လှမ်းလက်

လှမ်းလက် ကျန်မားရေးကူညီမှု

23/04/2026

ုန်ညင်းဆီ

ဆောင်းတွင်း အကူးအပြောင်းမှာ ***ရင်ကျပ်၊ ချွဲကျပ်နဲ့ အအေးပတ် *** တာတွေအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ကို ရှာနေပါသလား

အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ မုန်ညှင်းဆီ (Mustard Oil) ရဲ့ အကျိုးကျေးဇူးတွေကို သိရင် အံ့အားသင့်သွားပါလိမ့်မယ်!

ရာသီဥတု အပြောင်းအလဲနဲ့ ကျန်းမာရေးအတွက် မုန်ညှင်းဆီ
++++++++++++++++++
ဆောင်းရာသီ အကူးအပြောင်းကာလ မှာ ရင်တအားကျပ်သူများ နဲ့ အဆုတ် အအေးပတ်နေသူများ အတွက် အထူးကောင်းမွန်ပါတယ်။
ရင်ဘတ်၊ လည်ပင်း၊ ကျောကို စိမ့်ဝင်အောင် လိမ်းပြီး စောင်ပါးလေးခြုံကာ နွေးနွေးထွေးထွေး နေပေးပါက ချွဲများ အလျင်အမြန် ပျော်ဆင်းသွားစေ ပါတယ်။

ခန္ဓာကိုယ် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးများ
+++++++++++++
မုန်ညှင်းဆီကို လိမ်းကျံပေးခြင်း/နှိပ်နယ်ပေးခြင်းဖြင့်:
အဆိပ်အတောက် ထုတ်ပစ်ခြင်း- ခန္ဓာကိုယ်အနှံ့ နှိပ်နယ်ပေးပါက အဆိပ်အတောက်ရည်တွေကို ချွေးအဖြစ် ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။
အသားအရေ စောင့်ရှောက်မှု- အသားအရေ ခြောက်သွေ့တာတွေ၊ နေလောင်ခြင်းတို့ကို ကာကွယ်ပေးပြီး ဆောင်းတွင်းမှာ ပိုမို အသုံးဝင်လှပါတယ်။
ဆံကေသာ ကျန်းမာရေး- ဆံပင်ကျွတ်ခြင်းကို သက်သာစေပြီး၊ ဆံပင်များကို နက်မှောင်သန်စွမ်း လာစေရန် အသုံးပြုနိုင်ပါတယ်။
ခေါင်းကိုက်ခြင်း- ခေါင်းကိုက်ဝေဒနာ ခံစားရရင် နားထင်ကို မုန်ညှင်းဆီနဲ့ နှိပ်နယ်ပေးလိုက်ခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ကလေးငယ်များအတွက်- နို့စို့ကလေးငယ်များရဲ့ ဝမ်းဗိုက်၊ ရင်ဘတ်တို့ကို အသာအယာ ပွတ်လိမ်းပေးပါက ကလေးငယ်များ ဖြစ်တတ်တဲ့ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေပါတယ်။
အကြောတက်ခြင်း/အဆစ်အမြစ်နာ- ဇက်ကြောတက်၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်၊ ထုံနာကျဉ်နာ၊ ဒူးနာ၊ ခါးနာသူများ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
အရေပြားရောဂါ- ပွေးနာ၊ ယာနာများအတွက် မုန်ညှင်းဆီ၊ မရိုးရွက်ရည်၊ နနွင်းတက် ရောချက်ပြီး ဆီကျန် လူးပေးပါက သက်သာပျောက်ကင်းစေပါတယ်။

စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
++++++++++++++
မုန်ညှင်းစေ့နဲ့ မုန်ညှင်းဆီတို့ကို စားသုံး/မှီဝဲပါက:
အစာချေစနစ် ကို ကောင်းမွန်စေသည်။
သွေးတိုးရောဂ်ါ၊ နှလုံးရောဂါ တို့ကို သက်သာစေကြောင်း လေ့လာတွေ့ရှိရသည်။
အစာအိမ်ရောဂါ ရှိသူများအတွက် အထူး သင့်လျော်သည်။

