ပါတယ်။

🍓ကိုယ်ဝန်ဆောင်ချိန်မှာ Estrogen hormone ကဘာတွေလုပ်ပေးလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ Estrogen hormone ရဲ့အဓိကလုပ်ငန်းဆောင်တာတွေကတော့ သန္ဓေသားကိုကြီးထွားဖွံ့ဖြိုးစေတာ ၊သားအိမ်ကိုကြီးထွားဖွံ့ဖြိုးစေတာ၊ ကလေးရဲ့အချင်းဆီကိုသွေးလည်ပတ်မှုတွေကောင်းမွန်စေတာ၊ ကလေးမွေးပြီးတဲ့ အချိန်မှာကလေးကမိခင်နို့ကို ကောင်းကောင်းစို့လို့ရအောင် ရင်သားမှာရှိတဲ့ နို့ရည်အိတ်တွေကို ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင်ကလေးမွေးဖွားတဲ့အချိန်မှာလည်း သား
အိမ်ညှစ်အားကောင်းအောင် လုပ်ဆောင်ပေးတာမို့ ကလေးကို သားအိမ်ပြင်ပသို့အလွယ်တကူမွေးထွက်လို့ရအောင်လုပ်ဆောင်ပေးပါတယ်။

🍓Estrogen hormone ရဲ့အခြားသောလုပ်ငန်းဆောင်တာများ

လူတွေရဲ့ခန္ဓာကိုယ်ကျန်းမာအောင်လည်ပတ်နေတဲ့ စံနစ်တွေအများကြီးထဲမှာ Estrogen hormone ဟာလည်းပုံမှန်လည်ပတ်ပေးနေတဲ့ဟော်မုန်းတမျိုးပဲဖြစ်ပါတယ်။သွေးသွင်းသကြာဓာတ်ထိန်းချုပ်တဲ့နေရာမှာ၊ အရိုးသိပ်သည်းဆတွေမြင့်မား​စေပြီး အရိုး အကြော အဆစ်တွေသန်မာအောင်လုပ်ဆောင်တဲ့နေရာမှာ ၊ဦးနှောက်ရဲ့အာရုံစူးစိုက်မှုကောင်းအောင်လုပ်ဆောင်တဲ့နေရာမှာ၊ သွေးတွင်းအဆီဓာတ်တွေကိုထိန်းသိမ်းတဲ့နေရာမှာ၊သွေးလည်ပတ်မှုကောင်းမွန်အောင်လုပ်ဆောင်တဲ့နေရာမှာ၊ အသားရေစိုပြေအောင်ထိန်းသိမ်းတဲ့နေရာမှာ၊အသားရေတင်းရင်းလှပအောင် ကော်လဂျင်ကိုထုတ်ပေးတဲ့နေရာမှာ၊ ကြွက်သားတွေရဲ့ တင်းရင်းမှုအားတွေကို ထိန်းသိမ်းတဲ့နေရာမှာအဓိကပါဝင်ပါတယ်။

🍓Estrogen hormone ကိုဘယ်နေရာက ထုတ်ပေးသလဲ?

Estrogen hormone ကိုအဓိကအားဖြင့်ဘယ်နေရာတွေကနေထုတ်လွှတ်ပေးသလဲဆိုတော့ မျိုးပွားနိုင်တဲ့အရွယ်ကနေစပြီးတော့အမျိုးသမီးအများစုရဲ့ မျိုးဥအိမ်ကနေပြီး ထုတ်လွှတ်ပေးပါတယ်။ အမျိုးသမီးတွေရဲ့အရေပြားအောက်မှာရှိတဲ့အဆီလွှာကနေတဆင့်လည်း ထုတ်လွှတ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာကလေးရဲ့အချင်းကနေတဆင့်ကလည်းထုတ်လွှတ်ပေးနေတာဖြစ်ပါတယ်။

🍓Estrogen ဟော်မုန်းပမာဏမမျှမတဖြစ်ခဲ့တယ်ဆိုရင်

Estrogen ဟော်မုန်းပမာဏမမျှမတဖြစ်ခဲ့တယ်ဆိုရင် သားသမီးမရနိုင်တာ၊ အဝလွန်ရောဂါ၊ ရာသီလုံးဝမလာတာ ရာသီမမှန်တာ၊ မမျိုးဥအိမ်ကင်ဆာ ၊သားအိမ်ကင်ဆာ၊ရင်သားကင်ဆာ အပြင်အခြားသောကျန်းမာရေးဆိုင်ရာ ရောဂါတွေအများပြားဖြစ်စေနိုင်ပါတယ်။

