သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ

  • Home
  • Myanmar
  • Mandalay
  • သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ

သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ သဗ္ဗဇေယျ အမျိုးသားကျန်းမာရေး အထူးကုတိုင်းရင်းဆေးခန်း (Acupuncture Clinic & FDA Approved foodstuffs Production)

အမျိုးသားများ အရွယ်ရခြင်းနှင့် အားအင်ကုန်ခမ်းခြင်းအတွက် သဗ္ဗဇေယျ ပရန္နဝါအားဆေး~ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် GMP နည်...
07/08/2026

အမျိုးသားများ အရွယ်ရခြင်းနှင့် အားအင်ကုန်ခမ်းခြင်းအတွက် သဗ္ဗဇေယျ ပရန္နဝါအားဆေး
~ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် GMP နည်းစနစ်ဖြင့် FDA approved သဗ္ဗဇေယျ မှ ဂုဏ်ယူစွာဖြင့် ထုတ်လုပ်ထားပါသည်။ ~
🚨 သဗ္ဗဇေယျ ပရန္နဝါအားဖြည့်ယို ( ပုံမှန်ခန္ဓာကိုယ်ရှိသူများအတွက် အထူးသင့်လျော်ပါသည်။ )
🚨 သဗ္ဗဇေယျ ပရန္နဝါအားဆေးလုံး
( အဝလွန်ခြင်း နှင့် ဆီးချိုရှိခြင်းအတွက် သင့်လျော်ပါသည်။)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် - TMR 016471(1127)
🚨နှစ်သက်ရာ တမျိုး မှီဝဲပါ။

~ အကျိုးအာနိသင်များ ~
♻️ခွန်အား သန်မာစေခြင်း။
♻️နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး စိတ်ကြည်လင် လန်းဆန်းစေခြင်း။
♻️မိမိကိုယ်ကို ယုံကြည်မှု တိုးမြှင့်စေပြီး စိတ်သွားတိုင်း ကိုယ်ပါ ကျန်းမာ သန်စွမ်းစေခြင်း။
♻️~ စိတ်ပင်ပန်းခြင်း ~ လူပင်ပန်းခြင်း ~ အားအင်ကုန်ခမ်းခြင်း ~ အရွယ်ရလာခြင်း တို့အတွက် သက်ရှည် ကျန်းမာ ခွန်အား သန်မာစေသော ရသာယန အားဆေးဖြစ်ပါသည်။
သုံးစွဲရန်အညွှန်း
♻️ အိပ်ယာဝင် ဗူးပါဇွန်း ၁-၂ဇွန်း သို့မဟုတ် အားဆေးလုံး ၅-၇လုံး တကြိမ် မှီဝဲပါ။
🍀 အစာနှင့်နီးကပ်စွာ ဆေးမမှီဝဲသင့်ပါ။

~ ရှောင်ရန်များ ~
* အရက် ဘီယာ ဆေးလိပ် အချိုရည် လွန်ကဲစွာသောက်သုံးခြင်း နှင့်
*အချို အငန် အဆီများသော အစားအစာများ အမြဲစားသုံးခြင်း ရှောင်ကြဉ်ပါ။

~ ဆောင်ရန်များ ~
*နေ့စဉ် ရေဓါတ်ပြည့်ဝအောင် နေထိုင်ပါ။
*အာဟာရ မျှတစွာ စားသောက်ပါ။
*နေ့စဉ် နာရီဝက်ခန့် လမ်းလျောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားရှိခြင်းက ရေရှည်မှာ ကျန်းမာ သန်စွမ်း နုပျိုစေပါသည်။

🚨အကယ်၍ အညောင်းထိုင်များခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် သွေးပေါင်ချိန် မြင့်တက်ခြင်းတို့ ရှိပါက
~ သဗ္ဗဇေယျ ဆင်တုန်းမနွယ်အားဆေးလုံး မနက် ညနေ အစားစားပြီး ၅လုံးစီ မှီဝဲပြီးမှ အိပ်ယာဝင် ပရန္နဝါအားဆေး သောက်ပါ။

ပြန်လည်သန်စွမ်းရေးအတွက် အထောက်အကူပြု ✅ သဗ္ဗဇေယျ တော်ဝင် သဘာဝလိမ်းဆေးကို အိပ်ယာဝင်ချိန်မှာ သေချာ စိမ့်ဝင်အောင် လိမ်းပါ။

အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ။
‼️အတုအပ ဆင်တူယိုးမှား သတိပြုပါ။ ‼️

*ပင်ရင်း -
သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်းနှင့် စားသောက်ကုန်လုပ်ငန်း
( Acupuncture Clinic & FDA Approved Foodstuffs Production)
လိပ်စာ- ၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး ရွှေမန်းတောင်ဂေါက်ကွင်းအကျော် အောင်မြေသာစံမြို့နယ် မန္တလေး။
🙏ကျန်းမာရွှင်လန်းကြပါစေ။
#သဗ္ဗဇေယျ
#တိုင်းရင်းဆေး
#အားဆေး

#အမျိုးသား #ပရန်နဝါယို #ပရန်နဝါ

23/07/2026

"အော်ဒါတွေ တရစပ်တက်နေတဲ့ တော်ဝင်ရှားစောင်းလက်ပတ်ယို 🍯🔥 ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်လို့ စောင့်နေရတဲ့သူတွေအတွက် မကြာခင် ဆေးဆိုင်တွေဆီ ပစ္စည်းတွေ ပြန်ရောက်တော့မှာမို့ စောင့်မျှော်အားပေးကြပါဦးနော် 🛒✨ ဆိုင်မရောက်ခင် အမြန်လိုချင်ရင်တော့ Page ကနေ COD နဲ့ အခုကတည်းက တိုက်ရိုက်မှာယူနိုင်ပါပြီခင်ဗျာ [🏭💚] #တော်ဝင်ရှားစောင်းလက်ပတ်ယို #သဗ္ဗဇေယျ #တိုင်းရင်းဆေး #မြန်မာတိုင်းရင်းဆေး"

17/07/2026

သဗ္ဗဇေယျ တိုင်းရင်းဆေးနှင့် စားသောက်ကုန်ထုတ်လုပ်ရေးသို့ အလည်တခေါက် 🏭💚
အရည်အသွေးမြင့်မားပြီး စားသုံးသူတွေ ယုံကြည်မှုအပြည့်ရရှိစေဖို့ FDA အသိအမှတ်ပြု လက်မှတ်ရရှိထားတဲ့ "သဗ္ဗဇေယျ" စက်ရုံငယ်လေးရဲ့ ထုတ်လုပ်မှု အခြေအနေ ဖြစ်ပါတယ်။ အသေးစားစက်ရုံလေး ဖြစ်သော်လည်း GMP လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်လုပ်နေမှုကို မှတ်တမ်းဓာတ်ပုံများနှင့်တကွ ဂုဏ်ယူစွာ မျှဝေပေးလိုက်ပါတယ်။ #သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး #ပရန္နဝါအားဆေး

စိတ်ဖိစီးမှုများခြင်း အရွယ်ရခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်…အလုပ်ပင...
08/07/2026

စိတ်ဖိစီးမှုများခြင်း အရွယ်ရခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်…

အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးမဝခြင်း၊ အရွယ်ရလာခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတွေက
🦁အမျိုးသားများ၏ ခန္ဓာကိုယ် စွမ်းအင်နှင့် ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။

အထက်ပါအခြေအနေများကြောင့် အမျိုးသားတွေမှာ ...
- ညဘက်အိပ်မပျော်ခြင်း
- မနက်ပိုင်း မလန်းဆန်းခြင်း
- နေ့စဉ် ပင်ပန်းနွမ်းနယ်နေခြင်း
- ပန်းညိုးခြင်း
- စိတ်လှုပ်ရှားမှုနှင့် ဖိအားများကြောင့် သုက်လွှတ်မြန်ခြင်း စတဲ့ အခြေအနေများကို ကြုံတွေ့ရတတ်ပါတယ်။

🌿 သဗ္ဗဇေယျ ပရန္နဝါအားဆေး 🌿
ပရန္နဝါ၊ ခွေးလှေးယားစေ့၊ ဆင်တုန်းမနွယ်၊ ကြာဝတ်ဆံ၊ ဇာသီး၊ ဇာပွင့်၊ ပိတ်ချင်းသီး၊ နံ့သာနီ၊ နံ့သာဖြူ စသည့် အဖိုးတန် တိုင်းရင်းဆေးဘက်ဝင် အပင်များကို အချိုးကျစနစ်တကျ အခြေခံဖော်စပ်ထားသောကြောင့်
✅စိတ်ဖိစီးမှု၊ အရွယ်ရလာခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်
တိုင်းရင်းဆေးပညာအရ ထိရောက်စွမ်းထက်သော (တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR016471(1127) ရရှိပြီးသား) အားဆေးဖြစ်ပါတယ်။

