Yangon Housecall Service - YHS

  • Home
  • Yangon Housecall Service - YHS

Yangon Housecall Service - YHS House-call medical service to cover 6 townships in Yangon.

AnnouncementDear valuable customers,Our "Yangon Housecall Service" is providing e-record for your vaccinations. Any of t...
21/07/2022

Announcement
Dear valuable customers,

Our "Yangon Housecall Service" is providing e-record for your vaccinations. Any of the YHS customers who need e-record can ask during office hours. Customers can contact us through "Yangon Housecall Service - YHS" page messenger or email with your name and serial number.

We concerned about the privacy issue of our customers. Therefore, give your sensitive and privacy information at comment session.

Thank you for choosing us.

With best regards,

Yangon Housecall Service
Phone - +95 9 9581 30820
Facebook -
Email - [email protected]

ဇီဝိတဒါန ကျန်းမာရေးကုသိုလ်တော် (၂၀၂၂)ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဘုရားဟောရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့ရဲ့ အထွ...
22/05/2022

ဇီဝိတဒါန ကျန်းမာရေးကုသိုလ်တော် (၂၀၂၂)

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဘုရားဟောရှိပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ ရတနာ ၃ ပါးတွင် သက်ရှိထင်ရှား တရားဘဏ္ဍာတိုက်များဖြစ်သော သံဃာရတနာများအတွက် ကျန်းမာရေးကုသိုလ် ယူနိုင်ရန် မိမိတို့ "ရန်ကုန်အိမ်ပင့် ဆေးကုသရေးအဖွဲ့" မှ နိဗ္ဗာန်ဆော်အပ်ပါတယ်။

သံဃာတော်များဟာ မိုးရွာရွာ နေပူပူ ဘုရားဟောဝိနည်းနှင့်အညီ နေ့စဉ်နေ့တိုင်း ဆွမ်းခံကြွကြရပါတယ်။ ယခုလို မိုးဦးကာလတွင် ရာသီတုပ်ကွေးရောဂါများဟာလည်း ကူးစက်တတ်ပါတယ်။ ထိုကူးစက်တတ်သော တုပ်ကွေးရောဂါများကို ကာကွယ်နိုင်သော ဆေးများ ရှိနေပြီ ဖြစ်ပါတယ်။

နယ်သာလန် နိုင်ငံထုတ် တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို လူတစ်ဦးချင်း ထိုးနှံလျှင် ၃၀,၀၀၀ မှ ၃၅,၀၀၀ အထိ ကျသင့်ပါတယ်။

ယခုကဲ့သို့ သံဃာတော်များကို ဇီဝိတဒါန ကုသိုလ်ယူ ထိုးနှံလိုပါက နယ်သာလန်နိုင်ငံထုတ် Influvac Tetra 2022 တုပ်ကွေးကာကွယ်ဆေးများကို

🙏 သံဃာ ၅ ပါး မှ ၁၀ ပါး အထိ
🙏 ၁ ပါးလျှင် ၂၈,၀၀၀ ကျပ်

🙏 သံဃာ ၁၁ ပါး မှ အပါး ၁၀၀ အထိ
🙏 ၁ ပါးလျှင် ၂၆,၀၀၀ ကျပ်

🙏 သံဃာ အပါး ၁၀၀ အထက်
🙏 ၁ ပါးလျှင် ၂၄,၀၀၀ ကျပ်

ဖြင့် ကုသိုလ်ယူနိုင်ပြီဖြစ်ကြောင်း မိဘပြည်သူ ဒါယိကာ ဒါယိကာမ အပေါင်းတို့ကို နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။

အဝေးမြို့များမှ ကျောင်းအကျိုးတော်ဆောင်များ အနေဖြင့်လည်း မိမိတို့ ကျောင်းတိုက်မှ ဆရာတော် သံဃာတော် အရှင်သူမြတ်များအတွက် တုပ်ကွေးကာကွယ်ဆေးများ ကုသိုလ်ယူလိုပါက မိမိတို့ Yangon Housecall Service မှ သက်သာသောနှုန်းထားဖြင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဆေးဝါးအလုံးရေ အကန့်အသတ်ရှိပါတယ်။

