Med-Box

Med-Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Med-Box, Medical and health, 19 street between 57 and 58 streets, Mandalay.

ကျတော်တို့ Med-Box ဆိုင်လေး ငလျင် ဒဏ်ကြောင့် ခေတ္တရွှေ့ပြောင်း ထားရသော်လည်းအိမ်တိုင်ရာရောက် လာရောက် ဝယ်ယူအားပေးကြသော ချစ...
09/04/2025

ကျတော်တို့ Med-Box ဆိုင်လေး ငလျင် ဒဏ်ကြောင့် ခေတ္တရွှေ့ပြောင်း ထားရသော်လည်း

အိမ်တိုင်ရာရောက် လာရောက် ဝယ်ယူအားပေးကြသော ချစ်သော customer များ 🙏🏻

လှူဒါန်းဖို့ ဆေးဝါးများ အတွက် ယုံယုံကြည်ကြည် လာရောက် ဝယ်ယူကြသော သူငယ်ချင်းများ customer များသာမက 🙏🏻

ပစ္စည်းမှန် စျေးမှန်တဲ့ အတွက် လာရောက် အားပေးကြသော ဆေးရုံ ဆေးခန်း များ အား တစ်ဦးတစ်ယောက်ချင်း ဆီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ဗျာ 🙏🏻

ကျေးဇူး တုံ့ပြန်တဲ့ အနေနဲ့လည်း မေတ္တာလက်ဆောင်ဆေးဝါးများ ကျတော်တို့ တတ်နိုင်သလောက် ပြန်လည် ထည့်ပေးလိုက်ပါတယ် ခမျာ 🙏🏻

နောက်ထပ်လည်း ယခုလို စျေးသက်သာစွာဖြင့်ရောင်းချ နိုင်ရန်သာမက လက်ဆောင်ပစ္စည်း ဆေးဝါးများလည်း ပိုပိုထည့်ပေးနိုင်အောင်ကျတော် တို့ အကောင်းဆုံးကြိုးစားသွားပါမယ်ဗျာ 🙏🏻

🙏🏻လူသားတိုင်း လူသားတိုင်း ဘေးအန္တရာယ်ကင်းကွာပီး ကျန်းမာချမ်းသာသော ဘဝများ ပိုင်ဆိုင်ကြပါစေလို့ ကျတော်တို့ Med-box မိသားစုမှလည်း ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါတယ် ဗျာ 🙏🏻

ကျနော်တို့ Med-box မှ ငလျင်အတွက် ကူပေးနေကြသော ဆေးခန်းများ ဆရာဝန်များ ထံ လိုအပ်သော ဆေးဝါးများ တက်နိုင်သလောက် လိုက်လံ လှူဒ...
05/04/2025

ကျနော်တို့ Med-box မှ ငလျင်အတွက် ကူပေးနေကြသော ဆေးခန်းများ ဆရာဝန်များ ထံ လိုအပ်သော ဆေးဝါးများ တက်နိုင်သလောက် လိုက်လံ လှူဒါန်းပေးနေပါတယ်ဗျာ 🙏🏻
နောက်ထပ်လည်း ဆက်လှူသွားပါအုံးမယ် ဗျာ 🙏🏻

PS- ဆိုင်လေးကတော့ ထိသွားလို့ ပိတ်ထားရပါတယ်
လိုအပ်တာများရှိရင် page chat box မှာ လာရောက်မေးမြန်း ဝယ်ယူနိုင်ပါတယ် ဗျာ
❗️နောက်ထပ် နောက်ထပ် အမြတ်လုံးဝ မတင်ထားပါဘူး ❗️
ပုံမှန်ရောင်းစျေးထက်တောင် လျော့ပီး ရောင်းပေးသွားမှာပါ ဗျာ 🙏🏻

ကယ်ဆယ်ရေးများ လိုအပ်ပါက mask များ လက်အိတ်များ အခမဲ့ လာရောက် ယူနိုင်ပါတယ် ဗျာ 🙏🏻

26/03/2025

S-i-m-i-l-a-c stage 2 total comfort လေး discount 6000 အပါဝင် စျေး တန်တန်လေးနဲ့ ၂ ဘူး ရပါအုံးမယ် ဗျာ
ဒါကုန်ရင် ကုန်ပါပီ ဗျ ☘️

