ရွှေဂဲစတိုး - Shwe Girl Store Mawlamyine

ရွှေဂဲစတိုး - Shwe Girl Store Mawlamyine အသားအရေအတွက် ရှယ်ဖြစ်စေဖို့

21/01/2026

ကိုယ်ပျော်တာကိုယ်လုပ်။
ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။

ကျွန်တော်ကတော့
ဒီအယူအဆနဲ့ပဲ ဘဝကိုဖြတ်သန်းတယ်။

ဘဝဆိုတာ အသက် ၈၂ နှစ်ကျော်လောက်နေရမှ
ရက်ပေါင်း ၃၀၀၀၀ လောက်နေရတဲ့
ရှင်သန်မှုဖြစ်စဥ်လေးပဲ။

တချို့လူတွေ ဘယ်လောက်မြင်မြင်
ကျွန်တော်တို့အထင်မကြီးဘူး။
အဲ့လိုပဲ ကိုယ်ဘယ်လောက်အောင်မြင်မြင်
ကိုယ့်ကိုအထင်မကြီးတဲ့သူတွေအများကြီးပဲ။

အရေးကြီးတာ အသက်ရှင်တုန်း
ကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှုရှိရှိ၊
အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းသွားနိုင်ဖို့။

ဒါကြောင့် ကိုယ်ပျော်တာကိုယ်လုပ်တယ်။
ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။

အများကြီး သိပ်ခေါင်းစားမနေဘူး။
အရေးမပါတာကို အရာပေးမနေဘူး။

ပြိုင်ဆိုင်မှုဆိုတာ အဆင့်နိမ့်လေ
ပိုလုပ်ရလေပဲ။
မပြိုင်ဘဲနိုင်အောင် လုပ်နိုင်ဖို့
ကိုယ့်အထာနဲ့ကိုယ်၊
ကိုယ့်မဟာဗျူဟာနဲ့ကိုယ်၊
ကိုယ့်အတွေးအခေါ်နဲ့ကိုယ်လိုတယ်။

Phyo Paing @ Derek

10/12/2025

COVID ကာလ မှာ ပြန်ခေါင်းထောင်လာတဲ့MLM တွေက နိုင်ငံရေး မတည်ငြိမ်တဲ့ကာလ
အတွင်း ဒီငါးနှစ်အတွင်း အတော်ကြီး
အင်အားကြီးမားလာကြတယ်။

အေးလေ အမုန်းးခံပြီး နှိမ်နင်းမဲ့သူတွေမှမရှိကြတော့တာ။

သိတဲ့လူတွေကလဲ ကိုယ့်ဘာသာရှောင်ထွက်ကြတယ်။မသိတဲ့လူတွေက ခံပေါ့။

အခုလဲ Local brand ဆိုပြီး
ထုတ်ကြတာ ဝက်ဝက်ကွဲ
ပစ္စည်းကကောင်းတယ်ဆိုရုံလေးပါပဲ။
Grade C လောက်နဲ့ထုတ်ထားတာတွေပေါ့။
စနစ်ကတော့ လုံးဝကို MLM

ထိုင်းစက်ရုံကထုတ်ထုတ်
Korea စက်ရုံက ထုတ်ထုတ်
ဘယ်နိုင်ငံမှ မသုံးပဲ
မြန်မာနိုင်ငံ‌တောင်မှ နယ်ဘက်တွေကိုပဲ
ဦးစားပေး ရောင်း နယ်ဘက်တွေပဲ
ပေါက်နေတာတွေတော်တော်များများက
MLM တွေ ပဲ
TikTok ကနေ MLM PRODUCTS တွေကို
ဖောက်တယ် ။ နယ်ဘက်ကလူတွေက
အယုံလွယ်တယ်။ ရောင်းတဲ့သူတွေကလဲ
နယ်ဘက်ကလူတွေ ကိုးကွယ်တဲ့ Cele တွေ
ကို ဌားပြီးကြေညာခိုင်းတာဆိုတော့
ပိုဆိုးကုန်တာ။

