03/06/2026
နှိုးစက်သံကြားလို့ နိုးလာပြီးမှ ခဏလောက်ဆိုပြီး ထပ်အိပ်ကြတယ်မလား⏰
ဒီလို ပြန်အိပ်လိုက်တဲ့ ၅ မိနစ်၊ ၁၀ မိနစ်က လူကို လန်းဆန်းစေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ခန္ဓာကိုယ်ကို ပိုပြီး ပင်ပန်းနွမ်းနယ်စေပါတယ်နော်🚨
💤ဘာကြောင့်လဲဆိုတော့ ဒီလိုပြန်အိပ်တဲ့အခါ ခဏလေးနဲ့ နောက်တစ်ကြိမ် ပြန်နိုးရတဲ့အတွက် ပိုပြီးအိပ်ချင်မူးတူး ဖြစ်စေပါတယ်။
💤ဒါ့အပြင် ခဏနိုး၊ ခဏပြန်အိပ်လုပ်ခြင်းက Circadian Rhythmလို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ကမောက်ကမဖြစ်စေပြီး တစ်နေကုန် ခေါင်းနောက်တာ၊ စိတ်မကြည်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် နှိုးစက်ပေးထားတယ်ဆိုရင် နှိုးစက်မြည်တာနဲ့ တစ်ခါတည်းထတာက အကောင်းဆုံးပါ။ ချက်ချင်းထဖို့ ခက်နေရင် နှိုးစက်ကို လက်လှမ်းမမီတဲ့နေရာမှာ ထားကြည့်ဖို့ အကြံပြုချင်ပါတယ်နော်🤗
အိပ်မရတဲ့ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ Melacronရှိတာ မမေ့နဲ့နော်😴
"အိပ်စက်ခြင်းအတွက် အဖော်မွန် မယ်လခရွန်"