Champion Health & Fitness Center

Champion Health & Fitness Center Living a Life of Fitness, Health & Happiness.....

Morning Workout group 💪 💥🏋️
16/10/2024

Morning Workout group 💪 💥🏋️

10/10/2024

မိန်းကလေးများ အတွက် အစားလဲကိုယ်ကြိုက်တာ ကိုယ်စားပြီး လျှော့စားစရာလဲမလို သလို

ဘာလေ့ကျင့်ခန်း🏋️‍♀️မှ လုပ်စရာမလိုပဲ
ခန္ဓာကိုယ်ကျစ်လစ် လှပစေမဲ့ အကောင်းဆုံး နည်းလမ်းတချို့ကို ဖော်ပြပေး.....See more

09/10/2024

ကိုယ် အလေးချိန်လျှော့ချပြီး🏋️
ကိုယ်ခန္ဓာပြောင်းလဲဖြစ်ဖို့ဆိုရင်💪

ယမကာသောက်တာကို ရပ်ပါ လျှော့လိုက်ပါ🍻

ဒါဟာ မိမိကျန်းမာရေးကို မယုံနိုင်လောက်အောင် ဆိုးရွားစေရုံသာမက သင့်ဝမ်းဗိုက်နှင့်ခါးပတ်လည်က အဆီကိုလည်းတက်စေပါတယ်။

ဆိုဒါနဲ့ တခြား အချိုဓာတ်ပါတဲ့ အဖျော်ယမကာတွေကို ဖြတ်တောက်တာက သင့်ကိုယ်ခန္ဓာပြောင်းလဲစေဖို့နှင့်သင့်ကိုယ်အလေးချိန်ကျစေဖို့ အတွက်ကူညီပေးနိုင်ပါတယ်။

Maker

loss body transformation
#ကိုယ်အလေးချိန်လျှော့ချရေး


🏋️- Aung Naing Oo-💪 [Ambition]

09/10/2024

တချို့ ကောင်မလေးတွေက Fitဖြစ်တယ်
ကိတ်တယ် ဒါပေမဲ့ စာမဖတ်ဘူး

တချို့ကျတော့ အရမ်း Smartဖြစ်တယ်
Fit မဖြစ်ပြန်ဘူး။

Smartလည်းဖြစ် Fitလည်းဖြစ်တဲ့
အမျိုးသမီး ကတော့ ရွှေပေါ့ဗျာ့❤️

ကိုယ်တွေက Fitဖြစ်အောင်လုပ်ပေးနိုင်တဲ့
ရပ်ဝန်းက proတွေပါ 💪

လေးစားလျက်
နိုင်ဦး-၁၁၉

08/10/2024

ဘာကြောင့်"Posture"ပြင်ဖို့အရေးကြီးသလဲ
"Posture"မပြင်ရင် ဘာတွေဖြစ်လာနိုင်လဲ
"Posture"ပြင်ပြီးရင်
ဘယ်လိုအကျိုးကျေဇူးတွေရရှိနိုင်လဲ
>>

လူတစ်ယောက်ရဲ့ (Posture)ကိုယ်ဟန်အနေထားသည်အလွန်အရေးကြီးပါတယ်။ ကိုယ်ဟန်အနေအထားမကောင်းလျှင်(Movement)လှုပ်ရှားမှု့တွေအတွက်မကောင်းပါ၊(Movement)တွေမကောင်းလျှင် မိမိတိုရဲ့ပြင်ပ" Lifestyle"မှာကော လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါမှာပါ "injury"များစွာရရှိနိုင်ပါတယ်။

"ပေါ့ဆလို့မရပါ။

ဘာကြောင့် ကိုယ်ဟန်အနေအထားမှားယွင်းမှု့‌ တွေဖြစ်ကြရသလဲဆိုရင် ဒီဘက်ခေတ် Lifestyleအရ လူကြီး လူငယ် မိန်းကလေး ၊ယောက်ျားလေး မရွှေး ၊Phone ၊Computre ၊ TV၊Game၊ စသည်တို့ကို အချိန်ပြည့် သုံးစွဲနေကြသည့်အတွက်ကြောင့် Postureအနေထား မှားယွင်းခြင်းတွေဖြစ်ကြတဲ့ "Hyper Kyphosis"/ "Hyper Lordosis"
"Forward neck"ဆိုတဲ့ ခါးရိုး/ ရင်ရိုး/ လည်ပင်း/မှာရှေ့သို့ထွက်ပြီး ခန္ဓာကိုယ်ရဲ့ ပုံစံအနေအထား မမှန်တဲ့ မှားယွင်းမှု့တွေ အဖြစ်များလာကြပါတယ်။

