Sun Pharmacy ဆန်း ဆေးဆိုင်

Sun Pharmacy ဆန်း ဆေးဆိုင် ဆန်းဆေးဆိုင် အမှတ်၁ နှင့် အမှတ်၂ တို့​၏ တရားဝင် Facebook စာမျက်နှာဖြစ်ပါသည်။ This is official page of Sun pharmacy branches.
(378)

 #ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်သင်ညအိပ်ရင်ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများသင်ညအိပ်ရင် ဘယ်ဘက်...
11/05/2022

#ဘယ်ဘက်စောင်းပြီးအိပ်ကြမယ်

သင်ညအိပ်ရင်ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

သင်ညအိပ်ရင် ဘယ်ဘက်ကိုစောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီ။
ဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။
အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။

ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ။

ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှသက်သာသွားစေနိုင်ပါတယ်။ဒါ့အပြင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ဒီလို ကောင်းကျိုးတွေ များစွာရရှိစေနိုင်တဲ့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းကို ညတိုင်းပြုလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ကျန်းမာရေးကောင်းကျိုးများ

လူတွေအတွက် အိပ်တာက အရေးပါတဲ့ အားသွင်းမှုဖြစ်တယ်။ သင်အိပ်တဲ့ အေနအထားက သင့်အထွေထွေကျန်းမာရေးကို သက်ရောက်မှုရှိတယ် ဆိုတာ သင်သိပါသလား။
လတ်တလောလေ့လာမှုအရ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအများစုရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

ပြန်ရည်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။
ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းစနစ်ကနေ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေ စွန့်ထုတ်တဲ့ နည်းနဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့လုပ်ငန်းဆောင်တာကိုလုပ်ပါတယ်။ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံး သွေးကြောက ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းမှာရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။

ဒါကြောင့် ခန္ဓာ ကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေကိုပိုပြီး ထိထိရောက်ရောက် စွန့် ထုတ်နိုင်ပါတယ်။
ပြန်ရည်ကြောစနစ်က အဆီ၊ ပရိုတင်းဓာတ်နဲ့ တစ်သျှူးထဲက တခြားအရေးကြီးတဲ့ အရာတွေ သယ်ယူပို့ဆောင်ရာမှာအရေးပါပြီး ဆဲလ်တွေထဲကို အာဟာရဓာတ်တွေ မြန်မြန်ရောက်ရှိစေပါတယ်။

သရက်ရွက်ကို ကောင်းကောင်းလုပ်ဆောင်စေနိုင်ပါတယ်
သရက်ရွက်ဟာ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက် အခြမ်းမှာရှိပါတယ်။ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်း အိပ်တဲ့အခါ သရက်ရွက်က ပိုပြီးထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ သရက်ရွက်ထဲသွေးစီး ဆင်းမှုအားကောင်းစေပြီး စွန့်ပစ်ပစ္စည်းတွေကို ပိုပြီး မြန်မြန် စွန့်ထုတ်ပေးနိုင်ပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်း စွန့်ထုတ်နိုင်ပါတယ်
ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ အူသိမ်နဲ့အူမကြီးကြားဆက်တဲ့နေရာ
(Ileocecal valve)ရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တဲ့အခါ ကမ်ဘာမြေဆွဲအားကြောင့် အူသိမ်ကနေ အူမကြီးဆီကို စွန့်ပစ်ပစ္စည်းတွေ အလွယ် တကူထွက်ရှိသွားပါတော့တယ်။ အဲဒီအခါ အူမကြီးကနေ စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်စွန့်ထုတ်နိုင်စေပါတယ်။
ညဘက်ရင်ပူဝေဒနာ လျော့ပါးစေပါတယ်။