ညအိပ်ယာမဝင်မီ ခြေဖဝါး နှိပ်နယ်ခြင်းရဲ့ ထူးခြားချက် (ကိုယ်တွေ့!)
+++++++++++++++
ညအိပ်ယာမဝင်မီ ၃ မိနစ်ခန့် ခြေဖဝါးကို မုန်ညှင်းဆီ ပွတ်လိမ်းခြင်းဖြင့်:
သွေးတိုးခြင်းမှ ထိန်းပေးသည်။
မှတ်ဉာဏ် အားကောင်းစေသည်။
😴 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသည်။
အမျိုးသားခွန်အား တိုးစေသည်။
လန်းဆန်း တက်ကြွစေသည်။
အဆီကျစေသည်။
မျက်စိ အားကောင်းစေပြီး၊ မျက်စိပါဝါများသူအနေဖြင့် လျော့နည်းစေသည် (ကိုယ်တွေ့နော်!)
အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်သည်။
ခြေထောက် ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။

မုန်ညှင်းဆီဟာ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ သဘာဝ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုးပါ! သင်ရော မုန်ညှင်းဆီရဲ့ အကျိုးကျေးဇူးတွေကို ခံစားဖူးပါသလား?

Family Cooking
**********************
#မုန်ညှင်းဆီ #သဘာဝဆေးဖက်ဝင် #ကျန်းမာရေး #ဆေးနည်း

၁၃၈၈ခုနှစ်နှစ်ဦးအလှူ💞💞💞၁။ဦးသုဇာတ ဓမ္မဂုဏ်ရောင်ဆရာတော် ၂သိန်း၂။မောင်မျိုးဆွေဦး+မမျိုးဇင် မိသားစု။ ၂သိန်း၃။မောင်ရန်ချစ်ကင်...
20/04/2026

၁၃၈၈ခုနှစ်
နှစ်ဦးအလှူ💞💞💞
၁။ဦးသုဇာတ ဓမ္မဂုဏ်ရောင်ဆရာတော် ၂သိန်း
၂။မောင်မျိုးဆွေဦး+မမျိုးဇင် မိသားစု။ ၂သိန်း
၃။မောင်ရန်ချစ်ကင်း မိသားစု ၂သိန်း
၄။မောင်ကျော်စွာ။ မိသားစု ၁သိန်း(ဆဌမကြိမ်)
၅။မကူးကူး။ မိသားစု။ ၅သောင်း
၆။ဦးတင်မောင်မြင့်။ မိသားစု။ ၅သောင်း
၇။ဒေါ်တင်ရှိ။ မိသားစု။ ၅သောင်း
💐💐💐💐အလှူရှင်မိသားစု🎄🎄🎄🎄
ဘေးရန်ကြောင့်ကြ
ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေ🌺🌺🌺🌺

ရောဂါပေါင်း ၆၁ မျိုးအတွက် ဆေးဖက်ဝင်တဲ့ “ဆီးဖြူသီး” တန်ဖိုးရှိတဲ့ပို့စ်လေးမို့ saveပြီး သိမ်းထားလိုက်ပါ…( ၁ ) ဒူလာသွေးဝမ်...
01/04/2026

ရောဂါပေါင်း ၆၁ မျိုးအတွက် ဆေးဖက်ဝင်တဲ့ “ဆီးဖြူသီး” တန်ဖိုးရှိတဲ့ပို့စ်လေးမို့ saveပြီး သိမ်းထားလိုက်ပါ…

