Township Health Department - Maungdaw

Township Health Department - Maungdaw မောင်တောမြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့်သက်ဆိုင်သောသတင်းများတင်ပြပေးသွားပါမည်။

ECMWF MODEL RUNTIME 30MAY1200Z UPDATE===============================⚠️ ကျနော်တို့ ဆိုင်ကလုန်းမုန်တိုင်း"မိုခါ"ကို ကြိုတင...
31/05/2023

ECMWF MODEL RUNTIME 30MAY1200Z UPDATE

===============================
⚠️ ကျနော်တို့ ဆိုင်ကလုန်းမုန်တိုင်း"မိုခါ"ကို ကြိုတင်ခန့်မှန်းခဲ့စဉ်ကအတိုင်းပါဘဲ။ ဒီနေ့ ကြိုတင်ခန့်မှန်းချက်များမှ မုန်တိုင်းအမှန်တကယ်ဖြစ်လာနိုင်မဲ့ ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့များအထိ မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ ပြင်းအားတွေဟာ ပြောင်းလဲနေတတ်ပါတယ်။ လက်ရှိကြိုတင်ခန့်မှန်းချက်ကတော့ မှန်ကန်နိုင်မှု ရာခိုင်နှုန်း ၈၀(80%)အထိ ရှိနိုင်ပါမယ်။

⚠️ ဒီနေ့အတွက် နောက်ဆုံးရရှိတဲ့ ကြိုတင်ခန့်မှန်းချက်များအရ -

♦️ ဇွန်လ ၆ ရက် နံနက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ စောင့်ကြည့်ရမဲ့ လေပွေလှိုင်း INVEST SYSTEM တစ်ခု စ တင် ဖြစ်ပေါ်နိုင်ပါမယ်။

♦️ ဇွန်လ ၇ ရက် နေ့လည် ၁၂ နာရီမှာ သိသာတဲ့ လေဖိအားနည်းရပ်ဝန်း(WELL MARKED LPA) - မုန်တိုင်းငယ် စသည်ဖြင့် အဆင့်ဆင့် အားကောင်းလာနိုင်ပြီး မြောက်-အနောက်မြောက်ကို ဆက်လက်ရွေ့လျားနိုင်ပါမယ်။

♦️ ဇွန်လ ၈ ရက် ညနေ ၄ နာရီခန့်မှာ သံတွဲမြို့အနောက်-အနောက်တောင်ဘက် ၉၃ မိုင်ခန့်၊ ကျောက်ဖြူမြို့ တောင်-အနောက်တောင်ဘက် မိုင်၁၂၀ ခန့် ကိုရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပါမယ်။ အဲ့ဒီအချိန်မှာ ဗဟိုဖိအား 994hPa နဲ့ လေတိုက်နှုန်း တစ်နာရီ မိုင်၆၀ အထိ ရှိနိုင်ပါမယ်။

♦️ ဇွန်လ ၈ ရက် ည ၁၀ နာရီခန့်မှာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း ကျောက်ဖြူမြို့အနောက်ဘက် မိုင် ၇၀ ခန့်၊ စစ်တွေမြို့တောင်-အနောက်တောင်ဘက် ၆၇ မိုင်ခန့်ကို ရောက်လာပြီး၊ ဗဟိုဖိအား 992 hPa အထိကျဆင်းကာ၊ လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင် အထိရှိလာနိုင်ပါမယ်။

♦️ ဇွန်လ ၉ ရက်နေ့ မနက် ၉ နာရီခန့်မှာ စစ်တွေမြို့အနောက်တောင်ဘက်၊ ၃၅ မိုင်ခန့်ကို ရောက်လာပြီးတဲ့နောက် ရုတ်တရက်အားပိုကောင်းလာနိုင်ပြီး ဗဟိုဖိအား 990hPa 982hPa လေတိုက်နှုန်း တစ်နာရီ မိုင် ၉၀ မှ ၁၀၀ အထိရောက်ရှိကာ အမည်ရဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ပါမယ်။

♦️ ဇွန်လ ၉ ရက် နေ့လည်ပိုင်းမှ စတင်ပြီး စစ်တွေမြို့အနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ကြိုတင်ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