Postureမပြင်ရင် ဘာတွေဖြစ်လာနိုင်လဲ
ကိုယ်ဟန်အနေအထား မကောင်းသည့်အခါ မပြင်လျှင်/ ကိုယ်ဟန်အနေအထား မှားယွင်းနေပါလျှက် လေ့ကျင့်ခန်းတွေ လုပ်ကြသည့်အခါ မကောင်းပါ။

Postureပျက်နေလျှင်၊ ကိုယ်ခန္ဓာမှာ ရှိတဲ့ Bones and jointsတွေ Tissuesတွေ ကိုယ်ခန္ဓာရဲ့ အစိတ်ပိုင်းတွေဟာ သူတို့လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်တွေမှာ ပုံမှန်မဟုတ်တော့ပဲ ပျက်စီးစေတာကြောင့် Postureမပြင်ပဲထားလျှင် ရေရှည်မှာ ကျန်းမာအသက်ရှင်ဖို့"Injury"ကင်းကင်းဖြင့် သွားလာလှုပ်ရှား လုပ်ဆောင်ရမဲ့ ခန္ဓာကိုယ်အတွက် အန္တရာယ်များစွာရှိပြီး အရပ်အရှည်ပါလျှက် အရပ်ပုသယောင်ထင်ပြီး လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုလဲ လျော့နည်းစေပါတယ်။

Smart မဖြစ်စေပါဘူး၊စိတ်ဖိစီးမှုနှင့်အဝလွန်ခြင်းတွေကလဲ ကိုယ်ဟန်အနေအထား မှားယွင်းမှုကို ဖြစ်စေနိုင်ပြီး ကိုယ်ဟန်အနေအထားမှားယွင်းမှု့သည် ခါးနာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေနိုင်၍၊၎င်းသည် မိမိတို့ရဲ့စိတ်ခံစားချက်များကိုပင် ထိခိုက်စေနိုင်ပါတယ်။

🏋️"ဒါဆို Posture ပြင်လို့ရသလား?????🏋️

ကိုယ်ဟန်အနေအထား မှားယွင်းမှု့သည် ပြင်လို့ရပါတယ်။ / / /တို့နှင့်မိမိတိုရဲ့အနေအထိုင်တွေမှာ ပုံစံမှန်ကန်အောင်ပြုမှု့နေထိုင်ခြင်းတို့ဖြင့် ကိုယ်ဟန်အနေအထား မှားယွင်းမှု့ကိုပြုပြင်လို့ရပါသည်။

Postureပြင်ပြီးရင် ဘယ်လိုအကျိုးကျေးဇူး‌တွေရရှိပိုင်ဆိုင်နိုင်မလဲ။

Postureပြင်ပြီးရင်ရှိနိုင်တဲ့မှန်ကန်သော ကိုယ်ဟန်အနေအထား၏ အကျိုးကျေးဇူးများ🏋️🏋️🏋️🏋️🏋️

ယုံကြည်မှုကိုတိုးစေခြင်း။
ကိုယ်ဟန်အနေအထားကို ပြုပြင်ခြင်းသည် မိမိတို့ရဲ့စိတ် ခံစားချက်များနှင့် မိမိကိုယ်ကို Smartကျ‌‌စေ၍မိမိကိုယ်ကို အရင်ကထက် ယုံကြည်မှု့ကိုပိုတိုးစေပြီး လုပ်ငန်းခွင်မှာ ကိုယ့်စိတ်ကူးတွေက ကိုယ့်အတွက်ယုံကြည်မှုကို ပိုမိုရရှိစေပါတယ်။



အသက်ရှုရတာ လွယ်ကူခြင်း။
ခန္ဓာကိုယ်ကို မှန်ကန်စွာ ပြုမှု့နေထိုင်တဲ့အခါ အသက်ရှူရ ပိုလွယ်ပါတယ်။ ကိုယ်ဟန်အနေအထားရှေ့သို့ကိုင်းစေခြင်းက အဆုတ်စွမ်းရည်ကို လျော့ကျစေပြီး အသက်ရှုကြပ်စေ၍ အသက်ရှုရခက်ခြင်း သည် သင်၏ အကောင်းဆုံး လုပ်ဆောင်နိုင်မှု ကို ထိခိုက်စေပါသည်။ သင့်အဆုတ်နဲ့ အသက်ကိုမှန်ကန်စွာ ပိုမိုရှူရှိုက်ဖို့အတွက် သင့်ကိုယ်ဟန်အနေအထားကို မှန်ကန်အောင် ပြောင်းလဲ‌ ကြည့်ပါ။

