31/05/2024
မောင်နှမချင်းပြိုင်ဆိုင်တာ မိဘကြောင့်ပါ
တစ်ချို့မိဘတွေက ငယ်ငယ်ထဲက
တစ်ဦးအပေါ် တစ်ဦး
ချစ်တတ်အောင် သင်ပေးတယ်
တစ်ချို့မိဘတွေကျ မသိကြတာလား
ပေါ့ပေါ့တန်တန်ပဲပြောလိုက်ကြတာလား မသိဘူး
အကြီးက လိမ္မာတယ် အငယ်ကမလိမ္မာဘူးတို့
အကြီးက စာတော်တယ် အငယ်က
အကြီးလောက် ဉာဏ်မကောင်းဘူး တို့
အငယ်က အလိုက်ကန်းဆိုးသိတယ်တယ်
အကြီးက အရိပ်သုံးပါး နားမလည်ဘူး တို့
ကျေးဇူးပြုပြီး အကြီးလေးကတော့ လိမ္မာတယ်
အငယ်လေးကတော့ဆိုးတယ် ဘာညာတို့
အကြီးလေးထက် အငယ်လေးကပိုချောတယ်တို့
အငယ်လေးကိုပဲချစ်တော့မယ် ဆိုတာမျိုး
ကလေးတွေ စိတ်ဝမ်းကွဲစေမဲ့ စကားမျိုး လုံးဝလာမပြောပါနဲ့
ငယ်တုန်း အချင်းချင်း ကြေးတန်းထိုး
ငယ်ရာက ကြီးတော့ အပြိုင်အဆိုင်နဲ့
ပြိုက်ဘက်ကြီးတွေလို ဖြစ်ကုန်ရော ....
ငယ်တုန်း ကလေးတွေ ကြေးတန်းထိုးတာ ဟာ
ကြီးလာရင် သိပ်ကြောက်ဖို့ကောင်းတယ်ဆိုတာ
မိဘတွေ သတိမထားမိလို့ပါ
မောင်နှမတွေ အချင်းချင်း ...
ပြိုင်ဆိုင်ကြတာရဲ့ အစက
မိဘတွေကြောင့်ပါ
ကိုယ်တိုင်ကလည်း သားသမီးတွေ အပေါ်
Fair ဖြစ်တယ်လို့ မြင်သာအောင် ဆက်ဆံပါ
သင့်မျိုးဆက်အတွက် မစည်းလုံးစေမဲ့
အကြီးမားဆုံး Bad Habit က
အချင်းချင်း ကြေးတန်းထိုးကြတာပဲ
ငယ်တုန်း ပြုပြင်ပေးကြပါ
မောင်နှမတွေ ကြီးလာ မှ
ငါ့သား ငါ့သမီးတွေ
အချင်းချင်း မချစ်ကြပါလား မပြောခင်
အချင်းချင်း ချစ်အောင် သင်ပေးခဲ့လား ?
ကလေး တစ်ယောက်နဲ့ တစ်ယောက်ကို
ခဏ ခဏ နှိုင်းယှဉ် ပြီး ဆုံးမနေလား ? စဉ်းစားပါ
မသိလို့ပြောမိတာ ဆိုရင်
ကလေးတွေ အတွက် ပြင်ပါ
မောင်နှ မတွေကို ချစ်လာအောင်
သင်ပေးဖို့က မိဘတွေ တာဝန်ပါ
မိသားစု တစ်ခုမှာ ...
မောင်နှမတွေ ဘယ်လောက်ချစ်လဲ ဆိုတာ
လက်ဦးဆရာ မိနဲ့ ဖ ရဲ့ အပြောအဆို
အပြုအမူတွေရဲ့ သက်ရောက်မှုတွေ အများကြီးပါတယ်
မောင်နှမတွေ မချစ်တာ
မိဘတွေ ငယ်ငယ်က
ချစ်အောင် မသင်ပေးတတ်ခဲ့လို့ပါ
အချင်းချင်း ချစ်တက်အောင်ပဲသင်ပေးပါ။
ဘယ်သူမှားမှားမှန်မှန် အကြီးကအငယ်ကို အနိုင်ကျင့်တာတို့ အငယ်က အကြီးကိုပြန်ပြောတာတို့
လုံးဝလက်မခံနိုင်ပါဘူး။
မိဘတွေအနေနဲ့ အဲလိုအပြုမူမျိုးဖြစ်လာရင်
တခါတလေပဲဆိုပြီးတော့လည်း အပြောမခံပါနဲ့
အစရှိနောင်အခါခါ ပြောစရှိရင်
နောက်လည်း ရိုသေမှုရှိမှာမဟုတ်တော့ပါဘူး
အကြီးနဲ့ အငယ်ကို
မင်း/ နင်/ငါ/ နာမည် စသဖြင့် ပေးမခေါ်ရဘူး
အခေါ်မခံရဘူး
ကိုကြီး/ မမ / ညီလေး / ညီမလေး/ မောင်လေး
အဲလိုပဲ ခေါ်ခိုင်းပါ...
ဒါတွေက ကြီးမှ သင်ပေးလို့ မရပါဘူး
ကလေးချင်းချစ်အောင် လုပ်ရတာ လွယ်ပါတယ်
လူကြီးချင်း ချစ်အောင် လုပ်ဖို့ကျ ခက်သွားပါပြီ
Credit #