Estrogen hormone ကခန္ဓာကိုယ်ရဲ့နေရာစုံ ကဏ္ဍစုံမှာရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာပါဝင်ရုံသာမက အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားခြင်းဆိုင်ရာနေရာတွေမှာလည်းအဓိကအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။

လူ့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးဆုံးဟော်မုန်းတစ်ခုဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ဥပမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင် Estrogen hormone ဟာအရိုးရဲ့သိပ်သည်းဆတွေကို မြှင့်တင်ပေးနိုင်တဲ့အတွက် သင့်ရဲ့အရိုး အကြော အဆစ် ကျန်းမာကြံ့ခိုင်ရေးကို ထိန်းသိမ်းပေးပါတယ်။Estrogen hormoneကမောက်ကမဖြစ်လာပြီဆိုရင် သင့်ရဲ့ကျန်းမာရေးကိုများစွာထိခိုက်လာစေနိုင်ပါတယ်။

သည်ဆောင်းပါးကိုဖတ်ရှုပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်ရဲ့Estrogen hormone နဲ့ပတ်သတ်ပြီး တစုံတရာသံသယရှိခဲ့မယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်ပေးတဲ့အတိုင်ပင်ခံဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကိုအဆုံးသတ်လိုက်ပါတယ် မေမေတို့ရေ။

References;

https://my.clevelandclinic.org/health/body/22353-estrogen


#ကိုယ်ဝန်ဆောင်

12/05/2026

မိုးရာသီရောက်ပြီမို့ ကလေးတွေကိုစွပ်ပြုတ်လေး လုပ်တိုက်ကြမယ်။

မေမေလွေးကတော့ ဒူးကောက်သားကိုရွေးထားတာမို့ အဆီနည်းနည်းတော့ပါတာပေါ့😍

🍓ကိုယ်ဝန်ဆောင်ချိန် ဆီးချိုကိုဖြစ်စေနိုင်တဲ့ (hPL)ဟော်မုန်းhuman Placental Lactogen(hPL)ဟော်မုန်းဟာ အမျိုးသမီးတွေကိုယ်ဝန...
10/05/2026

🍓ကိုယ်ဝန်ဆောင်ချိန် ဆီးချိုကိုဖြစ်စေနိုင်တဲ့ (hPL)ဟော်မုန်း

human Placental Lactogen(hPL)ဟော်မုန်းဟာ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာ ကလေးရဲ့အချင်းကနေပြီးတော့ ထုတ်လွှတ်ပေးတဲ့ဟော်မုန်းတမျိုးဖြစ်ပါတယ်။

အချင်းရဲ့ လုပ်ငန်းဆောင်တာတွေကတော့ မိခင်ဆီကနေ သွေး၊ အောက်ဆီဂျင် နဲ့အာဟာရတွေကို ကလေးထံ ပို့ဆောင်ပေးပါတယ်။ဒါ့အပြင် ကလေးကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးတာ ရောဂါပိုးမွှားတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတာတွေလည်း လုပ်ဆောင်ပေးပါတယ်။

🍓(hPL)ဟော်မုန်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုး

(hPL)ဟော်မုန်းဟာ ကလေးမွေးဖွားပြီးနောက်ပိုင်း ကလေးကမိခင်နို့ကိုအသင့်စုပ်ယူနိုင်အောင် နို့ဂလင်း( နို့ကျိတ်)လေးတွေကိုလှုံ့ဆော်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ပေးပါတယ်။ဒါက ခန္ဓာကိုယ်ထဲ (hPL)ဟော်မုန်းထွက်ရှိခြင်းရဲ့ ကောင်းကျိုးပါ။

(hPL)ဟော်မုန်းထွက်ရှိခြင်းရဲ့ ဆိုးကျိုးတခုကတော့ အင်ဆူလင်ဟော်မုန်းရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေဖြစ်တဲ့ သွေးတွင်း သကြားဓာတ်ထိန်းညှိပေးတဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်တားဆီးပေးတာပါဘဲ။ဒါကြောင့် သကြားဓာတ်လိုအပ်တဲ့ ဆဲလ်တွေဆီကို သကြားဓာတ်တွေမရောက်ဘဲ သွေးကြောထဲမှာဘဲ စုပုံမြင့်တက်လာတာမို့ ကိုယ်ဝန်ဆောင်ဆီးချိုကို ဖြစ်ပေါ်စေပါတယ်။