ပြည်သူလူထုအပေါင်း ဇီဝိတဒါန ကုသိုလ်အဖို့ရကြစေရန် စီစဉ်ပေးအပ်ပါတယ်။
🙏🙏🙏

ထပ်ဆင့်မျှဝေပေးခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်ပါတယ်။

Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

ကမ္ဘာ့ ကာကွယ်ဆေးထိုး ရက်သတ္တပတ် ၂၀၂၂World Immunization Week 2022April 23 to 30အားလုံးသက်ရှည်ကျန်းမာဖို့ ကာကွယ်ဆေးကို ထို...
27/04/2022

ကမ္ဘာ့ ကာကွယ်ဆေးထိုး ရက်သတ္တပတ် ၂၀၂၂
World Immunization Week 2022
April 23 to 30

အားလုံးသက်ရှည်ကျန်းမာဖို့ ကာကွယ်ဆေးကို ထိုးနှံစို့


💉✅ တုပ်ကွေးရောဂါသည် ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလတွင် အဖြစ်အများဆုံး ကူးစက် ရောဂါတစ်ခုဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်ထား၍ ရပါသည်။

💉✅ အိမ်တိုင်ရာရောက် တုပ်ကွေးရောဂါကာကွယ်ဆေး - ၃၀,၀၀၀ ကျပ် တည်းသာ။
ဝေဒနာခံစားရန် ၊ စိတ်ဒုက္ခခံစားရန် မလိုအပ်ပါ။

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

မိဘပြည်သူများ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေ။ ။

20/04/2022

လေးစားတန်ဖိုးထားရပါသော မိဘပြည်သူများခင်ဗျာ

ယခုကဲ့သို့ သွားလာရန် အခက်အခဲများပြားနေသော ကာလတွင် ဈေးတက်ခြင်းမရှိဘဲ လူနာများကို အိမ်တိုင်ရာရောက် တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း မိဘပြည်သူများကို ဂုဏ်ယူစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

Yangon Housecall Service

#ရန်ကုန်အိမ်ပင့်_ဆေးကုသမှု
#တုပ်ကွေး #ကာကွယ်ဆေး
09958130820

13/04/2022

မြွေနှင့်ပတ်သက်၍ ပြည်သူလူထု မှားယွင်းလက်ခံထားသော အချက်အလက်များ

Fan Art 😊😊😊ပြည်သူလူထုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြုံးပျော်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။Yangon Housecall Service0...
04/04/2022

Fan Art 😊😊😊

ပြည်သူလူထုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြုံးပျော်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

#တုပ်ကွေး #ရာသီတုပ်ကွေး
#ကာကွယ်ဆေး

၂၀၂၂ ခုနှစ်အတွက် တုပ်ကွေးရောဂါကာကွယ်ဆေးများကို အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးနေပါတယ်။ထိုသို့လိုက်လံကာကွယ်ပေးရာတွင် Y...
03/04/2022

၂၀၂၂ ခုနှစ်အတွက် တုပ်ကွေးရောဂါကာကွယ်ဆေးများကို အိမ်တိုင်ရာရောက် လိုက်လံထိုးနှံပေးနေပါတယ်။

ထိုသို့လိုက်လံကာကွယ်ပေးရာတွင် Yangon Housecall Service ၏ ဆရာဝန်များထံမှ တုပ်ကွေးရောဂါ ကူးစက်ခြင်း မရှိစေရန်အတွက်လည်း Yangon Housecall Service ၏ ဆရာဝန်များသည်လည်း ၂၀၂၂ အတွက် တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးထားပြီးသား ဖြစ်ကြောင်း အများပြည်သူ စိုးရိမ်မှု မဖြစ်စေရန် အသိပေး ကြေညာအပ်ပါတယ်။

We are Vaccinated. 👍💉

၂၀၂၂ အတွက် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံရန် ဆက်သွယ်နိုင်ပါသည်။

Yangon Housecall Service
09958130820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

#တုပ်ကွေး #ရာသီတုပ်ကွေး
#ကာကွယ်ဆေး

2022 ခုနှစ်အတွက် အိမ်တိုင်ရာရောက် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ရောဂါသည်တွေများပြားပြီး လူရှုတ်တဲ့ ဆေးရုံ ဆ...
29/03/2022