( ၁ ) ဒူလာသွေးဝမ်းရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားပေးပါ။
( ၂ ) ဆီးပုပ်ရောဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ သကာရည်တို့နှင့် နယ်စားပါ။
( ၃ ) နှာခေါင်းသွေးလျှံလျှင် ဆီးဖြူသီးကြိတ်၍ နဖူးပေါ် အုံပေးပါ။
( ၄ ) ဆီးချိုရောဂါအတွက် ဆီးဖြူ (သို့) မြေဆီးဖြူ ပဉ္စငါးပါးပြုတ်ရည် သောက်ပေးပါ။
( ၅ ) သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်း ထောင်းရည်ကို သံပုရာရည်နှင့် ရောသောက်ပါ။
( ၆ ) လျှာကွဲ၊ ပါးစပ်နာနှင့် သွားဖုံးရောဂါများအတွက် ဆီးဖြူရွက်ပြုတ်ရည်ဖြင့် ပလုတ်ကျင်းပါ။
( ၇ ) ချောင်းဆိုး၊ ပန်းနာနှင့် လေနာရောဂါများကို ဆီးဖြူသီးက သက်သာစေပါသည်။
( ၈ ) မီးလောင်နာ၊ ရေနွေးပူလောင်နာများအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်ပြီး အမှုန့်ဖြူးပေးပါ။
( ၉ ) ကလေးများ ကျဗဟုံးနာဖြစ်လျှင် ဆီးဖြူရွက်လှော်ပြာကို လိမ်းပေးပါ။
( ၁၀ ) ဝမ်းပျက်ခြင်း၊ အစာမကြေခြင်းများအတွက် ဆီးဖြူရွက်နုကို ပုန်းရည်နှင့် ကျွေးပါ။
( ၁၁ ) မျက်စိရောဂါများအတွက် ဆီးဖြူသီးအစေ့ ထုထောင်းပြုတ်ရည်ဖြင့် မျက်စိဆေးကြောပါ။
( ၁၂ ) ရာသီသွေးလွန်လျှင် ဆီးဖြူသီးအလုံးကြီးကို စားပေးပါ။
( ၁၃ ) သွေးဒူလာအတွက် ဆီးဖြူ၊ ဖန်ခါး၊ ကြစုတို့ကို ပြုတ်၍ အသင့်အတင့် သောက်ပါ။
( ၁၄ ) ဒူလာသရောနာ (ခါးကိုက်၍ ဆီးဖြူဖတ်ပါခြင်း) အတွက် ဆီးဖြူသီးနှင့် နနွင်းစူးကြီး ကြိတ်စားပါ။
( ၁၅ ) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီး ပုံမှန်စားပေးပါ။
( ၁၆ ) သွေးဝမ်းလွန်လျှင် ဆီးဖြူရွက်ပြုတ်ရည်ကို ထန်းလျက် (သို့) သကြားနှင့် ဖျော်သောက်ပါ။
( ၁၇ ) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်တို့ကို သကြားနှင့် ဖော်စပ်စားပါ။
( ၁၈ ) လျှာကွဲခြင်းအတွက် ဆီးဖြူသီးပြုတ်ရည်ဖြင့် ပလုတ်ကျင်းပေးပါ။
( ၁၉ ) မက္ခရုနာအတွက် ဆီးဖြူသီးမီးဖုတ်ပြာကို ဆီနှင့်ဖျော်၍ ပွတ်ပေးပါ။
( ၂၀ ) မီးယပ်ဖြူဆင်းလျှင် ဆီးဖြူသီးစေ့သွေးရည်ကို ပျားရည်၊ သကြားတို့နှင့် ရောသောက်ပါ။
( ၂၁ ) အညောင်းအညာနှင့် ဒူလာရောဂါအတွက် ငါးရှဉ့်နှင့် ဆီးဖြူသီးခြောက်ကို ဆီပြန်ချက်စားပါ။
( ၂၂ ) ဝမ်းချုပ်လျှင် ဆီးဖြူသီးခြောက်မှုန့်ကို ပျားရည်နှင့် စားပေးပါ (ဝမ်းပျော့စေသည်)။
( ၂၃ ) ဆီးဖြူသီးခြောက်သည် အစာကြေစေပြီး ယောကျာ်းခွန်အားကို တိုးပွားစေပါသည်။
( ၂၄ ) အသက်ရှည်၍ အဆင်းလှစေရန် ဆီးဖြူသီးခြောက်မှုန့်ကို ပျားရည်နှင့် စားပါ။
( ၂၅ ) ဝမ်းမှန်စေရန် ဆီးဖြူသီးအစိမ်းကို စားပေးပါ။
( ၂၆ ) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းချက်စားပါ။
( ၂၇ ) မျက်စိနာကင်းဝေးပြီး ပိုးမွှားနိုင်စေရန် ဆီးဖြူသီးဆားရည်စိမ်ကို စားပေးပါ။
( ၂၈ ) လေထိုးလေအောင့်ရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် စားပါ။
( ၂၉ ) အသားအရေလှပပြီး အသံကြည်လင်စေရန် ဆီးဖြူသီးခြောက်မှုန့်ဖြင့် ကိုယ်တိုက်ပေးပါ။
( ၃၀ ) အတိသာရဝမ်းရောဂါအတွက် ဆီးဖြူသီးကြိတ်ဖတ်ကို ချက်နားတွင် အုံပေးပါ။
( ၃၁ ) ကြို့ထိုးလျှင် ဆီးဖြူရည်၊ ပိတ်ချင်းမှုန့်နှင့် ပျားရည်တို့ကို ရောတိုက်ပါ။
( ၃၂ ) ပြည်တုလာသရောအတွက် ဆီးဖြူမြစ်ရည်၊ ပျားရည်နှင့် နနွင်းတို့ကို ရောကျွေးပါ။
( ၃၃ ) နှလုံးတုန်၊ အစာမကြေနှင့် သည်းခြေရောဂါများအတွက် ဆီးဖြူသီးယို စားပေးပါ။
( ၃၄ ) ဆီးအောင့်လျှင် ဆီးဖြူသီးညှစ်ရည်ကို ဖာလာမှုန့်ရော၍ သောက်ပါ။
( ၃၅ ) ဆီးလွန်ရောဂါအတွက် ဆီးဖြူရည်၊ ငှက်ပျောသီး၊ ပျားရည်နှင့် သကြားတို့ကို ရောလျှက်ပါ။
( ၃၆ ) ပိတ်ဝမ်းကိုက်ခြင်းနှင့် သွေးကျရောဂါများအတွက် ဆီးဖြူသီးခြောက်ပြုတ်ရည်ကို သကြားခပ်သောက်ပါ။
( ၃၇ ) မီးယပ်ဖြူဆင်းလျှင် ဆီးဖြူသီးခြောက် စိမ်ထားသောရေကို တစ်နေ့ နှစ်ကြိမ် သောက်ပါ။
( ၃၈ ) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်၊ ဆားလှော်၊ စမုန်နက်တို့ကို အမှုန့်ပြုစားပါ။
( ၃၉ ) လူပျိုနာများအတွက် ဆီးဖြူမြစ်အပါအဝင် မြစ်လေးပါးပြုတ်ရည်ကို တစ်နေ့ တစ်လုံး သောက်ပါ။
( ၄၀ ) ဆီးကြောင့်ဖြစ်သော မျက်စိမှုန်ခြင်းအတွက် ဆီးဖြူရည်နှင့် ဆေးဖက်ဝင်ဆီချက်ကို မျက်စိခတ်ပါ။
( ၄၁ ) ကျန်းမာဝဖြိုးစေရန် ဆီးဖြူသီးခြောက်နှင့် စမုန်နက်မှုန့်ကို ရော၍ လျှက်ပေးပါ။
( ၄၂ ) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်းအနာများကို ပျောက်ကင်းစေပါသည်။
( ၄၃ ) အပင်မှထွက်သော ဆီးဖြူစိမ့်ရည်ကို မျက်စိရောင်လျှင် မျက်စဉ်းခတ်ပေးနိုင်ပါသည်။
( ၄၄ ) ထုံနစိုရောဂါအတွက် ဆီးဖြူသီးဖျော်ရည်ကို သကြားနှင့် ရောသောက်ပါ။
( ၄၅ ) ဆီးဖြူသီးရည်ကို သကြားနှင့်သောက်လျှင် အန်ခြင်းနှင့် နာတာရှည်ဝမ်းချုပ်ခြင်း ပျောက်ကင်းစေသည်။
( ၄၆ ) ဆီးဖြူသီးမှုန့်စိမ်ရည်ဖြင့် နံနက်တိုင်း မျက်စိဆေးပေးလျှင် မျက်စိကြည်လင်စေပါသည်။
( ၄၇ ) အစာမကြေခြင်းအတွက် ဆီးဖြူရွက်နုကို နွားနို့ (သို့) ဒိန်ချဉ်နှင့် ရောသောက်ပါ။
( ၄၈ ) ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်း၊ ဝမ်းကိုက်နှင့် နှာစေးရောဂါများအတွက် အလွန်ကောင်းပါသည်။
( ၄၉ ) ဆီးဖြူသီးသည် အသားဝါခြင်းနှင့် သုတ်ခိုင်ခြင်းတို့ကို အထောက်အကူပြုသည်။
( ၅၀ ) ဆီးဖြူသီးဆံပြုတ်ရည်သည် မျက်စိနာခြင်းကို ပျောက်ကင်းစေပါသည်။
( ၅၁ ) ဆီးဖြူသီးသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။

