Kidney Healthy

Kidney Healthy Everyone not happened like me so I create this web page .And can ques about this case . Take care all of my fri.

ရေရှည်ကျေက်ကပ်ဖြစ်သူတို့အတွက်         ကျောက်ကပ်ဝေဒနာရှင်တို့ စားသင့်သည့်အာဟာရများBy Dr. Daw Win Win MyintPosted on မေ 13...
07/06/2017

ရေရှည်ကျေက်ကပ်ဖြစ်သူတို့အတွက်
ကျောက်ကပ်ဝေဒနာရှင်တို့ စားသင့်သည့်အာဟာရများ
By Dr. Daw Win Win Myint
Posted on မေ 13, 2017
kidneyP
Comments

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ကျောက်ကပ်ရဲ့အဓိကလုပ်ငန်းမှာ ခန္ဓာကိုယ်အတွင်းက စွန့်ပစ်ပစ္စည်းတွေကို ပြင်ပသို့စစ်ထုတ်ပေးဖို့ ဖြစ်ပါတယ်။ ကျောက်ကပ်က အပြည့်အ၀အလုပ်မလုပ်တဲ့အခါ ဆီးနဲ့အတူခန္ဓာကိုယ်ပြင်ပသို့ ထွက်သွားလေ့ရှိတဲ့ စွန့်ပစ်ပစ္စည်း (အညစ်အကြေး) တွေဟာ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတတ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့နည်း (Haemodialysis) နဲ့ ခန္ဓာကိုယ်အတွင်းရှိ စွန့်ပစ်ပစ္စည်းတွေနဲ့ မလိုအပ်တဲ့အရည်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာတဲ့ကျောက်ကပ်တွေလောက် စွန့်ပစ်ပစ္စည်းတွေကို စွန့်မပေးနိုင်ပါဘူး။ ကျောက်ကပ်ဆေးတာ တစ်ခုနဲ့တစ်ခုကြားကာလမှာ စွန့်ပစ်ပစ္စည်းတွေ ပြန်လည်များပြား လာတတ်ပြန်ပါတယ်။ ကျောက်ကပ်ဆေးခံရသူတွေဟာ အစားအသောက်ကို အောက်ပါအတိုင်း ထိန်းသိမ်းစားသောက်ရပါမယ်။

(၁) ပုံမှန် အသားဓာတ် (Protein) ကို စားသုံးခြင်း၊

(၂) မီးစုန်းဓာတ် (Phosphate) ကိုကန့်သတ်ပေးခြင်း၊

(၃) ပိုတက်ဆီယမ်ကို ကန့်သတ်ပေးခြင်း၊

(၄) အရည် (Fluid) ကို ကန့်သတ်ပေးခြင်း၊

(၅) လုံလောက်သော စွမ်းအားယူနစ် (Calories) ကို စားသုံးပေးခြင်း။

ထိန်းညှိထားသော အစားအသောက်

သင်စားတဲ့အစားအသောက်မှာ အစားအစာတစ်အုပ်စုစီမှ မှန်ကန်တဲ့အချိုးအစား ပါဝင်နေသင့်ပါတယ်။

– ထမင်းနဲ့ တခြားအလားတူ စားစရာများ (ကော်ဓာတ်ပါတဲ့ အစားအစာ)

– အသားနဲ့ တခြားအလားတူ စားစရာများ (အသားဓာတ်ပါတဲ့ အစားအစာ)

– ဟင်းသီးဟင်းရွက်များ၊

– သစ်သီးအမျိုးမျိုး

သင့်အတွက် ဆေးဖက်ဆိုင်ရာလိုအပ်ချက်တွေအတိုင်း သင်ရဲ့ကျောက်ကပ်ရောဂါဆိုင်ရာ အာဟာရအကြံပေးသူက သင့်တော်တဲ့အချိုးအစားနဲ့ အစားအစာအုပ်စုတစ်ခုချင်းရဲ့ အမျိုးအစားတွေကို အကြံပေးပါလိမ့်မယ်။