ပုံလေးတော့ comment မှာ ကြည့်ပေးပါဗျ

03/03/2025

ကာကာတို့ စျေးလာ မဝယ်ရင် မင်မင် အဖြစ် 🥹

Z i f a m - tablets မျိုးစုံလည်း အနည်း အများ ဝယ်ယူရရှိနိုင်ပါတယ် ဗျ ☘️ထုံးစံ အတိုင်း ဆေးလေးတွေက တင်လို့ မရလို့ comment ထ...
28/02/2025

Z i f a m - tablets မျိုးစုံလည်း အနည်း အများ ဝယ်ယူရရှိနိုင်ပါတယ် ဗျ ☘️

ထုံးစံ အတိုင်း ဆေးလေးတွေက တင်လို့ မရလို့ comment ထဲမှာ ဝင်ရောက် ကြည့်ရှုဖို့ မေတ္တာရပ်ခံပါတယ် ဗျာ 🙏🏻

ရန်ကုန်မှာပျံ့နေတဲ့ အသည်းပိုးဆိုတာဘာလဲ××××××××××××××××××××××××××××××ဒီနေ့ည ရန်ကုန်မှာပျံ့နေတဲ့အသည်းပိုးဆိုပြီး ဖတ်လိုက်ရ...
25/02/2025

ရန်ကုန်မှာပျံ့နေတဲ့ အသည်းပိုးဆိုတာဘာလဲ
××××××××××××××××××××××××××××××

ဒီနေ့ည ရန်ကုန်မှာပျံ့နေတဲ့အသည်းပိုးဆိုပြီး ဖတ်လိုက်ရပါတယ်။

ကျွန်တော့် မိတ်ဆွေတို့ လူနာလေးတွေတို့ သိတာက အသည်းရောင်အသားဝါပိုးဆိုရင် B နဲ့ C က နာမည်ကြီးဆိုတော့ သိကြတာပေါ့လေ။

တကယ်က A, B, C, D and E ဆိုပြီး ၅မျိုးတောင်ရှိတာပေါ့ဗျာ။

B နဲ့ C ကတော့ သွေးလိင်စသဖြင့်ကနေကူးစက်တတ်တယ်ပေါ့။

ခုတော့ ပျံ့နေပါတယ်ဆိုတဲ့ အသည်းပိုးအကြောင်း ပြောချင်တာပါ။
A သို့မဟုတ် E ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာက ပေါပါတယ်၊ ဖြစ်တတ်ကြပါတယ်၊ သတိမထားမိကြလို့ပေါ့နော်။ ဆေးရုံတွေမှာတော့ ထူးဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပြန်ဘူး။

နှစ်ခုစလုံးက အစားအသောက်ကတဆင့် ကူးစက်နိုင်စွမ်းရှိတဲ့ အသည်းကိုထိစေတဲ့ ဗိုင်းရပ်စ်ပိုးတွေဖြစ်ပါတယ်။ ရလဒ်ကတော့ အသည်းကို ရောင်ရမ်းစေပါတယ်။

ဒီနေ့ကူးစက် ဒီနေ့လက္ခဏာချက်ချင်းတော့ မပေါ်တတ်ဘူးပေါ့။
၂ပတ်ကနေ တခါတရံ ၅ပတ်၆ပတ်လောက်ကြာမှ ပေါ်လာတတ်ပါတယ်။ ပြန်ပျောက်ဖို့ကလည်း ကြာတတ်ပြန်တယ်၊ တချို့ဆို ၈ပတ်(၂လ)လောက်ကြာတတ်တယ်။

လက္ခဏာတွေကတော့ ဗိုက်နာဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ အသားဝါ မျက်စိဝါခြင်း၊ အစားအသောက်ပျက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မူးဝေခြင်း၊ အန်ခြင်း နဲ့ နောက်ပိုင်းမှာ ဆီးအရောင်ရင့်ခြင်း/မည်းခြင်း ၊ ဝမ်းအရောင်ဖြူခြင်းများဖြစ်တတ်ပါတယ်။

ကူးစက်တာကတော့ ခုနကပြောသလိုပဲ မသန့်ရှင်းတဲ့ ပိုးကပ်ငြိနေတဲ့ အစားအသောက်တွေကို စားမိရာကနေဖြစ်တာပါပဲ၊ ပူပူနွေးနွေးချက်ပြုတ်စားသောက်တာက အန္တရာယ်ကင်းပါတယ်၊ သို့သော်လည်း ချက်ပြုတ်ပြီး အစားအစာတွေကို အသည်းရောင်အသားဝါ A သို့မဟုတ် E ရှိနေသူက ပြင်ဆင်ပေးရတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ရမှာပါ။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းပါတယ်။