( ၅၂ ) သွေးအန်ခြင်းနှင့် သွေးပေါင်ကျခြင်းတို့ကို ဆီးဖြူသီးက သက်သာစေပါသည်။
( ၅၃ ) သားအိမ်အားနည်းခြင်းနှင့် မီးယပ်ရောဂါများအတွက် ဆီးဖြူသီးက အကျိုးပြုပါသည်။
( ၅၄ ) အဆုတ်နာနှင့် ပန်းနာရင်ကြပ်ရောဂါများကို ပျောက်ကင်းစေပါသည်။
( ၅၅ ) ဆီးရွှင်စေပြီး သည်းခြေကြောင့်ဖြစ်သော ဒူလာသရောနာကို သက်သာစေသည်။
( ၅၆ ) အရေပြားရောဂါနှင့် နူနာအမျိုးမျိုးအတွက် ဆီးဖြူသီးက ဆေးဖက်ဝင်ပါသည်။
( ၅၇ ) လတ်ဆတ်သော ဆီးဖြူသီးသည် အစာအိမ်အားတိုးစေပြီး လေကိုနိုင်စေသည်။
( ၅၈ ) ဆီးဖြူသီးအစိမ်းကို သန်ချဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
( ၅၉ ) ကိုယ်ခန္ဓာအားရှိစေရန် ဆီးဖြူသီးညှစ်ရည်ကို ထောပတ်နှင့် စားပေးပါ။
( ၆၀ ) ဆီးဖြူသီးသည် ဆီးရွှင်စေရုံသာမက ဝမ်းနုတ်ဆေးအဖြစ်လည်း အသုံးဝင်ပါသည်။
( ၆၁ ) ဆီးဖြူသီးသည် ခန္ဓာကိုယ်၏ ရောဂါခုခံအားကို မြှင့်တင်ပေးနိုင်ပါသည်။

