ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ

  • Home
  • Myanmar
  • Mandalay
  • ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ

ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံအတွက် ရွက်လှေ မှကူညီပေးပါရစေ

 #ကျန်းမာရေးအထောက်အကူပြု #ဆားခါးကြပ်ထုပ် လေးနဲ့ မိတ်ဆက်ပေးပါမယ်။ မြန်မာ အခေါ် ဆားခါး ကို Epsom Salt လို့ခေါ်ပါတယ်။ ဓါတုဗ...
21/08/2026

#ကျန်းမာရေးအထောက်အကူပြု

#ဆားခါးကြပ်ထုပ် လေးနဲ့ မိတ်ဆက်ပေးပါမယ်။

မြန်မာ အခေါ် ဆားခါး ကို Epsom Salt လို့ခေါ်ပါတယ်။

ဓါတုဗေဒ အမည်ကတော့ မဂ္ဂနီဆီယံဆာလဖိတ်(Magnesium Sulfate) ( Mg ) ပါ။

သူ့ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံကတော့ အဓိက

၁။ ဆားခါးကြပ်ထုပ်ထိုးပေးခြင်းဖြင့် ကြွက်သားနာကျင် ကိုက်ခဲ ခြင်းများကို သက်သာစေပါတယ်။

၂။ ဆားခါးရေချိုးပေးခြင်းဖြင့် စိတ်ဖိစီးမှု ကို လျှော့ချပေးပြီး အိပ်ပျော်စေပါတယ်။ ( ဆားခါးတွင်ပါသော မဂ္ဂနီဆီယံ သည် စိတ်ကိုအေးချမ်းစေသော ဆီရိုတိုနင်ဟော်မုန်း ထွက်စေပါတယ်)

၃။ ဆားခါးကို ရေနှင့်ရောပြီး ခန္ဓာကိုယ် ကို ပွတ်တိုက်ပေးခြင်းဖြင့် သေနေသော ဆဲလ်များကို ဖယ်ရှားပေးနိုင်ပါသည်။ ( ကြပ်ထုပ်လည်းထိုးနိုင်သည်)

၄။ ရေသန့်နှင့် ဖျော်၍ ဝမ်းနှုတ်ဆေး အဖြစ်လည်းသုံးနိုင်ပါသည်။ ( တန်ဆေး လွန်ဘေး)

၅။ အပင်အတွက် မြေဩဇာ အဖြစ်လည်းအသုံးပြုနိုင်ပါသည်။

၆။ အဝတ်လျှော်ရာတွင် ဆားခါးထည့်ပေးခြင်းဖြင့် အဝတ်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ရွက်လှေမှာ ဆားခါးထုပ် နှင့် ဆားခါးကြပ်ထုပ် လေးတွေ ရရှိနိုင်ပါတယ်။

ရွက်လှေ ( Organic )

Mandalay

09971812528.

လူတိုင်းကြိုက်တဲ့  #ကရမက်အနှစ်လေးကရမက်လိမ်းတတ်သူတိုင်း အလွယ်တကူ လိမ်းနိုင်ပါတယ်။ သွေးစရာမလို၊ ခွက်လေးတစ်ခုထဲမှာ ရေသန့်လေ...
15/08/2026

လူတိုင်းကြိုက်တဲ့ #ကရမက်အနှစ်လေး

ကရမက်လိမ်းတတ်သူတိုင်း အလွယ်တကူ လိမ်းနိုင်ပါတယ်။ သွေးစရာမလို၊ ခွက်လေးတစ်ခုထဲမှာ ရေသန့်လေးနဲ့ ဖျော်လိုက်ရုံပါပဲ။ အပြစ်အကျဲ မိမိ လိုသလောက်ပေါ့။ ကရမက်အဝါပွေး လေးတွေ နဲ့ လုပ်ထားလို့ ဝင်းဝါလှပမှု ရှိပါမယ်။ အခြောက်မြန်မယ်။

မိန်းမအသက်ကရမက် ဆိုပေမယ့် အမျိုးသားတွေရော လိမ်းပါ။ ဆီးကျိတ်ရောင်တဲ့သူတွေ ဆီးခုံကို မကြာမကြာ လိမ်းပေးရင် သက်သာလာပါမယ်။ ဒူးနာ၊ခါးနာ ပျောက်ကင်းပါမယ်။ ညအိပ်ရာဝင်လိမ်းပေးရင် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