မိခင်ရဲ့သွေးကိုဖောက်ယူစစ်ဆေးခြင်းအားဖြင့်(hPL)ဟော်မုန်းပမာဏ ပုံမှန်ထဲမှာ ရှိ မရှိ ၊သန္ဓေသားလောင်းနဲ့ အချင်းကကျန်းမာခြင်း ရှိ မရှိ သိရှိနိုင်ပါတယ်။

🍓ပုံမှန်ရှိရမယ့် (hPL)ဟော်မုန်း ပမာဏများ

(hPL)ဟော်မုန်းပမာဏကို ကိုယ်ဝန်ခြောက်ပတ်မြောက် ကနေစတင်ပြီးတော့သွေးဖောက်စစ်ဆေးကြည့်နိုင်ပါတယ်။

ကိုယ်ဝန်မဆောင်မီ အမျိုးသမီးတွင်ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.00-0.10 mcg/mL (micrograms per milliliter)

ကိုယ်ဝန်ဆောင်ပထမ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.20-2.10 mcg/mL

ကိုယ်ဝန်ဆောင်ဒုတိယ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 0.50-6.70 mcg/mL

ကိုယ်ဝန်ဆောင် တတိယ (၃)လပတ်တွင် ရှိရမယ့် (hPL)ဟော်မုန်းပမာဏ= 4.50-12.80 mcg/mL

နှစ်​မြွှာပူး သုံးမြွှာပူး ကိုယ်ဝန်ဆောင်တွေမှာ (hPL)ဟော်မုန်းပမာဏဟာ အထက်မှာဖော်ပြထားတဲ့ ပုံမှန်ပမာဏထက်ပိုများပြားပြီး မြင့်တက်နေနိုင်ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ (hPL)ဟော်မုန်းပမာဏဟာ ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။

🍓(hPL)ဟော်မုန်းကိုဘယ်လိုကိုယ်ဝန်ဆောင်မိခင်တွေက စစ်ဆေးကြည့်သင့်သလဲ?

ရေမွှာရည်နည်းနေတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

ကိုယ်ဝန်စရှိချိန် ပထမဆုံးရိုက်ကြည့်တဲ့ Ultrasound ထဲမှာ ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတခုခုကို တွေ့ရှိတဲ့အချိန်မှာ။

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

ကိုယ်ဝန်ဆိပ်တက်တဲ့မိခင်တွေ။

အမြွှာကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ။

ကိုယ်ဝန်ဆောင်စဉ် ဆီးချို သွေးချိုရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ။

🍓(hPL)ဟော်မုန်းကို ဘယ်လိုဖောက်လဲ?

(hPL)ဟော်မုန်းကို ဓာတ်ခွဲခန်းတွေမှာ ရိုးရိုးရှင်းရှင်းလေးနဲ့ စစ်ဆေးကြည့်လို့ရပါတယ်။ ဓာတ်ခွဲစစ်ဆေးပေးမယ့်သူတွေက အပ်လေးတချောင်းကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်မိခင်ရဲ့သွေးပြန်ကြောထဲကနေ လိုအပ်တဲ့သွေးပမာဏအနည်းငယ် ဖောက်ယူပြီးတော့စစ်ဆေးပေးတာဖြစ်ပါတယ်။

သွေးစစ်ဆေးပြီးတဲ့နောက်ပိုင်း သွေးအဖြေကိုတော့ စစ်ဆေးခိုင်းတဲ့ သက်ဆိုင်ရာအတိုင်ပင်ခံ ဆရာဝန်က သေချာရှင်းပြပေးပါလိမ့်မယ်။ (hPL)ဟော်မုန်းပမာဏ မြင့်တက်နေတယ်ဆိုတာက ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရှိနေတာ ဒါမှမဟုတ် အမြွှာကိုယ်ဝန်ဆောင်ထားရတယ်လို့အကြမ်းအားဖြင့်ရည်ညွှန်းနေတာဖြစ်ပါတယ်။

(hPL)ဟော်မုန်းပမာဏ နည်းပါးနေတယ်ဆိုတာက ကိုယ်ဝန်ပျက်ကျတာ၊ ကိုယ်ဝန်ဆိပ်တက်နေတာ၊ အချင်း ဒါမှမဟုတ် သန္ဓေသားရဲ့ဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ခုခုမှာပြဿနာရှိနေပြီလို့ အကြမ်းအားဖြင့် ရည်ညွှန်းနေတာဖြစ်ပါတယ်။

🍓(hPL)ဟော်မုန်းပမာဏ ပုံမှန်ရောက်ရှိအောင်ဘယ်လိုတွေလုပ်ဆောင်လို့ရမလဲ?