မြင်ရတာကလဲ စိတ်မကောင်းရုံကလွဲ
ပြီး ဘာမှ မတတ်နိုင်ဘူး။

ခံရတဲ့သူတွေက ခံရတာ ရက်ရက်စက်စက်
MLM ရောင်းပြီး ခြံကွက်တွေ ကားတွေ
တိုက်တွေ ပိုင်တဲ့သူက ပိုင် ချမ်းသာတာ ဝက်ဝက်ကွဲ

လောက ကြီးက တရားပါတယ်။

သမာအာဇီဝဆိုရင် ချမ်းသာဖို့တော်တော်ကြာတယ် ဆိုတာ တကယ်မှန်တယ် ။

ဘဝမှာ တန်ဖိုးရှိတဲ့အရာအတိုင်းကအချိန်ယူရတယ်။တစ်နေ့ ၄၊ ၅ နာရီလောက် စာထိုင်ဖတ်နေရုံနဲ့ ဦးနှောက်က ချက်ချင်းမကြီးထွားလာဘူး။တစ...
10/12/2025

ဘဝမှာ တန်ဖိုးရှိတဲ့အရာအတိုင်းက
အချိန်ယူရတယ်။

တစ်နေ့ ၄၊ ၅ နာရီလောက်
စာထိုင်ဖတ်နေရုံနဲ့
ဦးနှောက်က ချက်ချင်း
မကြီးထွားလာဘူး။

တစ်ပတ် ၇ ရက်လောက်
လေ့ကျင့်ခန်းတွေ နင်းကန်လုပ်ရုံနဲ့
ချက်ချင်း အဆီမကျသွားဘူး။

နားချိန်မရှိအောင်
အလုပ်တွေ ဆက်တိုက်လုပ်နေရုံနဲ့
ဝင်ငွေချင်ချင်း မတိုးလာဘူး။

ကိုယ်ဘယ်လောက်
မြန်မြန်ပြေးသလဲက၊
ဘယ်လောက် ဝေးဝေးရောက်သလဲနဲ့
ထပ်တူကျမှာ မဟုတ်ဘူး။

ဝေးဝေးရောက်ချင်ရင် မြန်ဖို့ထက်
သက်လုံကောင်းရတယ်။
နေ့စဉ် ကိုယ်လုပ်နိုင်တဲ့
အတိုင်းအတာကို နှစ်နဲ့ချီအောင်
စွဲစွဲမြဲမြဲလုပ်ရတယ်။

ခြေလှမ်းတွေ ဘယ်လောက်နှေး‌နှေး၊
နောက်ပြန်မလှည့်သရွေ့တော့
တနေ့ပန်းတိုင် ရောက်လိမ့်မယ်။

တခါတလေ အတွေးလွန်ပြီး
စိတ်လောနေတာထက်
အချိန်ကို သူ့အလုပ် သူလုပ်ခွင့်
ပေးထားလိုက်ဖို့ပဲလိုတယ်။

နေ့ရက်တိုင်းကို
အကောင်းဆုံး လုပ်နေတယ်ဆိုတဲ့
ကိုယ့်လိပ်ပြာ ကိုယ်လုံရင်၊
မကြာခင် အိပ်မက်တွေ
ရုပ်လုံးပေါ်လာမှာ သေချာပါတယ်။

ToeTet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ

10/12/2025

စိတ်အေးချမ်းမှုကမှ
တကယ့် luxury စစ်စစ်။​

စိတ်ဆင်းရဲခြင်း၊
ကိုယ်ဆင်းရဲခြင်းကင်းနေတာ
luxury ပဲ။

စိန်ရွှေဧကသန်းပေါင်းများစွာထဲက
အဖြစ်လိုပဲ
ကိုယ့်အိမ်အောက်မှာ
စိန်တွင်းကြီးရှိတာမသိလို့ရောင်းလိုက်ပြီး
ရတဲ့ငွေနဲ့
စိန်တွင်းရှိတယ်ထင်တဲ့နေရာ
သွားတူးသလိုပဲ။