2022 ခုနှစ်အတွက် အိမ်တိုင်ရာရောက် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်

ရောဂါသည်တွေများပြားပြီး လူရှုတ်တဲ့ ဆေးရုံ ဆေးခန်းတွေမှာ ထိုင်စောင့်ပြီး #တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ မလိုတော့ပါဘူး။ #အိမ်တိုင်ရာရောက် #တုပ်ကွေး #ကာကွယ်ဆေး လိုက်လံထိုးနှံပေးနေပါပြီ။

တုပ်ကွေးကာကွယ်ဆေး ထိုးရန် လိုအပ်သူများ
☑️- အသက် ၆၅ နှစ်အထက် လူကြီးများ
☑️- ကလေးသူငယ်များ
☑️- လူအများနှင့် ထိတွေ့ဆက်ဆံ အလုပ်လုပ်နေရသူများ
☑️- ကိုယ်ဝန်ဆောင်များ
☑️- ကိုယ်ခံအားနည်းသူများ
☑️- ဖျားနာလွယ်သူများ
☑️- အဆုတ်အားနည်း ၊ နာတာရှည်ရောဂါ ၊ ကင်ဆာ အစရှိသော ရောဂါအခံရှိသူများ တို့ပဲ ဖြစ်ပါတယ်။

ပြည်သူအပေါင်း အဆင်ပြေစေရန်
⭐ Individual တစ်ဦးချင်း နှုန်းထား
⭐ Family မိသားစု နှုန်းထား
⭐ Group အစုအဖွဲ့ နှုန်းထား
⭐ Corporate လုပ်ငန်း နှုန်းထား
ဟူ၍ အဆင်ပြေအောင် စီစဉ်ပေးထားပါသည်။

ပြည်သူလူထုအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြုံးပျော်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

2022 ခုနှစ်အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza Vaccine) များ ထိုးနှံလိုသူများအတွက် April လတွင် အစောဆုံး ထိုးပေးနိုင်...
24/03/2022

2022 ခုနှစ်အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza Vaccine) များ ထိုးနှံလိုသူများအတွက် April လတွင် အစောဆုံး ထိုးပေးနိုင်မည်ဟု ယူဆရပါသည်။

Yangon Housecall Service တွင် စာရင်းပေးသွင်းထားသူများကို ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

မိဘပြည်သူများ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေ။ ။

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါကYangon Housecall Service09 958 130 820  #ရန်ကုန်အိမ်ပင့်ဆေးကုသမှု📧 yangonhousecall.yhs@gmai...
05/07/2021

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

မိဘပြည်သူများ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေ။ ။

#အိမ်တိုင်ရာရောက် #တုပ်ကွေးကာကွယ်ဆေး ထိုးရင် ၃၀,၀၀၀ လောက်ကျမှာ ... တော်ပါပြီ မထိုးတော့ပါဘူး။

🤒 အင်း ... ကိုယ်တွေလက်တွေကလည်း ကိုက်လိုက်တာ။ ဖျားချင်နေပြီလား မသိဘူး။ စပ်ဆေးလေး သောက်ဦးမှ။ စပ်ဆေး ၃ ခွက်ပေးပါ။
💊 ၁,၅၀၀ ကျပ်

အား ကျွတ် ကျွတ် ၊ အီး ဟီး ၊ စပ်ဆေးသောက်တာလည်း မသက်သာတာ ၂ ရက်ရှိပြီ။ ဆေးခန်းပြရင် ကောင်းမယ်နဲ့တူတယ်။ ဒီကာလကြီး ဆေးခန်းမှာ လူနာတွေနဲ့ ဖြစ်ပါ့မလား။ အို ... မခံစားနိုင်ဘူး။ ဆေးခန်းသွားပြဖို့ ဆိုက်ကားငှားဦးမှပါပဲ။
🚲 ဆိုက်ကားခ အသွားအပြန် - ၁,၅၀၀ ကျပ်
🏥 ဆေးခန်းတွင် - ၅,၀၀၀ ကျပ်

ဆေးခန်းပြပြီးပြီ။ အိမ်မှာ စားရအောင် ဆန်ပြုတ်လေး ပြုတ်ပေးပါ သမီးရေ။ နင် ဒီ ၁ ရက်တော့ အလုပ်က ခွင့်ယူလို့ ဖြစ်တယ်မို့လား။
ရက်မှန်ကြေး လစာဖြတ် - ၁၀,၀၀၀ ကျပ် 💸💸💸

