K & YNO Company Limited

K & YNO Company Limited One Stop Service Imaging Company

02/06/2026

ကျွန်မတို့ Founderရဲ့ ဖြတ်သန်းလာခဲ့ရသော ဝန်ထမ်းဘဝမှ အမျိုးသမီးလုပ်ငန်းရှင် ဖြစ်ပေါ်လာရခြင်းအတွက် Interview Part 2🥰

Yin Nway Oo

01/06/2026

Hello June 🥰 ပထမဦးစွာ ကျွန်မတို့ Founder မမ Yin Nway Oo အစား K & YNO Teamတစ်ခုလုံးမှ လွန်စွာဂုဏ်ယူအပ်ပါတယ်ရှင်❤️

ကျွန်မတို့ Founderရဲ့ ဖြတ်သန်းလာခဲ့ရသော ဝန်ထမ်းဘဝမှ အမျိုးသမီးလုပ်ငန်းရှင် ဖြစ်ပေါ်လာရခြင်းအတွက် Interview Part 1🥰

Part 2 Coming 🔜

🚭"ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့" (𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲)မေလ (၃၁) ရက်နေ့သည် World No To***co Day (ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ) ...
31/05/2026

🚭"ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့" (𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲)

မေလ (၃၁) ရက်နေ့သည် World No To***co Day (ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ) ဖြစ်ပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ ချစ်ခင်ရသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အသိနဲ့ သတိယှဥ်ပြီး ဆေးလိပ်ဖြတ်ကြစို့ 🚭

ဆေးလိပ်ဖြတ်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေရရှိမလဲ❓

👉နှလုံးခုန်နှုန်းနှင့် သွေးဖိအား ပုံမှန်ပြန်ဖြစ်လာခြင်း

👉သွေးထဲတွင် ကာဗွန်မိုနောက်ဆိုဒ် လျော့နည်းသွားခြင်း

👉အဆုတ်၏ လုပ်ဆောင်ချက်နှင့် သွေးလှည့်ပတ်မှု သိသိသာသာ ကောင်းမွန်လာခြင်း

👉နှလုံးရောဂါဖြစ်နိုင်ခြေ (၅၀%) ခန့် လျော့ကျသွားခြင်း စတဲ့ အကျိုးကျေးဇူးများရရှိလာမှာဖြစ်ပါတယ်။

ဒါ့ကြောင့် မိမိကိုယ်တိုင်နဲ့ ချစ်ရသူတွေအတွက် ဆေးလိပ်ငွေ့ကင်းစင်တဲ့ ကမ္ဘာလေးကို အတူတူ ဖန်တီးကြပါစို့ 🚭

2026၏ ဆောင်ပုဒ်မှာ ….

"Unmasking the appeal – countering ni****ne and to***co addiction" ဖြစ်ပါတယ်ရှင်။

K & YNO စတင်ခဲ့တဲ့ အချိန်မှစပြီး ယခုအချိန်တိုင်အောင် ကျွန်မတို့ Company ကို အားပေးကူညီခဲ့ကြသော Loyal Customers များကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင် 😍

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


31/05/2026

Our Founder မYin Nway Oo ရဲ့ ဖြတ်သန်းလာရတဲ့ ကိုယ်ပိုင်လုပ်ငန်းအစမှ ယခုအချိန်အထိ အတွေ့အကြုံ Interview လေး🥰🥰

Coming 🔜



🌙 အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)✨၂၀၂၆ ခုနှစ်၊ မေလ(၂၈ )ရက်နေ့ ( ကြာသပတေးနေ့ )သည် အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ “အီဒုလ...
28/05/2026

🌙 အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)✨

၂၀၂၆ ခုနှစ်၊ မေလ(၂၈ )ရက်နေ့ ( ကြာသပတေးနေ့ )သည် အစ္စလာမ်ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ “အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့ထူးနေ့မြတ်မှာ ….