ကိုယ်ဝန်ဆောင်ချိန်မှာ (hPL)ဟော်မုန်းပမာဏ မြင့်တက်နေခဲ့ရင်တော့ ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲပြီး အလိုလိုဖြစ်ပျက်လာတာမို့လို့ဒီဖြစ်စဥ်ကို ကျွန်မတို့ရပ်တန့်ခိုင်းလို့မရတော့ပါဘူး။(hPL)ဟော်မုန်းပမာဏကိုလည်း ပုံမှန်ရောက်ရှိအောင် ထိန်းချုပ်လို့မရပါဘူး။သို့သော်လည်း မိခင်ရော ကလေးပါ မွေးဖွားသည်အထိ ကျန်းမာအောင် လိုအပ်တဲ့ ကုသမှုမှန်သမျှကို မိမိတို့ရဲ့ သက်ဆိုင်ရာ အတိုင်ပင်ခံဆရာဝန်တွေနဲ့ စံနစ်တကျ ကုသမှုခံယူရမှာဖြစ်ပါတယ်။

🍓(hPL)ဟော်မုန်းပမာဏ မတက်အောင် ဘယ်လိုကာကွယ်ရမလဲ?

ကိုယ်ဝန်မဆောင်မီ နဲ့ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း (hPL)ဟော်မုန်းမတက်အောင်ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့နည်းလမ်းတွေကိုမျှဝေပေးပါမယ်။

✅အသင့်စား ဒါမှမဟုတ် အလွယ်တကူစားသောက်လို့ရမယ့် (Ready made) အစားအသောက် နဲ့ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်အမျိုးမျိုးကိုရှောင်ရှားပေးရပါမယ်။

✅ကျန်းမာရေးနဲ့အညီထုတ်လုပ်ထားတဲ့ အသားဓာတ် ၊အဆီဓာတ်၊ကဆီဓာတ်တွေပါဝင်တဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးပေးရပါမယ်။

✅ဆီကြော် အစားအသောက်တွေထက် သံလွင်ဆီနဲ့ပြုလုပ်ထားတဲ့ အစားအသောက်တွေကိုရွေးချယ်စားသုံးပေးရပါမယ်။

✅ကိုယ့်ရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ညီမျှတဲ့ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကိုပုံမှန်ပြုလုပ်ပေးရပါမယ်။

✅အရည်ရွှမ်းတဲ့ အသီးနဲ့ ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားသုံးပေးရပါမယ်။

✅ကိုယ့်ရဲ့ အရပ်အမောင်းနဲ့ ညီမျှတဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရပါမယ်။

References;

https://my.clevelandclinic.org/health/body/24806-human-placental-lactogen



#ကိုယ်ဝန်ဆောင်

#ဆီးချိုသွေးချို

🍑ဟော်မုန်းအပြောင်းအလဲများသော ကိုယ်ဝန်ဆောင်ကာလကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ဟော်မုန်းပြောင်းလဲ...
07/05/2026

🍑ဟော်မုန်းအပြောင်းအလဲများသော ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ဟော်မုန်းပြောင်းလဲမှုတွေကို သိသိသာသာ ကြုံတွေ့ရပါတယ်။ ဒီဟော်မုန်းတွေဟာ သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့၊ ကိုယ်ဝန်တည်မြဲဖို့ နဲ့ အဆင်ပြေချောမွေ့စွာ မွေးဖွားဖို့အတွက် အဓိကတာဝန်ယူရပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ထွက်ရှိတဲ့အဓိကဟော်မုန်းတွေနဲ့ လုပ်ဆောင်ချက်တွေကို အကြမ်းအားဖြင့် ပြောပြပေးပါ့မယ်။နောက်ဆောင်းပါးတွေမှာ တခုချင်းဆီကို အသေးစိတ် ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။

၁)Human Chorionic Gonadotropin (hCG)

ကိုယ်ဝန်ဆောင်စမှာ သ​န္ဓေသားရဲ့ အချင်းကနေ အစောဆုံး စတင်ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ကိုယ်ဝန်စစ်တံပေါ်မှာ နှစ်ကြောင်းပေါ်လာအောင်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပြီး ကိုယ်ဝန်တည်မြဲအောင်လည်း ကူညီပေးပါတယ်။

၂)Progesterone (ပရိုဂျက်စထရုန်း)

ကိုယ်ဝန်တည်မြဲစေဖို့အတွက် သားအိမ်ကြွက်သားတွေကိုပြေလျော့စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ ပျက်ကျတာမျိုး မရှိရလေအောင် ထိန်းထားပေးပါတယ်။

၃)Estrogen (အီစထရိုဂျင်)