♦️ မုန်တိုင်းဖြစ်လာချိန်မှာ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းအနီး မိုင် ၈၀ ခန့်မှ ကပ်လျက် မြောက်-အနောက်ဘေက်ကို ရွေ့လျားမှာဖြစ်တာကြောင့် မုန်တိုင်းညာဘက်ခြမ်းမှာရှိနေတဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဒေသတွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။

⚠️ နောက်နေ့များမှာ ထပ်မံရရှိလာဦးမဲ့ ကြိုတင်ခန့်မှန်းချက်များမှာ ပြောင်းလဲမှုများရှိလာရင် ထပ်မံစောင့်ကြည့်တင်ပြပေးသွားပါဦးမယ်။

https://m.facebook.com/story.php?story_fbid=6993073030720129&id=100000525045158&mibextid=Nif5oz

“လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ” မေလ၊ ၂၀၂၃ ခုနှစ် လေမုန်တိုင်းကျရေ...
19/05/2023

“လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ”

မေလ၊ ၂၀၂၃ ခုနှစ်

လေမုန်တိုင်းကျရောက်ပြီးနောက်ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအသောက်များကိုစားသောက်မိခြင်းမှတစ်ဆင့်ကူးစက်ဖြစ်ပွား၍ အသက်အန္တရာယ် ထိခိုက်နိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအသွင်ဖြင့်လည်း ဖြစ်ပွားနိုင်ပါသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက-
အရည်ဝမ်းများသွားခြင်း၊ အော့အန်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
လေမုန်တိုင်းကျရောက်ပြီးနောက် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရန် အောက်ပါအချက်အလက် များကို တိကျစွာ လိုက်နာကျင့်သုံးကြရမည်ဖြစ်ပါသည်-
(က) သောက်သုံးရေသန့်ရရှိရေး၊
• FDAအသိအမှတ်ပြုသောက်ရေသန့်ကိုရရှိရန်အခက်အခဲရှိပါက သောက်ရေကိုကျိုချက်၍လည်းကောင်း၊ သောက်သုံးရေကို ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ရေသန့်စင်ဆေးပြားခပ်၍ လည်းကောင်း၊ ကလိုရင်းဆေးကို နည်းစနစ်တကျခပ်၍ လည်းကောင်း အသုံးပြုပါ၊
(ခ) လက်သန့်စင်ရေး၊
• အစားအစာများကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊ အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာ နှင့် ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောပါ၊
• လေမုန်တိုင်းရှောင်စခန်းများ၊ ကယ်ဆယ်ရေးစခန်းများတွင် လက်သန့်စင်ရေးအတွက် ဆပ်ပြာနှင့်ရေ များအသင့်ထားရှိပေးပါ။
(ဂ) အစားအစာသန့်ရှင်းရေး
• အစားအစာများကို သန့်ရှင်းစွာချက်ပြုတ်၍ ယင်မနားစေရန်ဖုံးအုပ်ပါ။ အစားအစာများကို ပူပူ နွေးနွေး စားပါ၊
• မှိုတက်နေသာ အစားအစာများ၊ ယင်နားစာများ၊ အမှည့်လွန်သော အသီးများကို မစားပါနှင့်၊
(ဃ) အိမ်သာသန့်ရှင်းရေး
• သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ၊
• ကလေးငယ်များ၏ မစင်ကို ယင်မနားအောင် စနစ်တကျ စွန့်ပစ်ပါ၊
• ဝမ်းပျက်ဝမ်းလျှောရောဂါခံစား‌ရသည့်လူနာ၏ အညစ်အကြေးများ၊ အဝတ်အစားများကို သောက်သုံး ရေကန်များအနီးတွင် လျှော်ဖွပ်ခြင်း မပြုရပါ။

"ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေး နေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသပါ၊ ဓါတ်ဆားရည်ကိုစနစ်တကျဖျော်စပ်သောက်သုံးပါ။"

🔺🔺🔺CYCLONE  MOCHA🔺🔺🔺" ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း မုန်တိုင်း(MOCHA) ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမလက်တံစတင်ဖြတ်နေပြီ...
14/05/2023

🔺🔺🔺CYCLONE MOCHA🔺🔺🔺

" ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း မုန်တိုင်း(MOCHA) ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမလက်တံစတင်
ဖြတ်နေပြီ "