မကြာခဏ ရင်ပူဝေဒနာ ခံစားနေရရင် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ပေးပါ။ အဲဒီအခြေအနေမှာ သင့်အစာအိမ်ကနေ အစာရေမျိုပြွန်ဆီ အစာတွေဆန် တက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အသည်း ဝန်ပိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်
အသည်းက ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းမှာရှိတာကြောင့် ညာဘက်စောင်းအိပ်ရင် အသည်းပေါ် ဝန်ပိစေပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင် အသည်း ဆီကို အဆိပ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ် တွေမရောက်ရှိစေပါဘူး။
နှလုံးကို ကျန်းမာစေပါတယ်
နှလုံးရဲ့ ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေ သွေးတွေ လက်ခံပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက နှလုံးကို ပိုပြီး အလွယ်တကူ လုပ်ဖြစ်စေပါတယ်။
ဘယ်ဘက်စောင်းအိပ်ရင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာစေပါတယ်။

ပြန်လည်၍ကျန်းမာရေး ဗဟုသုတမျှဝေပါသည်©®

ခြေဖနောင့်နာ ဝေဒနာ•••••••••••••••••••မနက်မိုးလင်း အိပ်ယာပေါ်ကအဆင်း ခြေဖနောင့်မှာ စူးကနဲ နာကျဉ်တဲ့ဝေဒနာခံစားရတာမျိုး ရှိတ...
10/04/2022

ခြေဖနောင့်နာ ဝေဒနာ
•••••••••••••••••••
မနက်မိုးလင်း အိပ်ယာပေါ်ကအဆင်း ခြေဖနောင့်မှာ စူးကနဲ နာကျဉ်တဲ့ဝေဒနာခံစားရတာမျိုး ရှိတတ်ပါတယ်။

အသက်အရွယ်ရလာတဲ့သူတွေ
ခန္ဓာကိုယ်ဝတဲ့သူတွေ
အားကစားသမားတွေ
လမ်းအလျှောက်များတဲ့သူတွေ
အဖြစ်များပါတယ်။

ခြေဖနောင့်နာရခြင်းအကြောင်းအရင်းတွေထဲကမှ
ခြေဖနောင့်အရွတ်ရောင်ရမ်းခြင်းက အဖြစ်အများဆုံးဖြစ်ပါတယ်။

ခြေဖဝါးတလျှောက်ဆက်ထားတဲ့ အရွတ်က
ကြာရှည်လမ်းလျှောက်တာပဲဖြစ်ဖြစ်
ဝလို့ဝိတ်များတာပဲဖြစ်ဖြစ်
အချိန်ကြာလာတဲ့အခါမှာ ဖိနင်းခံရတဲ့ ခြေဖနောင့်အောက်မှာ ထပ်ခါထပ်ခါဆွဲဆန့်လိုက်ကျုံ့လိုက်ဖြစ်ပြီးတော့ ဒဏ်ဖြစ်ပြီး ရောင်ရမ်းတာမျိုးပါ။
တချို့မှာလဲအနည်းငယ် ပြဲသွားတတ်ပါတယ်။

ရောဂါလက္ခဏာအနေနဲ့ မနက်အိပ်ယာထခြေထောက်စနင်းတဲ့အချိန် အနာဆုံးပါ။
လမ်းလျှောက်ရင်းသွေးပူသွားတဲ့အချိန် အနာသက်သာသွားတတ်ပါတယ်။
ထိုင်တာကြာပြီးထလိုက်တဲ့အချိန်မှာလဲ နာတတ်ပါတယ်။

ရောဂါနုတဲ့အချိန်မှာ မနက်ခင်းလေးပဲနာပြီး
သွေးပူရင် တနေကုန်သက်သာမေ့လျော့နေတတ်ပါတယ်။
မကုပဲပစ်ထားတာကြာရင် နာတာရှည်ခြေဖနောင့်နာဖြစ်တတ်ပါတယ်။

