Bhone Shwe Yi Min Co.,Ltd

Bhone Shwe Yi Min Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bhone Shwe Yi Min Co.,Ltd, Mandalay.

https://bhoneshweyimin.com
UCG Test Strip,Exam Gloves, HIV, B, C , Malaria Test Strip,Slimming Patch, Capsicum Plaster, Stethoscope , BPMonitor, Lancet and other health care product.

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပ...
06/06/2026

🎗️အခမဲ့ ဆီးချိုသွေးချို စစ်ဆေးပေးခြင်း အစီအစဉ်🎗️

🎗️ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ရန်အလို့ငှာ မိဘပြည်သူများအတွက်

ဆီးချိုသွေးချိုအခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်ကို မန္တလာသီရိဘောလုံးကွင်း မန္တလေးမြို့ တွင် Bhone Shwe Yi Min Co.,Ltd (Sinocare Myanmar) မှ တာဝန်ယူပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

🎗️Safe AQ UG Meter လေးများဖြင့် ‌ဆီးချို‌သွေးချိုစစ်ပေးခြင်း၊ Uric acid စစ်ပေးခြင်းတို့ကို အခမဲ့ပြုလုပ်ပေးခဲ့သော ပုံရိပ်လေးများအား မျှဝေပေးလိုက်ပါတယ်။

ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။🙏
Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

#ဆီးချိုလူနာများနှင့်အမြဲအတူရှိနေသောsinocare


#ဆီးချို #သွေးချို #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို

"ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်(မန္တလေးမြို့)"☑🥰 ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ...
04/06/2026

"ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်(မန္တလေးမြို့)"☑

🥰 ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ရန်အလို့ငှာ မန္တလေးမြို့မှ မိဘပြည်သူများအတွက် ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း အစီအစဉ်ကို အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း Bhone Shwe Yi Min Co.,Ltd (Sinocare Myanmar) မှ တာဝန်ယူပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ရက်စွဲ >>> 6.6.2026(စနေနေ့)

အချိန် >>> (6:00 am to 8:00 am) (မနက်ပိုင်း)

နေရာ >>> မန္တလာသီရိဘောလုံးကွင်း
68 လမ်း၊ 106*107လမ်း၊ မန္တလေးမြို့။

👉မိမိအသိမိတ်ဆွေများအား ထပ်ဆင့်ဖိတ်ခေါ်ဖို့အတွက် Mention ခေါ်နိုင်ပါတယ်။ သို့မဟုတ် ဤ Post လေးကို အားလုံးသိအောင် Share လုပ်ခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်ရှင့်။

🙏ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ။🙏
Bhone Shwe Yi Min Co.,Ltd
Sinocare Myanmar


#ဆီးချိုလူနာတိုင်းနဲ့အမြဲအတူရှိနေသောsinocare
#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

ရုံးပိတ်ရက် ကြေညာခြင်း**********************ကျွန်မတို့ ဘုန်းရွှေရည်မင်းကုမ္ပဏီကို အစဉ်တစိုက် အားပေးနေကြသော မိတ်ဟောင်း၊ မ...
25/05/2026

ရုံးပိတ်ရက် ကြေညာခြင်း
**********************
ကျွန်မတို့ ဘုန်းရွှေရည်မင်းကုမ္ပဏီကို အစဉ်တစိုက် အားပေးနေကြသော မိတ်ဟောင်း၊ မိတ်သစ် Customer ကြီးများရှင့်

28.5.2026 (ကြာသပတေးနေ့) သည် အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့ ဖြစ်ပါ၍ ဘုန်းရွှေရည်မင်း ကုမ္ပဏီ ရုံးခွဲများအားလုံး၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

"လစာတိုးမြှင့်သတ်မှတ်ပေးခြင်း"✨ဘုန်းရွှေရည်မင်း ကုမ္ပဏီလီမိတက် အနေဖြင့် ဝန်ထမ်းများ၏ အခြေခံလစာကို နှစ်စဉ်နှစ်တိုင်း မေလတ...
21/05/2026

"လစာတိုးမြှင့်သတ်မှတ်ပေးခြင်း"

✨ဘုန်းရွှေရည်မင်း ကုမ္ပဏီလီမိတက် အနေဖြင့် ဝန်ထမ်းများ၏ အခြေခံလစာကို နှစ်စဉ်နှစ်တိုင်း မေလတွင် တိုးမြှင့်ပေးလျက်ရှိရာ ယခု 2026 မေလတွင်လည်း အစဉ်အလာ မပျက် တိုးမြှင့်ပေးခဲ့ပါသည်။

