28/01/2026
Chilaiditi's Syndrome ( ရှားပါးရောဂါ)
Abdomen is magic box
အသက် ၇၀ အမျိုးသား
အစားအစာ ကောင်းကောင်း မစားနိုင်တာ ၃ လ ၊
ပက်လက်လှဲ မအိပ်နိုင်တာ ၁ ပတ်လောက် ၊
ဗိုက်နာလိုက် သက်သာလိုက်က နှစ်နဲ့ချီ ကြာနေပါပြီ၊၊
ဆေးရုံတွေ ဆေးခန်းတွေပြနေတာ သက်သာလိုက် ပြန်ဖြစ်လိုက်ပါ ၊၊
ယခု လာပြတဲ့အချိန်မှာ ပိန်ချုံးနေတာပါ ၊၊
လှဲမအိပ်နိုင် ၊ ၄၅ ဒီဂရီလောက်သာ လှဲပြီးစမ်းရ ၊၊
Upper abdominal distension with tenderness
Obliteration of Liver dullness
Plain X ray ( abd ) Gas under both diaphragm .....
? GI perforation ( အူ ပေါက်တာလား)
? Intestine under Rt diaphragm ( အူတွေ ညပ်ပြီး ပိတ်တာလား )
Late burst appendicitis ( အူအတက် ပေါက်ထားတာလား )
USG ( abd) over distended J shaped stomach
X ray ( abd) opinion. . Colonic loop between Rt hemidiaphragm and liver shadow
Overdistended stomach
Opinion : Chilaiditi's Syndrome
Blood Test and Cardiac assessment. ..OK
So Dx Chilaiditi's Syndrome with GOO
ရှားရှားပါးပါး
Chilaiditi Syndrome သည် အူလမ်းကြောင်း၏ အစိတ်အပိုင်းတစ်ခု (များသောအားဖြင့် အူမကြီး) သည် အသက်ရှူရန် ကူညီပေးသည့် ကြွက်သား diaphragm နှင့် အသည်း အကြား ချော်သွားသည့် ရှားပါးအခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် ပြင်းထန်သည်ဟု ထင်ရသော်လည်း အချို့လူများသည် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရဘဲ ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ်
စကင်န်စစ်ဆေးခြင်းတွင် မတော်တဆ တွေ့ရှိခြင်းသာဖြစ်သည်။
ယခု လူနာမှာ Chilaiditi's Syndrome with complication GOO ( အစာအိမ်ထွက်ပေါက် ပိတ်ခြင်းပါ တွဲနေခြင်း )
လူနာမှာ Old age, Malnutrition, Fluid and electrolyte imbalance ကြောင့် သေချာရှင်းပြပြီး
laparotomy ခွဲစိတ်ကုသခဲ့ပါတယ် ၊၊
Transverse colon between diaphragm and liver
Goo due to dense adhesion at antrun and liver
Multiple small cysts at terminal ileum about 1 feet
So Resection and anastomosis of terminal ileum and biopsy
Bypass surgery for GOO
Hepatopexy
Reposition of Colon
ပြုလုပ်ခဲ့ရပါတယ်
Today 3 rd POD with smile face.
ယခုတော့ လှဲနိုင် ထနိုင်ပါပြီ ၊၊ လမ်းတောင်လျှောက်ချင်လို့တဲ့ ၊၊ ခဏနေပါဦး ပြောထားရပါတယ်၊၊
ဆရာ့ဆီ စောစောလာပြပြီး စောစောခွဲရမှာဆိုပြီး ပြောနေပါရဲ့ ၊၊ စိတ်ဓာတ်မာတဲ့ လူနာပါ၊၊
Hope for the best
Chilaiditi's is rare,
Chilaiditi's sign seen in 0.025%–0.28% of people on X-rays,
But the symptomatic chilaiditi's syndrome is even rarer, typically occurring in males (4:1 ratio), especially the elderly (median age 60)
Edited
Biopsy. . Pneumatosis Cystoides Intestinalis
ပျော်ရွှင်ကျေနပ်သွားတဲ့ လူနာမှာ မနက်ဖြန် ဆေးရုံ ဆင်းပါပြီ၊၊
(GI Surgeon )
#ခွဲစိတ်ရောဂါ သိမှတ်စရာ