✨ ✨ **သုံးစွဲသူများ၏ အတွေ့အကြုံများအရ...**

✓ ညဘက် ပိုမိုအိပ်ပျော်လာခြင်း
✓ မနက်ပိုင်း ပိုမိုလန်းဆန်းတက်ကြွလာခြင်း
✓ နေ့စဉ် အားအင်နှင့် စွမ်းအင်များ ပြန်လည်ရရှိလာခြင်း
✓ ပန်းမလန်းခြင်းအတွက် အထောက်အကူဖြစ်ခြင်း
✓ စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများကြောင့် သုက်လွှတ်မြန်ခြင်းအတွက် အထောက်အကူဖြစ်ခြင်း

စသည့် အတွေ့အကြုံကောင်းများကို သုံးစွဲသူများထံမှ ကြားသိရရှိထားပါတယ်။

⚠️ အသိပေးချက်
ရောဂါအခံရှိသူများ၊ ဆေးဝါးဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အခြားကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပေါ်သော အလယ်အလတ်နှင့် အပြင်းစားအခြေအနေများအတွက်မှာ
သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော ကုသမှုများကို တွဲဖက်ဆောင်ရွက်သင့်ပါတယ်။
ကျနော်တို့ သဗ္ဗဇေယျ တိုင်းရင်းဆေးခန်းတွင်လည်း လာရောက်ပြသကာ ဆွေးနွေးကုသမှု ခံယူနိုင်ပါတယ်။

အိပ်ကောင်းခြင်း၊ လန်းဆန်းခြင်းနှင့် ယုံကြည်မှုရှိသော နေ့ရက်များအတွက်...
"သဗ္ဗဇေယျ ပရန္နဝါအားဆေး"
📞 ဆက်သွယ်ရန် - 09402516523, 09401636368
📍 လိပ်စာ - သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။ #သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး #ပရန္နဝါအားဆေး

မနေ့က ၅နှစ်အရွယ် သားသားတယောက် ဆေးခန်းလာပြတယ်။မေမေဖြစ်သူ- ဆရာမ ဒီသဗ္ဗဇေယျဆေးခန်းက ဘေ*ာ အထူးကုဆေးခန်းဆိုလို့ လာပြတာတဲ့… 😅ထ...
07/07/2026

မနေ့က ၅နှစ်အရွယ် သားသားတယောက် ဆေးခန်းလာပြတယ်။
မေမေဖြစ်သူ- ဆရာမ ဒီသဗ္ဗဇေယျဆေးခန်းက ဘေ*ာ အထူးကုဆေးခန်းဆိုလို့ လာပြတာတဲ့… 😅ထားပါ..
အဲ့ဒါနဲ့ သားသားကို စစ်ကြည့်တော့…

- ကပ်ပယ်အိတ်တွင် ဖောင်းကြွရောင်ရမ်းနေခြင်း။
- ကလေး ဆော့ကစားစက်ဘီးစီးလျှင်
ကပ္ပယ်အိတ်က ပိုမိုကြီးထွားထင်ရှားလာခြင်း။
- ကလေး ငြိမ်နေလျှင် အိပ်နေချိန်တွင် ကြီးလာသောအဖုသည် ဝမ်းဗိုက်ထဲသို့ ပြန်ဝင်သွားပြီး သေးသွားခြင်း သို့မဟုတ် ပျောက်သွားခြင်း… ဆိုပြီး စစ်ဆေးသိရပါတယ်။

"လက်ရှိ သားသားအခြေအနေမှာ ကပ်ပယ်အိတ်ကြီးပြီး မာခဲနေကာ အရင်က အိပ်ပျော်သွားလျှင် အဖုအရွယ်အစား ပြန်သေးသွားသော်လည်း ယခုအခါ ပြန်မသေးတော့သည့်အတွက် ကလေးခွဲစိတ်အထူးကု (Pediatric Surgeon) သို့မဟုတ် ခွဲစိတ်ကုသနိုင်သော ဆေးရုံတွင် အမြန်ဆုံးပြသင့်ကြောင်း ညွှန်ပေးလိုက်ပါတယ်။"