ဆေးခန်းပြလိုက်မှ နေလို့ကောင်းသွားတယ်။ ခံတွင်းပျက်နေတော့ ဆန်ပြုတ်ချည်းပဲ မစားချင်ဘူး။ ကြေးအိုးလေး ၊ မြူစွမ်ပြုတ်လေး သောက်ရရင် ကောင်းမှာပဲ။ သမီးရေ အလုပ်ကအပြန် ကြေးအိုးလေး ဝယ်ခဲ့နော်။
ကြေးအိုး - ၃,၅၀၀ ကျပ် 🍜

ဖျားတာလည်း ၅ ရက်လောက်နေမှ နေလို့ကောင်းတယ်။ အလုပ်ပြန်သွားလို့ရပြီ။
ကိုဘမောင်ရေ ပြောရမှာတော့ အားနာပါတယ်။ ဒီကာလကြီးမှာ ရောဂါတွေကလည်း ကူးနေကြတော့ ဖျားထားတယ်ဆိုရင် အလုပ်မဆင်းသေးဘဲ အိမ်မှာပဲ ၂ ပတ် နေစေ့ချင်တယ်။ လစာတော့ တဝက်လျှော့ထားရမယ်။ အလုပ်အကိုင်တွေကလည်း ကိုဘမောင်တို့ သိတဲ့အတိုင်းပဲ သိပ်ကောင်းတာ မဟုတ်ဘူး ဆိုတော့လေ။ ကိုဘမောင်ကို လူလျှော့တဲ့အထဲ မပါစေချင်လို့ပါ။
လစာတဝက် ၁၀၀,၀၀၀ ကျပ် 💸💸💸

စပ်ဆေး - ၁၅၀၀ x ၂
ဆိုက်ကား - ၁၅၀၀
ဆေးခန်း - ၅၀၀၀
ရက်မှန်ကြေး - ၁၀,၀၀၀
ကြေးအိုး - ၃,၅၀၀
လစာတဝက် - ၁၀၀,၀၀၀
စုစုပေါင်း ကုန်ကျငွေ - ၁၂၃,၀၀၀ ကျပ် 💸💸💸

💉 အိမ်တိုင်ရာရောက် တုပ်ကွေးရောဂါကာကွယ်ဆေး - ၂၉,၀၀၀ ကျပ် တည်းသာ။
ဝေဒနာခံစားရန် ၊ စိတ်ဒုက္ခခံစားရန် မလိုအပ်ပါ။

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
Yangon Housecall Service
09 958 130 820

#ရန်ကုန်အိမ်ပင့်ဆေးကုသမှု
📧 [email protected]

မိဘပြည်သူများ ကျန်းမာပျော်ရွှင် ဘေးကင်းကြပါစေ။ ။

Edit - YHS မှ ထိုးပေးနေသော 2021 အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေးများ 15.7.2021 တွင် ကုန်သွားပြီဖြစ်ပါသည်။ မိဘပြည်သူများ ကျန်းမာရေးအတွက် ကူညီစောင့်ရှောက်ပေးခွင့်ရသည့်အတွက် အားရကျေနပ်မိပါသည်။

Dr. ကျော်သက်စိုး (GP)
အထွေထွေရောဂါကု ဆရာဝန်
၅.၇.၂၀၂၁
#တုပ်ကွေး

01/07/2021

အမေရိကန်နိုင်ငံမှ စနစ်တကျ Mask ၂ ထပ် ဝတ်ဆင်ခြင်းသည် ပိုးကူးစက်မှုကို ၈၄% ကျော် ကာကွယ်ပေးနိုင်သည်ဟု ထုတ်ဖော်ကြေညာထားပါသည်။

ယခု Video တွင် Mask ၂ ထပ် စနစ်တကျတပ်နည်းကို လုပ်ဆောင်ပြထားပါသည်။

Address


Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959958130820

Website

Alerts

Be the first to know and let us send you an email when Yangon Housecall Service - YHS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Housecall Service - YHS:

  • Want your business to be the top-listed Health & Beauty Business?

Share