အစ္စလာမ်ဘာသာဝင် မိတ်ဆွေ များအားလုံး ကျန်းမာခြင်း၊ အောင်မြင်ခြင်းများနှင့်အတူ ပျော်ရွှင်အေးချမ်းသောပွဲတော်အခါသမယလေးကို ပိုင်ဆိုင်ကြပါစေကြောင်း K & YNO မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

K & YNO စတင်ခဲ့တဲ့ အချိန်မှစပြီး ယခုအချိန်တိုင်အောင် ကျွန်မတို့ Company ကို အားပေးကူညီခဲ့ကြသော Loyal Customers များကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင် 😍

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.



အငုံစိတ် (မနာလို ၊ဝန်တိုမှု) 🤔အငုံစိတ် ဟာလူတိုင်းမှာ ရှိကြတာပဲ🥰နည်းတာနဲ့များတာ ၊ ဖုံးဖိ နိုင်တာနဲ့ မဖုံးဖိနိူင်တာပဲကွာတယ...
27/05/2026

အငုံစိတ် (မနာလို ၊ဝန်တိုမှု) 🤔

အငုံစိတ် ဟာလူတိုင်းမှာ ရှိကြတာပဲ🥰
နည်းတာနဲ့များတာ ၊ ဖုံးဖိ နိုင်တာနဲ့ မဖုံးဖိနိူင်တာပဲ
ကွာတယ်ပါတယ်။🍀

တချို့က တိတ်တိတ်ကလေး မနာလိုတယ်။
ဒါပေမဲ့ ပုတ်ခတ်တာ၊ ယုတ်မာတာတွေတော့ မလုပ်ဖူး🔔
ဘယ်လောက်ပဲ မနာလိုပါစေ သူတပါး
ပျက်ရာပျက်စီးကြောင်းကိုအားမပေးဘူး။🍀

တချို့ကျ ရုပ်ပျက်ဆင်းပျက် မနာလိုတယ်။😅
အတွင်းစိတ်ရဲ့ ပုပ်သိုးမှုကို မျက်နှာအနေအထားတွေကလဲ မကယ်နိုင်ဘူး‼️
စကားလုံးလှလှ တွေနဲ့လဲ မဖုံးနိုင်ဘူး🤨

ဒါ့အပြင် သူတပါးပျက်စီးအောင် အမြဲဆွဲချဖို့၊ရှုံ့ချဖို့ကြံနေတဲ့ လူမျိုးတွေပဲ🫣

ထပ်ပြောရရင် အငုံစိတ်ဟာ လူတိုင်းမှာ ရှိကြပါတယ်🤫

ဒါပေမဲ့ လက်ခုပ်မတီးနိုင်ရင်တောင် ဆွဲချဖို့မလိုဘူး။☘️

ဆွဲချတာဟာ အင်မတန်မှ အောက်တန်းကျတဲ့လုပ်ရပ်ပါပဲ🤔

‼️ပညာဘယ်လောက်တတ်တတ် ၊ ဂုဏ်ရာထူးဘယ်လောက်ရှိရှိ၊ မျက်နှာဖုံးတွေ ကွယ်ထားလဲ သရုပ်မှန်ဟာ အချိန်တန်ရင်ပေါ်တာပဲ🥰

မနာလိုတယ်ဆိုတာ ငါက သူ့ကို ဘယ်နည်းနဲ့မှ ယှဥ်လို့မရဘူးလို့ ကိုယ့်ကိုယ်ကို ဝန်ခံလိုက်တာနဲ့
အတူတူပဲ🤫☘️