- ကလေးတွေ ပေါင်ခြံအူကျခြင်း (Inguinal hernia)မှာ မွေးရာပါ ဝမ်းဗိုက်နှင့် ပေါင်ခြံကြားရှိ သဘာဝလမ်းကြောင်း မပိတ်ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။
- ကလေးတွေ ငိုတဲ့အခါ သို့မဟုတ် ဝမ်းသွားလို့ ညှစ်တဲ့အခါ ပေါင်ခြံ သို့မဟုတ် ကပ်ပယ်အိတ်တွင် အဖုထွက်လာပြီး အိပ်ပျော်သွားချိန်တွင် ပျောက်သွားတတ်ပါတယ်။

- သားသားမေမေက …ဆရာမ ကျ​မ တိုင်းရင်းဆေးတွေစုံနေပြီ၊ ဆေးလိမ်းနေတာ မပျောက်ဘူးဆိုပြီး ပြောပြပါတယ်။

အမှန်က "အူကျခြင်းကို ဆေးလိမ်းခြင်း၊ နှိပ်နယ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် ပိတ်သွားအောင် မကုသနိုင်ပါဘူး။"

*ဒီလိုကလေးအူကျခြင်းတွေက ခွဲစိတ်ကုသခြင်းဖြင့် အပြီးတိုင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
*အတိအကျအခြေအနေသိရဖို့ ကလေးခွဲစိတ်အထူးကုဆရာဝန်နှင့် အမြန်ဆုံး ပြသပြီး လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူပါလို့ ညွှန်ပေးလိုက်ပါတယ်။

ဘာကြောင့် ကလေးတွေမှာ အူကျတတ်လဲဆိုရင်
- ကလေးများ မွေးဖွားလာစဉ် ဝမ်းဗိုက်နှင့် ပေါင်ခြံကြားရှိ သဘာဝလမ်းကြောင်းလေး ပုံမှန်အတိုင်း ပိတ်မသွားဘဲ ကျန်ရစ်ခြင်းကြောင့် အူတစ်စိတ်တစ်ပိုင်း ကျွံကျလာခြင်း ဖြစ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ကလေးတွေမှာ ပိုမိုဖြစ်ပွါးလေ့ရှိပါတယ်။
- ဒီလိုမျိုးအူကျတတ်တာက မိဘတွေ ပြုစုစောင့်ရှောက်မှု ညံ့ဖျင်းခြင်း သို့မဟုတ် ကလေးငိုလွန်းခြင်းကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါဘူး ဆိုတာ သားသားမေမေတွေကို ပြောပြချင်ပါတယ်။

မိဘတွေ သိထားသင့်တာက—
- အဖုကို ညင်သာစွာ ဖိလည်း ပြန်မဝင်တော့ခြင်း
- ကလေး အလွန်နာကျင်၍ ငိုမရပ်ခြင်း
- အန်ခြင်း
- ဗိုက်ဖောင်းခြင်း
- ကပ်ပယ်အိတ် နီလာခြင်း၊ ခရမ်းရောင်ပြောင်းခြင်း
- ဖျားခြင်း
ဒီလက္ခဏာတွေရှိရင် အချိန်မဆွဲဘဲ အရေးပေါ်ဆေးရုံကို သွားသင့်ပါတယ်။

သားသားလေးတွေအားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေ။

ဆရာမဒေါ်ထူးထူးဝါ (B.M.T.M; Bachelor of Myanmar Traditional Medicine, MDY)
သဗ္ဗဇေယျ အမျိုးသားကျန်းမာရေး အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။
#သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး

စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်…အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးမဝ...
01/07/2026

စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်…

အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးမဝခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတွေက အမျိုးသားများ၏ ခန္ဓာကိုယ် စွမ်းအင်နှင့် ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။

အထက်ပါအခြေအနေများကြောင့် အမျိုးသားတွေမှာ ...
- ညဘက်အိပ်မပျော်ခြင်း
- မနက်ပိုင်း မလန်းဆန်းခြင်း
- နေ့စဉ် ပင်ပန်းနွမ်းနယ်နေခြင်း
- စိတ်ဖိစီးမှုနှင့် ပင်ပန်းခြင်းကြောင့် ပန်းညိုးခြင်း
- စိတ်လှုပ်ရှားမှုနှင့် ဖိအားများကြောင့် သုက်လွှတ်မြန်ခြင်း စတဲ့ အခြေအနေများကို ကြုံတွေ့ရတတ်ပါတယ်။