၁၃.၅.၂၀၂၃ မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်

ယနေ့မြန်မာစံတော်ချိန် (၁၂:၁၀)နာရီအချိန်
JMAဂြိုလ်တုမှ ပေးပို့သောပုံအရ မြန်မာနိုင်ငံ
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမလက်တံစတင်
ဖြတ်နေပြီဖြစ်ပါတယ်။

နောက် ၃၀မိနစ်အတွင်း လေတိုက်နှုန်းပိုမို
ပြင်းထန်လာကာ မုန်တိုင်းဒဏ်ကိုစတင်ခံစား
ရလာနိုင်ပြီး မွန်းလွဲ ၃နာရီ ၂၇မိနစ်နောက်ပိုင်း
မှာ အားပြန်လျော့နည်းနိုင်မည် ဖြစ်သောကြောင့်
ရခိုင်ပြည်နယ်မှဒေသခံများအနေဖြင့် ယခုအချိန်
မှ စပြီး ညနေ ၄နာရီအထိ ဖြစ်နိုင်ပါက အပြင်
မထွက်ကြဖို့ အကြံပြုတင်ပြလိုပါတယ်ခင်ဗျာ။

ဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)

https://m.facebook.com/story.php?story_fbid=6033328166786013&id=100003266695849&mibextid=Nif5oz

🔺🔺🔺 DANGER AREA 🔺🔺🔺🌪🌧🌪 CYCLONE MOCHA🌧🌪🌧" ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မေလ ၁၄ ရက် မနက် ၆ နာရီ၃...
12/05/2023

🔺🔺🔺 DANGER AREA 🔺🔺🔺

🌪🌧🌪 CYCLONE MOCHA🌧🌪🌧

" ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ
(MOCHA)”သည် မေလ ၁၄ ရက် မနက် ၆ နာရီ
၃၀မိနစ်တွင် စစ်တွေမြို့ရဲ့ အနောက်တောင်ဘက်
လေတိုက်နှုန်း 120 knots - တစ်နာရီ ၁၃၈ မိုင်နှုန်း
နာဂစ်မုန်တိုင်းလောက်အားကောင်းပြီး CAT-3
အဆင့်အထိရောက်လာနိုင်လို့ JTWCခန့်မှန်းထား "

၁၂.၅.၂၀၂၃ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်

မုန်တိုင်းအခြေအနေနှင့်လမ်းကြောင်းခန့်မှန်းချက်

ယနေ့မေလ ၁၂ ရက် မနက်အစောပိုင်းတွင် JTWC
၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်း
သောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)
“မိုခါ(MOCHA)”သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊
ပိုမိုအားကောင်းလာကာ အားအလွန် ကောင်းသောဆိုင်
ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှာလည်း
အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်
ကိုရောက်ရှိခဲ့ပြီလို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

"မုန်တိုင်းလမ်းကြောင်းခန့်မှန်းချက်"

မုန်တိုင်းလမ်းကြောင်းအနေဖြင့် လက်ရှိအခြေအနေ
မှာ အမေရိကန်နိုင်ငံမှ JTWCရဲ့လမ်းကြောင်းခန့်
မှန်းချက်သည် မေလ ၁၄ ရက် မနက် ၆ နာရီ၃၀မိနစ်
မှာ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၃၈
အရောက်မှာ မုန်တိုင်းဗဟိုလေတိုက်နှုန်း 120 knots
တစ်နာရီ ၁၃၈ မိုင်နှုန်းအထိမြင့်တက်လာကာ နာဂစ်
မုန်တိုင်းထက်အားကောင်းပြီး CAT-3 အဆင့်အထိ
ကို ရောက်လာ ခန့်မှန်းထားတာကိုတွေ့ရပါတယ်။