ကုသမှု အနေနဲ့ -

အိမ်မှာကိုယ်တိုင်လုပ်နိုင်တာ***

• နာကျဉ်နေတဲ့အချိန်မှာ ရေခဲဝတ်တင်နိုင်ပါတယ်။

• ပါရာစီတမောလိုမျိုး သောက်နိုင်တယ်။

• အရေးကြီးဆုံးက ဖိနပ်ပြောင်းစီးရပါမယ်။

ခြေဖနောင့်နေရာမှာ နူးညံ့တဲ့အခင်းပါတဲ့ဖိနပ်မျိုး

ခြေဖဝါးခွက်အတွက် အလိုက်သင့်ပုံစံခုံးလေးပါတဲ့ဖိနပ်မျိုး စီးရပါမယ်။

တကယ်လို့ပုံစံအခုံးလေးပါတဲ့ ဖိနပ်မျိုးရှာရခက်ရင်
ဖဝါးခွက် ဆီလီကွန်တုံး(insole arch support)
ကို ဖိနပ်မှာကပ်နိုင်ပါတယ်။
ခြေထောက်မှာပတ်ထားနိုင်တဲ့ arch support တွေလည်းရှိပါတယ်။

အတော်များများ အထက်ပါပုံစံဖိနပ်ပြောင်းစီးရုံနဲ့ သက်သာပါတယ်။

မသက်သာတဲ့အခါမျိုး
ဆေးရုံဆေးခန်းမှာကုသမှုအနေနဲ့....

• ပါရာစီတမောထက်ပိုအာနိသင်ရှိတဲ့ NSAID ဆေးပေးခြင်း

• Physiotherapy လေ့ကျင့်ခန်းဖြင့်လေ့ကျင့်ခြင်း

• Shock wave ကုထုံးဖြင့်ကုသခြင်း

• ဖနောင့်ရွတ်ထဲသို့ အရောင်ရမ်းသက်သာစေတဲ့ စတီးရွိုက်ထိုးဆေး တိုက်ရိုက်ထိုးခြင်း

• ခွဲစိတ်ခြင်း (ရှားပါတယ်)

ဒါတွေလုပ်နိုင်ပါတယ်။ နေရာဒေသအလိုက် ပစ္စည်းပြည့်စုံမှု( facilities) ရောဂါအတိမ်အနက်အလိုက် ကုထုံးကို ဆရာဝန်ကရွေးချယ်ပေးနိုင်ပါတယ်။

ရှောင်ရန်တွေကတော့•••

🚫 မိမိသဘောဖြင့် ပြင်းထန်အကိုက်ခဲပျောက်ဆေးမျိုးသောက်တာရှောင်ပါ။

🚫 ကြာကြာလမ်းလျှောက်တာရှောင်ပါ။

🚫 high heel ဒေါက်ဖိနပ်ဝတ်တာရှောင်ပါ။

🚫 ခုံဖိနပ် သားရေဖိနပ် စလစ်ပါဖိနပ်ပါး မာတဲ့ တပြန့်ထဲ မျက်နှာပြင်ပါ ဖိနပ်မျိုးစီးတာရှောင်ပါ။

🚫 သံမံသလင်း မာတဲ့မျက်နှာပြင်ပေါ် ဖိနပ်မပါပဲလမ်းလျှောက်တာရှောင်ပါ။

🚫 ရောဂါနုစဉ် ကုသမှုမလုပ်ပဲနေတာမျိုးရှောင်ပါ။

🚫 အကိုက်အခဲပျောက်ဆေး ဒိုင်ကလိုနှင့် အခြားကိုက်ခဲပျောက်ဆေးများမကြာခဏထိုးခြင်းမျိုး လုံးဝရှောင်ပါ။

ခြေဖနောင့်နာဝေဒနာရှင်တွေအတွက်
သက်သာပျောက်ကင်းစေနိုင်တဲ့

- ခြေဖဝါးခွက်စည်း ဆီလီကွန်တုံး လိုအပ်ပါက ကျွန်တော်တို့ရဲ့ page messenger ကနေဝယ်ယူနိုင်ပါတယ်။
Shoe နဲ့ slipper နဲ့ ခြေညှပ်ဖိနပ်နဲ့ ကြိုက်သလိုဝတ်လို့ရပါတယ်။