ကိုယ့်ကိုယ့်ကို တန်ဖိုးထားရင် အငုံစိတ်တွေကို ရုပ်မပျက်အောင်ထိန်းဖို့လိုပါတယ်☘️

မုဒိတာ မပွားနိုင်ရင်နေ၊ အငုံစိတ်တွေကိုတော့သိပ်အားမပေးနဲ့‼️‼️

အဲ့လိုလူက အမြင့်ရောက်လဲ ကြာကြာမကြီးပွါးပဲ ကြာကြာ မပျော်ရဘူး☘️

မာနရှိရင် …

🍀ကိုယ့်ကိုယ့်ကိုပိုမြှင့်တင်ကြည့်၊
☘️ပို ကြိုးစားကြည့်

‼️မနာလို စော်ကားတဲ့ နည်းနဲ့ ကိုယ့်အဆင့်အတန်းကို မဖော်ထုတ်လိုက်နဲ့။
‼️မပြည့်တဲ့အိုးမှန်း လူသိအောင် သိပ်ဘောင်ဘင်ခတ်မပြပါနဲ့။

ဖတ်ဖူးတဲ့စာသားလေးတခုလိုပဲ…
"လူတိုင်းဟာ အားကျခွင့်ရှိတယ် ။ မနာလိုခွင့်မရှိဘူး။ ကိုယ့်ဘဝနဲ့ကိုယ်မို့။ "

ဒါ့ကြောင့် စိတ်ကလေးကိုဖြူအောင်ထားပြီး တပါးသူကိုမုဒိတာပွါးနိုင်အောင် ကြိုးစားသင့်ကြောင့် မေတ္တာရှေ့ထား၍ ဤစာစုလေးကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

K & YNO စတင်ခဲ့တဲ့ အချိန်မှစပြီး ယခုအချိန်တိုင်အောင် ကျွန်မတို့ Company ကို အားပေးကူညီခဲ့ကြသော Loyal Customers များကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင် 😍

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


လူတစ်ယောက် ဘယ်လိုနေနေ ကြည့်ကောင်းနေတာ ဘာ့ကြောင့်လဲ❓သူ့မှာ အကြည်ဓာတ်ရှိ‌နေလို့ပါ 🦋အကြည်ဓာတ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ ကို...
21/05/2026

လူတစ်ယောက် ဘယ်လိုနေနေ ကြည့်ကောင်းနေတာ ဘာ့ကြောင့်လဲ❓

သူ့မှာ အကြည်ဓာတ်ရှိ‌နေလို့ပါ 🦋

အကြည်ဓာတ်ဆိုတာ လွယ်လွယ်ပြောရရင်တော့ ကိုယ့်ရဲ့ အတွင်းစိတ်အမှန်က ဖော်ကြူးနေတဲ့အရာတစ်ခု ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ပင်ကိုစိတ်ဓာတ်ကလာတဲ့
အာနိသင်တစ်ခုလည်း ဖြစ်ပါတယ်။

အကြည်ဓာတ်ဟာ ဘယ်လောက်ထိစွမ်းသလဲဆိုရင် …

🍀လူချစ်လူခင် အရမ်းများတယ်။
လိုမှ လာခင်ကြတဲ့သူတွေ မဟုတ်ဘဲ စိတ်တူ၊ ကိုယ်တူဖြစ်ပြီး တန်ဖိုးရှိတဲ့လူတွေ အနားမှာ အမြဲရှိနေတတ်ပါတယ်။

☘️ဩဇာညောင်းတယ်။
သူ့စကားဆို ယုံကြည်တာမျိုး၊ သူပြောရင် နားထောင်ချင်တာမျိုး၊ သူဦးဆောင်တာဆို အမြဲတမ်း လိုက်နာချင်တာမျိုးပေါ့။

🍀အမုန်းတွေ မလာဘူး။
လူတိုင်းဟာ ချစ်တဲ့သူရော၊ မုန်းတဲ့သူရော ဘဝထဲမှာ မျှတစွာနေရာယူကြပေမယ့် အကြည်ဓာတ်ရှိတဲ့သူကတော့ ချစ်တဲ့သူတွေ ပိုများပြီး မုန်းတဲ့သူတွေ မရှိသလောက် နည်းပါတယ်။

