Jivaka Pharmacy

Jivaka Pharmacy We Care Your Health. We are selling Grantee Drugs and Medicinal Supplies. We have a Pharmacist On dut

🎁 Becozinc (၁) ဘူးဝယ်ရင်း အိတ်လှလှလေး (၁) လုံး လက်ဆောင်ယူလိုက်ပါ! 💜✨ကိုယ်ခံစွမ်းအားကို မြှင့်တင်​ပေးပြီး တက်ကြွလန်းဆန်း​...
04/09/2026

🎁 Becozinc (၁) ဘူးဝယ်ရင်း အိတ်လှလှလေး (၁) လုံး လက်ဆောင်ယူလိုက်ပါ! 💜✨

ကိုယ်ခံစွမ်းအားကို မြှင့်တင်​ပေးပြီး တက်ကြွလန်းဆန်း​စေတဲ့ Becozinc အား​ဆေး ဝယ်ယူရင်းနဲ့ ချစ်စရာကောင်းတဲ့ Becozinc အိတ်လှလှလေးကိုပါ လက်ဆောင်ရယူနိုင်ပါပြီရှင် 🛍💛

🎁 လက်ဆောင် မကုန်ခင် အမြန်မှာယူထားလိုက်​တော့နော်!

📞 မှာယူရန် — 09-977498157

🏠ဇီဝကဆေးဆိုင်(၁) - လမ်း (၃၀)၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၂) - လမ်း (၃၀)၊ (၇၄) လမ်းထောင့်၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၃) - မနော်ဟရီလမ်း (၁၁၀) လမ်း၊ (၆၂) လမ်းနှင့် (၆၄) လမ်းကြား၊ မန္တလေးမြို့။
🏠ဇီဝကဆေးဆိုင်(၄) - (၃၈) လမ်း၊ (၇၈) လမ်းနှင့် (၇၉) လမ်းကြား၊ မန္တလေးမြို့။

#လက်ဆောင်ပရိုမိုးရှင်း

🙏 ဇီဝကဆေးဆိုင်၏  လစဉ် အလှူ 🙏လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေက...
03/09/2026

🙏 ဇီဝကဆေးဆိုင်၏ လစဉ် အလှူ 🙏

လစဉ် လဆန်း ၂ရက်နေ့တိုင်း မန္တလေးမြို့၊ ဦးစီးပဓာနနာယက ဆရာ​တော် နိုင်ငံ​တော်သြဝါဒါစရိယ ​ရွှေကျင်ဂိုဏ်းအကျိုး​တော်​ဆောင်ချုပ် ဘဒ္ဒန္တ​ကောသလ္လ (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) သို့ ဆန်တစ်အိတ်၊ ဆီ ၅ပိဿာ လှူဒါန်းပါ၏ 🙏🙏🙏

🙏 ဤသို့လှူဒါန်းရပါသော အကျိုးအားကြောင့် ကျန်းမာရေးဝန်ဆောင်မှုကောင်းတွေ သည့်ထက်မကပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ဆေးစွမ်းထက်သောဆေးများ သည့်ထက်မကဖြန့်ဖြူးရောင်းချနိုင်သော ဇီဝကဖြစ်ပါရစေ

🙏မကျန်းမာသူများ ၊ ဆေးဝါးလိုအပ်သူများ၏ လက်တကမ်းတွင်ဆေးဝါးလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်သော ဇီဝကဖြစ်ပါရစေ

🙏ရောဂါ၊ဝေဒနာခံစားနေရသူ မကျန်းမာသူအားလုံးသည်လည်း ကျန်းမာ၊ ချမ်းသာ၍ ကောင်းသောလိုရာဆန္ဒများအားလုံး ပြည့်စုံကြပါစေ။

🙏ယခုအလှူတွင် ဇီဝက၏ဖောက်သည်တော်ကြီးများအလှူလည်း ပါဝင်တာကြောင့် ဇီဝက၏ဖောက်သည်တော်ကြီးများလည်း ကုသိုလ်ထပ်တူရရှိပါစေ...