 #ကာလဒါန ကုသိုလ်မကျီးကန်ရွာဒေါ်မြင့်အေး မိသားစုနေ့ဆွမ်းကပ််လှူဒါန်းခြင်းသုခကာရီဆွမ်းကျောင်း တိုးချဲ့ရန် နဝကမ္မ နှစ်သိန်း...
05/02/2026

#ကာလဒါန ကုသိုလ်
မကျီးကန်ရွာ

ဒေါ်မြင့်အေး မိသားစု

နေ့ဆွမ်းကပ််လှူဒါန်းခြင်း

သုခကာရီဆွမ်းကျောင်း တိုးချဲ့ရန် နဝကမ္မ နှစ်သိန်းလှူဒါန်းခြင်း

ဆရာတော်၂ပါးအား နဝကမ္မ ၅၀၀၀၀

ညီမဖြစ်သူ မပွေးတုတ်မှ ၅၀၀၀၀စီလှူဒါန်းခြင်း

သံဃာတော်တို့အား သဘာဝစစ်စစ် ထန်းလျက်၅ပိဿာ
မြေပဲဆန် ၂ပြီ
ပဲဆီ ၅ပိဿာ လှူဒါန်းပါသည်။
====================
🗒🗒 #ရက်စွဲ
-------------------
၁၃၈၇ - ခု ၊ တပို့တွဲလပြည််ကျော် ( ၃)ရက်၄•၂•၂၀၂၆

🙏🙏 #ဆုတောင်း
-------------------------
ဆွမ်းကုသိုလ်ရှင်မိသားစုတို့သည်

ချမ်းသာကိုယ်စိတ် မြဲကြပါစေ

အနာရောဂါ ဘေးအန္တရာယ်အပေါင်းမှ

ဝေးစွာ ရှောင်ကွင်းကြပါစေ

စီးပွားလာဘ်လာဘများ ဒီထက်မက

ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ

အေးမြသော မေတ္တာဓာတ်ဖြင့်

မိမိတို့ဘဝကို တည်ဆောက်နိုင်ပါစေ

သတိတရားဖြင့် မိမိဘဝကို

ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ

ဗုဒ္ဓဟောကြား တရားဓမ္မများကိုလည်း

လေ့လာ လိုက်စားနိုင်ကြပါစေ

မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ..