မကြာခဏ ခေါင်းကိုက်ခြင်းကိုလဲ သက်သာစေပါတယ်။ မကောင်းတဲ့ ကိုယ်ဟန်အနေအထားက အပေါ်ပိုင်း၊ လည်ပင်းနဲ့ ပခုံးတွေမှာ တင်းမာမှုကို ဖြစ်စေပြီး ဦးခေါင်းခွံခြေရင်းနဲ့ တခါတရံ နဖူးမှာ နာကျင်ခြင်းအဖြစ် ပြောင်းလဲ၍ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။ ခေါင်းကိုက်ခြင်းသည် ပျော်စရာမဟုတ်ပါ၊ ထို့ကြောင့် ကောင်းသောကိုယ်ဟန်အနေအထားရှိရန် ပြီးစလွယ်ပုံစံဖြင့်မနေပဲ ကိုယ်ဟန်အနေအထားကို မှန်ကန်သော ပုံစံဖြင့် ပြုမှု့နေထိုင်ပါ။

ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးပါသည်။
မှန်ကန်သော ကိုယ်ဟန်အနေအထားသည် သင့်အား အထူးသဖြင့် သင့်နောက်ကျော၊ ပခုံး၊ လက်များနှင့် လက်ကောက်ဝတ်များတွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကင်းဝေးစေရန် ကူညီပေးနိုင်ပါသည်။ လူတွေက ဆရာဝန်သွားပြတာ ဒါမှမဟုတ် အလုပ်တဲ့အခါမတော်တဆ အကြောင်းရင်းတွေများထဲမှာ အဖြစ်များဆုံးကတော့ ခါးနာခြင်းပါပဲ။ အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းသည် ခါးနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခြေထောက်ကြွက်တက်ခြင်းကဲ့သို့သော ရေတိုကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်နေသောကြောင့် အထူးအရေးကြီးပါသည်။

အကယ်၍ သင်သည် သင့်ကိုယ်ဟန်အနေအထားနှင့် သင့်စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ပတ်သက်၍ ယုံကြည်မှု့ နဲနေပါက သင့်ကိုယ်ဟန်အနေအထားအား အကောင်းဆုံးပုံစံပြန်လည်ဖြစ်စေရန်အတွက် ကျွန်တော်တို့နှင့်အတူ လာရောက် ဆွေးနွေးတိုင်ပင်၍ ပြုပြင်လို့ရပါတယ်ခင်ဗျ။




Maker

loss body transformation
#ကိုယ်အလေးချိန်လျှော့ချရေး


🏋️- Aung Naing Oo-💪 [Ambition]

08/10/2024

လေ့ကျင့်ခန်းမလုပ်ပဲ အဆီကျလာမယ်
Body Recomposition ပြောင်းလဲလာမယ်ဆိုတာ မဟုတ်ပါ။

အသကုန်အစားတွေလျှော့လို့ ဝိတ်ကျလာမယ်မှန်တယ်Bodyက ဘောလုံးတစ်လုံးကိုလေလျှော့လိုက်သလိုရှုံတွပြီး ပျော့တွဲတွဲဖြစ်လာမှာပါ။

တကယ့်အဆီကျကျစ်လစ်လှပဖို့ဆိုတာက
မိတ်ဆွေတို့အနေနဲ့ အလေးမလေ့ကျင့်ခန်းတွေရယ်။
ကာဒီရိုလေ့ကျင့်ခန်းတွေရယ် ပေါင်းစပ်လေ့ကျင့်မှသာရရှိမှာပဲဖြစ်ပါတယ်။

ပြောချင်တာက လေ့ကျင့်ခန်းမလုပ်ပဲ အစားလျှော့ရင်ပိန်တယ် ဒါကရေရှည်မှာ မမိုက်ဘူး
တကယ့်ကိုယ်အလေးချိန်လျှော့ချခြင်းရဲ့ အနှစ်မဟုတ်ဘူးဆိုတာကိုပါ။