၁၊ ညစ်ပတ်တဲ့အစားအစာတွေကို ရှောင်ပါ
၂၊ မသန့်ရှင်းဘူးလို့ သံသယရှိရင် မစားပါနဲ့
၃၊ လက်ကိုစင်ကြယ်စွာဆေးပါ ၊ မကြာခဏဆေးပါ
၄၊ သန့်ရှင်းသောရေ၊ သန့်ရှင်းသော အစားအစာများ သုံးဆောင်ပါ
၅၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ

ကုသခြင်း

-တိကျသောကုသမှုမရှိပါ
-ခန္ဓာကိုယ်ကတိုက်ထုတ်မှာဖြစ်ပါတယ်
-အနားယူခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ရေ/အရည်များများသောက်ခြင်း ပြုလုပ်ပေးရပါမယ်
- အသည်းကိုထိစေသောဆေးများ ရှောင်ရှားရပါမယ်
- အဆိုပါဆေးများကိုသိရှိဖို့အပြင် ဖြစ်လာခဲ့ရင် ကုသမှုခံယူဖို့ နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ပြသရပါမယ်

Hepatitis A/E နှင့် အရက်

လူငယ်တွေသိချင်နေကြမှာပါ
ဖြစ်လာရင်တော့ မသောက်ပဲ အချိန်တစ်ခုကြာအနားယူရပါမယ်
ဒီနည်းလမ်းကသာ အသည်းကိုအနားပေးတဲ့ ထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်

Hepatitis A/E နှင့် ကိုယ်ခံအားကျသူများ

ကိုယ်ခံအားနည်းသူများ၊ ဆီးချိုသမားများ၊ HIVလူနာများ၊ ကင်ဆာသမားများ ကူးစက်လွယ်တတ်ခြင်းကြောင့် ကာကွယ်ခြင်းနှင့် သတိဖြင့်နေထိုင်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်

Hepatitis E နှင့် ကိုယ်ဝန်

တကယ်လို့ Hep E ဖြစ်ခဲ့ရင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သတိထားဂရုပြုရပါမယ်။ Fulminant Hepatitis E (ပြင်းထန်အသည်းရောင်) ဖြစ်တတ်လို့ပါ။ အထူးသဖြင့် ကိုယ်ဝန်၄လကနေ မွေးခါနီးထိ ကိုယ်ဝန်ဆောင်များ ဂရုစိုက်ရပါမယ်

နောက်ဆုံးမှာချင်တာက
- အပေါ်ကလက္ခဏာလေးတွေ သတိထားမိရင် ဆေးရုံဆေးခန်းသွားပါ
- တယ်လီကျန်းမာလို ဆေးခန်းတွေမှာလည်း အကြံဥာဏ်တောင်းခံနိုင်ပါတယ်
- မှန်ကြည့်ပါ မျက်သားအဖြူလေးဝါမဝါ ကြည့်ပါ (သံသယရှိပါ ဆိုက်ကိုတော့မဝင်စေချင်ပါ)
- ဘေးလူတွေက အတော်ဝါနေတယ်နော်လို့ ပြောရင် မပေါ့ဆပါနဲ့
- ဒေါင်ဆရာများ လျှော့ပါ

စာကြွင်း။ ။ Hepatitis A vaccine အခု စထိုးမယ်ဆိုရင်တောင် Heptatitis A ကို ပြန်တိုက်မယ့် ကိုယ်ခံအားက နောက်၁၀ရက် ၁၄ရက်ကြာမှ ထွက်ပါတယ်ခင်ဗျ။
ချက်ချင်းကြီး မကာကွယ်ပေးနိုင်ပါဘူးခင်ဗျာ။
ခရီးထွက်စရာမရှိရင် ဆင်ခြင်ပြီးလတ်တလောနေထိုင်ရင် လုံလောက်ပါတယ်။
ကိုယ်တိုင်ချက်စားနိုင်ရင်စားပြီး၊ မစားနိုင်ရင် သန့်ရှင်းတဲ့ဆိုင်များကို ရွေးချယ်စားသုံးလို့ရပါတယ်ခင်ဗျ။
အရမ်းကြီးသံသယမထားပါနဲ့ခင်ဗျာ စိတ်မပူပါနဲ့ခင်ဗျ။
ကျွန်တော်တို့ပြည်သူများက တစ်ခုခုဆိုအရမ်း Panic မဖြစ်ဖို့လိုပါတယ်ခင်ဗျာ။ တချို့တလေ လုပ်စားသွားမှာစိုးလို့ပါ။

