08/09/2026
❝Come as who you are 🤎❞
🤎ယောဂစလုပ်တော့မယ်ဆိုရင်လေ ခေါင်းထဲမှာ…
"ငါ့ခန္ဓာကိုယ်က တောင့်တင်းနေတာ၊ ယောဂလုပ်လို့ အဆင်ပြေပါ့မလား..." "ယောဂဝတ်စုံ လှလှလေးတွေ လိုမလား၊ ပြည့်စုံတဲ့ အချိန်တစ်ခု လိုမလား..." ဒီလိုတွေ တွေးမိကြတယ်နော်…
🕊️တကယ်တော့ အရာအားလုံး ပြည့်စုံနေမှ၊ စိတ်တွေ အေးချမ်းနေမှ ယောဂလုပ်ရတာ မဟုတ်ပါဘူး။ အဲဒီလို ငြိမ်းချမ်းမှုတွေ၊ သက်သောင့်သက်သာ ရှိမှုတွေကို ရှာဖွေဖို့အတွက် ယောဂကို လုပ်ကြတာပါ။
🤎ပင်ပန်းနေရင် ပင်ပန်းနေတဲ့အတိုင်း၊ စိတ်တွေ ရှုပ်ထွေးနေရင်လည်း ရှုပ်ထွေးနေတဲ့အတိုင်း၊ ခန္ဓာကိုယ်က မပျော့ပျောင်းသေးဘူးဆိုရင်လည်း အဲဒီ အတိုင်းလေးပဲ Yoga Mat ပေါ်ကို ယူလာခဲ့ပါ။
✨ဒီလိုမျိုး ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ ရပ်တန့်ပြီး၊ ကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ခန္ဓာကိုယ်ကို အရှိအတိုင်း လက်ခံကာ သိမ်သိမ်မွေ့မွေ့လေး ပြန်လည်ချိတ်ဆက်ချင်တယ်ဆိုရင်တော့ "Yoga Essence" အတန်းလေးကို လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
Instructor: Tr. Ae’ Wah
🗓️Date- Tue, Wed, Thurs
⏰ Time - 5:30 ~6:45 PM
📍𝗔𝗱𝗱𝗿𝗲𝘀𝘀 : ၆၃ လမ်း၊ ၂၃ x ၂၄ ကြား၊ မဟာဇေယျာဘုံရပ်ကွက်၊
နိုင်ငံခြားဘာသာတက္ကသိုလ်အနီး၊ မန္တလေး။
📞𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 : 09 778 777 807, 09 44 8700 787