Occupational Safety and Health - OSH

Occupational Safety and Health - OSH လုပ်ငန်းခွင် ဘေးအန္တရယ်ကင်းရှင်းရေး

15/05/2019

TinyUpload.com - solution for tiny file hosting. No download limits, no upload limit. Totaly free.

15/02/2019

ကူချင်​ကယ်​ချင်​စိတ်​ကို ​ရှေ့တန်းတင်​လို့မရပါဘူး...Safety First

ပရိုပိန်း (Propane) နဲ့ ဗျူတိန်း (Butane) ရောစပ်ပါဝင်နေတဲ့ ရေနံဓါတ်ငွေ့ရည် (Liguid Petroleum Gas – LPG) ဟာ Gas မီးဖိုမှာ...
24/01/2019

ပရိုပိန်း (Propane) နဲ့ ဗျူတိန်း (Butane) ရောစပ်ပါဝင်နေတဲ့ ရေနံဓါတ်ငွေ့ရည် (Liguid Petroleum Gas – LPG) ဟာ Gas မီးဖိုမှာ အသုံးပြုတဲ့ ဓါတ်ငွေ့ပဲဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့ရည် (LPG) ကို ဓါတ်ငွေ့စက်ရုံမှာ compressors တွေ ၊ condensers ကြီးတွေသုံးပြီး အအေးခံသိပ်သည်းကျစ်လစ်သွားစေကာ ဖိအား (pressure) ဖြင့် အိုးထဲမှာသိုလှောင်ပေးထားခြင်းအားဖြင့် အလွယ်တကူ သုံးစွဲနိုင်အောင်ပြုလုပ်ထားပါတယ်။

အိုးအထွက်မှာ valve ရှိပြီး ဖိအားထိန်း (pressure regulator valve) နဲ့ pressure လျော့ချကာ မီးဖိုကိုရောက်ရှိစေတဲ့အတွက် ပရိုပိန်း/ဗျူတိန်းအရော ရေနံဓါတ်ငွေ့ရည် (LPG) ဟာ သက်ရှိသတ္တ၀ါတွေ ပုံမှန်အသက်ရှုနိုင်တဲ့ ပြင်ပလေထုဖိအား (atomosphic pressure – 1 ATM or 1.013 bar) ကဲ့သို့ သာမန်အခန်းအပူချိန် (normal room temperature) နဲ့ သာမန်ဖိအား (normal pressure) မှာ အလွယ်တကူအငွေ့ပြန်ပြီး မီးလောင်ပါတယ်။ အိုး အထွက် valve နဲ့ pressure regulator valve တွေကို တဖက်သွား Non-reture valve ပုံစံပြုလုပ်ထားပါတယ်။ ရေနံဓါတ်ငွေ့ရည် (LPG) ရဲ့ မီးလောင်လွယ်တဲ့ flammable v***r ဟာ ဖိအားနဲ့ အပူချိန်ပေါ်မူတည်ပါတယ်။

ဓါတုဗေဒသဘောတရားတွေ နည်းပညာသဘောတရားတွေမပြောတော့ပဲ Gas မီးဖိုသုံးစွဲသူများ ဂရုပြုသင့်တဲ့အချက်များကိုသာအကျဉ်းနည်းနဲ့တင်ပြရမယ်ဆိုရင် ရေနံဓါတ်ငွေ့ရည် (LPG) ကို အအေးခံပြီး ဖိအား (pressure) နဲ့ Gas အိုးတွေထဲကို ဖိညှစ်သွင်းပြီးသိုလှောင်ထားတာဖြစ်လို့ သဘောတရားအရ (valve ဖွင့်လိုက်ရင်) Gas က ပြင်ပကိုတွန်းထွက်နေတာပဲဖြစ်တဲ့အတွက် Gas အိုးတွေထဲကို မီးပွား (သို့မဟုတ်) မီးစွယ် ၀င်ရောက်ဖို့အင်မတန်ခက်ပါတယ်။ အင်မတန်ခက်တယ်လို့ပဲပြောပါတယ်။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဖြစ်တတ်ပါတယ်။ အိုးမှာတပ်ဆင်ထားတဲ့ အထွက် valve မကောင်းရင် ၊ pressure regulator valve မကောင်းရင် ဖြစ်နိုင်ပါတယ်။