✨ကုမ္ပဏီအနေဖြင့် အစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်း လစာတိုးမြှင့်သတ်မှတ်ခဲ့လေ့ရှိရာ ယခုနှစ်တွင်လည်း ဝန်ထမ်းအားလုံး၏ သက်သာချောင်ချိရေးကို ရှေးရှု၍ ယခင်နှစ်များထက် ပိုမိုသောနှုန်းများဖြင့် အခြေခံလစာကို ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။

✨ဝန်ထမ်းများအားလုံး ဘေးကင်းလုံခြုံ၍ နေ့စဉ်ဘဝ တိုးတက်အဆင်ပြေပါစေကြောင်း Admin Team မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်။




Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

iCan CGM 💹Upgrading from i3 to i6✨Next generation, advanced version✨စဉ်ဆက်မပြတ်သကြားဓာတ်စောင့်ကြည့်ခြင်း နည်းပညာနဲ့အတူ ဆ...
09/05/2026

iCan CGM

💹Upgrading from i3 to i6

✨Next generation, advanced version

✨စဉ်ဆက်မပြတ်သကြားဓာတ်စောင့်ကြည့်ခြင်း နည်းပညာနဲ့အတူ ဆီးချိုကို ထိန်းချုပ်မဲ့သူများအတွက် iCan CGM က i3 Version မှ i6 Version ကို upgrading လုပ်ထားတာဖြစ်ပါတယ်။

အသစ်ပြောင်းလဲထားတဲ့ iCan i6 CGM ဟာ

- ပိုမိုသေးငယ်သောအရွယ်အစား sensor
- ပိုမိုလွယ်ကူသော တပ်ဆင်ပုံ
- ပိုမိုကောင်းမွန်လာသော နည်းပညာ စတဲ့ နည်းပညာတွေနဲ့အတူ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

iCan i6 CGM လေးဟာ

✔ သွေးချိုအတိုးအကျကို Real-time ဖြင့် တိတိကျကျ တိုင်းတာနိုင်ပြီး
✔ Hypo / Hyperglycemia အန္တရာယ်ကို မတိုင်မီ သတိပေးနိုင်သည့် အဆင့်မြင့် Alert System
✔ ဆေးဝါး၊ အစားအသောက်နှင့် လေ့ကျင့်ခန်းများ၏ သက်ရောက်မှုကို App ထဲတွင် Data-driven insights အဖြစ် ပြသပေးနိုင်ပါတယ်။

🔍 သွေးချိုပြဿနာတိုးလာနေသူများ၊ ဆီးချိုအမျိုးအစား မည့်သည့်အဆင့်မဆို
အချိန်မရွေး၊ နေရာမရွေး သွေးချိုကို စနစ်တကျ စောင့်ကြည့်နိုင်သည့်
Evidence-based tool တစ်ခုအဖြစ် သုံးစွဲနိုင်ပါတယ်။

🏥 ဆရာဝန်များကလည်း iCan CGM ကို
• ဆီးချိုအန္တရာယ်လျှော့ချနိုင်ခြင်း
• ဆီးချိုအတွက် Decision-making တိကျနိုင်ခြင်း
• Lifestyle intervention ကိုထိရောက်စေခြင်း
တို့ကြောင့် မကြာသေးမီကတည်းက အကြံပြုအသုံးပြုနေကြပါတယ်။

▪iCan ဟာ ၂၄ နာရီလုံး သွေးတွင်းသကြားဓာတ်ကို သိရှိနေနိုင်တာဖြစ်တဲ့အတွက် ပုံမှန်ဆီးချိုတိုင်းစက်တွေနဲ့တိုင်းတာထက် ပိုပြီး ဆီးချိုကို ထိန်းချုပ်ရာမှာ သာလွန်တဲ့ ကျန်းမာရေးကို အကျိုးရှိစေတဲ့ နည်းပညာအသစ်၊ ထုတ်ကုန်အသစ် ဖြစ်ပါတယ်။

▪CGM ကို ဆီးချိုအတွက် စမ်းသုံးကြည့်ချင်တယ်ဆို Sinocare က ထုတ်လုပ်ထားတဲ့ Sioncare ican i3 / i6 CGM Version ၂ မျိုးလုံးရှိပါတယ်။ ရေစိုခံ၊ အဖြေတိကျ၊ ၁၅ ရက်ကြာရှည်ခံ၊ လွယ်လွယ်ကူကူ အသုံးပြုနိုင်၊ ဈေးနှုန်းချိုသာသော Sinocare CGM စက်လေးများကို Sinocare Myanmar မှာ ရရှိနေပြီဖြစ်ပါတယ်။

