Family Medical Laboratory

Family Medical Laboratory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Medical Laboratory, Medical and health, Zaryar 1 Street, Zayar Thiri Mawlamyine, Mawlamyine.

06/02/2026

🫀 "နှလုံးသွေးကြောထဲ ကယ်လ်စီယမ် စုပုံခြင်း" က ဘာကြောင့်ဖြစ်တာလဲ?

​လူအများစုက "ကယ်လ်စီယမ်" မှာ အကျိုးကျေးဇူးတွေပဲ ရှိတယ်လို့ ယုံကြည်ကြပေမဲ့၊ နေရာမှားပြီး နှလုံးသွေးကြောထဲ စုပုံလာမယ်ဆိုရင် ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (acute coronary syndrome) ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

​📌 အကြောင်းရင်းများ:
1️⃣​နာတာရှည် သွေးကြောရောင်ရမ်းခြင်း : ဆေးလိပ်သောက်ခြင်း၊ အဆီများသော အစားအစာများ စားသုံးခြင်းစသည့် အန္တရာယ်ရှိသော အပြုအမူများကြောင့် သွေးကြောနံရံများ ပျက်စီးပြီး ကိုလက်စထရော (Cholesterol) နှင့် ကယ်လ်စီယမ် (Calcium) များ စုပုံလာခြင်း။
2️⃣​ကယ်လ်စီယမ်နှင့် ဖော့စဖရပ်စ် ဓာတ် မညီမျှခြင်း: အထူးသဖြင့် နာတာရှည် ကျောက်ကပ်ရောဂါရှိသူများတွင် ကယ်လ်စီယမ် ပိုလျှံမှုက အရိုးများအစား သွေးကြောနံရံများတွင် သွားရောက် စုပုံစေနိုင်ခြင်း။
3️⃣​ဗီတာမင် K2 ချို့တဲ့ခြင်း: ဗီတာမင် K2 သည် ကယ်လ်စီယမ်ကို အရိုးများဆီသို့ ပို့ဆောင်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ချို့တဲ့ပါက ကယ်လ်စီယမ်များသည် သွေးကြောများတွင် ပိုမို လွယ်ကူစွာ စုပုံနိုင်စေသည်။
4️⃣​အသက်အရွယ် ကြီးလာခြင်း: အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ သတ္တုဓာတ်ထိန်းချုပ်မှု စွမ်းဆောင်ရည် ကျဆင်းလာပြီး ကယ်လ်စီယမ် စုပုံမှု ပိုမိုလွယ်ကူလာခြင်း။
​🔍 နောက်မကျခင် အန္တရာယ်ရှိ/မရှိ စစ်ဆေးလိုက်ပါ!

နှလုံးစစ်ဆေးမှု ပက်ကေ့ချ် (Calcium Score)
စျေးနှုန်း 11,999 ဘတ် (ပုံမှန်စျေး 20,929 ဘတ် မှ)

​ကယ်လ်စီယမ်တွေ စုပုံလာပြီး... သင့်နှလုံးအတွက် အန္တရာယ်မဖြစ်ခင် မစောင့်ပါနဲ့။
​📞 အသေးစိတ် အချက်အလက်များအတွက် ဆက်သွယ်ရန်:
အထူးကုဌာန (Specialty Department)
တယ်လီဖုန်း 052-004699

​ #နှလုံးကျန်းမာရေး #နှလုံးရောဂါ #နှလုံးရောဂါကာကွယ်ရေး #သွေးကြောတွင်ကယ်လ်စီယမ်စုပုံခြင်း #ချင်းမိုင်ရမ်ဆေးရုံ

06/02/2026
03/02/2026

#ဖြစ်ရပ်မှန်

"နေလို့ကောင်းတယ်ဆိုပြီး သွေးကျဆေး ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်မိတဲ့အခါ..."