အိုး အထွက် valve ၊ pressure regulator valve တွေမကောင်းတဲ့အခါ Gas ပိုက်တလျောက်မီးစွယ်ပြန်ဝင်လာတာမျိုး ၊ Gas ပိုက်ပိတ်နေတာမျိုး ၊ Gas ထဲမှာပါလာတဲ့ အလွန်သေးငယ်တဲ့အညစ်အကြေးနဲ့အမှိုက်စလေးတွေမီးလောင်ရာက ပိုက်လိုင်းတလျောက်မီးစွယ်ပြန်ဝင်လာတာမျိုးတွေကတဆင့် Gas အိုးထဲကို မီးစွယ် (သို့မဟုတ်) မီးပွား (spark) ရောက်ရှိသွားပြီး Gas အိုးပေါက်ကွဲမှုဖြစ်တယ်ဆိုတာကတော့ အလွန့်အလွန်ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လဲ ဂဟေဆော်ဖြင်း သံဖြတ်ခြင်း (Gas welding and Gas cutting) ကဲ့သို့ အောက်စီဂျင် – အက်ဆီတိုင်လင်း (Oxygen – Acteylene) အိုးတွေမှာလို မီးစွယ်နောက်ပြန်တားကိရိယာ (flash back arrester) များကို ရိုးရိုးအိမ်သုံး Gas မီးဖိုနဲ့ Gas အိုးတွေမှာ တပ်ဆင်စရာမလိုခြင်းပဲဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်လိုအခြေအနေတွေကြောင့် Gas အိုး မီးလောင်ပေါက်ကွဲမှုဖြစ်ရပါသလဲ

အထက်မှာပြောခဲ့သလို အိုး အထွက် valve နဲ့ pressure regulator valve တွေ မကာင်းတဲ့အတွက် Gas က ပိုက်လိုင်းထဲမှာတချိန်လုံးရှိနေတဲ့အချိန် မီးဖိုနဲ့အနီးနားပါတ်ဝန်းကျင်မှာ (အခြားမီးဖိုကြောင့်ဖြစ်စေ ၊ မီးခြစ်လိုက်လို့ဖြစ်စေ ၊ နေအပူချိန်တိုက်ရိုက်ထိတွေ့လို့ဖြစ်စေ) အပူချိန်မြင့်မားတဲ့အခြေအနေကနေ ဓါတ်ငွေ့ယိုစိမ့် (Gas leakage) နေတဲ့ ပိုက်လိုင်းမှာမီးစွဲလောင်ရာမှတဆင့် မီးမသတ်နိုင်တဲ့အခါမှာ Gas အိုးကို မီးမြိုက်သလိုဖြစ်ပြီး အထဲက Gas တွေ ပူပြီးပွလာရာကနေ အိုးအတွင်းမှာ မီးလောင်လွယ်တဲ့ အပူချိန် (flammable v***r temperature) ကိုရောက်ရှိသွားပြီး အလွယ်တကူမီးလောင်ကာ ထွက်ပေါက်မရှိတဲ့ ဓါတ်ငွေ့ကြောင့် ပေါက်ကွဲပြီး ပေါက်ကွဲအားကြောင့် အပြင်ကိုထွက်လာတဲ့ Gas တွေကနေ နောက်တဆင့်ထပ်မံကူးဆက် လောင်ကျွမ်းသွားရခြင်းပဲဖြစ်ပါတယ်။

Gas မီးဖိုသုံးရင် ဘာတွေ သတိထားသင့်သလဲ

၁) အိုး အထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုး အထွက် valve ကိုပိတ်တဲ့အခါမှာ လက်တအားပဲပိတ်ရမှာဖြစ်ပါတယ်။ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ ၊ ပစ်ချတာ ၊ တလိမ့်တုံးလို လှိမ့်တာတွေမလုပ်ရပါဘူး။ အိုး အထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုး အထွက် valve အမခေါင်းက အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်း ကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ဒိ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။ အိုး အထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်းမပြုလုပ်ရပါ။

၂) Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံး (k**b) လေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ဒိ ဘုလုံး (k**b) လေး ဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံး (k**b) လေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။

၃) ပိုက်လိုင်း ကောင်း မကောင်းအခါအားလျော်စွာစစ်ဆေးရမှာဖြစ်ပါတယ်။ အလွယ်တကူစစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ Gas အိုး အထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (k**b) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။ ပိုက်လိုင်းတလျောက် ပူစီပေါင်း (bubbles) လေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ပဲယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး ၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့်မာသွားရင် အသစ်လဲပေးဖို့လိုပါတယ်။