ကျွန်တော်ရဲ့ခန့်မှန်းချက်မှာ တစ်နာရီ ၁၀၀မှ
၁၁၀ မိုင်နှုန်း နာဂစ်မုန်တိုင်းလောက်အားမ
ကောင်းနိုင်ဘူးလို့ ခန့်မှန်းခဲ့သော်လည်း JTWCရဲ့
ခန့်မှန်းချက်မှာတော့ နာဂစ်မုန်တိုင်းရဲ့ တစ်နာရီ
၁၃၀ မိုင်နှုန်းကိုကျော်လွန်ပြီး မုန်တိုင်းဗဟိုလေ
တိုက်နှုန်း 120 knots တစ်နာရီ ၁၃၈ မိုင်နှုန်း
အထိမြင့်တက်လာကာ ရခိုင်ပြည်နယ် စစ်တွေနဲ့
မောင်တောမြို့ကြားမှ လာမည့် မေလ ၁၄ ရက်
နေ့ မွန်းလွဲညနေပိုင်းမှာ ဝင်ရောက်နိုင်တယ်လို့
ခန့်မှန်းနေတော့ လက်ရှိအခြေအနေအရ ရခိုင်
ပြည်နယ်ဟာ မုန်တိုင်းအန္တရာယ် စိုးရိမ်ရတဲ့အခြေ
အနေပိုရှိလာပြီဆိုတာကို သတိပြုစေလိုပါတယ်
ခင်ဗျာ။

မနေ့က၁၁ရက်နေ့အထိ ရခိုင်ပြည်နယ်မှ ဒေသခံများ
မှပေးပို့သော ပုံများအရ ရာသီဥတုပူပြင်းကာ ထူးခြား
မှု သိပ်မရှိသလိုဖြစ်နေပါတယ်။ အချို့ဒေသခံများ
က ပူလွန်းလို့ မုန်တိုင်းလာရင်ပိုကြိုက်တယ်ဆိုပြီး
ပြောပုံအရ မသိလို့မကြောက်ကြသလို အချို့က
ပြင်ဆင်မှုများ သိပ်လုပ်မထားတာကိုတွေ့ရပါတယ်။
ယနေ့ ၁၂ရက်နေ့ဆိုတော့ ကြိုတင်ပြင်ဆင်ချိန်ဟာ
၂ရက်သာ ကျန်တော့တာမို့ သက်ဆိုင်ရာအဖွဲ့အစည်း
များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကြိုပြင်ဆင်မှု
များနှင့် မုန်တိုင်းအန္တရာယ် အသိပညာပေးပြောဆို
မှုများ လုပ်ပေးကြဖို့အကြံပြုတင်ပြလိုပါတယ်
ခင်ဗျာ။

ထူးခြားပြောင်းလဲမည့်အခြေအနေများ ရှိလာပါက
Update သတင်းများကိုအချိန်နှင့်တစ်ပြေးညီ
ဆက်လက် တင်ပြပေးသွားမည်ဖြစ်သောကြောင့်
Followed နှင့် See First လုပ်ထားမှ သတင်း
တင်ပေးလိုက်တိုင်းမြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ်
ခင်ဗျာ။

ဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)

https://m.facebook.com/story.php?story_fbid=6026980874087409&id=100003266695849&mibextid=Nif5oz

🔺🔺🔺D  A N G E R🔺🔺🔺🌀🌀🌀EYE  FEATURE🌀🌀🌀🌪🌧🌪CAT 3🌪🌧🌪မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစေ...
11/05/2023

🔺🔺🔺D A N G E R🔺🔺🔺

🌀🌀🌀EYE FEATURE🌀🌀🌀

🌪🌧🌪CAT 3🌪🌧🌪

မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ်.

ယခု Cyclone Mocha 120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်တိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ CAT3 မုန်တိုင်းအဆင့်ထက်တောင်ကျော်လွန်ပြီးရောက်ရှိ သွားမှာကိုစိုးရိမ်မိပါတယ်.

ဦးတည်ရာလမ်းကြောင်းကလည်းပြောင်းလည်းနိုင်တဲ့အလားအလာမတွေ့ရပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းကို
တည့်တည့်ကြီးဦးတည်သွားနေလို့ ပို၍စိုးရိမ်မကင်းဖြစ်မိပါတယ်.