☘️အချစ်ရေးသာယာတယ်။
လူတွေဟာ အကြည်ဓာတ်ရှိတဲ့သူကို ဖြူစင်စွာပဲချစ်ကြတဲ့အတွက် ရည်းစားမပေါများပါဘူး။ ဒါပေမယ့် တစ်ဘဝစာလုံလောက်တဲ့ အချစ်တွေပေးနိုင်မယ့်သူမျိုးကို အကြည်ဓာတ်ရှိတဲ့သူဟာ ကျိန်းသေ ပိုင်ဆိုင်ရပါတယ်။

🍀မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုကိုရထားတယ်။
ရုပ်ချောတာ၊ ရုပ်ဆိုးတာနဲ့ လုံးဝမဆိုင်ဘဲ မျက်နှာလေးမြင်တဲ့သူတိုင်း ချစ်ခင်နေကြပြီဆိုရင် ဒီလူဟာ အကြည်ဓာတ်တွေပြည့်နေလို့ပါ။

🍀အသားအရေဝင်းပတယ်။
အကြည်ဓာတ်ရှိသူဟာ အသားဖြူတာ၊ အသားညိုတာနဲ့မဆိုင်ဘဲ အသားအရေဟာ ကြည်လင်ဝင်းပနေတတ်ပါတယ်။

🍀အမြဲ တက်ကြွလန်းဆန်းနေတယ်။
အကြည်ဓာတ်ရှိတဲ့သူဟာ ဘယ်လောက်အလုပ်များများ အမြဲတက်ကြွနေနိုင်ပါတယ်။ ပင်ပန်းတယ်လို့ ဘယ်တော့မှ မရှိပါဘူး။

🍀ကျန်းမာတယ်။
အကြည်ဓာတ်ရှိတဲ့သူဟာ ကျန်းမာရေးလည်းကောင်းပါတယ်။ ဖျားနာတာမျိုးဖြစ်ခဲတယ်။ ရောဂါကြီးကြီးမားမားလည်း မဝင်နိုင်ပါဘူး။

အကြည်ဓာတ်ဟာ လုပ်ယူပြီး ရရှိဖို့တော့ မလွယ်လှပါဘူး။ ဘာလို့လဲဆိုရင် အကြည်ဓာတ်က ပင်ကိုဗီဇအနေနဲ့ သဘာဝကရရှိတဲ့ အာနိသင်တစ်ခုဖြစ်တာ‌ကြောင့်ပါ။

အကြည်ဓာတ်သမားတွေမှာ ဒီလိုအရာတွေ လုံးဝမရှိပါဘူး။

🚫 မနာလို ဝန်တို စိတ်ပုပ်ခြင်း
🚫 ဒေါသကြီးခြင်း
🚫 အမုန်းတရား အငြိုးအတေး များခြင်း
🚫 ကျေးဇူးမသိတတ်ခြင်း
🚫 သစ္စာမရှိခြင်း
🚫 အတ္တကြီးခြင်း
🚫 သဒ္ဒါနည်းခြင်း
🚫 ညည်းငြူတတ်ခြင်း
🚫 သူများ မကောင်းအတင်းပြောခြင်း

ဒီစိတ်ဓာတ်တွေရှိနေရင်တော့အကြည်ဓာတ်ရရှိနိုင်မှာမဟုတ်ပါဘူး။‼️

ဗီဇသဘာဝဟာ ပြင်ဆင်လို့ မရပေမယ့်
စိတ်ထားကိုလှအောင်ထားနိုင်မယ်ဆိုရင်
အနည်းငယ်သောအကြည်ဓာတ်ကို ရရှိနိုင်မှာပါ။
ဒါကြောင့် တတ်နိုင်သမျှ စိတ်ထားလေးလှအောင် နေကြည့်ကြရအောင်နော်။

K & YNO စတင်ခဲ့တဲ့ အချိန်မှစပြီး ယခုအချိန်တိုင်အောင် ကျွန်မတို့ Company ကို အားပေးကူညီခဲ့ကြသော Loyal Customers များကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင် 😍