🌿 သဗ္ဗဇေယျ ပရန္နဝါအားဆေး 🌿
ပရန္နဝါ၊ ခွေးလှေးယားစေ့၊ ဆင်တုန်းမနွယ်၊ ကြာဝတ်ဆံ၊ ဇာသီး၊ ဇာပွင့်၊ ပိတ်ချင်းသီး၊ နံ့သာနီ၊ နံ့သာဖြူ စသည့် အဖိုးတန် တိုင်းရင်းဆေးဘက်ဝင် အပင်များကို အချိုးကျစနစ်တကျ အခြေခံဖော်စပ်ထားသောကြောင့်
✅စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖြစ်ပေါ်လာသော အမျိုးသားအားအင်ကျဆင်းမှုများအတွက်
တိုင်းရင်းဆေးပညာအရ ထိရောက်စွမ်းထက်သော (တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် TMR016471(1127) ရရှိပြီးသား) အားဆေးဖြစ်ပါတယ်။

✨ ✨ **သုံးစွဲသူများ၏ အတွေ့အကြုံများအရ...**

✓ ညဘက် ပိုမိုအိပ်ပျော်လာခြင်း
✓ မနက်ပိုင်း ပိုမိုလန်းဆန်းတက်ကြွလာခြင်း
✓ နေ့စဉ် အားအင်နှင့် စွမ်းအင်များ ပြန်လည်ရရှိလာခြင်း
✓ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် ပန်းမလန်းခြင်းအတွက် အထောက်အကူဖြစ်ခြင်း
✓ စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများကြောင့် သုက်လွှတ်မြန်ခြင်းအတွက် အထောက်အကူဖြစ်ခြင်း

စသည့် အတွေ့အကြုံကောင်းများကို သုံးစွဲသူများထံမှ ကြားသိရရှိထားပါတယ်။

⚠️ အသိပေးချက်
ရောဂါအခံရှိသူများ၊ ဆေးဝါးဘေးထွက်ဆိုးကျိုးများ သို့မဟုတ် အခြားကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပေါ်သော အလယ်အလတ်နှင့် အပြင်းစားအခြေအနေများအတွက်မှာ
သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သော ကုသမှုများကို တွဲဖက်ဆောင်ရွက်သင့်ပါတယ်။
ကျနော်တို့ သဗ္ဗဇေယျ တိုင်းရင်းဆေးခန်းတွင်လည်း လာရောက်ပြသကာ ဆွေးနွေးကုသမှု ခံယူနိုင်ပါတယ်။

အိပ်ကောင်းခြင်း၊ လန်းဆန်းခြင်းနှင့် ယုံကြည်မှုရှိသော နေ့ရက်များအတွက်...
"သဗ္ဗဇေယျ ပရန္နဝါအားဆေး"
📞 ဆက်သွယ်ရန် - 09402516523, 09401636368
📍 လိပ်စာ - သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။ #သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး #ပရန္နဝါအားဆေး

ဆီးချိုရှိတယ်... ပန်းညှိုးနေလို့၊ ပန်းမလန်းလို့ အားဆေးသောက်ချင်တဲ့ မိတ်ဆွေများအတွက်...ဆီးချိုဆေး ပုံမှန်သောက်တယ် အစားရှေ...
11/06/2026

ဆီးချိုရှိတယ်... ပန်းညှိုးနေလို့၊ ပန်းမလန်းလို့ အားဆေးသောက်ချင်တဲ့ မိတ်ဆွေများအတွက်...