ဒီနေ့တော့ ကျွန်တော့်ဆေးခန်းကို ရောက်လာခဲ့တဲ့ လူနာတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်လေးတစ်ခုကို မျှဝေချင်ပါတယ်။
သင်ခန်းစာ ယူနိုင်ကြစေဖို့ပါ။

လူနာနာမည်က ဦးလှမောင် (အမည်လွှဲ) လို့ ဆိုပါစို့။ အသက် (၅၈) နှစ်၊ ကြည့်လိုက်လျှင် တောင့်တောင့်တင်းတင်း၊ ကျန်းမာရေးကောင်းမယ့်ပုံပါပဲ။ ဦးလှမောင်မှာ သွေးတိုးရောဂါရှိတာ (၅) နှစ်လောက် ရှိပါပြီ။

ဒါပေမယ့်….လွန်ခဲ့တဲ့ (၆) လလောက်က သူ့ကိုပေးထားတဲ့ ဆေးကဒ်တွေ ကုန်သွားတယ်။ "ငါ ခေါင်းမကိုက်ဘူး၊ ဇက်ကြောလည်းမထိုးဘူး၊ နေလို့ကောင်းနေတာပဲ... ဒီဆေးတွေ နေ့တိုင်းသောက်နေရင် ကလီစာတွေ ပျက်စီးမှာပဲ၊ ခဏလောက် ရပ်ကြည့်ဦးမှ" ဆိုပြီး ဆေးခန်းပြန်မပြဘဲ၊ ဆေးလည်းဝယ်မသောက်ဘဲ နေလိုက်ပါတယ်။

(၁)လလောက်အတွင်းမှာ ဘာမှမဖြစ်ပါဘူး။ သူထင်တာ မှန်တယ်၊ ဆေးခန်းလည်းသွားစရာမလို၊ ပိုက်ဆံလည်း မကုန်ဘူး ဆိုပြီး တွေးပျော်နေခဲ့တာပါ။

မနေ့ကညနေဘက် ရေချိုးပြီး အိမ်ရှေ့မှာတီဗီထိုင်ကြည့်နေတုန်း ရုတ်တရက် "ခေါင်းတွေအရမ်းကိုက်လာတယ်" လို့ အော်ပြီး လဲကျသွားပါတယ်။
ဆေးခန်းရောက်လာတော့ သွေးပေါင်ချိန်က အပေါ်သွေး ၂၂၀၊ အောက်သွေး ၁၁၀ အထိ တက်နေပါတယ်။
မျက်နှာတစ်ခြမ်းရွဲ့နေတယ်၊ ခန္ဓာကိုယ်တခြမ်း လှုပ်လို့မရတော့ပေ။ စကားတွေက ဗလုံးဗထွေး ဖြစ်နေလေသည်။

သွေးပေါင်ချိန်နှင့် လက္ခဏာတွေအရ ဦးနှောက်သွေးကြောပေါက်ပြီး လေဖြတ်သွားတာ ဖြစ်ဖို့သေချာနေလေပြီ။

ဆရာဝန်တစ်ယောက်အနေနဲ့ မိသားစုဝင်တွေကို ဒီသတင်းဆိုး ပြောပြရတာ အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ သွေးတိုးကြောင့် ဦးနှောက်သွေးကြော ပေါက်ကာ လေဖြတ်သွားသည့် အခြေအနေဖြစ်ကြောင်း၊ စိုးရိမ်ရကြောင်း၊ ဆေးရုံအမြန်သွားဖို့လိုကြောင်းရှင်းပြကာ ဆေးရုံသို့အရေးပေါ် လွှတ်လိုက်ရလေသည်။

နောက်တနေ့မှာ သတင်းပြန်ကြားရသည်။ ဦးခေါင်းကို ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်ရာ ဦးနှောက်သွေးကြောပေါက်သွားတာ ဖြစ်ကြောင်း ပြန်သိရသည်။ အသက်အန္တရာယ်ကား မစိုးရိမ်ရတော့ချေ။ သို့သော် ခန္ဓာကိုယ်တခြမ်းသေကာ အိပ်ယာထဲ လဲနေရတော့မည်။ ပြန်ကောင်းနိုင်ဖို့ရာ မသောချာတော့ပေ။

ဒီဖြစ်ရပ်ကနေ ဘာသင်ခန်းစာယူမလဲ?