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


World Hypertension Day 2026🔔🔔ယနေ့ မေလ ၁၇ရက်နေ့ကို ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။ယခုနှစ်၏ ဆောင်...
17/05/2026

World Hypertension Day 2026🔔🔔

ယနေ့ မေလ ၁၇ရက်နေ့ကို ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။

ယခုနှစ်၏ ဆောင်ပုဒ်မှာ "Controlling Hypertension Together ဖြစ်ပါတယ်။

သင့်အနေဖြင့် သွေးတိုးရောဂါ ကာကွယ်နိုင်ရန် ……

- နေ့စဉ် သွေးပေါင်ချိန်ပါ
- အဆီ၊ အငံလျှော့စားပါ
- နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပေးပါ
- အရက်နှင့် ဆေးလိပ် ရှောင်ကြဉ်ပါ
- စိတ်ဖီစီးမှုကို လျှော့ချပါ
- အစိမ်းရောင် ရှိသော အသီးနှံများကိုစားသုံးပါ
- ရေများများသောက်သုံးပါ

သွေးတိုးရောဂါရှင်များ အနေနဲ့ အထွေထွေအထူးကု သမားတော်ကြီးများနှင့် ပုံမှန် ပြသသင့်ကြောင်း အကြံပေးပါရစေရှင်။

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.

🔔Happy International Nurses Day 2026🔔မေလ 12ရက်ကို International Nurses Day အဖြစ်သတ်မှတ်ထားကြပါတယ်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ...
12/05/2026

🔔Happy International Nurses Day 2026🔔

မေလ 12ရက်ကို International Nurses Day အဖြစ်သတ်မှတ်ထားကြပါတယ်။

ယခုနှစ်၏ ဆောင်ပုဒ်မှာ …..

"Our Nurses. Our Future. Empowered Nurses Save Lives” ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ယခင်ဆေးရုံများတွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့သော သူနာပြု ဆရာ၊ ဆရာမများသာမက ကမ္ဘာတဝှမ်းလုံးမှာ ရှိသော သူနာပြုဆရာ၊ ဆရာမများ အားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းများနှင့် ပြည့်စုံပါစေကြောင်း K & YNO မိသားစုမှ ဂုဏ်ယူ ဝင့်ကြွားစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

"ယုံကြည် အားကိုး စိတ်ချမ်း​သာ ရမှာ K & YNO ပါ"

Yin Nway Oo
ဆက်သွယ်ရန်..

☎️ - 09 260 699 810

🏠- Pyin Oo Lwin.


"ငါတို့ ဘယ်မမေ့ အမေများနေ့""အမေ" ဆိုတာဟာ ၀မ်းနဲ့လွယ်၍ မွေးသော မိခင်မှစလို့ ရင်နဲ့ ထွေးပြီး မွေးပေးကြတဲ့ အမျိုးသမီးတွေအထိ...
10/05/2026

"ငါတို့ ဘယ်မမေ့ အမေများနေ့"

"အမေ" ဆိုတာဟာ ၀မ်းနဲ့လွယ်၍ မွေးသော မိခင်မှစလို့ ရင်နဲ့ ထွေးပြီး မွေးပေးကြတဲ့ အမျိုးသမီးတွေအထိ အားလုံးကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ချစ်ရသော အမေများအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ယနေ့ မေလ ၁၀ ရက်နေ့၊ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့

"အပြည်ပြည်ဆိုင်ရာ အမေများနေ့" မှာ ကမ္ဘာတစ်ဝှမ်းလုံးမှ မိခင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ချစ်ရတဲ့မိသားစု၀င်တွေနဲ့အတူတူ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ K & YNOမိသားစု မှတဆင့်ကြည်နူးတောင်းဆု ပြုလိုက်ရပါတယ်ရှင်။

Yin Nway Oo

Address

No. Cc 230, Thazin Street, Block 21, Moegyo
Maymyo

Alerts

Be the first to know and let us send you an email when K & YNO Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to K & YNO Company Limited:

Share