23/02/2021
Stress is a natural reaction of our body that makes us be alert in extreme situations, in many people it ends up becoming a chronic state.
The stress is a physical and mental response to situations that require a response on our part to ensure our survival. It is a healthy and useful reaction to defend ourselves in situations of danger and also to motivate ourselves to carry out tasks.
We should not think that a life without stress would be happier, but we have to differentiate between stress at certain times and chronic stress.
Here's some tricks to manage stress:
• We have to have an adequate level of preparation for the work that we are going to develop.
• Try to understand the dynamics of the company.
• Try to understand and overcome our own negative reactions.
• When the boss criticizes us unfairly, talk to him about our concerns without confronting us.
• Try to see if the boss’s criticism gives us valuable information to be able to perform our work better.
• Adopt an attitude of collaboration with the boss instead of seeing yourself as the victim of a power struggle.
Outside of the work environment, we must take care of ourselves physically by practicing some type of sport, which helps to maintain a good mood. It is also advisable to learn a relaxation technique and learn to breathe correctly, as it helps to relieve stressful situations. Finally, if we feel that the stress level is overwhelming us and we do not feel strong enough to face the situation, it may be useful to consult a professional who is objective.
စိတ်ဖိစီးမှုဆိုတာ တစ်ချို့သောပြင်းထန်တဲ့အခြေအနေတွေအတွက် ခန္ဓာကိုယ်မှ အသိပေးတဲ့အနေဖြင့်ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှု တစ်ခုပဲဖြစ်ပါတယ်။ တစ်ချို့သောလူများတွင် စိတ်ဖိစီးမှုဟာ နာတာရှည်ရောဂါလက္ခာဏာတစ်ခုကဲ့သို့ အစဉ်ဖြစ်နေတတ်ပါတယ်။
စိတ်ဖိစီးမှုဆိုတာ အခြေအနေတစ်ခုမှ လွတ်မြောက်စေရန် တုံပြန်မှုတစ်ခုခုလိုအပ်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတုံပြန်မှုပဲဖြစ်ပါတယ်။
လုပ်ငန်းကိစ္စတွေ ဆောင်ရွက်ရန်နှင့် အန္တရာယ်ရှိသောအခြေအနေတို့အား ခုခံရန် အတွက် ကောင်းမွန်လိုအပ်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။
စိတ်ဖိစီးမှုမရှိတဲ့ဘဝဟာ ပိုမိုပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝဟူ၍လည်း မှတ်မယူသင့်ပေ။ သို့ပေမဲ့ တစ်ခါတစ်လေမှ ဖြစ်တဲ့ စိတ်ဖိစီးမှုနဲ့ အမြဲဖြစ်နေတဲ့ စိတ်ဖိစီးမှုကိူတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။
လုပ်ငန်းခွင်စိတ်ဖိစီးမှုကို ကောင်းမွန်စွာကိုင်တွယ်နိုင်စေရန်အလို့ငှါ...
(၁) လုပ်ငန်းခွင်မှာမိမိရဲ့ လုပ်ငန်းဆောင်တာတွေကို တိကျတဲ့ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ပါ။
(၂) လုပ်ငန်းခွင်၏ အမြဲတစေ ပြောင်းလဲနေမှုအပေါ်နားလည်ပေးပါ။
(၃) မိမိကိုယ်တိုင်ရဲ့ မကောင်းတဲ့ အတွေးနဲ့ တုံ့ပြန်မှုတွေအပေါ်နားလည်ပေးပါ။
(၄) အထက်လူကြီးမှ မတရားစွာ ဝေဖန်အပြစ်ဆင်ပါက မိမိတို့၏ စိုးရိမိပူပန်မှုကို အထက်လူကြီးအားပြောပြပါ။
(၅) အထက်လူကြီး၏ဝေဖန်ပြောဆိုမှုအတွင်း၌ မိမိတို့၏ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေမည့်အချက်များကိုမြင်အောင်ကြည့်ပါ။
(၆) အထက်လူကြီးနဲ့အတူ ပူးပေါင်းလုပ်ဆောင်တတ်သည့်အလေ့အထကိုမွေးမြူပါ။
(၇) လုပ်ငန်းခွင်ပြင်ပတွင်လည်း မိမိ၏စိတ်အခြေအနေကိုကောင်းမွန်စေမည့် အားကစားတစ်ခုခုကို ဆောင်ရွက်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကိုဂရုတစိုက်ရှိပါစေ။ စိတ်ကိုအပန်းပြေစေမဲ့ နည်းလမ်းများ အသက်ရှုလေ့ကျင့်ခန်း စသည်တို့ကို ပြုလုပ်ပေးပါ။
(၈) နောက်ဆုံးအနေဖြင့် မိမိ၏ စိတ်ဖိစီးမှုအခြေအနေဟာ မိမိကိုယ်တိုင်ဖြေလျော့နိုင်သည့် အင်အားမရှိတော့ပါက တတ်ကျွမ်းတဲ့ပညာရှင်တစ်ယောက်ယောက်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းကလည်ရ အကူအညီဖြစ်စေမှာပါ။
The stress is a physical and mental response to situations that require a response on our part to ensure our survival.