ဆီးချိုဆေး ပုံမှန်သောက်တယ် အစားရှောင်တယ် ပန်းညိုးနေလို့ အမျိုးသားအားဆေးတွေ ဝယ်သောက်ဖို့ စဉ်းစားနေပြီဆိုရင်
မိမိကိုယ်ကို အောက်ပါအချက်လေးတွေနဲ့ အရင်ဆုံး တိုက်ဆိုင်စစ်ဆေးပေးပါဦး။

၁။ ရေခဏခဏငတ်ခြင်းနှင့် ဆီးခဏခဏသွားခြင်း၊ အထူးသဖြင့် ညဘက်တွင် ဆီးမကြာခဏထသွားရခြင်း။
၂။ ခြေကုန်လက်ပန်းကျခြင်း။
၃။ မျက်စိမှုန်ခြင်း။
၄။ ဗိုက်ခဏခဏဆာခြင်း။
၅။ အနာကျက်နှေးခြင်း။
၆။ ကိုယ်အလေးချိန် ပုံမှန်မဟုတ်ဘဲ ကျဆင်းသွားခြင်း၊ အစားကောင်းကောင်းစားသော်လည်း ဝိတ်ကျသွားခြင်း။
၇။ တုန်တုန်ရီရီဖြစ်ပြီး ချွေးစေးများထွက်ခြင်း၊ အေးစိမ့်ပြီး ချွေးထွက်လာခြင်း။
၈။ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း။
၉။ ခေါင်းမူးခြင်းနှင့် စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မရဘဲ ဒေါသထွက်လွယ်ခြင်း။
၁၀။ နှုတ်ခမ်း၊ လျှာ သို့မဟုတ် ပါးစပ်တစ်ဝိုက် ထုံကျဉ်ခြင်း။
၁၁။ အမြင်အာရုံဝေဝါးပြီး အားနည်းခြင်း။
၁၂။ ခြေလက်များ ထုံကျင်ခြင်း၊ ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ခြေဖဝါး၊ လက်ဖဝါးများတွင် အပ်နှင့်ထိုးသလို ခံစားရခြင်း။
၁၃။ အရေပြား ခြောက်သွေ့ယားယံခြင်း သို့မဟုတ် မှိုပိုးခဏခဏဝင်ခြင်း။

အထက်ပါ လက္ခဏာတွေထဲမှာ
နံပတ် (၁)ကနေ (၆)အထိက သွေးတွင်းသကြားဓါတ် ပုံမှန်ထက်မြင့်နေတဲ့ လက္ခဏာပါ။
နံပတ် (၇)ကနေ (၁၁)အထိက သွေးတွင်းသကြားဓါတ် ပုံမှန်ထက်ကျနေတဲ့ လက္ခဏာပါ။
နံပတ် (၁၂)နှင့် (၁၃) လက္ခဏာက ဆေးသောက်နေသော်လည်း လနှင့်ချီပြီး သွေးတွင်းသကြားဓာတ် မြင့်တက်နေရင် ဖြစ်တတ်တဲ့ အာရုံကြောနှင့် သွေးကြောများ ပျက်စီးလာခြင်းကြောင့်ပါ။

💡 သဗ္ဗဇေယျ တိုင်းရင်းဆေးခန်းမှ အရေးကြီးအကြံပြုချက်:
အစားရှောင်ပြီး ဆီးချိုဆေးသောက်နေသော်လည်း အထက်ပါအချက်တွေ ခံစားနေရတယ်ဆိုရင်
ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ် မငြိမ်သေးတာပြသနေတာမို့
မည်သည့်အမျိုးသားအားဆေးကိုမှ သောက်သုံးရန် မသင့်တော်သေးပါဘူး။

ဆီးချိုသမားတွေ ပန်းညိုးခြင်းအများစုမှာ
သွေးတွင်းသကြားဓါတ်မတည်ငြိမ်မှုကြောင့်
သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်ပြီး
ပန်းညှိုးရတာဖြစ်လို့
သွေးတွင်းသကြားဓာတ် ပုံမှန်အတိုင်း ပြန်ငြိမ်သွားအောင် အရင်လုပ်ဖို့ လိုအပ်ပါတယ်။

*မိမိသောက်နေသော ဆီးချိုဆေးပမာဏ (Dose) ကို ပြန်လည်ညှိနှိုင်းရန် ပြသနေကျ အထူးကုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးရပါမယ်။ (ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆီးချိုဆေးကို ကိုယ်တိုင်တိုးခြင်း၊ လျှော့ခြင်း မပြုလုပ်သင့်ပါဘူး)။

သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်ပြီး ကျန်းမာရေးပြန်ငြိမ်မှသာ သင့်တော်တဲ့ အမျိုးသားအားဆေး/တိုင်းရင်းဆေးကို သောက်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေး လမ်းညွှန်ပေးနိုင်ဖို့နှင့် ဆွေးနွေးတိုင်ပင်လိုပါက -
📞 09-402516523 (မနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ဆက်သွယ်နိုင်ပါသည်။)
ဆရာမ ဒေါ်ထူးထူးဝါ
(Bachelor of Myanmar Traditional Medicine, B.M.T.M; Mdy)
သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨 လိပ်စာ: ၇၃လမ်း၊ ၂လမ်းနှင့် ၃လမ်းကြား၊ ရွှေမန်းတောင်ဂေါက်ကွင်းအကျော်၊ တိုင်းရင်းဆေးတက္ကသိုလ်အနီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
#သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး #ဆီးချို #မန္တလေး

10/06/2026

📢 မိတ်ဆွေတို့ရေ…

ရန်ကုန်မြို့အတွင်း **သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ** ကို ဝယ်ယူရရှိနိုင်သော ဆေးဆိုင်များစာရင်းလေး ဖြစ်ပါတယ်။

🏠 အပြင်မထွက်ချင်သူများအတွက်လည်း
ပစ္စည်းရောက်ငွေချေ (COD) စနစ်ဖြင့် အိမ်အရောက်ပို့ဆောင်ပေးနေပါပြီ။

🎁 အထူးအစီအစဉ်အနေနဲ့
✅ ၅ ဗူးဝယ်ယူလျှင် 5% Discount
✅ ၁၀ ဗူးဝယ်ယူလျှင် ၁ ဗူး လက်ဆောင်

ဒီအစီအစဉ်ကို ဆေးခန်းမှ တိုက်ရိုက်ဝယ်ယူနေကြတဲ့ မိတ်ဆွေတွေကတော့ သိပြီးသားပါနော်။

📞 ဆွေးနွေးတိုင်ပင်ပြီးမှ မိမိနှင့် သင့်တော်ရာကို ဝယ်ယူလိုပါက Hotline – 09 402 516 523 သို့ နံနက် ၉:၀၀ နာရီမှ ညနေ ၆:၀၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါစေရှင့်။

သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။

#သဗ္ဗဇေယျ #ရန်ကုန် #အမျိုးသားကျန်းမာရေး

https://www.facebook.com/share/p/1LYKGPNjjn/?mibextid=wwXIfr

စိတ်ရှိပေမယ့် ပါတနာ ရှိမနေတဲ့အခါ…လက်သုံးရတာ မကြိုက်နေတဲ့အခါအကြံပေးချင်တာကတော့*ပင်ပန်းတဲ့အားကစား လေ့ကျင့်ခန်းတခုခုစိတ်ပေါ...
09/06/2026

စိတ်ရှိပေမယ့် ပါတနာ ရှိမနေတဲ့အခါ…
လက်သုံးရတာ မကြိုက်နေတဲ့အခါ
အကြံပေးချင်တာကတော့
*ပင်ပန်းတဲ့အားကစား လေ့ကျင့်ခန်းတခုခု
စိတ်ပေါ်တိုင်း လုပ်ပေးစေချင်ပါတယ်…

ဘာလို့လဲဆိုတော့
၁) ချက်ချင်း စိတ်ပြောင်းစေပါတယ်;
စိတ်ပေါ်တိုင်း ပင်ပန်းတဲ့ အားကစား ချက်ချင်းလုပ်ခြင်းက ခန္ဓာကိုယ် စွမ်းအင်ကို ကုန်ခမ်းစေပြီး လိင်စိတ်ကို ယာယီ ချက်ချင်း လျော့ကျစေပါတယ်။

၂) သွေးလည်ပတ်မှု ကောင်းမွန်ပါတယ်;
အားကစားကြောင့် နှလုံးနှင့် သွေးကြောများ သန်မာပြီး ဆီးခုံပိုင်း သွေးစီးဆင်းမှု တိုးလာသည့်အတွက် ရေရှည်တွင် အမျိုးသားအင်္ဂါ ပိုမိုသန်စွမ်းလာပါတယ်။

၃) ခံနိုင်ရည် (Stamina) တိုးခြင်း:
အမောခံနိုင်ရည်နှင့် ကြွက်သားအင်အား ပိုကောင်းလာလို့ နောင်တစ်ချိန် ပါတနာ ရလာသည့်အခါ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးနိုင်ပါလိမ့်မယ်။