ကိုယ့်မှာပိုင်ထားတဲ့
စိတ်ငြိမ်းချမ်းမှုစစ်စစ် luxury ကိုမေ့ပြီး
တခြား luxury တွေအတွက်
စိတ်အေးချမ်းမှုကို စတေးနေမိတတ်ကြတယ်။

Phyo Paing @ Derek

02/02/2025

ဒီနေ့ February (၂)ရက်နေ့
မနက်စောစော အိမ်တံခါးဖွင့်တာနဲ့ ဆားကို ရေဖျော်ပြီး နံ့သာရေမန်း နဲ့ ရောပီး
အိမ်ရှေ့ နဲ့ အိမ်ထောင့်တွေကို ဘုရားစာရွတ်ပြီးပက်ဖျန်းပေးပါ။

မနက်(၉)နာရီတိတိမှာ

1. ဆွမ်း (၉)ဇွန်း ပန်းကန်ပြားထဲထည့်

2.ရေ(၉)ခွက်

3.ပက်ဆံ (၉)ထောင် ဘုရားမှာကပ်ပြီး ငွေဝင် ငွေမြဲ ငွေရွှင်ပါစေ ဆိုပြီး (၉)ခေါက်ဆုတောင်းပေးပါ

စက္ကြာဝဠာမှ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ကြရပါစေ။

#ဂဲဂဲလေး

မန်းလေးရုံး မှ တပည့်များကို အန်ပေါင်းပေး
31/01/2025

မန်းလေးရုံး မှ တပည့်များကို အန်ပေါင်းပေး

31/01/2025

မော်လမြိုင် -ရန်ကုန် - မန်းလေး - နေပြည်တော် - တောင်ကြီး - မိတ္ထီလာ မှာ Skin Master ရှိပါတယ်ခဗျာ

09-5081108
09-796003383
09-796003393 ကို ဆက်သွယ်ပေးပါ

30/01/2025

ဒီနေ့ သင့်အလုပ်က AI ကြောင့် ပျောက်ကွယ်သွားမှာလား?

လွန်ခဲ့တဲ့ ၅နှစ်က မြန်မာနိုင်ငံမှာ Grab Taxi မပေါ်ခင်တုန်းက တက္စီမောင်းသူတွေဟာ နေ့စဉ် ဝင်ငွေကောင်းကောင်းရခဲ့ကြပါတယ်။ ဒါပေမယ့် Grab ပေါ်လာတဲ့အခါ သူတို့ရဲ့ဝင်ငွေက သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ဒီလိုပဲ AI က လူတွေရဲ့အလုပ်အကိုင်တွေကို ဘယ်လိုပြောင်းလဲပစ်မလဲဆိုတာ စဉ်းစားကြည့်ရအောင်။

လူတိုင်းရဲ့လစာဟာ သူတို့ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပါတယ်။ ရှားပါးလေ၊ လစာများလေပါပဲ။ ဥပမာ - ရှေ့နေတစ်ယောက်က တစ်နာရီကို ဒေါ်လာ ၅၀၀ ရတာဟာ ဥပဒေကို နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်တဲ့သူ ရှားပါးလို့ပါ။

ဒါပေမယ့် ChatGPT လို AI တွေက ဒီလိုရှားပါးတဲ့ကျွမ်းကျင်မှုတွေကို လူတိုင်းအတွက် အခမဲ့ရရှိနိုင်အောင် ပြုလုပ်ပေးနေပါပြီ။

ထိခိုက်နိုင်တဲ့အလုပ်များ -

စာရေးဆရာများ (AI က စာအမျိုးမျိုးရေးနိုင်)
ဆရာဝန်များ (AI က ရောဂါရှာဖွေနိုင်၊ ကုသနည်းအကြံပေးနိုင်)
ဆရာ/ဆရာမများ (AI က တစ်ဦးချင်းသင်ကြားပေးနိုင်)
ပရိုဂရမ်မာများ (AI က ကုဒ်ရေးနိုင်)
အရောင်းစာရေးများ (AI က Customer Service ပေးနိုင်)

ဒါဆို ဘယ်လိုအလုပ်တွေကျန်မလဲ?