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြပါစေ.

https://m.facebook.com/story.php?story_fbid=1566031270557507&id=100014519469601&mibextid=Nif5oz

🔺 DANGER🔺🌧🌧🌪🌫🌊CYCLONE MOCHAအမြန်ပြောင်းရွှေ့ကြပါတော့📣📣📣မိုခါမုန်တိုင်းသည် 14/05/2023 ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ...
11/05/2023

🔺 DANGER🔺

🌧🌧🌪🌫🌊

CYCLONE MOCHA

အမြန်ပြောင်းရွှေ့ကြပါတော့📣📣📣

မိုခါမုန်တိုင်းသည် 14/05/2023 ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်းကြား မကျည်းချောင်းကနေပြီးဝင်ရောက်မှာဖြစ်ပါတယ် မုန်တိုင်းဝန်းမိုင်၅၀ ကျော်ရှိလို့
မြေငူကျွန်းစစ်တွေ ရသေ့တောင် ဘူးသီးတောင် မောင်းတော မြေပုံ ပုဏ္ဍားကျွန်းမြို့ မြောက်ဦးအထိအခိုက်အပျက်အစီးများနိုင်ပါတယ် မုန်တိုင်းဝင်ရောက်စဥ်
တစ်နာရီ မိုင် ၉၀မှ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ
၁၀၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရေလှိုင်းအမြင့် ၃၂ပေ မှ ၃၆ပေအထိ ရှိနိုင်ပါတယ်
မိုးရေချိန် ၂၀၀မီလီမီတာမှ ၃၀၀မီလီမီတာအထိရွာသွန်းနိုင်လို့မိုးအလွန်ကြီးမှာဖြစ်ပါတယ် ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ပြောင်းရွှေ့နေထိုင်ကြပါလို့အကြံပြုလိုက်ပါတယ်

issued time
11/05/2023 11:30am(MMT)
မင်း ဂွတ် သီး Su Su San
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.

https://m.facebook.com/story.php?story_fbid=1565788940581740&id=100014519469601&mibextid=Nif5oz

CYCLONE - MOCHA📣📣📣ရခိုင်ပြည်နယ် မုန်တိုင်းအန္တရာယ် မိုးလေဝသကျွမ်းကျင်သူတွေ သတိပေး၁၀ မေ၊ ၂၀၂၃ဘင်္ဂလားပင်လယ်အော် အရှေ့တောင...
10/05/2023

CYCLONE - MOCHA

📣📣📣

ရခိုင်ပြည်နယ် မုန်တိုင်းအန္တရာယ် မိုးလေဝသကျွမ်းကျင်သူတွေ သတိပေး

၁၀ မေ၊ ၂၀၂၃

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာနိုင်ပါတယ်။ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာလည်း လေပြင်းအန္တရာယ် ကျရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မုန်တိုင်းအခြေအနေ ဘယ်လိုရှိလာမလဲဆိုတဲ့ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) နဲ့ မေးမြန်းထားတာကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အလွန်အားကောင်းတဲ့ Mocha ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းဆီ ဦးတည်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းကစပြီး မြန်မာပြည်ထဲ ရောက်ရှိလာနိုင်တယ်လို့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လမ်းကြောင်းကို အွန်လိုင်းကနေတဆင့် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးနေတဲ့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က ပြောပါတယ်။

"မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်လာတော့မှာ ဖြစ်တယ်။ အခုဖြတ်နိုင်တဲ့ လမ်းကြောင်းကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေမှ ဖြတ်နိုင်တယ်ဆိုပြီးတော့ လက်ရှိအနေအထားအရ အဖြေထွက်ပါတယ်။ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျောက်ဖြူမြို့ အနောက်ဘက်ကို ရောက်လာမယ်။ ပြီးရင် ညနေပိုင်းမှာ စစ်တွေကို ရောက်လာပြီးတော့ ညသန်းခေါင်ယံ အချိန်လောက်မှာတော့ ဘူးသီးတောင်၊ မောင်တောလောက်ကနေ ဖြတ်နိုင်တယ်လို့ လက်ရှိအနေအထားအရ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်။ ထိခိုက်မှု အများဆုံးကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေ ဝင်မှာဆိုတော့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား အဲဒီဘက်တွေကတော့ အထိအခိုက် များနိုင်တာပေါ့။ ပြီးရင် မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘ်ဇားဘက်ကိုပဲ ဆက်သွားမှာပေါ့နော်။ အဲဒီတော့ ကျနော်တို့က ၁၄ ရက်နေ့ မွန်းလွဲပိုင်းနဲ့ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဒီနေရာတွေက မုန်တိုင်းဝင်နိုင်တယ်ပေါ့နော်။ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တာပေါ့။"