(၁) ပုံမှန်အသားဓာတ်ကို စားသုံးခြင်း

အသားဓာတ်ကို တိရစ္ဆာန်အသားနဲ့ အသီးအနှံက ရယူနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အသားမျှင်တွေကို ထိန်းသိမ်းရေးနဲ့ ပြန်လည်ပြင်ဆင်ရေးအတွက် အသားဓာတ်လိုအပ်ပါတယ်။ ဒါပေမဲ့သွေးထဲမှာ ယူရီးယား / ခရစ်ယာတနင်းလို အသားဓာတ်ရဲ့ စွန့်ပစ်အညစ်အကြေးတွေစုမိပြီး ပမာဏမြင့်တက်လာတဲ့အခါ နေထိုင်မကောင်းဖြစ်လာပြီး ပင်ပန်းနွမ်းနယ်လာပါတယ်။ တစ်ဖက်ကကြည့်ရင် အသားဓာတ်မလုံလောက်တဲ့အခါ ရောဂါကူးစက်နိုင်တဲ့အခြေအနေ တိုးလာပြီး ကြွက်သားလျော့ပါးတာနဲ့ အနာကျက်နှေးတာစတဲ့ ဆိုးကျိုးတွေရနိုင်ပါတယ်။ ဒါကြောင့် အသားဓာတ်ကိုပမာဏနဲ့ အမျိုးအစားမှန်မှန် စားပေးသင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

03/02/2014

ကျောက်ကပ်ဝေဒနာရှင်များအတွက် ဆောင်ရန်၊ ရှောင်ရန်
ကျောက်ကပ်၏အဓိကလုပ်ငန်းမှာခန္ဓာကိုယ်အတွင်းမှစွန့်ပစ်ပစ္စည်းများကိုပြင်ပသို့စစ်ထုတ်ပေးရန်ဖြစ်သည်။ကျောက်ကပ်အပြည့်အ၀အလုပ်မလုပ်သောအခါ၊ဆီးနှင့်အတူခန္ဓာကိုယ် ပြင်ပသို့ထွက်သွားလေ့ရှိသောစွန်ပစ်ပစ္စည်း(အညစ်အကြေး)များသည်ခန္ဓာကိုယ်တွင်း၌ကျန်နေတတ်ပါသည်။ကျောက်ကပ်ဆေးခြင်း"Haemodialysis" ဖြင့်ခန္ဓာကိုယ်အတွင်းရှိစွန်ပစ်ပစ္စည်းနှင့်မလိုအပ်သောအရည်တို့ကိုဖယ်ရှားပစ်နိုင့်ပါသည်။သို့သော်ကျန်းမာသောကျောက်ကပ်များလောက်စွန့်ပစ်ပစ္စည်းများကိုစွန့်မပေးနိုင်ပါ၊ကျောက်ကပ်ဆေးခြင်းတစ်ခုနှင့်တစ်ခုကြားကာလတွင်စွန့်ပစ်ပစ္စည်းများပြန်လည်များပြားလာတတ်ပြန်သည်။ကျောက်ကပ်ဆေးခြင်းခံရသူများသည်အစားအသောက်ကိုအောက်ပါအတိုင်းထိန်းစားသောက်ရပါမည်။
၁။ ပုံမှန်အသားဓါတ်(Protein)ကိုစားသုံးပေးခြင်း။
၂။ မီးစုန်းဓါတ်(Phosphate)ကိုကန့်သတ်ပေးခြင်း။
၃။ ပိုတက်စီယမ်(Potassium)ကိုကန့်သတ်ပေးခြင်း။
၎။ အရည်(Fluid)ကိုကန့်သတ်ပေးခြင်း။
၅။ လုံလောက်သော(Calories)စွမ်းအားယူနစ်ကိုစားသုံးပေးခြင်း။