၁။ သွေးတိုးဆိုတာ မီးခဲကို ပြာဖုံးထားသလိုပါ
အပေါ်ယံကြည့်ရင် အေးနေသလို ထင်ရပေမဲ့ အတွင်းမှာ လောင်ကျွမ်းနေတာပါ။ "လက္ခဏာ မပြတာနဲ့ ရောဂါပျောက်ပြီ" လို့ ယူဆလို့ မရပါဘူး။

၂။ Rebound Hypertension (သွေးပေါင် ရုတ်တရက် ပြန်တက်ခြင်း) သွေးကျဆေးကို ဖြတ်လိုက်တဲ့အခါ သွေးပေါင်ချိန်က ပုံမှန်ထက် ပိုဆိုးပြီး ရုတ်တရက် ထိုးတက်သွားတတ်ပါတယ်။ ဒါက လေဖြတ်နိုင်ချေ အများဆုံးအချိန်ပါပဲ။

၃။ ဆေးသောက်ရမှာ မကြောက်ပါနဲ့၊ လေဖြတ်မှာကို ကြောက်ပါ ဆေးသောက်လို့ ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးက လေဖြတ်လို့ ဒုက္ခိတဖြစ်ရမယ့် ဘဝလောက် မဆိုးရွားပါဘူး။

မိတ်ဆွေတို့ရေ... ဒီစာလေးကို ဖတ်ပြီးရင် "မနက်ဖြန်မှ သောက်မယ်" လို့ ရွှေ့ထားတဲ့ သွေးကျဆေးလေးကို အခုပဲ ထသောက်လိုက်ပါတော့နော်။ သွေးကျဆေးသောက်ရမှာ မပျင်းပါနဲ့၊ အချိန်မှန်သောက်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ၊ အဆီအဆိမ့်၊ အငံ လျှော့ပါ။

သင်ကျန်းမာနေတာက သင့်မိသားစု ပျော်ရွှင်စေနိုင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

သွေးတိုးဆေးသောက်ဖို့ ပျင်းနေတဲ့ မိတ်ဆွေတွေ၊ မိဘတွေရှိရင် ဒီ Post လေးကို Share ပေးပြီး သတိပေးလိုက်ပါဦး။ 🙏

#သွေးတိုးရောဂါ #လေဖြတ်ခြင်း #ဖြစ်ရပ်မှန်
#ကျန်းမာရေး #ဒေါက်တာရဲ

WormBaseStrongyloides stercoralis - WormBase ParasiteThe nematode Strongyloides stercoralis, or human threadworm, is a w...
31/01/2026

WormBase
Strongyloides stercoralis - WormBase Parasite
The nematode Strongyloides stercoralis, or human threadworm, is a wide-spread, minute gastro-intestinal parasite of humans

Centers for Disease Control and Prevention | CDC

15/01/2026

- သွေးတွင်းအဆီ (ကိုလက်စထရော ) - HDL နှင့် LDL အကြောင်း သိထားသင့်သမျှ

1. 📉 LDL - (Low-Density Lipoprotein) -မကောင်းတဲ့ ကိုလက်စထရော

* အလွယ်အခေါ်- လူဆိုး (The Bad Guy)

* သူဘာလုပ်သလဲ?: သူက ကိုလက်စထရောတွေကို အသည်းကနေ သွေးကြောတွေဆီကို သယ်ပို့ပေးပါတယ်။ ပမာဏများလာတဲ့အခါ သွေးကြောနံရံတွေမှာ အဆီဖတ်တွေအဖြစ် စုပုံလာပြီး သွေးကြောတွေကို ကျဉ်းစေ၊ မာစေပါတယ်။

* ကျန်းမာရေးအန္တရာယ်: နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးဖောက်ခြင်း (Heart Attack) နဲ့ လေဖြတ်ခြင်းအန္တရာယ်ကို မြင့်တက်စေပါတယ်။

* ဘာတွေကများစေလဲ?:

* ပြည့်ဝဆီ (Saturated fat) များတဲ့ အစားအစာ (စားအုန်းဆီ၊အနီရောင်အသား၊ ဝက်ဆီ၊ ထောပတ်)