မြို့နယ်အလိုက် delivery နဲ့ အိမ်အရောက်ငွေချေဝယ်ယူနိုင်ပါတယ်။

တစုံစာအတွက် ၅၀၀၀ ပါ။

အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန် နာကျဉ်ကိုက်ခဲမှုဝေဒနာများအတွက် Anpuzz 520ကိုက်ခဲနာကျဉ်မှုတွေကိုပျောက်ကင်းစေပြီး သွေးဆင်...
01/01/2022

အမျိုးသမီးများ လစဉ်ဓမ္မတာလာချိန် နာကျဉ်ကိုက်ခဲမှုဝေဒနာများအတွက် Anpuzz 520

ကိုက်ခဲနာကျဉ်မှုတွေကိုပျောက်ကင်းစေပြီး သွေးဆင်းများမှုကို လျော့ပါးစေတဲ့ Mefenamic acid နဲ့
သားအိမ်ကြွက်သားတင်းခြင်းကိုပါ ပြေလျော့စေမယ့် dicyclomine ပါဝင်တဲ့အတွက် အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမှာပါ။

- အကိုက်အခဲပျောက်ဆေးပါဝင်တဲ့အတွက် ရက်ရှည် ၅ ရက်ထက်ပိုပြီးသောက်သုံးရန်မသင့်တော်...
- အစာစားပြီးမှသောက်ရန်...
- အစာအိမ်အနာရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသောက်ရန်...

သင့်ကလေးအတွက် အားဆေးကောင်းကောင်း ရှာနေတာလား??✨Gremany နိုင်ငံ 𝐒𝐔𝐍𝐋𝐈𝐅𝐄 ကထုတ်တဲ့ 𝐀-𝐙 𝐉𝐮𝐧𝐢𝐨𝐫 အားဆေးဟာ ကလေးငယ်များအတွက် တစ်န...
29/12/2021

သင့်ကလေးအတွက် အားဆေးကောင်းကောင်း ရှာနေတာလား??

✨Gremany နိုင်ငံ 𝐒𝐔𝐍𝐋𝐈𝐅𝐄 ကထုတ်တဲ့ 𝐀-𝐙 𝐉𝐮𝐧𝐢𝐨𝐫 အားဆေးဟာ ကလေးငယ်များအတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓါတ်များ စုံလင်စွာ ပါရှိသော အားဆေးဖြစ်ပါသည်။

✅ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အားအင်ပြည့်ဝ စေပါသည်။

✅ ဇင့် သည် ကလေးများ၏ အရေပြား၊ လက်သည်း၊ ခြေသည်းနှင့် ဆံပင်ကျန်းမာရေးတို့ကို ကောင်းမွန်စေသည်။ အာရုံစူးစိုက်မှု အားကောင်းစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေသည်။

✅ သွေးအားကောင်းစေသော သံဓါတ်၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင် ဘီ-၁၂ တို့လည်း ပါဝင်သည်။

✅လိမ္မော် အရသာရှိသောကြောင့် ကလေးများကြိုက်နှစ်သက်သည်။

✅ဝါးစားနိုင်သော အသက်အရွယ်မှ စ၍ ဆယ်ကျော်သက် အရွယ်အထိ မှီဝဲနိုင်သည်။

Becoactin
13/11/2021

Becoactin

မာရှန်ကလေး အားဆေး တွင်ပါဝင်သော ဘီတာ ဂလူဂန်သည်  ကိုယ်ခံစွမ်းအား ကိုမြှင့်တင် ပေးပါသည်ဗီတာမင် နှင့် သတ္တု ဓါတ် များကိုလည်း...
09/11/2021

မာရှန်ကလေး အားဆေး တွင်ပါဝင်သော ဘီတာ ဂလူဂန်သည် ကိုယ်ခံစွမ်းအား ကိုမြှင့်တင် ပေးပါသည်