02/09/2026

💜 ပန်ကရိယကင်ဆာ လူနာတွေအတွက် ဆေးအသစ် Daraxonrasib ကို အမေရိကန် FDA က အတည်ပြုလိုက်ပါပြီ 💊

ကင်ဆာရောဂါတွေထဲမှာ ပန်ကရိယကင်ဆာ (Pancreatic cancer) ဟာ ရောဂါကို စောစောရှာဖွေတွေ့ရှိဖို့ ခက်ခဲပြီး ရောဂါတွေ့ရှိချိန်မှာ အခြေအနေတော်တော်လေး ပြင်းထန်နေတတ်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုကင်ဆာမျိုးအတွက် ကုသမှုအသစ်တစ်ခု ပေါ်လာတာက လူနာတွေအတွက် မျှော်လင့်ချက် ဖြစ်ပါတယ်။ 🌱

နောက်ပိုင်းမှာလည်း ဆေးဝါးနယ်ပယ်မှာ ဆေးသစ်တွေ ပေါ်ပေါက်လာတဲ့အခါ ကျွန်မတို့ ဇီဝကဆေးဆိုင်မှ ဒီဆေးက ဘာအတွက်လဲ၊ ဘယ်လိုလူနာတွေအတွက်လဲ၊ လေ့လာမှုရလဒ်က ဘယ်လိုလဲဆိုတာကို အားလုံးသိရှိနိုင်အောင် မျှဝေပေးသွားမှာ ဖြစ်လို့ Follow လုပ်သွားဖို့လည်း မမေ့ပါနဲ့ဦးနော်။ မိဘပြည်သူအားလုံး ရောဂါဝေဒနာအပေါင်းမှ ကင်းဝေးကြပါစေ။ 🙏🙏

This video is not promoting or selling any medicine. For Educational purpose only.

🌙 တစ်ညကို အိပ်ချိန် (၈) နာရီ ပြည့်ရမယ်ဆိုတဲ့ စည်းမျဉ်းက မှန်နေတုန်းပဲလား⁉️မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ လူတိုင...
01/09/2026

🌙 တစ်ညကို အိပ်ချိန် (၈) နာရီ ပြည့်ရမယ်ဆိုတဲ့ စည်းမျဉ်းက မှန်နေတုန်းပဲလား⁉️

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ လူတိုင်းအတွက် (၈) နာရီ ပြည့်အောင် အိပ်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်ထက် အသက်အရွယ်၊ တစ်ဦးချင်းလိုအပ်ချက်၊ အိပ်ချိန်ပုံမှန်ဖြစ်မှုနဲ့ အိပ်စက်မှုအရည်အသွေးတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုကြောင်း ပြန်လည်သတိပေးထားပါတယ်။

လူတိုင်း (၈) နာရီအိပ်ဖို့လိုအပ်လားဆိုရင် မလိုအပ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အိပ်ချိန် မတူနိုင်လို့ ဖြစ်ပါတယ်။

❌ အိပ်ချိန်နည်းလွန်းတာလည်း မကောင်းသလို များလွန်းနေရင်လည်း သတိထားရမယ်။ အိပ်ချိန်နည်းလွန်းတာရော၊ များလွန်းတာရောက ကျန်းမာရေး ထိခိုက်စေတာကို လေ့လာမှု အများစုမှာ တွေ့ရှိထားပါတယ်။

ခေတ်သစ်လူနေမှုပုံစံမှာ ဖုန်း၊ ကွန်ပျူတာ၊ မီးအလင်းရောင်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝစည်းချက်ကို နောက်ကျသွားစေနိုင်ပါတယ်။ ရုံးဖွင့်ရက်တွေမှာ အိပ်ချိန်နည်းကာ ရုံးပိတ်ရက် ရောက်မှ အတိုးချအိပ်ကြတာမျိုးလည်း အဖြစ်များပါတယ်။ အိပ်ချိန်ကို ပုံမှန်ထားနိုင်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ရုံးတက်ရက်တွေမှာ အိပ်ရေးပျက်တာများခဲ့ရင် ပိတ်ရက်မှာ ပိုအိပ်ပေးလိုက်တာမျိုးက မအိပ်တာထက်စာရင်တော့ ပိုကောင်းပါတယ်။