ကရမက်လိမ်းတာက အရေပြား မွေးညင်းပေါက် များစွာမှ ခန္ဓာကိုယ် တစ်ခုလုံး အကြောဆေး သွင်းသလိုပါပဲ။ဒါကြောင့် ရေကျဲလေးလိမ်းရင် ပိုထိရောက်ပါတယ်။

မန္တလေးမြို့ကပါ။

တစ်နိုင်ငံလုံးအနှံ့ ပို့ဆောင်ပေးပါတယ်။
ဈေးနှုန်းလေးက 220 gm (Net weight.) တစ်ဘူးကို ၈၅၀၀ ကျပ်ပါ။

လက်ကားဈေးသီးသန့်ရှိပါတယ်။

Viper 09971812528
ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ

မန်ကျည်း သီး မှည့် အနှစ်လေးတွေရပါမယ်။
13/08/2026

မန်ကျည်း သီး မှည့် အနှစ်လေးတွေရပါမယ်။

12/07/2026
12/07/2026

ဆီးချိုသမားများ ဆန်စားသင့်ကြောင်းပါ။

 #ဆရာကြီးဦးရန်အောင်ရဲ့မွေးနေ့မှာ #ရွက်လှေမိသားစု မှ ရိုသေဂါရဝဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ။ ဆရာကြီးရဲ့ သတ္တဝါတွ...
27/06/2026

#ဆရာကြီးဦးရန်အောင်ရဲ့မွေးနေ့မှာ

#ရွက်လှေမိသားစု မှ ရိုသေဂါရဝဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျ။

ဆရာကြီးရဲ့ သတ္တဝါတွေအပေါ် မေတ္တာ ထားတဲ့ကျေးဇူးကြောင့် ကျွန်တော်/ကျွန်မတို့ အားလုံး #ဩဠာရိကသုခုမ
ဆေးပညာရဲ့ အကျိုးတရားတွေကို ခံစားခွင့်ရပြီး ကျန်းမာစွာနှင့် နေ့စဉ်မေတ္တာပို့ရပါတယ်ဆရာကြီး။

ဆရာကြီးညွှန်ကြားခဲ့တဲ့အတိုင်း နီးစပ်ရာ မိတ်ဆွေတွေ၊မိသားစုတွေကိုလဲ သုခုမလမ်းစဉ်တွေကိုပြန်လည်ဝေမျှဖြစ်ပါတယ်။

မကျန်းမမာဖြစ်ရခြင်းရဲ့အကြောင်းတရားတွေ၊ရောဂါလက္ခဏာတွေ၊တည့်တာမတည့်တာ ရှောင်ရန်/ဆောင်ရန်တွေကို ဆရာစားမချန်ပြောပြပေးတဲ့ ဆရာကြီး သက်တော်ရာကျော်ရှည်ပါစေ။
ရွက်လှေမိသားစု
မန္တလေးမြို့။

27/06/2026

သဘာဝ အောင်မဲညိုခေါင်းလျှော်ရည်

ဆံပင်ကျွတ် သက်သာစေခြင်း
ဆံပင်အရှည်မြန်ဆန်စေခြင်း
ဆံသားကိုပျော့ပျောင်းစေခြင်း
ဆံပင်အကြမ်းများကိုသက်သာစေခြင်းနှင့်ဗောက်ထခြင်းကိုပါသက်သာစေပါသည်။

ဈေးနှုန်း ။ ၁၁၀၀၀ကျပ်

၀၉ ၉၆၅၁၁၃၉၃၈

မြို့တွင်း / နယ်ဝေး များကိုအိမ်ရောက်ငွေ‌ေချဖြင့်ပို့ဆောင်ပေးပါသည်

18/06/2026

ရေနွေးငွေ့မရှူသင့်ပါ။
လေသန့်သန့်ရှူပါ။

 #ရေမှတစ်ပါးဆေးမရှိ အပိုင်း(၂)   ရေမှတစ်ပါးဆေးမရှိ ဆိုတာမှာ ရေသောက်တာက ဇိဝှာဒွါရ ကနေ ဝင်သွားတာပေါ့၊  #ရေချိုးတာကတော့ ကာယ...
18/06/2026

#ရေမှတစ်ပါးဆေးမရှိ အပိုင်း(၂)

ရေမှတစ်ပါးဆေးမရှိ ဆိုတာမှာ ရေသောက်တာက ဇိဝှာဒွါရ ကနေ ဝင်သွားတာပေါ့၊ #ရေချိုးတာကတော့ ကာယဒွါရ ကနေ ဆေးတိုက်ရာရောက်တယ်။ ကာယဒွါရကို လူတွေက ဆေးလို့မထင်ကြဘူး။