03/02/2014

___အသားဓါတ်ပါသော အစားအစာများ(Protein Foods)____
___အသားဓါတ်ကို တိရိစ္ဆာန်နှင့် အသီးအနှံမှ ရယူနိုင်ပါသည်။ ခန္ဓာကိုယ်၏ အသားမျှင်များကို ထိန်းသိမ်းရေးနှင့် ပြန်လည်ပြင်ဆင်ရေးတို့ အတွက် အသားဓါတ်ကိုလိုအပါပါသည်။ သို့ရာတွင် ယူရီးယား(Urea)/ ခရီရေတင်နင်း(Creatanine) ကဲ့သို့သောအသားဓါတ်၏ စွန့်ပစ်ပစ္စည်း အညစ်အကြေးများ သင်၏ သွေးထံတွင် စုမိပြီး ပဏာမ မြင့်တက်လာသောအခါ နေထိုင်မကောင်းဖြစ်လာကာ၊ နွမ်းနယ်ပင်ပန်း လာပါတော့သည်
___အခြားတစ်ဖက်တွင်လည်း အသားဓါတ် Protein မလုံလောက်မှုကြောင့် ရောဂါများကူးစက်နိုင်သော အခြေအနေ တိုးလာမှု၊ ကြွက်သားများ လျော့ပါးမှုနှင့်၊ အနာကျက်နှေးကွေးမှု စသော ဆိုးကျိုးများကို ရလာနိုင်ပါသည်။
___သို့ဖြစ်ပါ၍ သင်သည် အသားဓါတ်ပမာဏနှင့် အမျိုးအစားကို မှန်မှန်ကန်ကန် စားပေးရန် အရေးကြီးလာပါသည်။

03/02/2014

ဖော့စဖိတ် ကန့်သတ်ချက် (Phosphate Restriction)
ဖော့စဖိတ်မီးစုန်းဓါတ်သည် အဓိကအားဖြင့် တိရိစာန်မှရသော အစားအစာ၊ အထူးသဖြင့် နို့ထွက်ပစည်းများမှ ပါသည်။ အချို့သော သစ်ပင်မှရသော အစားအစာများ၊ ဥပမာ ခွံမာသီးဆန်များ(Nuts)တွင်လည်း ဖော့စဖိတ်ဓါတ်ပမာဏကို ထိန်းချုပ်ရန် ကူညီနေပါသည်။ ကျောက်ကပ်ရောဂါဖြစ်လာပါက သင့်ခနာတွင် ဖော့စဖိတ် ပမာဏ ဟန်ချက် ပျက်နိုင်ပါသည်။
သင့် ခနာကိုယ်အတွင်းရှိ သွေးထဲတွင် ဖော့စဖိတ်ဓါတ်များ ပိုကဲလွန်းပါက ယားယံတတ်သည့်အပြင် ထုံးဓါတ်(ကယ်လ်စီယမ်) လျော့ပေါ့ မှုကြောင့် အရိုးများအားနည်းပြီး ကျိုလွယ်လာပါမည်။

03/02/2014

အောက်ဖော်ပြပါ အစားအစာများတွင် ဖော့စဖိတ်ဓါတ်အများအပြား ပါနေသည်။ (ရှောင်ရန်)
အသည်း၊ ကျောက်ကပ်၊ ကင်းမွန်ငါးခြောက်၊ ပုဇွန်ခြောက်များ၊ ငါးသေတာငါး (သံဘူး)၊ အခွံမာသီးဆန်အားလုံး၊ ဖရုံစေ့များ၊ မိုင်လို၊ အိုဗာတင်း၊ ဟောလစ်(တနေ့လက်ဖက်စားဇွန်း ၂ဇွန်း)၊ ဖော့စဖိတ်ဓါတ် ပါသော မုန့်ဖုတ်ဆိုဒါ၊ ဖွဲနု၊ ဂျုံလုံးတီး တို့ဖြစ်ပါတယ်။ နို့နှင့် နို့ထွက်ပစည်း အစားအသောက်များတွင် ဖော့စဖိတ်ဓါတ် အမြောက်အများပါဝင်သဖြင့် တနေ့လျှင် တစ်ခါသာစားရပါမည်။