ဒါဆို အိပ်ချိန်ဘယ်လောက် ရှိသင့်တာလဲ⁉️

၁။ အရွယ်ရောက်ပြီးသူအများစုအတွက် တစ်ည အိပ်ချိန် (၇) နာရီမှ (၉) နာရီက သင့်တော်ပါတယ်။

၂။ နေ့တိုင်း အိပ်ချိန်/နိုးချိန်ကို တတ်နိုင်သမျှ ပုံမှန်ထားသင့်ပါတယ်။

၃။ ညအိပ်ခါနီး အလင်းရောင်နဲ့ screen time ကို လျှော့ချသင့်ပါတယ်။

၄။ အိပ်ရာနိုးလာရင် လန်းဆန်းရဲ့လား၊ နေ့ခင်းမှာရော အိပ်ငိုက်နေတတ်လား သတိထားစောင့်ကြည့်သင့်ပါတယ်။ ဒီလိုတွေဖြစ်နေရင်တော့ အိပ်ချိန်မလုံလောက်တာ ဒါမှမဟုတ် အိပ်စက်မှုအရည်အသွေး မကောင်းတာ ဖြစ်နိုင်ပါတယ်။

၅။ အိပ်ချိန်ကောင်းကောင်းရနေပေမယ့် အမြဲပင်ပန်းနေရင်တော့ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

🌝 တစ်ညတစ်လေ အိပ်မပျော်တာ၊ အိပ်ချိန်နည်းသွားတာမျိုးအတွက်ကိုတော့ အလွန်အမင်း စိတ်ပူမနေသင့်ဘဲ အရေးကြီးတာက အိပ်ရေးပျက်တာကို နေ့စဉ်အလေ့အထတစ်ခုလို ဖြစ်မသွားအောင် ပြန်လည်ထိန်းညှိဖို့ပဲ လိုအပ်ပါတယ်။

💜 ဇီဝက​ဆေးဆိုင်ကို အမြဲစောင့်ကြည့်ပြီး ဝယ်ယူအား​ပေးကြတဲ့ ချစ်ရတဲ့ Customer များအတွက် 🥰ယခုလအတွင်း ဇီဝက​ဆေးဆိုင်ကို အသစ်ရေ...
31/08/2026

💜 ဇီဝက​ဆေးဆိုင်ကို အမြဲစောင့်ကြည့်ပြီး ဝယ်ယူအား​ပေးကြတဲ့ ချစ်ရတဲ့ Customer များအတွက် 🥰

ယခုလအတွင်း ဇီဝက​ဆေးဆိုင်ကို အသစ်ရောက်ရှိလာတဲ့ New Arrival Products များအား တစ်နေရာတည်းမှာ စုစည်းဖော်ပြလိုက်ပါတယ်ရှင်။ ✨

ကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ မိသားစုဝင်တွေအတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့​ဆေးဝါးလေးတွေ ပါမပါ ကြည့်ရှုနိုင်ပါတယ်ရှင့်။ 💜

​ဆေးအသစ်​တွေရောက်တိုင်း သိနိုင်ဖို့ ဇီဝက​ဆေးဆိုင် page ကို Follow လုပ်ပြီးဆက်လက်စောင့်ကြည့်အား​ပေးကြပါဦးနော်။ 🛍✨

📞 Ph: 09977498157

သက်ကြီးဘိုးဘွားများအတွက် ဆေးဝါးစောင့်ရှောက်မှုအသက်ကြီးလာတာနဲ့အမျှ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အဆစ်အမြစ်နာကျင်မှု စတဲ...
28/08/2026