* အသွင်ပြောင်းဆီ (Trans fat) (အကြော်စုံ၊ ဘီစကစ်၊ အသင့်စားမုန့်များ)
* ကိုယ်အလေးချိန်များခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ပျင်းရိခြင်း။ စတာတွေက မကောင်းတဲ့အဆီ (LDL) ကိုများစေပါတယ်။


* LDL: -နည်းနိုင်သမျှ နည်းတာကောင်းတယ်! (ပုံမှန်အားဖြင့် < 100 mg/dL)ရှိရင်ပိုကောင်းတယ်။

2. 📈 ကောင်းတဲ့ ကိုလက်စထရော (HDL - High-Density Lipoprotein)

* အလွယ်အခေါ် : သူရဲကောင်း (The Hero)

* သူဘာလုပ်သလဲ?: သူက သွေးကြောတွေထဲမှာ ပိုလျှံနေတဲ့ ကိုလက်စထရောတွေကို သိမ်းဆည်းပြီး အသည်းဆီကို ပြန်သယ်သွားပေးပါတယ်။ အသည်းကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပစ်ပါတယ်။ သွေးကြောတွေကို သန့်ရှင်းရေးလုပ်ပေးသူပေါ့။

* ကျန်းမာရေးအကျိုးကျေးဇူး: နှလုံးဖောက်ခြင်း၊ နှလုံးသွေးကြောကျဉ်းနဲ့ လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချပေးပါတယ်။

* ဘယ်လိုမြှင့်တင်မလဲ?:

* ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း (တစ်ပတ် မိနစ် ၁၅၀)
* ကျန်းမာရေးနဲ့ညီတဲ့အဆီ (ထောပတ်သီး၊ သံလွင်ဆီ၊ အခွံမာသီး၊ ငါး)
* ဆေးလိပ်ဖြတ်ခြင်း
* ကိုယ်အလေးချိန်ထိန်းခြင်း။ ဒါတွေများများလုပ်ပေးပါ။

* HDL: -များနိုင်သမျှ များတာကောင်းတယ်! (အကောင်းဆုံးက > 60 mg/dL)

အဓိက မှတ်သားရန်
LDL (မကောင်းတဲ့အဆီ) ကို လျှော့ချပါ။ HDL (ကောင်းတဲ့အဆီ) ကို မြှင့်တင်ပါ။
ကျန်းမာသော နေထိုင်စားသောက်မှုပုံစံသည် သင့်နှလုံးကျန်းမာရေးအတွက် အဓိကသော့ချက် ဖြစ်သည်။

သင့်သွေးတွင်းအဆီပမာဏကို သိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပြီး ပုံမှန်စစ်ဆေးမှုခံယူပါ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ကိုလက်စထရော #သွေးတွင်းအဆီ #နှလုံးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

15/01/2026

-Triglycerides (ထရိုင်ဂလစ်ဆရိုက်) - "သိုလှောင်ထားတဲ့ စွမ်းအင်အဆီ"

-လူအများစုက "ကိုလက်စထရော" လို့ကြားလိုက်ရင် ကျန်းမာရေးအတွက် မကောင်းဘူးလို့ပဲ ယေဘုယျသိထားကြပါတယ်။ တကယ်တော့ သွေးတွင်းအဆီစစ်ဆေးခြင်း (Lipid Profile Test) မှာ အရေးကြီးတဲ့ အစိတ်အပိုင်း (၃) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ LDL (မကောင်းတဲ့ ကိုလက်စထရော)၊ HDL (ကောင်းတဲ့ ကိုလက်စထရော) နဲ့ Triglycerides (ထရိုင်ဂလစ်ဆရိုက်) တို့ပဲဖြစ်ပါတယ်။ ဒီသုံးမျိုးရဲ့ အခန်းကဏ္ဍကို သေချာနားလည်ထားခြင်းက သင့်နှလုံးကျန်းမာရေးကို ကာကွယ်ဖို့အတွက် ပထမဆုံးခြေလှမ်းပါပဲ။

- LDL နဲ့ HDL အကြောင်းကို အရှေ့ကပို့စ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