မေလ ၁၃ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း အပါအဝင် ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့မှာ လေပြင်းအန္တရာယ် အနည်းငယ်ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၁၄ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ချင်းပြည်နယ်တို့မှာ လေပြင်းအန္တရာယ် ကျရောက်နိုင်တယ်လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

"၁၃ ရက်နေ့မှာ လေပြင်းတိုက်ခတ်နိုင်တဲ့ နေရာတွေရှိတယ်။ ၁၄ ရက်နေ့မှာ လေပြင်းတိုက်ခတ်နိုင်တဲ့ နေရာတွေရှိတယ်။ အဓိက လေပြင်းအန္တရာယ် အများစုခံရနိုင်တာက ရခိုင်ပြည်နယ်ပေါ့ဗျာ။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သူကတည့် (ဒဲ့) ဝင်မှာကို။ ပြီးရင် မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အဖျားခပ်မယ်။ ချင်းပြည်နယ် အဲဒီနေရာတွေကတော့ ၁၃၊ ၁၄ နှစ်ရက်ကတော့ လေပြင်းဒဏ်ကို ခံရနိုင်တာပေါ့။"

မုန်တိုင်းဦးတည်မယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ လေတိုက်နှုန်းက တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလတုန်းက မြန်မာနိုင်ငံမှာ အင်အားပြင်းထန်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ တနာရီကို ၁၃၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။ အခု Mocha ဆိုင်ကလုန်းမုန်တိုင်းဟာလည်း နာဂစ်မုန်တိုင်းလောက် မပြင်းနိုင်ပေမယ့် သတိထားသင့်တယ်လို့ ပြောပါတယ်။

မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်လာတော့မှာ ဖြစ်တယ်။ အခုဖြတ်နိုင်တဲ့ လမ်းကြောင်းကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေမှ ဖြတ်နိုင်တယ်ဆိုပြီးတော့ လက်ရှိအနေအထားအရ အဖြေထွက်ပါတယ်။
အချိန်ကာလ ၁၅ နှစ်တာ ကြာခဲ့ပေမယ့် နာဂစ်မုန်တိုင်းကြောင့် အထိနာခဲ့ရတဲ့ ဧရာဝတီတိုင်းထဲမှာတော့ အခုရက်ပိုင်းထဲ ရောက်လာနိုင်တဲ့ မုန်တိုင်းကိုကာကွယ်နိုင်ဖို့ တချို့က နေရာရွှေ့ပြောင်း နေထိုင်နေကြပါတယ်။ အခုမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်မှာဖြစ်လို့ ဧရာဝတီတိုင်းမှာ နေထိုင်ကြသူတွေ အထိတ်တလန့်ဖြစ်ပြီး မလိုလားအပ်တာတွေ မဖြစ်စေဖို့ကိုလည်း မိုးလေဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။

"မုန်တိုင်းတကယ်ဝင်နိုင်တဲ့ နေရာတွေကတော့ သေချာကြိုတင် ပြင်ဆင်ထားဖို့ လိုတာပေါ့နော်။ ဧရာဝတီတိုင်းကတော့ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ မဖြစ်နိုင်တော့တာကို အရမ်းကြောက်လန့်နေမယ်၊ ကုန်စျေးနှုန်းတွေ တက်နေမယ်။ ဒါတွေ မဖြစ်အောင်လို့ ဧရာဝတီတိုင်းမှာ ဖြစ်နိုင်ခြေ အလားအလာက တော်တော်နည်းသွားပြီပေါ့နော်။ အခုလက်ရှိ နောက်ဆုံးတွက်ချက်မှု အရဆို ၂၉ ရာခိုင်နှုန်းပဲ ရှိတော့တာပေါ့။ ကျန်တဲ့ ရာခိုင်နှုန်းအားလုံးက ရခိုင်ပြည်နယ် မြောက်ပိုင်းကိုပဲ ဝင်တော့မယ်ပေါ့နော်။"

အခုအားကောင်းနေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မေလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့်လည်း လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့ အတူ မြေပြိုတာလည်း ဖြစ်နိုင်ဖို့ ကုန်းမြင့်မှာနေထိုင်သူတွေကို သတိပေးထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီး၊ ရေလျှံတာဖြစ်နိုင်လို့ သတိနဲ့နေထိုင်ဖို့ အသိပေးထားပါတယ်။

https://www.facebook.com/351574300169/posts/10160686645225170/?mibextid=Nif5oz

မုန်တိုင်းအန္တရာယ်လျော့ပါးရေး .!📣📣📣📣📣
10/05/2023

မုန်တိုင်းအန္တရာယ်လျော့ပါးရေး .!