03/02/2014

ပိုတက်စီယမ် (Potassium)
သွေးထဲတွင် ပိုတက်စီယမ်တွေ မြင့်မားစွာ ပါဝင်နေပါက နှလုံးတွင် ပုံမမှန်မှုများပေါ်တတ်ပြီး အနရာယ်ကြီးပါသည်။ ထို့ကြောင့် ပိုတက်ဆီယမ်ပါသောအစားအသောက်များကို ကန့်သတ် စားရပါမည်။

ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်အားလုံး ပိုတက်ဆီယမ် ပါဝင်ကြသည်။ အချို့မှာ ချက်ပြုတ်ချိန်တွင် ရေထဲပါသွားကြသည်။ အာလူးနှင့် အမြစ် ဟင်းသီးဟင်း ရွက်များကို အပိုင်းအစလေးများဖြစ်အောင် လှီးပြီး ရေများများနှင့် ပြုတ်ပြီး ပိုတက်ဆီယမ်ကို လျော့နည်းစေနိုင်ပါသည်။ ပိုတက်ဆီယမ်ဓါတ် မြင့်မားစွာ ပါသော ဟင်းသီးဟင်းရွက်များကို ဆီပူမထိုးမီ (ဆီနည်းနည်းနှင့် မကြော်မီ) ပြုတ်ပစ်ရမည်။ ပြုတ်ရည်ကျန်များကို လုံးဝမသုံးပါနှင့် စွန့်ပစ်လိုက်ပါ။
နေ့စဉ် ဟင်းသီးဟင်းရွက် ၂မျိုးသာရွေးစားပါ။ ထိုဟင်းသီးဟင်းရွက် များကိုလည်း ပိုတက်ဆီယမ်ပါဝင်မှုနိမ့်သော အမျိုးအစားကိုသာ ရွေးပါ။ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသော ဟင်သီးဟင်းရွက်များကို ရံဖန်ရံခါ စားပါ။ ဥပမာ- ၁ပတ် ၂ကြိမ်သာ။

ပိုတက်စီယမ်နည်းသော ဟင်းသီးဟင်းရွက်များ(အဓိကရွေးစားရန်)

ခရမ်းသီး၊ ဗူးသီး၊ ငရုပ်သီးအပွ၊သခွားသီး၊ ကျောက်ဖရုံသီး၊ ဆောင်းဖရဲ၊ သခွားမွှေး၊ ဆလပ်ရွက်၊ ပဲပင်ပေါက်၊ တရုတ်မုန်လာဥ၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ပဲတောင့်ရှည်၊ ကြက်သွန်နီ၊ သခွားဖရုံသီး။

ပိုက်တက်စီယမ်အသင့်အတင့်ပါသော ဟင်းသီးဟင်းရွက်များ
(၁ပတ် ၃ကြိမ်ရွေးရန်)

ရုံးပတေသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်၊ ကညွတ်၊ ငရုတ်သီး(အနီ၊ အစိမ်း)၊ ပဲနီလေး(ပြုတ်၊ပဲဟင်း)၊ ပဲသီး၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာမျိုး၊ သကြားပြောင်း၊ ခရမ်းချဉ်သီး။

ပိုတက်စီယမ်မြင့်မားစွာပါသော ဟင်းသီးဟင်းရွက်များ
(၁ပတ်၂ကြိမ်ရွေးရန်)

ကိုက်လန်၊ မုန်ညှင်းရွက်၊ ဂေါ်ဖီထုပ်စိမ်း၊ ကန်စွန်းဥအရွက်၊ သစ်တက်မှို၊ မှို(လတ်လတ်ဆတ်ဆတ်)၊ မြစ်(အစိမ်း၊ ဘူးသွတ်)၊ အာလူးမျိုးစုံ ၊ အာလူးကြော်၊ မျောက်ဥ၊ ကန်စွန်းဥ၊ ခရမ်းချဉ်(အနှစ်)၊ ကြာ၊ ကုလားပဲ၊ ရေမှော်ပင်။