ဆရာကြီး ခဏခဏ ပြောတာက ပါးစပ်ကစားတာက သိပ္ပံဆေးပညာနဲ့ ယှဉ်ပြောရရင် #အသားဆေး တဲ့။ အသားဆေးထိုးတဲ့အခါ တင်ပါးမှာ ထိုးလိုက်တာ၊ သက်ဆိုင်ရာ ရောက်ဖို့ရာ အချိန်အများကြီး ပေးလိုက်ရတယ်။
IV လို့ခေါ်တဲ့ အကြောဆေးကတော့ သွေးကြောထဲ ချက်ချင်းရောက်တယ်။ ကာယဒွါရ ဆေးတိုက်တာက IV ပေးတာနဲ့ အတူတူပဲတဲ့။ ပုလင်းချိတ်တာနဲ့ အတူတူပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် မွေးညင်းပေါက်တွေက လူ့ခန္ဓာကိုယ်မှာ မရေတွက်နိုင်အောင်ရှိတယ်။ မွေးညင်းပေါက်တွေရဲ့အောက်ခြေမှာ ဆံခြည်မျှင် သွေးကြောလေးတွေရှိတယ်၊ Capillary antery ပေါ့။

ကာယဒွါရက တိုက်လိုက်တဲ့ဆေး၊ ချိုးလိုက်တဲ့ရေဟာ အဲသည်သွေးကြောလေးတွေကတစ်ဆင့် တစ်ကိုယ်လုံးဆီ ချက်ချင်း ရောက်သွားတာ၊ ကိုယ့်မှာ ရှိတဲ့ အပူကို လျှော့ချတာမှာ #ရေချိုးပြီးလျှော့ချတာက ပိုပြီးထိရောက်တယ်။ အဲဒါဆို ရေကို ရွှင်ရွှင်မြူးမြူး ချိုးရဲပြီပေါ့၊ ချိုးနည်းတော့ လိုတာပေါ့နော်။

နေပူထဲက ပြန်လာပြီး ချွေးသံတွေနဲ့ ရေကို တန်းချိုးဖို့ မသင့်ပါဘူး။ ချွေးတိတ်အောင်စောင့်ရမယ်။ ရေသောက်ထားရမယ်။ ခန္ဓာကိုယ် အပူချိန်ကို လျှော့ချထားရမယ်၊ဆီးသွားထားရမယ်။

ရေချိုးတဲ့ အခါ အချိန်ရရင် #ခြေဖမိုးကစလောင်းပါ၊ အချိန်မရရင် ပေါင်လယ်က စလောင်းပါ။ အမျိုးကောင်းသမီးတွေက မကြာခဏ ခေါင်းလျှော်တဲ့အလေ့ရှိတယ်။ အမျိုးကောင်းသားတွေကတော့ ခေါင်းကို အထူးလျှော်မနေဘူး၊ ခေါင်းကို ရေအမြဲလောင်းချိုးတယ်၊ ဒါဆိုရင် ခေါင်းဘယ်အချိန်လျှော်သင့်လဲ၊ ခေါင်းလျှော်လိုက်ရင် ခေါင်းသန့်သွားတာ ဟုတ်တယ်၊ ခေါင်းလျှော်ပြီးမှ ရှိန်းတိန်းတိန်း ဖြစ်လာတာ ဇက်ကြောတွေတက်လာတာတွေက အမျိုးသမီး တော်တော်များများမှာ ဖြစ်ကြတယ်။

ခေါင်းက စချိုးရင် ခေါင်းကို ရေအရင်ထိမယ်။ ခေါင်းကအရင် အေးသွားမယ်၊ အပူလျှောက်ခြင်းနိယာမ ၊ အပူစီးခြင်း နိယာမ တို့အရ ခေါင်းအေးသွားရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူတွေက ခေါင်းကို တက်လာမယ်။ ခေါင်းကို စလျှော်လိုက်ရင် မျက်လုံးကြီးတွေ ရဲတက်လာမယ်၊ဇက်ကြောတွေထိုးလာတယ်၊ ခေါင်းတွေကိုက်လာတယ်။