- Triglycerides ဟာ ကိုလက်စထရောနဲ့ မတူပါဘူး။ သူက ခန္ဓာကိုယ်ထဲမှာ အတွေ့ရအများဆုံး အဆီအမျိုးအစားပါ။ ကျွန်တော်တို့လိုအပ်တာထက်ပိုစားလိုက်တဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က Triglycerides အဖြစ်ပြောင်းပြီး နောင်စွမ်းအင်လိုတဲ့အခါသုံးဖို့ အဆီဆဲလ်တွေမှာ သိုလှောင်ထားပါတယ်။
* ဘာကြောင့် အန္တရာယ်ရှိနိုင်သလဲ?: ပမာဏများလာတဲ့အခါ (အထူးသဖြင့် LDL များပြီး HDL နည်းနေချိန်မှာ) နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ပမာဏအလွန်မြင့်တက်ခြင်းက သရက်ရွက်ရောင်ခြင်း (Pancreatitis) လိုမျိုး ပြင်းထန်တဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။
* Triglycerides ကို မြင့်တက်စေသော အဓိကအကြောင်းရင်းများ:
* သကြားနှင့် ကစီဓာတ် (Carbohydrates): အချိုရည်များ၊ သကြားလုံး၊ ကိတ်မုန့်၊ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲဖြူ တို့ကို အလွန်အကျွံစားသုံးခြင်း။
* အရက်သောက်သုံးခြင်း: အရက်ဟာ ကယ်လိုရီနဲ့သကြားဓာတ် အလွန်များတာကြောင့် Triglycerides ကို အလွန်လျင်မြန်စွာ မြင့်တက်စေပါတယ်။
* အဝလွန်ခြင်း နှင့် ဆီးချိုရောဂါကို သေချာမကုသခြင်းတို့ကြောင့် Triglycerides မြင့်တက်ရခြင်းဖြစ်သည်။
* ဘယ်လိုလျှော့ချမလဲ?
* သကြား၊ အချိုရည်နဲ့ ကစီဓာတ်များတဲ့ အစားအစာတွေကို အဓိကလျှော့ချပါ။ ထမင်းဖြူအစား ထမင်းလုံးညို၊ ပေါင်မုန့်ဖြူအစား အညိုကို ပြောင်းလဲစားသုံးပါ။
* အရက်ကို အကန့်အသတ်ဖြင့်သာသောက်ပါ သို့မဟုတ် လုံးဝရှောင်ပါ။
* ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
* Omega-3 ကြွယ်ဝတဲ့ငါးတွေကို ပုံမှန်စားပါ။

အနှစ်ချုပ် နှင့် တိုက်တွန်းချက်

သင်၏ သွေးတွင်းအဆီပမာဏဟာ သင်စားသောက်နေထိုင်တဲ့ပုံစံကို ထင်ဟပ်စေတဲ့ မှန်တစ်ချပ်နဲ့တူပါတယ်။ LDL နဲ့ Triglycerides ကို လျှော့ချပြီး၊ HDL ကို မြှင့်တင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မျှတတဲ့အစားအစာ၊ ပုံမှန်လေ့ကျင့်ခန်းနဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းပါပဲ။

-ခန့်မှန်းမနေပါနဲ့၊ သွေးစစ်ဆေးပါ။
သင်၏ သွေးတွင်းအဆီပမာဏကို သိရှိခြင်းသည် နှလုံးကျန်းမာရေးကို ကာကွယ်ရန် ပထမဆုံးနှင့် အရေးကြီးဆုံးခြေလှမ်းဖြစ်သည်။ ရလဒ်များကို နားလည်သဘောပေါက်ရန်နှင့် သင့်အတွက် သီးသန့်ကျန်းမာရေးအစီအစဉ်တစ်ခုရေးဆွဲရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

#ကိုလက်စထရော #သွေးတွင်းအဆီ #နှလုံးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကျန်းမာစွာနေထိုင်ခြင်း

15/01/2026

Address

Zaryar 1 Street, Zayar Thiri Mawlamyine
Mawlamyine

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Family Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share