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

30/12/2025

#သုခကာရိဆွမ်းစားကျောင်းဆောင်(တိုးချဲ့)ဝိဟာရအလှူနှင့်
စတုဒိသာ အလှူတော်🙏🙏🙏
အလုံမြို့ အောင်ကွက်ရပ်နေ
၁။ဦးထွန်းရှောင် မိသားစု နဝကမ္မ ၂သိန်း
၂။ဒေါ်ဘုတ်ဆုံ အားရည်စူး၍ (သမီး) မနွယ်နွယ်ဝင်း မိသားစု ၅သိန်း
၃။ဖခင်ကြီးဦးသာဒွန်း+မိခင်ကြီးဒေါ်စိန်လှတို့အားရည်စူး၍
ကိုဖိုးခိုင်+မချောယုခိုင်မိသားစု ဖားကန့်မြို့ ၁၀သိန်း
၄။ဖခင်ကြီး ဦးမောင်ကြည်+မိခင်ကြီးဒေါ်ငြိမ်းတို့ကိုရည်စူး၍
(ဖခင်ကြီးဦးမောင်ကြည် (၆)နှစ်ပြည့် ဒေါ်လဲ့လဲ့ဦး ဒေါ်ခေမာကြည် မြေးမောင်ကျော်စည်သူမိသားစုမှ ၁၀သိန်း
၅။ဆရာမကြီး ဒေါ်လှဝင်းကြီး(ထ ၁ငြိမ်း)မိသားစု ၁၀သိန်း
၆။ဦးသာဒွန်း +ဒေါ်စိန်လှ တို့အားရည်စူး၍ ကိုဌေးကျော်+မပေါက်မိသားစု၅သောင်းနှင့်မမြင့်မြင့်သိန်းမိသားစု ၅သောင်းလှူဒါန်းပြီး
ကျောင်းတိုက်ရှိသံဃာတော်တို့အား အာရုံဆွမ်းဆက်ကပ်၍
နေလည် (၂)နာရီအချိန်တွင်
ပဲထမင်းငါးပိရည် ငံပြာရည် အတို့မြှုတ်စုံလင်စွာဖြင့်
ပြည့်ပြည့်စုံစုံ လုံလောက်စွာ စတုဒိသာ ဧည့်ခံကျွေးမွေးပါသည်။
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
#အလှူရှင်မိသားစု

ဘေးရန်ကြောင့်ကြ
🍀🍀ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ
🎄🎄ကျန်းမာချမ်းသာကြပါစေ။💐💐💐💐

💐💐💐မွေးနေ့ ကုသိုလ်ရှင်များ🌸🌸🌸🌸၁။ဒေါ်ပုညဝတီ ရဲချင်းရွာ  ၁၀သိန်း၂။ဦးညွန့်စိန်+ဒေါ်သန်းနု မိသားစု ကော့သောင်းမြို့ နှစ်သိန်း...
22/10/2025