( ဩ/သု) နည်းအရ ခေါင်းလျှော်မယ်ဆိုရင် ရေတစ်ဝက်ချိုးပြီးမှ လျှော်ရမယ်၊ #ခြေဖမိုးလောင်းမယ်၊ ဒူးလောင်းမယ်၊ ပေါင်လောင်းမယ်၊ ခါးလောင်းမယ်၊ ပခုံးလောင်းမယ်၊ မျက်နှာပါလောင်းလိုက်ပြီဆိုရင် ရေတစ်ဝက်ချိုးပြီးသားရပြီ။ ဆပ်ပြာမတိုက်ခင်အနေအထားပေါ့ ။

အဲဒီအချိန်မှာ တစ်ကိုယ်လုံးက အပူချိန်တွေ လျော့ကျသွားပြီ။လျှောက်ထွက်သွားပြီ၊ ဒါဆိုရင် ခေါင်းမှာရှိတဲ့ ကလီစာ၊ ရင်တွင်းမှာ ရှိတဲ့ ကလီစာတွေ အပူဒဏ်မခံရတော့ဘူး၊ အဲသည်အချိန်ကျမှ ခေါင်းလျှော်မယ်ဆိုရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူတွေက ခေါင်းထိတက်လာလို့မရတော့ဘူး။

ခေါင်းလျှော်ပြီးရင်လဲ ခေါင်းကိုခြောက်အောင်မသုတ်သေးဘဲနဲ့ ဟိုလုပ်ဒီလုပ်လုပ်ကြတယ်။အိမ်ရှင်မတွေကြည့်ရတာ သနားလည်းသနားတယ်။ လေးလဲလေးစားတယ်လို့ပြောရမယ်။ လုပ်စရာရှိသမျှ ဇယ်စက်သလို လုပ်ကြတယ်။ ခြောက်အောင်မသုတ်ကြဘူး။ အောက်ပိုင်းက လှုပ်ရှားလို့ အအေးဓာတ်တွေကုန်ပြီး ပူလာပြီဆိုရင် အဲသည်အပူတွေ ခေါင်းပေါ်ပြန်တက်လာမယ်၊ အဲသည်တော့ ခေါင်းလျှော်ပြီးရင် ခြောက်အောင် မြန်မြန်သုတ်ပါ။

ခြောက်အောင်သုတ်တဲ့နေရာမှာ အပူပေးခြောက်တာထက် ရေစုပ်တဲ့ မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင်ခေါင်းပတ်ပြီး ရေဆက်ချိုးပါ။ ရေချိုးပြီးရင် ထမီရင်လျားနဲ့ သနပ်ခါးသွေး ခြေဆုံးခေါင်းဆုံးလိမ်းပြီး သနပ်ခါးခြောက်မှ အဝတ်ဝတ်ကြတယ်။ မှားတယ် အဝတ်ဝတ်ပြီးမှ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပါ။ ( ကရမက်လိမ်းရင်တော့ တစ်မျိုးပေါ့)
ခန္ဓာကိုယ်ထဲက အပူတွေထွက်အောင် ထိထိမိမိ လုပ်ဆောင်တဲ့ အရာရာတိုင်းကို စဉ်းစဉ်းစားစား လုပ်သင့်ပါတယ်။ အခုတော့ လုပ်နေကျ ခေါက်ရိုးကျိုးထားတဲ့ အတိုင်း ဆောင်ရွက်နေကြတာတွေ့ရတယ်၊ ခေါက်ရိုးကျိုးတွေကို ပြင်ဖို့ သိပ်ခက်ပါတယ်။

အဲသည်တော့ ဆရာကြီးက ဆန့်ကျင်ဘက် ဆောင်ပုဒ်နှစ်ခုပြောတယ်။

#ကောက်ကောက်ထဲမှာ‌၊ #ဖြောင့်ဖြောင့်ရှာ
#ခပ်ကွေးကွေးလေးဟာအဖြောင့်ဆုံးပါတဲ့
#ဖြောင့်ဖြောင့်ထဲမှာကောက်ကောက်ရှာတော့
#ခပ်ကွေးကွေးဟာအကောက်ဆုံးပဲဖြစ်နေပါပြီ။

#သုံးဆင့်ဆက်ခတ်ဤဖြစ်ရပ် စာအုပ်မှ ကောက်နုတ်ထားပါသည်။
ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ
၁၈-၆-၃၀၂၆

Address

စ-၅/၁၃ ၊၆၇လမ်း ၊၁၀၈ X ၁၀၉ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Mandalay
11111

Telephone

+959971812528

Website

Alerts

Be the first to know and let us send you an email when ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွက်လှေ - သဘာဝဓာတ်စာနှင့်ကျန်းမာရေးပစ္စည်းစုံ:

Shortcuts

Share