Maker

loss body transformation
#ကိုယ်အလေးချိန်လျှော့ချရေး


🏋️- Aung Naing Oo-💪 [Ambition]

03/10/2024

🌻အကောင်းဆုံးပြင်ဆင်ပြီး🌻

ပြိုလဲတဲ့အခါပဲ ဖြစ်ဖြစ် ချော်လဲတာပဲ ဖြစ်စေပတ်ဝန်းကျင်မိတ်ဆွေ အပေါင်းအဖော်များက ဘယ်လိုပဲတွဲထူနေပါစေ ကိုယ်ကိုယ်တိုင်က ပြန်ထချင်စိတ်မရှိရင် ပြန်တည့်မတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ ။ ထောက်ပံ့မှုတွေ အားပေးထောက်ခံမှုတွေ ဘယ်လိုပဲ ပေါများနေပါစေ ကိုယ်ကိုယ်တိုင်က ကြိုးစားချင်စိတ်မရှိရင် အောင်မြင်မှုတွေ ရရှိလာမှမဟုတ်ပါဘူး ။

ဘယ်အရာမှ ကိုယ့်ဘက်က မပေးဆပ်ပဲနဲ့ လွယ်
လွယ်ကူကူနဲ့ အလကားမရနိုင်ပါဘူး ။ ပေးဆပ်
သင့်တာ ပေးဆပ်နိုင်မှရသင့်ရတိုက်တာ ရလာမှာဖြစ်တယ် ။ ဘာမှမပေးဆပ်ရပဲ အလကားရတာဆိုလို့ မိဘတွေရဲ့မေတ္တာတရားနဲ့ ချစ်ခြင်းတရားတွေပါပဲ ။

လောကမှာ သူတစ်ပါးကို အမြဲတမ်း အားကိုးနေလို့ မရနိုင်ပါဘူး ။ သူတစ်ပါး အားကိုးချင်စိတ်တွေ အချောင်လိုချင်စိတ်တွေကို လျော့ချလိုက်ပါ ။
ကိုယ်သာလျှင် ကိုယ်ရဲ့အဖော်မွန် အားကိုးယုံကြည်ရမယ့်သူ ဖြစ်ပါတယ် ။

ကိုယ့်ဘဝကို စိတ်ဓာတ်မကျပဲ ဖြစ်လာသမျှ ကြုံတွေ့ရတဲ့အရာတွေ အရှုံးမပေးပဲ ကြိုးစားပြီး အောင်မြင်နေတဲ့သူတွေလောကမှာ အများကြီးရှိပါတယ် ။

လူတစ်ယောက် အောင်မြင်ခြင်း ကျရှုံးခြင်းက ထောက်ပံ့မှုအားပေးထောက်ခံမှုဆိုတာထက် မိမိရဲ့စိတ်က ပိုပြီးအဓိကကျပါတယ် ။ ပြိုလဲမှုနဲ့ ကြုံကြုံ ကျရှုံးမှုနဲ့ တွေ့ရတွေ့ရစိတ်ဓာတ်ကို အကောင်းဆုံးပြင်ဆင်ပြီးတော့ ပြန်လည်ရုန်းထလိုက်ပါ ။

✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

02/10/2024

လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေက သင့်ကိုလေ့ကျင့်ခန်း
လုပ်လို့မဝေဖန်ဘူး။အစားကိုစနစ်တကျစားတဲ့သူတွေက
အစားအသောက်ဂရုစိုက်လို့သင့်ကိုဝေဖန်မှာမဟုတ်ဘူး။
ဒါဆိုဘယ်လိုလူတွေကသင့်ကိုဝေဖန်ကြတာလဲ?
သင့်လိုဖြစ်ချင်ပီး၊ဖြစ်အောင်မလုပ်နိုင်သူတွေ၊
ကိုယ့်ကိုကိုယ်ညာနေသူတွေကဝေဖန်ကြလိမ့်မယ်။
ဒီတော့ ထိုင်Feel နေမှာလား?ဆက်လျှောက်မှာလား?
ကြိုက်တာရွေးဗျာ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