သက်ကြီးဘိုးဘွားများအတွက် ဆေးဝါးစောင့်ရှောက်မှု

အသက်ကြီးလာတာနဲ့အမျှ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ အဆစ်အမြစ်နာကျင်မှု စတဲ့ နာတာရှည်ရောဂါတွေ တစ်ချိန်တည်းရှိလာနိုင်ပြီး ဆေးဝါးအမျိုးမျိုးကို နေ့စဉ်သောက်သုံးရတာလည်း များလာနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးသူများအတွက် လိုအပ်တဲ့ဆေးကို မှန်မှန်ကန်ကန်နဲ့ ဘေးကင်းစွာ သောက်နိုင်ဖို့က အရေးကြီးပါတယ်။

💊 အသက်ကြီးသူတွေမှာ ဘာကြောင့် ဆေးဝါးစောင့်ရှောက်မှု ပိုမိုလိုအပ်တာလဲ?

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှ ဆေးဝါးတွေကို စုပ်ယူခြင်း၊ ဖြန့်ဝေခြင်း၊ အသည်းနဲ့ ကျောက်ကပ်ကနေ ချေဖျက်/စွန့်ထုတ်ခြင်းတွေ ပြောင်းလဲလာနိုင်ပါတယ်။ အထူးသဖြင့် ဆေးအမျိုးမျိုးကို တစ်ပြိုင်နက်သောက်နေရသူတွေမှာ ဆေးအချင်းချင်း အပြန်အလှန်သက်ရောက်မှု၊ ဘေးထွက်ဆိုးကျိုးနဲ့ မလိုအပ်တဲ့ဆေးဝါးအသုံးပြုမှုတွေကို ပိုဂရုစိုက်ဖို့ လိုပါတယ်။

👨‍⚕️👩‍⚕️ ဆေးဝါးပညာရှင် (Pharmacist) များက

အားဆေးများ၊ တိုင်ရင်းဆေးများ အပါအဝင် လက်ရှိသောက်နေတဲ့ ဆေးအားလုံးကို အတူတွဲသောက်လို့ ရမရ စစ်ဆေးပေးနိုင်ပါတယ်။

ဆေးအမည်၊ ဆေးပမာဏ၊ ဆေးနှင့် အစားအစာဆက်စပ်မှု၊ ဆေးသောက်ရမည့်ရက် စတာတွေကို အသက်ကြီးသူတွေနဲ့ ပြုစုစောင့်ရှောက်သူတွေ နားလည်လွယ်အောင် ရှင်းပြပေးနိုင်ပါတယ်။

မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ မအီမသာဖြစ်ခြင်း စတဲ့ ဆေးသောက်ရာတွင် ကြုံတွေ့နိုင်သော ဘေးထွက်ဆိုးကျိုးများကို ပြောပြနိုင်ပါတယ်။

အချို့ဆေးတွေကို ရုတ်တရက်ရပ်လိုက်ရင် ပြဿနာဖြစ်နိုင်တာကြောင့် ဆေးလျှော့ခြင်း၊ ရပ်ခြင်း၊ ပြောင်းခြင်းတွေကို ဆရာဝန် (သို့) Pharmacist နဲ့ တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးအတွက်ဖြစ်စေ
🔹 လက်ရှိသောက်နေတဲ့ဆေးတွေကို ပြန်လည်စစ်ဆေးချင်တာ
🔹 ဆေးတွေကို ဘယ်အချိန်၊ ဘယ်လိုသောက်ရမလဲ သိချင်တာ
🔹 ဆေးအချင်းချင်း တွဲသောက်လို့ရ/မရ သိချင်တာ
🔹 ဆေး၏ ဘေးထွက်ဆိုးကျိုးများကို သိချင်တာ ရှိပါက ဇီဝကဆေးဆိုင်ရှိ Pharmacists များနှင့် ဆွေးနွေးတိုင်ပင်နိုင်တဲ့အကြောင်း မျှဝေလိုက်ပါတယ်။

ဆီးလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် ရေများများသောက်ခြင်း၊ ဆီးအောင့်မထားခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးက အခြေ...
25/08/2026

ဆီးလမ်းကြောင်းကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် ရေများများသောက်ခြင်း၊ ဆီးအောင့်မထားခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးက အခြေခံအကျဆုံးပါ။ 💦