ဗီတာမင် နှင့် သတ္တု ဓါတ် များကိုလည်း US FDA မှ သတ်မှတ်ထားသော တစ်နေ့တာ လိုအပ်သည့်ပမာဏ အတိုင်းထည့်သွင်းထားပါ၍ ဗီတာမင်ချို့တဲ့ မှာ စိတ်ပူစရာ မလို တော့ပါ။
မာရှန် အရည်တွင်အစာစားခြင်စိတ်ကို ဖြစ်ပေါ်စေသော လိုင်ဆင်း လည်းပါဝင်ပါသည်။

ဥရောပတိုက် ချက်ပြည်သူ့သမ္မတ နိုင်ငံ မှထုတ်လုပ်ပြီး Walmark company မှ အရှေ့ဥရောပ နှင့် ဥရောပ အလယ်ပိုင်းတွင် အရောင်းရဆုံး ကလေးအားဆေးဖြစ်ပါသည်။

အရည် ရော အခဲပါ လိမ္မော်အရသာဖြစ်၍ ဆေးကြောက်သော ကလေးများအတွက် စိတ်ပူစရာမလိုပါ

အသက်အရွယ် ၁နှစ်မှ ၁၄ နှစ်အထိ သောက်သုံးနိုင့်ပါသည်။

မာရှန်အရည်

တစ်နေ့ တစ်ကြိမ် တစ်ခါသောက် ထမင်းစားဇွန်း တစ်ဇွန်းခန့်
မာရှန် အခဲ တစိနေ့တစ်ကြိမ် တစ်ခါသောက်တစ်လုံး

🇩🇪ဂျာမနီနိုင်ငံထုတ် အစက်ချ ကလေးအားဆေး 𝗞𝗶𝗱𝗱𝘆 𝗗𝗿𝗼𝗽𝘀💧အစက်ချဆေးဖြစ်တာကြောင့် ဆေးပြား မဝါးတတ်သေးသော အရွယ်ကလေးများနှင့်၊ ဆေးပြ...
07/11/2021

🇩🇪ဂျာမနီနိုင်ငံထုတ် အစက်ချ ကလေးအားဆေး 𝗞𝗶𝗱𝗱𝘆 𝗗𝗿𝗼𝗽𝘀

💧အစက်ချဆေးဖြစ်တာကြောင့် ဆေးပြား မဝါးတတ်သေးသော အရွယ်ကလေးများနှင့်၊ ဆေးပြား မဝါးစားချင်သော ကလေးများအတွက် အလွန်သင့်တော်ပါသည်။

✅ကလေးများ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး အားအင်ပြည့်ဝ စေပါသည်။

✅ဇင့် သည် ကလေးများ၏ အရေပြား၊ လက်သည်း၊ ခြေသည်းနှင့် ဆံပင်ကျန်းမာရေးတို့ကို ကောင်းမွန်စေသည်။ အာရုံစူးစိုက်မှု အားကောင်းစေပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေသည်။

✅သွေးအားကောင်းစေသော သံဓါတ်၊ ဖောလစ်အက်ဆစ်နှင့် ဗီတာမင် ဘီ-၁၂ တို့လည်း ပါဝင်သည်။

💪ကလေးငယ်များအတွက် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်နှင့် သတ္တုဓါတ်များ စုံလင်စွာ ပါရှိသော အားဆေးဖြစ်ပါသည်။

ယူနီအင်ဇိုင်း အစာကြေ၊ လေနိုင်ဆေးသည်အစာမကြေခြင်းကြောင့်ဖြစ်သော . ..- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း- လေပွခြင်း- လေထိုးခြင်း- လေခ...
22/09/2021

ယူနီအင်ဇိုင်း အစာကြေ၊ လေနိုင်ဆေးသည်
အစာမကြေခြင်းကြောင့်ဖြစ်သော . ..
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- လေပွခြင်း
- လေထိုးခြင်း
- လေချဥ်တက်ခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့ကို
လျှင်မြန်စွာ ပျောက်ကင်းစေပါသည်။

ယူနီအင်ဇိုင်းကို
အစာစားပြီးအချိန်၊ အစာမစားခင်အချိန်၊ မအီမလည် ရင်ပြည့်ရင်ကယ် ဖြစ်နေတဲ့အချိန်တွေမှာ
သောက်သုံးနိုင်ပါတယ်။