22/09/2024

ရေလုံလောက်စွာ မသောက်ခြင်း

ရေ သည်အစာမဟုတ်ပါ - သင့်ခန္ဓာကိုယ်က တောင့်တနေသည့်အရာ ဖြစ်ပါတယ်။
ဗိုက်ဆာနေလား? သရေစာမစားခင် ရေတစ်ခွက်ကို အရင်သောက်ကြည့်ပါ။ “တခါတရံမှာ ဆာလောင်မှုနဲ့ ရေငတ်ခြင်းကို ရှုပ်ထွေးစေပါတယ်”ဒါကြောင့် မလိုအပ်ဘဲ အစာစားတာကို တားဆီးဖို့ တစ်နေ့တာလုံး ရေဓာတ်ရှိနေဖို့ အရေးကြီးပါတယ်။

“အရည်များများသောက်တာက အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။အဘယ်ကြောင့်ဆိုသော် ရေသည် သင့်ဗိုက်ထဲတွင် နေရာယူသွားပြီး ဗိုက်ပြည့်စေပြီး ကျေနပ်စေပါသည်။

လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ရေ 500 မီလီလီတာ သုံးကြိမ် - နံနက်စာ၊ နေ့လယ်စာနှင့် ညစာ မစားမီ နာရီဝက်အလိုတွင် ရေ 500 မီလီလီတာ သောက်သူများသည် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း အကြံပြုထားပါသည်။

ဒါကြောင့် တစ်နေ့လျှင် ရေရှစ်ခွက်လုံ‌လောက်စွာသောက်ရန် အကြုံပြုထားပါသည်။ ရေ သောက်ရတာက ငြီးငွေ့စရာလို့ထင်ရင် အရသာနည်းနည်းထပ်ထည့်ဖို့ ဒါမှမဟုတ် တရုတ်နံနံလို ရေဓာတ်များတဲ့ အသီးအရွက်တွေကို စားဖို့ အိုးထဲကို အသီးအနှံတချို့ကို ထည့်လိုက်ပါ။ လက်ဖက်ရည်ကြမ်းသည် လဲကျန်းမာရေးနှင့် ညီညွတ်သော ရေဓာတ်ကို ရွေးချယ်ပေးပါသည်။

22/09/2024

မိန်းကလေးများအနေဖြင့်
ကိုယ်အလေးချိန်ကျ ပြီးကော ပိန်ပြီးကောနှင့်
ကိုယ်အလေးချိန်လျှော့ချပြစ်မှာလားးးးးး

ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ကြတဲ့အခါမှာ အလေးဝန်တွေသုံးပြီး ဟဲဗီးကစားရတဲ့ (Sterght Training )တွေကို ကစားလို့ရပါသလားဆိုတဲ့ အကြောင်းအရာလေးကို ကျွန်လေ့လာ သိထားသလောက် ပြောပြပေးသွားပါမယ်။ မသိတဲ့ ကစားသမားတွေ အတွက်ပါသိတဲ့ သူများကတော့ ကျော်သွားကြပါခင်ဗျ။

ဘာကြောင့် ပြောပြရလဲဆို။ တချို့
အမျိုးသား/ အမျိုးသမီးတွေ က သူတို့ကို
အလေးတွေနဲ့ လေ့ကျင့်ကစားခိုင်းကြတဲ့အခါ
မှာ အလေးကိုင်ရမှာ တော်တော် ကြောက်ကြတယ်ဗျ သူတို့ထင်မြင် တွေ့ဖူးကြတာက အလေးတွေနဲ့ ကစားရင် ကိုယ်ခန္ဓာတွေက နိုင်ငံခြားက ကာယဗလ မောင်ကြီးတွေလို ကြီးထွားလာကြမယ်လို့ပဲ ထင်မြင်‌နေကြတာပါ မကြောက်ပါနဲ့ ဗလကြီးဖို့ဆိုတာ တော်ရုံတန်ယုံကစားအား အလေးဝိတ်လောက်နဲ့ ကြီးထွားမလာပါဘူး ဖြစ်လဲ ဖြစ်မလာနိုင်ပါဘူး သူမှာ ကစားချိန် အနားယူချိန် အိပ်ချိန်‌တွေ စားချိန်တွေ သေချာ အထူးဂရုစိုက်ကြရပါတယ်။

သာမာန် လူတွေ နားမလည်တဲ့ နည်းပညာတွေ တခြားသော အကြောင်းအရာတွေလဲ အများကြီးရှိကြပါတယ် အလေးကိုင်ရမှာ မကြောက်ပါနဲ့အလေးနဲ့ ကစားတိုင်း ဗလ ကြီးမလာပါဘူး။