ဒီလို ကျန်းမာရေးအလေ့အကျင့်ကောင်းတွေနဲ့အတူ ဆီးလမ်းကြောင်း ကျန်းမာဖို့ကို ထောက်ပံ့ပေးနိုင်တဲ့ supplement တစ်မျိုးကို ရှာနေတယ်ဆိုရင် ဇီဝကမှာ 🍒 GOLDBERRY ရှိပါတယ်ရှင်

🍒 GOLDBERRY က Cranberry + D-Mannose + Hibiscus ဆိုတဲ့ ပါဝင်ပစ္စည်း ၃ မျိုးကို ပေါင်းစပ်ထားတဲ့ Health Supplement ဖြစ်ပါတယ်။

✨ Cranberry
ဆီးလမ်းကြောင်းကျန်းမာရေးအတွက် လူသိများတဲ့ ingredient တစ်မျိုးပါ။

✨ D-Mannose
ဆီးလမ်းကြောင်း ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့ သကြားအမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။

🌺 Hibiscus
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

👉 တစ်နေ့ ၁ လုံး အစာနဲ့အတူ သောက်သုံးနိုင်ပါတယ်ရှင်။

📩 မှာယူလိုပါက
Jivaka Pharmacy Page Messenger (သို့) 09 977498157 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။ 🏥💊 Delivery Free ဝန်ဆောင်မှုလည်း ရှိနေပါတယ်ရှင်။

🏠ဇီဝကဆေးဆိုင်(၁) - လမ်း (၃၀)၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၂) - လမ်း (၃၀)၊ (၇၄) လမ်းထောင့်၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၃) - မနော်ဟရီလမ်း (၁၁၀) လမ်း၊ (၆၂) လမ်းနှင့် (၆၄) လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၄) - (၃၈) လမ်း၊ (၇၈) လမ်းနှင့် (၇၉) လမ်းကြား၊ မန္တလေးမြို့။

#ကျန်းမာရေးအသိပညာ

🎁 ရှမ်းပလောင် ကြိုက်နှစ်သက်ရာ (၁) ထုပ်ဝယ်ယူရုံနဲ့ ရေဘူး (၁) ဘူး လက်ဆောင်ရယူလိုက်ပါ! 💜✨ရှမ်းပလောင်ရဲ့ လူကြိုက်များတဲ့ DET...
21/08/2026

🎁 ရှမ်းပလောင် ကြိုက်နှစ်သက်ရာ (၁) ထုပ်ဝယ်ယူရုံနဲ့ ရေဘူး (၁) ဘူး လက်ဆောင်ရယူလိုက်ပါ! 💜✨

ရှမ်းပလောင်ရဲ့ လူကြိုက်များတဲ့ DETOX Coffee & Tea တွေထဲက ကိုယ်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူပြီး 🎁 ရေဘူး (၁) ဘူး အခမဲ့လက်ဆောင် ရယူလိုက်ပါနော်။

အရေအတွက်ကန့်သတ်ချက်ရှိလို့ လက်ဆောင်မကုန်ခင် အမြန်ဆုံးမှာယူနိုင်ပါတယ်ရှင် 🛍✨

📞 Ph no : 09977498157

🏠ဇီဝကဆေးဆိုင်(၁) - လမ်း (၃၀)၊ (၇၆) လမ်းနှင့် (၇၇) လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၂) - လမ်း (၃၀)၊ (၇၄) လမ်းထောင့်၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၃) - မနော်ဟရီလမ်း (၁၁၀) လမ်း၊ (၆၂) လမ်းနှင့် (၆၄) လမ်းကြား၊ မန္တလေးမြို့။

🏠ဇီဝကဆေးဆိုင်(၄) - (၃၈) လမ်း၊ (၇၈) လမ်းနှင့် (၇၉) လမ်းကြား၊ မန္တလေးမြို့။

ကလေးအတွက် အာဟာရလည်း ပြည့်ဝရမယ်၊ ဈေးနှုန်းလည်း သင့်တင့်ရမယ်ဆိုရင်…  သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးတဲ့ အရွယ်မှာ အာဟာရဓ...
21/08/2026

