26/11/2024
ဝမ်းလျှောခြင်း (Diarrhoea)
🥴😰ကလေးကနေ လူကြီးအထိ ဝမ်းမလျှောဘူးတဲ့သူ မရှိသလောက် ဖြစ်ပါလိမ့်မည်။ လူတိုင်း ဝမ်းလျှောဖူးကြပါလိမ့်မည်။ ဝမ်းလျှောခြင်းသည် အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်တတ်သည်။ အစာရေစာ မသန့်ရှင်း၍ဖြစ်စေ၊ အခြားဆေး တစ်မျိုးမျိုးကြောင့်ဖြစ်စေ၊ အစားစာ ဓါတ်မတည့်၍ဖြစ်စေ၊ ပတ်ဝန်းကျင်နှင့် တကိုယ်ရေသန့်ရှင်းမှု့ အားနည်း၍ဖြစ်စေ နည်းပေါင်းစုံကြောင့် ဖြစ်ပွားတတ်သည်။
ရေကြီးပြီး နောက်ဆက်တွဲအခြေနေများကြောင့်လည်း ဖြစ်တတ်သည်။
🤧😰ဝမ်းလျှောလျှင် စိုးရိမ်စရာမလိုသော်လည်း မပေါ့ဆသင့်ပေ။ ဝမ်းလျှောသည့် အကြိမ်ရေများလျှင် ခန္ဓာကိုယ်မှ အရည်ဓါတ်များ ဆုံးရှုံးမှု များလျှင်အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ဝမ်းလျှောလျှင် အခြားသူများကိုလည်း ကူးစက်တတ်သေးသည်။
⚖️ဝမ်းလျှောလျှင် အလွယ်တကူ မှတ်သားရမည်မှာ ထွက်သမျှ ပမာဏအတိုင်း ဝင်အောင်ဖြည့်ရမည်။ ဝမ်းလျှောလျှင် သတ်မှတ်ထားသော ဓါတ်ဆားရည်ကို သတ်မှတ်ထားသော ပမာဏအချိုးအစားအတိုင်း ဖျော်သောက်ရမည်။ ဓါတ်ဆာရည် လုံလောက်အောင် မသောက်နိုင်လျှင် အကြောဆေးသွင်းရသည်အထိ လိုအပ်နိုင်ပါသည်။ အခြားသူများကို မကူးစက်အောင်လည်း သန့်ရှင်းရန် လိုအပ်သည်။
💊💉ဝမ်းလျှောလျှင် နီးစပ်ရာ ဆေးဆိုင်၊ ဆေးခန်း တို့တွင် ဓါတ်ဆားထုပ်များ(ဝမ်းလျှောလျှင် သောက်သည့် ဓါတ်ဆားထုပ်)၊ ဝမ်းပိတ်ဆေးများ၊ အခြားလိုအပ်သော ဆေးများ ဝယ်ထားသင့်သည်။
အေးချမ်းမြေ့ ဆေးဆိုင်တွင် ကလေး၊ လူကြီးများအတွက် ဆေးများ၊ ဓါတ်ဆားထုပ်များ အစုံရှိသည်။ မိမိတွင် ဖြစ်ပေါ် ခံစားရသော ရောဂါ လက္ခဏာများကို ပြောပြပြီး သင့်တော်သော ဆေးဝါးများကို ဝယ်ယူရရှိနိုင်ပါသည်။
🍚🥣ဝမ်းလျှောနေစဉ်နှင့် ဝမ်းလျှောပျောက်ကင်းပြီးသည့် အချိန်များတွင် အစာပျော့ပျော့၊ အစာကြေလွယ်ပြီး အပူအစပ်၊ အချဉ် မပါသော သန့်ရှင်းလတ်ဆတ်သည့် အစားစာများကို စားသုံးသင့်သည်။ ဓါတ်ဆားရည်ကို အလိုရှိသလောက် သောက်နိုင်သော်လည်း ဆေးဝါးများကို တတ်ကျွမ်းနားလည်သော ဆရာဝန်၊ ဆရာ၊ ဆရာမ များ၏ ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါသည်။
🚨📌ဝမ်းလျှောသည့် အကြိမ်ရေ များလာလျှင်မျက်တွင်းချိုင့်ဝင်လာခြင်း၊ ပါးစပ်အာခေါင်များ ခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသားရေများခြောက်သွေ့ ပျော့တွဲလာခြင်း၊ ရေဆာခြင်း၊ သတိလစ်ခြင်း၊ ဆီးမသွားခြင်း၊ ခြေလက်များအေးစက်လာခြင်း စသည့် ရေနှင့်ဓါတ်ဆားများ ဆုံးရှုံးသည့် လက္ခဏာများ ပြင်းထန်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန် သွားရောက်ပြီး ကုသမှု ခံယူသင့်သည်။
💪ကျန်းမာစွာဖြင့် အခက်ခဲများ ကျော်လွှားနိုင်ပါစေ.....
💊အေးချမ်းမြေ့ ဆေးဆိုင်
မင်းကြီးရန်နောင်လမ်း(လမ်း၁၂၀)၊ ၅၂ × ၅၃ ကြား၊ ပြည်ကြီးတံခွန်၊ မန္တလေး။