၎) ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်လေးများ (outlet nozzles) ကိုလဲ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။

၅) Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျပ်စစ်မီးခလုပ်တောင်မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်းသံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုး အထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ (ပထမ Gas နံ့ နံမယ် ၊ valve တွေပိတ်ထားတာကြောင့် နောက်တော့မနံတော့ဘူး) ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။

၆) ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း ၊ လေ၀င်လေထွက်ကောင်းမွန်အောင် လေမှုတ်စက် (blower) များ ၊ အပူငွေ့နှင့်မီးခိုးထုတ်စက် (exhaust fans) များဖွင့်ထားခြင်းတွေလဲပြုလုပ်သင့်ပါတယ်။

၇) ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ (ကြမ်းပြင်နား) ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာဖြစ်ပါတယ်။

၈) Gas အိုး နားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ ၊ အပူချိန်မြင့်မားတဲ့နေရာများ ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူသွားလာလို့မရတဲ့နေရာတွေမှာမထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အ၀တ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။

၉) ချက်ပြုတ်ပြီးတဲ့အခါမှာ အိုး အထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်ကမီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များကျန်ရှိနေမှာမဟုတ်ပါ။

၁၀) Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေ၀င်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲတပ်ဆင်ထားသင့်ပါတယ်။ Gas အိုး နဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲဂရုပြုသင့်ပါတယ်။

၁၁) ပိန်ရှုံနေတဲ့ အိုးများ ၊ သံချေးကိုက်နေတဲ့အိုးများ ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။

၁၂) မီးဖို အနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး (Dry powder type or Foam type fire extinguisher) ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်းအနီ။အနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအ၀တ်စ (fire blanket) မျိုးကို ရေစွတ်ပြီး မီးလောင်တဲ့နေရာပေါ်ကိုပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။

၁၃) မီးဖိုနဲ့ပါတ်သက်ပြီးသံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာခေါ်ယူဆွေးနွေးပါ။

ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ ၊ တိုက်ခန်းများ ၊ စားသောက်ဆိုင်များမှာ Gas မီးဖိုကိုတွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။ Gas မီးဖိုဟာ သုံးတတ်ရင်တော့ ချက်ပြုတ် ကြော်လှော်တဲ့နေရာမှာ လွယ်ကူ လျှင်မြန်စွာချက်ပြုတ်နိုင်ခြင်း ၊ ချက်ပြုတ်သုံးစွဲတဲ့အိုးများညစ်ပါတ်မှုမရှိခြင်း ၊ ပါတ်ဝန်းကျင်လေထုညစ်ညမ်းမှုမရှိခြင်း ၊ အလွယ်တကူသယ်ဆောင်သွားနိုင်ခြင်း စတဲ့ အင်မတန်ကောင်းတဲ့အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။ သို့သော် ဂရုမပြု မသုံးစွဲတတ်လျင်တော့ အလွန်ကြောက်စရာကောင်းတဲ့ဘေးဒုက္ခဆိုးများကို သုံးစွဲသူသာမက သုံးစွဲသူ၏အနီးနားပါတ်ဝန်းကျင်ကိုပါထိခိုက်စေမှာဖြစ်ပါတယ်။

ဒါ့ကြောင့် Gas မီးဖိုဟာ ကြောက်စရာကောင်းပေမဲ့ ဂရုစိုက်သုံးစွဲပါက အလွန်အသုံးဝင်သော အိမ်သုံး လုပ်ငန်းသုံးအရေးကြီးပစ္စည်းဖြစ်လို့ လုံခြုံစိတ်ချစွာ အန္တရယ်ကင်းစွာအသုံးပြုနိုင်ဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။

Credit : မူရင်းရေးသားသူ

အထည်​ချုပ်​ Cutting မှာ မ​တော်​တဆ ထိခိုက်​မှုနှင့်​ ဖြစ်​ပွားခဲ့သည့်​ စက်
24/01/2019

အထည်​ချုပ်​ Cutting မှာ မ​တော်​တဆ ထိခိုက်​မှုနှင့်​ ဖြစ်​ပွားခဲ့သည့်​ စက်

06/09/2018

Unsafe conditions

26/07/2018

Address

Mandalay City
Mandalay

Telephone

09970753232

Website

Alerts

Be the first to know and let us send you an email when Occupational Safety and Health - OSH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share