See You At The Top 🔝 နော် မိတ်ဆွေတို့…

ဆရာမဒေါ်ထူးထူးဝါ ( Bachelor of Myanmar Traditional Medicine; B.M.T.M, MDY)
သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။ #သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး

ဝိတ်တက်လာပြီး အမျိုးသားစွမ်းဆောင်ရည်ကျလာနေတယ်ဆိုရင်🏃‍♂️ အထိုင်များတဲ့အခါ ဝိတ်တွေတက်လာပြီး သွားလာလှုပ်ရှားမှုတွေမှာ သွက်လ...
08/06/2026

ဝိတ်တက်လာပြီး အမျိုးသားစွမ်းဆောင်ရည်ကျလာနေတယ်ဆိုရင်
🏃‍♂️ အထိုင်များတဲ့အခါ ဝိတ်တွေတက်လာပြီး သွားလာလှုပ်ရှားမှုတွေမှာ သွက်လက်မှုတွေ လျော့လာရပါတယ်၊ အမျိုးသားစွမ်းဆောင်ရည်တွေ ကျလာတတ်ပါတယ်။
ဒီလိုမျိုး မဖြစ်ရအောင်—
✨ သဗ္ဗဇေယျ ဆင်တုန်းမနွယ်အားဆေး ကို ရေများများနှင့် တွဲဖက်သောက်သုံးပေးပါ။(အထိုင်များသူများ တစ်နေ့ နှစ်ကြိမ် သောက်သုံးနိုင်ပါသည်)
💡 ရေရှည်မှာ ကျန်းမာကြံ့ခိုင်နေစေဖို့ ညစာထမင်းလျော့စားပြီး တစ်နေ့ကို နာရီဝက် လမ်းလျှောက်ပေးဖို့လည်း မမေ့ပါနဲ့ဦး။

🥱 ကြွက်သားတွေထဲက အားမရှိသလို နုံးချိပြီး
အားအင်ကုန်ခမ်းလွယ်ကာ မလန်းမဆန်း ဖြစ်နေတယ်ဆိုရင်—
✨ သဗ္ဗဇေယျ ပရန္နဝါဆေးလုံး ကို အိပ်ရာဝင်ခါနီး သောက်သုံးပေးပါ။ အိပ်စက်ခြင်းကို အထောက်အကူပြုပြီး စိတ်ကြည်လင်လန်းဆန်းကာ ခွန်အားသန်မာမှုတွေကို တိုးတက်စေပါတယ်။

📞 မိမိခန္ဓာကိုယ်အခြေအနေနဲ့ ကိုက်ညီမယ့်ဆေးကို အသေးစိတ် ဆွေးနွေးချင်ပါက
-• ဖုန်းနံပါတ် - 09 402516523•
(မအားလပ်၍ ဖုန်းမကိုင်ဖြစ်ပါက Viber တွင် အရင်ဆုံး စာပို့ထားနိုင်ပါတယ်၊ မိမိခန္ဓာကိုယ်အခြေအနေအလိုက် သေချာလေး ပြန်လည်ညွှန်းဆိုပေးပါမည်။)

💪 မိတ်ဆွေများအားလုံး ခန္ဓာကိုယ် ကျစ်လစ်သန်မာပြီး ကျန်းမာပျော်ရွှင်ကြပါစေ။

ဆရာမဒေါ်ထူးထူးဝါ ( Bachelor of Myanmar Traditional Medicine;B.M.T.M)
သဗ္ဗဇေယျ အထူးကုတိုင်းရင်းဆေးခန်း
(Acupuncture Clinic & FDA Approved Foodstuffs Production)
🏨၇၃လမ်း ၂လမ်း ၃လမ်းကြား ရွှေမန်းတောင်ဂေါက်ကွင်းအကျော် တိုင်းရင်းဆေးတက္ကသိုလ်အနီး အောင်မြေသာစံမြို့နယ် မန္တလေး။

#သဗ္ဗဇေယျ #အမျိုးသားကျန်းမာရေး

Address

73rd, Between 2nd & 3rd Street
Mandalay
0501-1518

Telephone

+959402516523

Website

Alerts

Be the first to know and let us send you an email when သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သဗ္ဗဇေယျ ဆေးစွမ်းကောင်းများ:

Shortcuts

Share