ဒါကြောင့် တော်တော်များများက
(Weight training or Resistance training )တွေကိုတောင် သိတ် မကစားချင်ကြပါဘူး ပေါ့ပေါ့ပါးပါးနဲ့ ဝိတ်အကျမြန်တဲ့ ခုန်ရပေါက်ရတဲ့(CardioExercise)လေးတွေကိုပဲ
အလွယ် ကစားချင်ကြပါတယ်။ဟဲဗီး လေ့ကျင့်ရတဲ့(Strengt training)တွေဆို ပိုဝေး အနားတောင် ကပ်ချင်ကြမှာ မဟုတ်ပါဘူး။ ကောင်းကျိုးတွေကို မသိကြသေးလို့ပါ။ကိုယ့်လေ့ကျင့်တဲ့ ရက်တစ်ပတ် တရက်လောက်မှာ (Strength training)တွေ ဘာကြောင့်လိုအပ်လဲဆို။ အဆီချ ကစားသမားများ အနေနဲ့ ဝိတ်ကျချင်‌ ဇောနဲ့ Cardio တွေ ကစားကြမယ် ကယ်လိုရီ‌ တွေအလွန်အကျွံ လျှော့စားကြတဲ့ပုံစံတွေကြောင့် ခက်ခက်ခဲခဲ စုဆောင်းထားရတဲ့ (Lean body mass) ကြွက်သားမျှင်တွေဆုံးရူံးရတက်ပါတယ်။

ဒါကြောင့် အဆီကျနူံးတွေ လျှော့ကျ နေပေမဲ့လဲ။ကစားနေပေမဲ့ အခက်မသင့်ရင်။ ကိုယ့်အလေးချိန်တွေပြန်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကာဒီရို လေ့ကျင့်ခန်းတွေပဲ ကစားနေမယ် ‌သေချာ Diet လုပ်နေတယ်ဆိုရင် (Lean body mass) ကြွက်သား ပဏာမတွေပါ လောင်
ကျွမ်းမသွားအောင် (Strength training)
တွေကို ကိုယ်နိုင်သလောက် အလေးဝန် ပဏာမနဲ့ ထိထိမိမိ ဟဲဗီး ကစားဖို့ လိုပါတယ်။

ဒီ လေ့ကျင့်ခန်းတွေကို ကစားတဲ့အခါမှာတော့သေချာဂရုစိုက်ဖို့နဲ့(injury)အန္တာရာယ်ကင်းဖို့အတွက်။ ကိုယ့်ဘေးနားမှာ နည်းပြ ဆရာ ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်တစ်ခုပဲ ကျဖို့ အစားလျှော့ ရိုးရိုး လေ့ကျင့်ခန်းတွေ လုပ်တာ မှန်ပေမဲ့ ကိုယ်ခန္ဓာသေချာ ပြောင်းလဲလာပြီး ကျန်းမာ သန်စွမ်းဖို့(Strong)ဖြစ်ဖို့ဆိုရင်အလေးဝန်တွေနဲ့ သေချာ နည်းစနစ်ကျကျ ကစားပေးကြဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုသေချာ နားလည်သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။

အားလုံး အဆင်ပြေကြပါစေဗျ။

11/09/2024

လက်တွေ့ကျသော ကိုယ်အလေးချိန်ကျစေမည့် ပန်းတိုင်များကို ချမှတ်ရန်မှာရေရှည်တွင်၊ တစ်ပတ်လျှင် ၁ ပေါင်မှ ၂ ပေါင် (၀.၅ မှ ၁ ကီလိုဂရမ်) ဆုံးရှုံးရန် ရည်ရွယ်ခြင်းက သဘာဝကျပါတယ်။

ယေဘူယျအားဖြင့် တစ်ပတ်လျှင် ၁ ပေါင်မှ ၂ ပေါင်အထိ လျှော့ချရန်၊ သင်နေ့စဉ်စားသုံးသည်ထက် ကယ်လိုရီ ၅၀၀ မှ ၁၀၀၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းရန် လိုအပ်ပြီး ကယ်လိုရီနည်းသော အစားအစာနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။

Address

No. 1/19, Tharsi Road, Chan Mya Tharsi Qtr
Monywa

Telephone

09799777040

Website

Alerts

Be the first to know and let us send you an email when Champion Health & Fitness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share