💐💐💐မွေးနေ့ ကုသိုလ်ရှင်များ🌸🌸🌸🌸
၁။ဒေါ်ပုညဝတီ ရဲချင်းရွာ ၁၀သိန်း
၂။ဦးညွန့်စိန်+ဒေါ်သန်းနု မိသားစု ကော့သောင်းမြို့ နှစ်သိန်း
၃။ကိုဌေးမှူး +မနှမ်းကြည် မိသားစု နေပြည်တော် နှစ်သိန်း
၄။ဦးမြင့်ဆွေ +ဒေါ်ကြည်ကြည်မြင့်
(သမီး)မသွယ်သွယ်မြင့်
မထက်ထက်ဝင်းဆွေ
မခင်ခင်ခန့်ဆွေ မိသားစု မဲဆောက်မြို့ မွေးနေ့ကိတ်နှင့် နှစ်သိန်း
# #ဒေါ်သု ဒေါ်ပုညဝတီ ရွှေဘိုမြို့။ တစ်သိန်း
၅။ဒေါ်မြသီမိသားစု ပဲပြစ်တော။ တစ်သိန်း
၆။ကိုဇော်မိုး +မဖြူ မိသားစု တစ်သိန်း@
၇။ရဟန်းတကာကြီးဦးခင်မောင်+ရဟန်းအမကြီးဒေါ်တင်အေးတို့ကိုရည်စူး တသိန်း
၈။ကိုဌေးဝင်း+မဝဲကြည်မိသားစု ကံကြီး ၅၀၀၀၀ိ/
၉။ ဒေါ်ရွှေနှင်း မိသားစု ၅၀၀၀၀ိ/
၁၀။ဒေါ်နီနီခင်မိသားစု ၃၀၀၀၀ိ/
၁၁။ ဦးချစ်ဝင်း+ဒေါ်သိန်းပိုင်မိသားစု ၃၀၀၀၀ိ/
#စေတနာရှင်အဖွဲ့မှ ၅၀၀၀၀ိ/
#ဒေါ်ဝိလာသီ ရဲချင်းရွာ ၅၀၀၀၀ိ/
#ဒေါ်ဝဏ္ဏသီရိ ရဲချင်းရွာ ၅၀၀၀၀ိ/
#ကိုအောင်ကြီး+မအေးသာ မိသားစု ၅၀၀၀၀ိ/
၁၂။ဦးမျိုးမင်းမြတ်+ဒေါ်ရည်မွန်သူ
(သား)မောင်သက်မင်းထင်
(သမီး)မမေဝတီမင်း မိသားစု ဝမ်းတွင်းမြို့ (၉)သိန်းတန် တန်ဘိုးရှိ အထည် (ဝေယျာဝစ္စများ လှူဒါန်းရန်
၁၃။ ဒေါ်မြသီမိသားစုမှ အာရုံဆွမ်းနှင့်
၁၄။(၁၉)ကြိမ်မြောက် ကထိန်ကုသိုလ်ရှင် စေတနာရှင် ပါရမီရှင်များမှ သံဃာတော်(၄၀)ကျော်တို့အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါဝင်ကုသိုလ်ပြုကြပါသည်။🌹🌹🌹🌹
ကုသိုလ်ရှင်အားလုံးနှင့်တကွ
ဝေယျာဝစ္စ လုပ်အားဒါန ကုသိုလ်ရှင် အားလုံးတို့သည်
ဘေးရန်ခပ်သိမ်း
ကင်းငြိမ်းပါစေ။
အန္တရာယ် ခပ်သိမ်း
ကင်းဝေးကြပါစေ။
#မိမိတို့ လိုလားအပ်သော
ကောင်းကျိုးဟူသမျှ ပြီးပြည့်စုံကြပါစေ🌹🌹🌹

 #မွေးနေ့အလှူတော်ဆရာတော်ဘုရားလိုအပ်ရာရာအသုံးပြုနိုင်ရန်ကန့်ဘလူမြို့နေကိုသိန်းဇော်ဝင်း+မမိုးမမမွန်တို့၏(သား)မောင်အံ့မခန်း...
03/10/2025

#မွေးနေ့အလှူတော်
ဆရာတော်ဘုရား
လိုအပ်ရာရာ
အသုံးပြုနိုင်ရန်
ကန့်ဘလူမြို့နေ
ကိုသိန်းဇော်ဝင်း+မမိုးမမမွန်တို့၏
(သား)မောင်အံ့မခန်း၏
မွေးနေ့အလှူ
နဝကမ္မ ၅သိန်း
လှူဒါန်းခြင်းနှင့်
သံဃာတော်အရှင်မြတ်တို့အား
ဆွမ်းခဲဘွယ်တို့ကို
ဆက်ကပ်လှူဒါန်းပါသည်
#မွေးနေ့မွေးရက်
ကုသိိုလ်ဆက်က
#အသက်ခန္ဓာ
လွန်ကျန်းမာ၏
ဆိုသည့်အတိုင်း
မောင်အံ့မခန်း
မွေးနေ့မှသည်
အသက်ရှည်စွာ
စိတ်ချမ်းသာစွာနှင့်
လောကအကျိုး
နိုင်ငံအကျိုး
မိဘတို့အပေါ်ကျေးဇူး
သိတတ်သော
သားကောင်းရတနာဖြစ်ပါစေ🌸🪴🌸🌹🪷