03/02/2014

ပိုတက်စီယမ်နည်းသောသစ်သီးများ

ပန်းသီ၊ သစ်တော်သီး၊ ဇောင်းလျားသီး၊ ဖရဲသီး၊ နာနတ်သီး၊ ဂရိတ်ဖရု(ရှောက်ခါးသီးကြီး)၊ သံပယိုသီး၊ မင်းဂွတ်၊ နှင်းသီး၊ ဘလူးဘယ်ရီ၊ တည်သီး၊ လိုင်ချီး(စည်သွတ်)၊ မက်မန်း(စည်သွတ်)၊ မက်မွန်ရည်၊ နာနတ်(စည်သွတ်)၊ နာနတ်ရည်၊ သီးစုံ(စည်သွတ်)၊ သီးစုံရည်။

ပိုတက်စီယမ် အလတ်စားပါသောသစ်သီးများ(၁ပါတ် ၃ကြိမ်)

သင်္ဘော၊ မာလကာ၊ လိမော်(တရုတ်)၊ သံပရာ၊ ကျွဲကော၊ လိုင်ချီး (လတ်လတ်ဆတ်ဆတ်)၊ မက်မွန်၊ စူကာသီး၊ တရုတ်ဇီးသီး၊ စတော်ဘယ်ရီ၊ ရပ်စ်ဘယ်ရီ၊ ချယ်ရီ(ဘူးသွတ်)။

ပိုတက်စီယမ် မြင့်မားစွာ ပါသောသစ်သီးများ (ရှောင်ပါ)

ငှက်ပျော၊ သရက်၊ စပျစ်သီး၊ ကီဝီသီး၊ သခွားမသီး၊ ဒူးရင်း၊ ပိန္နဲ၊ အစေ့မဲ့စပျစ်ခြောက်၊ စွန်ပလွန်သီး၊ သဖန်းသီး၊ ချယ်ရီ (လတ်လတ်ဆတ်ဆတ်)၊ ထောပတ်သီး၊ မက်မွန်တစ်မျိုး၊ တလည်းသီး၊ ဇီးသီးခြောက်

ရှောင်ရမည့် ပိုတက်စီယမ်များသော အစားအသောက်များ

သစ်သီးနှင့် ဟင်းသီးဟင်းရွက် ဖျော်ရည်အားလုံး။ မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊ ကိုးကိုး (လိုအပ်လျှင်၊ တစ်နေ့လက်ဖက်ရည်ဇွန်း၂ ဇွန်းသာသောက်ပါ)၊ ချောကလက်နှင့် ယင်းပါသော အစားအစာများ၊ ကော်ဖီများ၊ နွယ်ချိုဆီ။ အုန်းသီး၊ မြေပဲထောပတ် အပါအဝင် သစ်စေ့အဆန်များ ဝိုင်အရက်အချို၊ ပုလင်းသွတ်ခရမ်းချဉ်သီးနှင့် ငရုပ်အချဉ်ရည်များ၊ အာလူးအချောင်းကြော်၊ အပြာအဝိုင်းကြော်များ၊ ပဲလှော်နှင့် ခရမ်းချဉ်သီး အချဉ်ရည်၊ အသား၊ ငါးပြုတ်ရည် အခဲအမျိုးမျိုး၊ ဆားအစားထိုး ဆားအတုများ၊ ဖွဲနု၊ သကာရည်၊ တင်းလဲရည်၊ အုန်းရည်။

03/02/2014

အရည်ကန့်သတ်ချက်

သင်သောက်ရန်ခွင့်ပြုထားသော အရည်ပမာဏမှာ တနေ့လျင် 1000ml ဖြစ်သည်။ သောက်ရန် ခွင့်ပြုထားသော အရည် အတိုင်းအဆ အတိုင်းသောက်ရန် အရေးကြီးသည်၊ ပိုသောက်ပါက ပိုသောအရည်များ၊ သင့် ခန္ဓာကိုယ်ထဲတွင် အများအပြား စုမိနေပြီး၊ အသက်ရှူခက်မှု၊ ရောင်ရမ်းခြင်း၊ သွေးဖိအားမြင့်လာမှု၊ နှင့်အရည်အလေးချိုန် တိုးမြင့်လာမှုများ ကျောက်ကပ်ဆေးနေသည့် ကြားကာလတွင် ဖြစ်ပေါ်လာပါမည်။ အရည်အလေးချိန်တိုးမြင့်မှုကို ထိန်းထားရမည်။ ကျောက်ကပ်ဆေးခြင်းကုသမှုများ ကြားကာလများတွင် အရည်အလေးချိန် ၂ ကီလိုဂရမ်ထက်မပိုစေရပါ။