Credit to
Dr. Swam Htet (Dr. Ted)
M.B.,B.S (Ygn)
M.R.C.S (Edin) 🙏🏻

ညဘက် အကဲလွန်းပီး မနက်ခင်း အလုပ်စောစော ထသွားရသော အခါ 🥹Photo credit to original uploader 🙏🏻
25/02/2025

ညဘက် အကဲလွန်းပီး မနက်ခင်း အလုပ်စောစော ထသွားရသော အခါ 🥹

Photo credit to original uploader 🙏🏻

နှလုံး နဲ့ ပတ်သတ်တဲ့ ဆေးထဲက တစ်မျိုးဖြစ်တဲ့ V . M . R  tab လေးရော သူနဲ့ အလားတူ စျေးသက်သာ တဲ့ အခြား brand လေးတွေရော ကျနော...
20/02/2025

နှလုံး နဲ့ ပတ်သတ်တဲ့ ဆေးထဲက တစ်မျိုးဖြစ်တဲ့ V . M . R tab လေးရော သူနဲ့ အလားတူ စျေးသက်သာ တဲ့ အခြား brand လေးတွေရော ကျနော် တို့ Med-box မှာ ဝယ်ယူရရှိနိုင်ပါတယ် ဗျ 🔥

ပုံလေးတွေကိုတော့ comment ထဲမှာ ကြည့်ပေးဖို့ မေတ္တာရပ်ခံ ပါတယ် ခမျာ 🙏🏻

လတ်တလော company မှာတောင် ပစ္စည်းမကျန်တဲ့ inj လေး ကျတော်တို့ ဆီမှာ စျေးအသက်သာဆုံးနဲ့ ပစ္စည်းကျန်သလောက် ရအုံးမယ်ဗျာ 🥰ပုံလေ...
20/02/2025

လတ်တလော company မှာတောင် ပစ္စည်းမကျန်တဲ့ inj လေး ကျတော်တို့ ဆီမှာ စျေးအသက်သာဆုံးနဲ့ ပစ္စည်းကျန်သလောက် ရအုံးမယ်ဗျာ 🥰

ပုံလေး တေတင်ရင် ဖျက်ဖျက်ချလို့ ဆေးလေးတွေကို comment ထဲမှာ ဝင်ကြည့်ပေးဖို့ မေတ္တာ ရပ်ခံပါရစေဗျာ 🥺

13/02/2025

အပူထုတ် ရေချိုးနည်း လေးပါ
___________________

လူတွေမှာ ငုပ်လှောင်အောင်းတဲ့ အပူတွေရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်ရင် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ရေချိုးနည်း မှန်ဖို့ လိုပါတယ်။ ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ ) အပူထုတ်တဲ့နည်းကို ပြောပြပါ့မယ်။

(၁) ရေမချိုးခင် အပူထုတ်နည်း မန်ကျည်းရည် ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္တာကိုယ် တစ်ခုလုံးကို ပွတ်ပါ။

(၂) ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက်လက်ဖဝါးနဲ့ အလျားလိုက် အကြိမ် (၅၀)ခန့် ပွတ်ပါ။

(၃) (၁၀)မိနစ်ကြာမှ ရေချိုးပါ။

(၄) ရေချိုးရာမှာ ရေကို ဝုန်းခနဲ တမ်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန်အဖျားတွေကို လောင်းပါ။

ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည်ချိုးပေးရင် အပူတွေ တစိမ့်စိမ့် ထွက်စေပါတယ်။
✅အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။ ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။

Credit

အပူထုတ် ရေချိုးနည်း မမှားစေရန် စေတနာဖြင့် တင်ပေးလိုက်ပါတယ်ဗျာ 🥰

❤️‍🔥PS - Comment ထဲမှာ ရနိုင်မည့် ဆေးလေး တစ်ချို့ ရေးပေးထားမှာ မို့ ဝင်ရောက်ကြည့်ရှုသွားဖို့လည်း မေတ္တာ ရပ်ခံပါတယ်ဗျာ 🥺
ဇူဇူ က ဘာဆေးပုံလေးတင်တင် ဖျက်နေလို့ပါ ဗျာ 😭

Address

19 Street Between 57 And 58 Streets
Mandalay

Website

Alerts

Be the first to know and let us send you an email when Med-Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share