လက်မှုပညာသည်များ (ပန်းရံ၊ လျှပ်စစ်ပညာရှင်)
သွားဆရာဝန်များ
ကလေးထိန်းများ
စားသောက်ဆိုင်ဝန်ထမ်းများ

အသစ်ပေါ်ပေါက်လာမယ့်အလုပ်များ -

AI System များကို စီမံခန့်ခွဲသူများ
AI နဲ့ လူကြားပေါင်းကူးပေးမယ့် ပညာရှင်များ
AI ကနေထွက်လာတဲ့ output တွေကို စိစစ်မယ့်သူများ
AI စနစ်တွေရဲ့ လုံခြုံရေးကိုထိန်းသိမ်းမယ့်သူများ

ဒီလိုပြောင်းလဲမှုတွေကြားမှာ အကျိုးအများဆုံးရမှာက လုပ်ငန်းရှင်များနဲ့ သူတို့ရဲ့အဓိကဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ဒါဟာ စိုးရိမ်စရာလား? မဟုတ်ပါဘူး။ သမိုင်းကိုပြန်ကြည့်ရင် နည်းပညာတိုင်းဟာ လက်ရှိအလုပ်အကိုင်တွေကို ပျောက်ကွယ်စေပေမယ့် အလုပ်အကိုင်အသစ်တွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ဒီပြောင်းလဲမှုနဲ့အတူ လိုက်ပါပြောင်းလဲဖို့ပါ။

မေးခွန်းက သင့်အလုပ်က AI ကြောင့် ထိခိုက်နိုင်ပါသလား? ထိခိုက်နိုင်ရင် ဘယ်လိုပြင်ဆင်မလဲ?

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

30/01/2025

မော်လမြိုင် - ရန်ကုန် - မန္တလေး - နေပြည်တော် - တောင်ကြီး - မိတ္ထီလာ မှာ Skin Master ရှိပါတယ်ခဗျာ 09-5081108 / 09-796003383 / 09-796003393 ကို ဆက်သွယ်ပေးကြပါ

အရေပြားလှပ ကျန်းမာဖို့ တင်းတိတ်၊ဝက်ခြံ ပျောက်ကင်းဖို့ နိုင်ငံခြားထိသွားစရာမလိုတော့ပါ 💝Skin Master- Shwe Girl အမှတ် (15) ...
09/01/2024

အရေပြားလှပ ကျန်းမာဖို့ တင်းတိတ်၊ဝက်ခြံ ပျောက်ကင်းဖို့ နိုင်ငံခြားထိသွားစရာမလိုတော့ပါ 💝

Skin Master- Shwe Girl
အမှတ် (15) ရတနာလမ်း
(ကျိုက်သုတ်ဘုရားလမ်းအဆင်း)
မရမ်းကုန်းရပ်၊မော်လမြိုင်မြို့။
09-5081108

အမှတ်- (16/18) ဦးအောင်မြတ်လမ်း
(သိမ်ဖြူလမ်းပေါ်) ကန်သာယာစင်တာအရှေ့၊မင်္ဂလာတောင်ညွန့်မြို့နယ်။
ရန်ကုန်မြို့၊

Address

Myine Yadanar Market
Mawlamyine

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
18:00 - 19:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00

Telephone

+9595081108

Website

Alerts

Be the first to know and let us send you an email when ရွှေဂဲစတိုး - Shwe Girl Store Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေဂဲစတိုး - Shwe Girl Store Mawlamyine:

Share