🙏လုံးစုံးများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ဥပဒ်ရန်ဘေး ကင်းစင်းဝေးငြိမ်းအေးကြပါစေ။

🙏၃၁ဘုံ အတွင်း၌ရှိကြကုန်သော ဝေနေယျသတ္တဝါအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

🙏စင်္ကြာဝဠာအနန္တ၌ရှိကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါ
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

🙏မြန်မာပြည်သူ ပြည်သား ကမ္ဘာသူ ကမ္ဘာသား အားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ
ဆင်းရဲခြင်းမှကင်းဝေး၍
ကပ်ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹🙏

20/09/2025

သွေးလေးဘက်နာ အတွက်လက်ပံပွင့်
# # # # # # # # # # # # # # # # # # # # # #
လက်ပံပွင့် ဆေးဖက်ဝင်ပုံ

( က ) ဆီးချိုးရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။လက်ပံပွင့်ကို ဟင်းချိုချက်စားပါ။

( ခ ) သွေးတိုးရောဂါသမားအတွက် ဇီးသီးနဲလက်ပံပွင်ရောပြီးဟင်းချိုချက်စားပါ။

( ဂ ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။

( ဃ ) လေးဖက်နာသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။

လေးဖက်နာရောဂါ( ၃ ) မျိုးရှိကြပါတယ်။

နံ ပါတ်( ၁) ပိုးလေးဖက်နား
နံပါတ်( ၂ ) သွေးလေးဖက်နား
နံပါတ်( ၃ )အရေပြာလေးဖက်နာ လေးဖက်နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။

လေးဖက်နာရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကိုကျောက်ပျဉ်နဲသွေးပြီးဆားအနည်းငယ်ထည့်ပြီးသောက်ပါ။ လေးဖက်နာပိုးတွေအားလုံးသေစေမည်။

နံပါတ်( ၄ ) ရင်သာကင်ဆာဆေးနည်း
လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆာသမားအတွက်သောက်ပေးပါ။ ရင်သားအနားတစ်ဝိုက်လိမ်းပေးပါ။

ရင်သာကင်ဆာ( ၃ ) မျိုး
အဆင့်( ၁ ) ရင်သာကင်ဆာ ပထမအဆင့်ကတော့ လက်ပံပွင်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင့် အလွာပွင့်လေးကို ဇွန်းနဲံ့ခြစ်ယူပြီး သကြားနဲဖျော်ပြီးသောက်ပါ။
အရသာ ချွဲပျစ်ပျစ်ကလေးနဲ့ ချဉ်ပြုံးလေးနဲ့ပါ။

အဆင့်( ၂ ) လက်ပံပွင့် အခေါက်ကိုကျောက်ပျဉ်နဲ့သွေးပါ။ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ရင်သာနာခြင်း
အလုံးတည်ခြင်းလျော့နည်း စေပြီး ပဂတိအတိုင်း သက်သာပျောက်ကင်းပ့ါတယ်။

အဆင်( ၃ ) လက်ပံပွင့်အခေါက်ကိုသွေးလိမ်းပါ။ သေွးပြီးသောက်ပါ။ ရင်သားတစ်ဝိုက် လိမ်းပေးပါ။
ရင်သားကင်ဆာကုလို့မရတဲ့ အထိဖြစ်သွားပြီဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိပျောက်ကင်းပါသည်။
ရှေးခေတ်လူကြီးပေးသောဆေးနည်းတစ်လက်ကို
ဆေးဒါနအဖြစ်ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။

Credit to original uploader

Address

Monywa

Telephone

+959445494847

Website

Alerts

Be the first to know and let us send you an email when လှမ်းလက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share