တစ်နေ့ကို နှစ်ကြိမ် (ဒါမှမဟုတ်) သုံးကြိမ်
သောက်လို့ရပါတယ်။ စွဲသောက်လို့လည်းရပါတယ်။

*** ကိုယ်ဝန်ဆောင်တွေ မသောက်သင့်ပါဘူး

လက်အရေပြားကိုထိခိုက်မှုမရှိတဲ့ Green Cross လက်သန့်ဆေးအရည် ဗူးကြီး/လတ်/အသေး ရောက်ပါတယ်။ အိုင်ဆိုပရိုပိုင်း formula နဲ့လက်...
17/09/2021

လက်အရေပြားကိုထိခိုက်မှုမရှိတဲ့ Green Cross လက်သန့်ဆေးအရည် ဗူးကြီး/လတ်/အသေး ရောက်ပါတယ်။ အိုင်ဆိုပရိုပိုင်း formula နဲ့လက်မထိတာ ရှားရှားပါးပါးပါ။

Green Cross လက်သန့်ဆေးက လက်အရေပြားပါးသူများ၊ Allergies Skin များ၊ လက်အရေပြားအလွှားကွာတတ်သူများ လက်အရေပြားခြောက်သွေ့တတ်သူများအပြင် ကလေးငယ်တွေအထိပါသုံးလို့ရပါတယ်။

ပစ္စည်းပြတ်နေတဲ့ MEGA 3 ငါးကြီးဆီတွေ ရပြီ။100 ပါ ၁ဗူး = ၁၈၀၀၀ ကျပ်
10/09/2021

ပစ္စည်းပြတ်နေတဲ့ MEGA 3 ငါးကြီးဆီတွေ ရပြီ။

100 ပါ ၁ဗူး = ၁၈၀၀၀ ကျပ်

Becozinc တကဒ် ၂၅၀၀ ကြိုက်သလောက်ရBecozinc မှာ ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ ဇင့်ဓာတ် Zinc ဓာတ်ကြွယ်၀စွာ ...
03/09/2021

Becozinc တကဒ် ၂၅၀၀ ကြိုက်သလောက်ရ

Becozinc မှာ ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်တဲ့ ဇင့်ဓာတ် Zinc ဓာတ်ကြွယ်၀စွာ ပါ၀င်တယ်ဆိုတာ သိပြီးသား ဖြစ်ပေမယ့် Zinc အပြင် ခန္ဓာကိုယ်ကမရှိမဖြစ်လိုအပ်တဲ့ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာပါ၀င်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Becozinc မှာ Zinc နဲ့ အခြား ဗီတာမင်ဓာတ်တွေ ဘယ်လောက် နှုန်းထားစီ ပါ၀င်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
Becozinc မှာဆိုရင်...
Zinc Sulphate Monohydrate USP (ZC): Zinc ဓာတ် ပါ၀င်မှု နှုန်း 54.93 mg
Thiamine Nitrate BP (B1): ဗီတာမင် B1 ပါ၀င်မှုနှုန်း 10 mg
Riboflavine BP (B2) : ဗီတာမင် B2 ပါ၀င်မှုနှုန်း 10 mg
Cyanocobalamin BP (B12): ဗီတာမင် B12 ပါ၀င်မှုနှုန်း 15mg
Ascorbic Acid BP ( C) : ဗီတာမင် C ပါ၀င်မှုနှုန်း 150 mg
Folic Acid (B9) : ဗီတာမင် B9 ပါ၀င်မှုနှုန်း 1 mg
Nicotinamide BP (B3): ဗီတာမင် B3 ပါ၀င်မှုနှုန်း 50mg နဲ့
Calcium Pantothenate BP (B5) : ဗီတာမင် B5 ပါ၀င်မှုနှုန်း 12.5 mg တို့ပါဝင်

Address

Mandalay
8382899877

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959786177721

Website

Alerts

Be the first to know and let us send you an email when Sun Pharmacy ဆန်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share