03/02/2014

အရည်အလေးချိန် သောက်သုံးမှုကို ထိန်းထားရန် အောက်ဖော်ပြပါတိုကို ဆောင်ရွက်ပါ။

(၁) မနက်တိုင်း သင်သောက်သုံးမည့် အရည်များကို ကြိုတိုင်းထားပါ။
(၂) တနေ့တာ သင့်ကိုသောက်ခွင့်ပြုထားသည့် အရည်ကို အညီအမျှခွဲဝေထားပါ။
(၃) ဆားလျော့စားပါ။ သို့မှ ရေငတ်ခြင်း လျော့ပါးမည်။
(၄) ဆွပ်ပြုတ်၊ ယာဂုနှင့် ဟင်းရည်စသည်တို့၏ အရည်ပါဝင်မှုကိုလည်း ထည့်တွက်ပါ(ယာဂု အငယ်စား တစ်ပုဂံလုံး = ရေ၁၈၀ ml)။
(၅) အကယ်၍ တနေ့တာခွင့်ပြုထားသော အရည်ထက်ပိုသွားပါက၊ သံပရာအနံ့အရသာ ပါသောချိုချဉ်ကို ငုံပေးပါ။
(၆) ပါစပ်ကိုရေဖြင့် ပလုပ်ကျင်းပေးပါ။ ရေကို မြိုမချလိုက်ပါနှင့်။
(ရ) ရေခဲတုံးငယ်များကို ငုံပေးပါ။
(ဂ) ဆေသောက်လျှင် ရေများလွန်းစွာမသောက်ပါနှင့် အစာစားင်္ပြီးမှ သောက်ရန်ဟု အကြံပြုထားလျှင် အစားအစာနှင့် အတူဆေးကိုသောက်ပါ။ ထိုသို့ အစားအစာနှင့် အတူ စားလျှင် အရည်နှင့် သောက်စရာမလိုတော့ပါ။

03/02/2014

ဆားအကန့်အသတ်

ဆားများလွန်းလျှင် ရေငတ်လာမည်။ ရေငတ်လာပါက ခွင့်ပြုထားသော အရည်အတိုင်းအတာကို ထိန်း၍ချက်ရမည်။ ခန္ဓာကိုယ်ထဲတွင် အရည် အတိုင်းအဆများ လာလျှင် ရောင်ရမ်းခြင်း သွေးပေါင်ချိန် တက်ခြင်း စသည့်တို့ဖြစ်လာပါမည်။

ဆားစားသုံးမှုလျှောချနည်း။

(၁) ချက်ပြုတ်ရာတွင် ဆားနှင့် ပဲငံပြာရည်အနည်းဆုံးသာသုံးပါ။
(၂) ထမင်းစားနေစဉ် ဆားနှင့် ပဲငံပြာရည်ကိုထပ်မသုံးပါနှင့်။
(၃) ချက်ပြုတ်ရာတွင် အချိုမှုန်မသုံးရ။
(၄) ဆိုင်တွင်ဝယ်စားချိန်တွင် ဆားမထည့်ရန်ပြောပြပါ။
(၅) ဆားအစား အခြာအရသာရှိသည့် ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ဟင်းခတ်အမွှေးအကြိုင် သံပရာ၊ သံပယို၊ ဂျင်း စသည်တိုကို သုံးပါ။
(၆) အငန်အရသာကဲသော ငန်သောအစားစာများဖြစ်သည့် ငါးဆားနယ်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ဆားပါသော အာလူးကြော် သစ်သီးဆံ၊ ဆားပါသော ဘီစကစ်များနှင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ကိုရှောင်ပါ။
(၇) စည်သွတ်၊ ကြပ်တင်၊ ကြော်၊ ဆားနယ် ထားသော အစားအသောက်များမှာ ဆားပါဝင်မှု များသဖြင့် လတ်ဆတ်သော အစားအသောက်များကိုသာ ရွေးချယ်စားသောက်ပါ။ ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲ စသည်တို့မှာ ဆားကဲသော အစားအစာများဖြစ်သဖြင့် ရှောင်ပါ။