▪ဆီးချိုသမားတွေမှာ ခန္ဓာကိုယ်သကြားဓာတ်အဖြေ အတက်၊အကျ ကို အချိန်နှင့်တပြေးညီ သိရှိနေလျှင် မိမိ၏ကျန်းမာရေး၊ အသက်ကို စောင့်ရှောက်ပြီးသား ဖြစ်နေမှာပါ။

▪iCan i6 CGM ကို အသုံးပြုချင်တယ်၊ အသေးစိတ်သိချင်တယ်ဆိုလျှင် Chat box တွင် စုံစမ်းနိုင်ပါသည်။

☎️ဆက်သွယ်စုံစမ်းရန်☎️

Customer Service – 09 266 166 237

Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd


#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို

"ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင် ဖွင့်ပွဲ"Health Care Events✅Bhone Shwe Yi Min Co.,Ltd (Sinocare Myanmar) မှကျန်းမာရေးအခ...
27/04/2026

"ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင် ဖွင့်ပွဲ"
Health Care Events✅

Bhone Shwe Yi Min Co.,Ltd (Sinocare Myanmar) မှ

ကျန်းမာရေးအခမဲ့ စစ်ဆေးပေးမည့်အစီအစဉ်

✨ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်သစ်ဖွင့်ပွဲတွင် ပြုလုပ်သွားမည်ဖြစ်သည့် Health Care Events(ကျန်းမာရေး အခမဲ့ စစ်ဆေးပေးမည့် အစီအစဉ်) တွင် Bhone Shwe Yi Min Co.,Ltd(Sinocare Myanmar) မှလည်း ပူးပေါင်းပါဝင်ပြီး 28.4.2026 / 29.4.2026 ၂ရက်တိုင်တိုင် ကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်းများကို ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

✅ဆီးချိုသွေးချို အခမဲ့ စစ်ဆေးပေးခြင်း
✅Uric acid အခမဲ့ စစ်ဆေးပေးခြင်း
✅သွေးပေါင်ချိန် အခမဲ့ စစ်ဆေးပေးခြင်း

စတာတွေကို ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် မည်သူမဆို စစ်ဆေးမှုများ အခမဲ့ လာရောက်ပြုလုပ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔹နေရာ _ ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်
ကန်တောင်ကြီးမီးပွိုင့်တောင်ဖက်၊ တမ္ပဝတီရပ်ကွက်၊ မန္တလေးမြို့။
🔹ရက်စွဲ _ 28.4.2026/ 29.4.2026
🔹ဆီးချိုသွေးချို၊ Uric acid၊ သွေးပေါင်ချိန် အခမဲ့စစ်ဆေးပေးမည့်အချိန် (နံနက် 8 နာရီခွဲ မှ ညနေ 4 နာရီထိ) ဖြစ်ပါတယ်ရှင်။
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd


ဆီးချိုသွေးတိုးသုတများ
#ဆီးချိုသွေးချိုတိုင်းစက် #ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို

13/04/2026

ဘုန်းရွှေရည်မင်းသင်္ကြန်
***********************

မြန်မာတို့၏ နှစ်သစ်ကူး တန်ခူးလ သင်္ကြန်အခါသယမှာ ကျွန်မတို့ ဘုန်းရွှေရည်မင်းရဲ့ ဝန်ထမ်းများမှလည်း အတာနှစ်ကူးကို ပျော်ရွှင်စွာ အကြိုသင်္ကြန် ပြုလုပ်ခဲ့ကြပါတယ်။

ဘုန်းရွှေရည်မင်းသင်္ကြန်မှာ မုန့်လုံးရေပေါ်လုံးခြင်း၊ ရေကန်တော့ခြင်းမှအစ ချောမောလှပတဲ့ ယိမ်းသမလေးများရဲ့ ကပြဖျော်ဖြေမှုနှင့်အတူ ၊ ယိမ်းသမလေးများအား ဆုချီးမြှင့်မှု ၊ ပျော်ရွှင်စွာ ရေကစားမှုနှင့်အတူ အကြိုသင်္ကြန် ဆင်နွှဲခဲ့ကြပါတယ်။

Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

Bhone Shwe Yi Min HR

#အတာသင်္ကြန် #သင်္ကြန်

12/04/2026

မြန်မာတို့ရဲ့ အတာတန်ခူး နှစ်ဦးသင်္ကြန်အခါသမယမှာ ဘုန်းရွှေရည်မင်းရဲ့ ရှေ့ဆောင်လမ်းပြ အဓိက မဏ္ဍိုင်ကြီးများဖြစ်တဲ့ ဆရာနှင့် ဆရာမ အား ရေကန်တော့ခြင်း.......🙏
❤️ ဆရာ၊ ဆရာမ ၊ မကြီး HR တို့မှ ဆု‌‌ပေးဆုံးမဩဝါဒ စကားများနှင့်အတူ ၀န်ထမ်းများ အားလုံးအား သင်္ကြန်မုန့်ဖိုးများ ချီးမြှင့်ခဲ့ပါတယ်ရှင်။❤️

Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

Bhone Shwe Yi Min HR

#သင်္ကြန် #ရေကန်တော့ခြင်း #အတာသင်္ကြန်

မြန်မာတို့ရဲ့ အတာတန်ခူး နှစ်ဦးသင်္ကြန်အခါသမယမှာ ဘုန်းရွှေရည်မင်းရဲ့ ရှေ့ဆောင်လမ်းပြ အဓိက မဏ္ဍိုင်ကြီးများဖြစ်တဲ့ ဆရာနှင့...
11/04/2026

မြန်မာတို့ရဲ့ အတာတန်ခူး နှစ်ဦးသင်္ကြန်အခါသမယမှာ ဘုန်းရွှေရည်မင်းရဲ့ ရှေ့ဆောင်လမ်းပြ အဓိက မဏ္ဍိုင်ကြီးများဖြစ်တဲ့ ဆရာနှင့် ဆရာမ အား ရေကန်တော့ခြင်း.......🙏
❤️ ဆရာ၊ ဆရာမ ၊ မကြီး HR တို့မှ ဆု‌‌ပေးဆုံးမဩဝါဒ စကားများနှင့်အတူ ၀န်ထမ်းများ အားလုံးအား သင်္ကြန်မုန့်ဖိုးများ ချီးမြှင့်ခဲ့ပါတယ်ရှင်။❤️
ဝန်ထမ်းများအားလုံး နှစ်သစ်အခါသမယမှာ ဆရာသမားစတဲ့ ပူဇော်ထိုက်သူများကို ပူဇော်ကန်တော့ခြင်း‌အားဖြင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း Admin Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🥰

Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar

Bhone Shwe Yi Min HR

အတာသင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း***********************************ကျွန်မတို့ ဘုန်းရွှေရည်မင်းကုမ္ပဏီကို အစဉ်တစိုက် အား...
08/04/2026

အတာသင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း
***********************************
ကျွန်မတို့ ဘုန်းရွှေရည်မင်းကုမ္ပဏီကို အစဉ်တစိုက် အားပေးနေကြသော မိတ်ဟောင်း မိတ်သစ် Customer ကြီးများရှင့်

(၁၁.၄.၂၀၂၆) မှ (၁၉.၄.၂၀၂၆) အထိသည် မြန်မာတို့၏ နှစ်သစ်ကူး မဟာသင်္ကြန်ကာလဖြစ်သောကြောင့် ဘုန်းရွှေရည်မင်းကုမ္ပဏီ၏ ရုံးခွဲများအားလုံး ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ပိတ်ရက်အတွင်း Order လက်ခံခြင်း၊ ပစ္စည်းပို့ပေးခြင်းလုပ်ငန်းစဉ်များအား ခေတ္တရပ်နားထားမည်ဖြစ်ပါသည်။

(၂၀.၄.၂၀၂၆) တွင် ပုံမှန်ရုံးချိန်များအတိုင်း ပြန်လည် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပါသည်။

နှစ်သစ်အခါသမယမှစ၍ မိတ်ဟောင်းမိတ်သစ်များအားလုံး ဘေးဘရာဝေးကွာ၊ အန္တရာယ်ခပ်သိမ်း ကင်းရှင်းစွာဖြင့် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း ဘုန်းရွှေရည်မင်း မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်။

မြန်မာနှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။

Bhone Shwe Yi Min Co.,Ltd

Sinocare Myanmar


Address

Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959266166237

Alerts

Be the first to know and let us send you an email when Bhone Shwe Yi Min Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bhone Shwe Yi Min Co.,Ltd:

Share