ကလေးအတွက် အာဟာရလည်း ပြည့်ဝရမယ်၊ ဈေးနှုန်းလည်း သင့်တင့်ရမယ်ဆိုရင်…

သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးတဲ့ အရွယ်မှာ အာဟာရဓာတ် လိုအပ်ချက်က အရမ်းအရေးကြီးပါတယ်။

ဒါပေမဲ့ နေ့စဉ် ကျန်းမာရေးအတွက် အားဆေးတစ်ဘူး ရွေးတော့မယ်ဆိုရင် မေမေတို့ ခေါင်းစားရတာတစ်ခုရှိပါတယ်—

"ဈေးကြီးမှ ကောင်းတာလား? ဈေးသက်သာရင်ရော ဗီတာမင် ပြည့်ပါ့မလား?"

ဒါဆိုရင်တော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထူးကဲတဲ့ အရည်အသွေး စံနှုန်းနဲ့ ကွက်တိကိုက်ညီတဲ့ NAZCO NUTRIKID Syrup လေး ရှိပါတယ်နော်! ✨

1.အာဟာရဓာတ် စုံလင်စွာ ပါဝင်ခြင်း (Rich Formula)Vitamin A, B-Complex (B1, B2, B3, B6), C နဲ့ D စတဲ့ ကလေးတို့ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်ခံအားနဲ့ အစားစားချင်စိတ်ကို မြှင့်တင်ပေးမယ့် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ မျှတစွာ ပါဝင်တာကြောင့် သီးသန့် အားဆေးတွေ ထပ်ဝယ်တိုက်စရာ မလိုတော့ပါဘူး။

2️.ကလေးတွေ ကြိုက်နှစ်သက်တဲ့ အရသာ (Kid-Friendly Taste)သီးစုံ အရသာမွှေးမွှေးလေး ဖြစ်တာကြောင့် အစားရွေးတဲ့ ကလေးတွေတောင် ငြင်းမရဘဲ နှစ်သက်စွာ သောက်သုံးနိုင်ပါတယ်။ (အားဆေးတိုက်ရခက်တဲ့ မေမေတို့ရဲ့ သက်သာရာပါပဲ!)

3️.၁ နှစ်အရွယ်ကနေ ၁၂ နှစ်အရွယ်ထိ တိုက်ကျွေးနိုင်တာကြောင့် အသက်အရွယ်အလိုက် အားဆေးပြောင်းနေစရာ မလိုဘဲ မိသားစု ဘတ်ဂျက်အတွက် အလွန်တွက်ခြေကိုက်ပါတယ်။

💡 မေမေတို့ရဲ့ စမတ်ကျတဲ့ ဆုံးဖြတ်ချက်အတွက် အရေးကြီးဆုံး ဗီတာမင်ဓာတ်တွေကို ကုန်ကျစရိတ်တွေ မပိုစေဘဲ စိတ်ချလက်ချ NAZCO NUTRIKID Syrup ကို ရွေးချယ်လိုက်ပါ။

Messenger (သို့) 09 977 498 157 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

🏠ဆိုင်(၁) လမ်း(၃၀)၊(၇၆)လမ်းနှင့် (၇၇)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၂) လမ်း(၃၀)၊(၇၄)လမ်းထောင့်၊မန္တလေးမြို့။

🏠ဆိုင်(၃) မနော်ဟရီလမ်း (၁၁၀လမ်း)၊(၆၂)လမ်းနှင့် (၆၄)လမ်းကြား၊မန္တလေးမြို့။

🏠ဆိုင်(၄) ၃၈လမ်း၊(၇၈)လမ်းနှင့် (၇၉)လမ်းကြား၊မန္တလေးမြို့။

#ကလေးအားဆေး #မေမေတို့ရဲ့ #ရွေးချယ်မှု

Address

30th Street Between 76h Street And 77th Street
Mandalay
100101

Alerts

Be the first to know and let us send you an email when Jivaka Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jivaka Pharmacy:

Shortcuts

Share