03/02/2014

အငန်ပေါ့သော ဟင်းအမျိုးမျိုးအတွက် သုံးသင့်သော အနံ့အရသာ တိုးစေသည့် ဟင်းခတ်အမွှေးအကြိုင်များ။

အမဲသား ချက်လိုသော် ကရဝေးရွက်၊ ငရုပ်ကောင်း၊ ဖာလာစေ့၊ တရုတ်မဆလာ၊ ဟင်းမွှေးမဆလာ၊ ငရုတ်သီးစိမ်း၊ ချင်း၊ မုန်လာစေ့၊ သင်္ဘောဒန့်ဒလွန်စေ့၊ ငရုတ်ကောင်းစေ့၊ စမုံစပါး၊ စသည့်ဟင်းခတ် မဆလာများကိုသုံးပါ။
ကြက်သား ချက်လိုသော် တရုတ် မဆလာ၊ ဇီယာစေ့၊ ကြက်သွန်ဖြူ၊ အရောင်းတင်ပန်းငရုတ်မှုန့်၊ တရုတ်နံနံ၊ ကြက်သွန်နီဥကလေး စသည့် ဟင်းခတ်မဆလာများကိုသုံးပါ။
ငါးချက်လိုသော် ပင်းစိမ်းလတ်လတ်ဆတ်ဆတ်၊ ငရုပ်သီးစိမ်း၊ ဟင်းခတ်အမွှေး အကြိုင်များ၊ စမြိတ်ပင်များ၊ စမုန်နက်၊ ချက်ချင်းထောင်းထားသော ငရုပ်သီး၊ ချင်း၊ အရောင်တင်ပန်းငရုပ်သီးမှုန့်၊ တရုတ်နံနံ၊ အင်္ဂလိပ်မဆလာပင်၊ ကြက်သွန်နီဥသေး၊ စသည့် ဟင်းခတ် မဆလာများကိုသုံးပါ။
ဝက်သားချက်လိုသော် စမုန်စပါးပင်၊ ငရုတ်ကောင်း၊ တရုတ်မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းစေ့၊ ကလျာဏီပင်၊ စမုန်ဖြူ၊ စသည့် ဟင်းခတ် မဆလာများကိုသုံးပါ။
ဟင်းသီးဟင်းရွက်ချက်လိုသော် လေးညှင်းပွင့်၊ ဇီယာစေ့၊ ဇာဒိဗ္ဖိုလ်သီး၊ စမြိုတ်ပင်၊ ငရုတ်ကောင်း အရောင်တင်ပန်းငရုတ်ကောင်းမှုန့်၊ တောရှုံးပင်၊ ဟင်းခတ်အမွှေးပင်တမျိုးမျိုး စသည့် ဟင်းခတ်မဆလာများကိုသုံးပါ။

03/02/2014

ကျောက်ကပ်ရောဂါသည်များ အနေနဲ အစားအသောက်နဲ ပါတ်သက်လို့ ရှောင်ရန်၊ ဆောင်ရန်များကို တင်ပြပြီးဖြစ်ပါတယ်။ တကယ်တော့ အရသာဆိုတာ တဏှာပါ စွဲလမ်း တက်မက်ခြင်းပါပဲ။ ဘာတွေကို ဘယ်အချိန် စားသင့်တယ် ဘယ်အစားအသောက် တွေကိုတော့ လုံးဝမစား သင့်တော့ဘူး ဆိုတာ မိမိအသိဥာဏ်နဲ ဆင်ချင်ပြီး စားသင့်ပါတယ်။

Address

Mandale

Opening Hours

Monday 08:00 - 12:00

Telephone

09402593443

Website

Alerts

Be the first to know and let us send you an email when Kidney Healthy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kidney Healthy:

Share