သားအိမ်ကြီးထွားဖွံ့ဖြိုးလာစေရန်၊ သွေးလည်ပတ်မှုကောင်းစေရန် နှင့် နို့တိုက်ကျွေးရန်အတွက် ရင်သားတစ်ရှူးတွေကို​ ဖွံ့ဖြိုးလာစေရန် အကူအညီပေးတဲ့ ဟော်မုန်းတမျိုးဖြစ်ပါတယ်။

၄)Relaxin (ရီလက်ဆင်)

ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာတဲ့ ကလေးငယ်အတွက် သားအိမ်ထဲနေရာပိုရစေဖို့ ၊ကိုယ်အလေးချိန်တိုးလာမှုကို ခံနိုင်ရည်ရှိစေဖို့၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရွတ် (Ligaments) ၊အဆစ်တွေနဲ့ ကြွက်သားတွေကို ပျော့ပြောင်းပြေလျော့လာစေဖို့ အတွက် (Relaxin)ဟော်မုန်းတွေ အများကြီးထုတ်လွှတ်ပေးရပါတယ်။ (Relaxin)ဟော်မုန်းကို မျိုးဥအိမ်ကထုတ်လွှတ်ပေးသလို သန္ဓသေားရဲ့အချင်းကနေလည်းထုတ်လွှတ်ပေးပါတယ်။ မွေးဖွားချိန်မှာလည်း ကလေးငယ် ချောချောမွေ့မွေ့ထွက်လာနိုင်ဖို့အတွက် တင်ပါးဆုံရိုးမှာရှိတဲ့အရွတ်တွေကို ပျော့ပျောင်းစေပြီး တင်ပါးဆုံရိုးကို ပိုမိုကျယ်လာစေဖို့ ကူညီပေးပါတယ်။

၅)Human Placental Lactogen (hPL)

ဒီဟော်မုန်းကို အချင်းကနေတဆင့် ထုတ်လုပ်ပေးပြီး သန္ဓေသားကြီးထွားဖို့ရန်အတွက် မိခင်စားသောက်တဲ့ အာဟာရတွေကို သန္ဓေသားဆီ ပိုမိုရောက်ရှိအောင် လုပ်ဆောင်ပေးပါတယ်။ကလေးမွေးဖွားပြီးနောက်ပိုင်း မိခင်နို့အဆင်သင့်တိုက်နိုင်အောင် ရင်သားတစ်ရှူးတွေကို ဖွံဖြိုးစေရန်လုပ်ဆောင်ပေးပါတယ်။

၆)Oxytocin (အောက်ဆီတိုစင်)

ကလေးမွေးဖွားချိန်မှာ Oxytocin (အောက်စီတိုစင်) ဟော်မုန်းရဲ့အဓိကလုပ်ဆောင်ချက်တွေကတော့ သားအိမ်ကြွက်သားတွေကို ညှစ်ပေးတာမို့ ကလေးကိုသဘာဝအတိုင်းမွေးဖွားနိုင်အောင်ကူညီပေးတာ၊မွေးဖွားပြီးနောက် သားအိမ်ကို ပြန်လည်ကျုံ့စေတာ၊သွေးမသွန်အောင် ကာကွယ်ပေးတာအပြင်ကလေးမွေးဖွားပြီးချိန်မှာ နို့ထွက်အောင်လုပ်ဆောင်ပေးပါတယ်။

🍑ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောလက္ခဏာများ

• မနက်ခင်းတွင် ပျို့အန်ခြင်း (Morning Sickness)

• ပင်ပန်းနွမ်းနယ်ပြီး လုပ်ခြင်ကိုင်ခြင်စိတ်မရှိခြင်း

• စိတ်ခံစားချက် မတည်ငြိမ်ခြင်း (Mood swings)

• ဝမ်းချုပ်ခြင်း

• ရင်သားတင်းခြင်း

• အသားအရေအရောင်ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲမှုတွေဟာ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီလက္ခဏာတွေဟာ ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

ဟော်မုန်းတွေဟာ ကလေးကျန်းမာစွာ ကြီးထွားလာစေဖို့အတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်ထားတဲ့ ဇာတ်လိုက်တွေဘဲဖြစ်ပါတယ်။

References;

https://www.hopkinsmedicine.org/health/conditions-and-diseases/staying-healthy-during-pregnancy/hormones-during-pregnancy



#ကိုယ်ဝန်ဆောင်
#ဟော်မုန်းများ

Address

Between 71*72 , 34 Th Street
Mandalay

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00
Sunday 10:00 - 16:00

Telephone

09971243547

Website

Alerts

Be the first to know and let us send you an email when မေမေလွေး မိခင်နှင့်ကလေးကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share