📣📣📣📣📣

မုန်တိုင်းဘေးအန္တရာယ် သတိပြုလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ‼️‼️‼️▪️မိုးဇလ မှ မုန်တိုင်းသတိပေးချက်ထုတ်ပြန်လျှင် ရေ၊အစ...
09/05/2023

မုန်တိုင်းဘေးအန္တရာယ် သတိပြုလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ‼️‼️‼️

▪️မိုးဇလ မှ မုန်တိုင်းသတိပေးချက်ထုတ်ပြန်လျှင် ရေ၊အစားအစာ၊ဆေးဝါး၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနဲ့ အတူထားပါ။

▪️ မိုးလေဝသသတင်းများကို ကြည့်ရှုနားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ဖို့ လိုအပ်ပါကပြောင်းရွှေ့ခိုလှုံပါ။

▪️ မုန်တိုင်းဗဟိုဖြတ်သန်းနေစဉ်အတွင်း ခေတ္တလေငြိမ် နေပါသော်လည်း မကြာမီအချိန်မှာ ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်သော လေများ တိုက်ခတ်နိုင်ကြောင်း သတိပြုပါ။

▪️ရေကူးခြင်း၊ ရေထဲမှာ လမ်းလျှောက်ခြင်း ရှောင်ကြဉ်ပါ။

▪️တိရစ္ဆာများကို ချည်နှောင်ထားခြင်းမှ ရှောင်ကြဉ်ပါ။

▪️ လေတိုက်နှုန်း အားလျော့သွားချိန်မှာ အိမ်အပြင်ထွက်ခြင်း၊ မြစ်ကမ်းနား၊ ကမ်းခြေ၊ ကမ်းနဖူးကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

▪️မုန်တိုင်းအန္တရယ် ကင်းရှင်းကြောင်း သတင်းထုတ်ပြန်သောအချိန်ထိ ဘေးကင်းရာ အရပ်​မှာ နေထိုင်ပါ။

မုန်တိုင်းအန္တရာယ်၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အဖျက်စွမ်းအား ပြင်း CAT ...
09/05/2023

မုန်တိုင်းအန္တရာယ်

၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အဖျက်စွမ်းအား ပြင်း CAT 3 အဆင့်ရှိမုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နိုင်ပြီး မေလ ၁၃ ရက်နေ့တွင်စစ်တွေမြို့အနောက်ဖက်ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာကာ CAT 4
အဆင့်အထိအင်အားအလွန်ကောင်းနိုင်ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ဘင်္ဂလားဒေချ့်နိုင်ငံ
စစ်တကောင်း ကော့ဘဇား ဒေသတွေကနေကုန်းတွင်းဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ ရသေ့တောင် ပုဏ္ဍာကျွန်း ကျောက်တော် ဘူးသီးတောင် မောင်တော မေယုမြစ်တစ်လျှောက်မုန်တိုင်းအန္တရာယ်ရှိပါတယ် ၁၃ ရက်နေ ၁၄ ရက်နေ့ မုန်တိုင်းအန္တရာယ်ရှိသဖြင့် ယနေ့ ၉ ရက်နေ့ဖြစ်လို့ ဘေးကင်းလုံခြုံရာနေရာတွင်ပြောင်းရွှေ့နေထိုင်ရန် ၃ ရက်အချိန်ရပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းမုန်တိုင်းအန္တရာယ်ရှိကြောင်းကိုလည်းရက်အဝေးကြီကထဲက ခန့်မှန်းပေးထားပြီးလည်းဖြစ်ပါတယ်.!

အားလုံးဘေးကင်းလုံခြုံကြပါစေ.!

issued time
09/05/2023 9:54am(MMT)
Su Su San မင်း ဂွတ် သီး

https://www.facebook.com/susu.san.7921975?mibextid=ZbWKwL

Address

Maungdaw

Website

Alerts

Be the first to know and let us send you an email when Township Health Department - Maungdaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share