Durian Beauty & Lifestyle

Durian Beauty & Lifestyle More than beauty — a lifestyle of self-love.

27/07/2025
21/05/2025

Kojiesan ဆပ်ပြာနဲ့ပတ်သက်ပြီး သိသင့်သမျှ။

ဒီ content က review ဆိုတာထက် အမေးများတဲ့မေးခွန်းတွေ၊ အယူအဆလွဲနေတာတွေကို correct လုပ်ထားတဲ့ content သဘောမျိုးဖြစ်ပါတယ်။ product ကို ဂျူလီမဝယ်သုံးထားသလို၊ ဝယ်သုံးဖို့လည်း အစီအစဉ်မရှိသေးတာမို့ လတ်တလောမှာ ဒီ soap နဲ့ပတ်သက်ပြီး review လာဖို့မရှိသေးပါ။

Kojiesan ဆပ်ပြာရဲ့အဓိကပါဝင်ပစ္စည်းက Kojic acid ပါ။ kojic acid ဆိုတာက သဘာဝအတိုင်းတည်ရှိနေတဲ့ ingredient မျိုးဖြစ်ပြီး၊ အရက်၊အစားအသောက်တွေကို အချဉ်ဖောက်ရာမှ ထွက်လာတဲ့ byproduct မျိုးပါ။

ပထမဦးဆုံး Kojic acid ဆိုတာ AHA,BHA တို့လို exfoliating ingredient မဟုတ်ပါ။ နာမည်မှာ acid ပါတိုင်း acid တိုင်းက exfoliate မလုပ်ပေးနိုင်ဘူး၊ exfoliation အာနိသင်မရှ်ိဘူးဆိုတာ သိစေချင်ပါတယ်။ Kojic acid , tranexamic acid, hyaluronic acid, azelaic acid တ်ို့ဆိုတာ AHA,BHA တို့နဲ့မတူ သီးခြားစီပါ။ Kojic acid သည် vitamin C တို့လို antioxidant တစ်မျိုးဖြစ်ပြီး၊ သူ့ရဲ့အလုပ်လုပ်ပုံက melanin လို့ခေါ်တဲ့ ရောင်ခြယ်ဆဲလ်ထွက်မှု(melanin production) ကို ဟန့်တားပေးပြီး pigmentation ကို သက်သာစေတာမျိုးပါ။ pigmentation တွေရဲ့ တရားခံသည် melanin ဖြစ်ပြီး၊ Kojic acid ကကျ ဒီ melanin ထုတ်လုပ်မှုကို ဟန့်တားပေးလိုက်တာမ်ို့ အမဲစက်သက်သာတယ်၊ skin tone ညီလာတယ်။ ဒါကြောင့် skin brightening / skin lightening ingredient လို့လည်း သူ့ကိုခေါ်သေးတယ်။

Kojic acid က AHA/BHA တို့လို exfoliation အာနိသင်မပေးနိုင်ပါ။ ဒီကောင်က Hydroxy acids ဘယ်ဂရုမှာမှ မပါတဲ့အပြင် သူ့အလုပ်လုပ်ပုံက အပေါ်မှာဂျူလီရှင်းပြခဲ့သလိုပဲ။ ingredient တွေနဲ့ပတ်သက်ရင် random search လုပ်ရုံလောက်နဲ့ မလုံ​လောက်လို့ သေချာလေ့လာစေချင်တယ်။ ဆိုတော့ Kojic acid နဲ့ပတ်သက်ပြီးရှင်းပြတာ ဒီလောက်ဆိုလုံလောက်ပြီ။ အမေးများတဲ့မေးခွန်းတွေကို ဆက်ဖြေပေးမယ်။

1.Kojiesan ဆပ်ပြာသုံးပြီး UV/Gluta/Whitening ပါတဲ့ lotion တွေမလိမ်းရဘူး။

အကုန်လိမ်းလို့ရပါတယ်။ အသားခြောက်တတ်တာမို့ အစိုဓာတ်သေချာပေးနိုင်မဲ့ moisturizing lotion တွေလိမ်းတာ အကောင်းဆုံးဆိုပေမဲ့ ၊ gluta/UV/whitening ပါတဲ့ lotion တွေလိမ်းမိလည်း ဘာမှမဖြစ်တတ်ပါ။

2.မျက်နှာသုံးလို့ရလား။

Irritation ရနိုင်တာမို့ သိပ်တော့ recommend မလုပ်ဘူး။

3.သူဖြူတယ်ဆိုတာ ဘယ်လိုလဲ။

Kojic acid ရဲ့အလုပ်လုပ်ပုံက အပေါ်မှာဂျူလီရှင်းပြခဲ့သလို melanin production ကို ဟန့်တားပေးတာပါ။ အဲ့ဒီအခါမှာ အမဲစက်၊အသားမညီ၊နေလောင်တာတွေ သက်သာပြီး အသားတစ်ဆင့်ဝင်းလာတာမျိုး။

4.Scrub နဲ့ အာနိသင်၊လုပ်ဆောင်ပုံချင်းတူလား။

မတူပါ။ scrub ဆိုတာက physical exfoliation ပါ။ dead skin cells တွေကို exfoliate လုပ်ပြီး အသားဝင်းကြည်လာတာမျိုး။ ဒီကောင်ကကျ အဲ့လို exfoliate လုပ်ပေးတာမျိုးမဟုတ်ဘဲ melanin production ကို ဟန့်တားပြီး အမဲစက်၊အသားမညီတာကို သက်သာစေလာတာမျိုး။ လုပ်ဆောင်ပုံခြင်းမတူပါ။

5.ဒီဆပ်ပြာသုံးတဲ့နေ့ exfoliating gloves, scrub ထပ်သုံးလို့ရလား။

Recommend မပေးပါ။ ဒီဆပ်ပြာတစ်ခုဆို ရပြီ။

6.သူ့ကိုသုံးပြီးရင် မိနစ်အနည်းငယ် ထားကိုထားပေးရမှာလား။

ထားပေးတာ ပိုကောင်းပါတယ်။

7.ဒီဆပ်ပြာသုံးပြီး နေပူထဲထွက်ရင်မဖြူဘဲ ပိုမဲမယ်။

အဲ့ဒါကြောင့် body sunscreen မဖြစ်မနေလိမ်းခိုင်းတာပေါ့။ ညပဲသုံးသုံး၊နေ့ပဲသုံးသုံး သူ့ကိုသုံးပြီးရင် sunscreen မဖြစ်မနေလိမ်း။ အပြင်သွားရင် လက်ရှည်၊ဘီးရှည်၊ထီးဆောင်း။ အဲ့ဒါဆို သက်သာတယ်။

8.ဒီဆပ်ပြာသုံးပြီး အသားယားတယ်။

မတည့်တာဖြစ်နိုင်လို့ အသုံးပြုတာရပ်လိုက်ဖို့ တိုက်တွန်းချင်တယ်။

9.တစ်ပတ်ဘယ်နှစ်ရက်သုံးလို့ရလဲ။

ခန္ဓာကိုယ်က မျက်နှာထက်စာရင် အများကြီး tolerate လုပ်နိုင်တာမို့ ကိုယ်က aftercare လည်းဂရုစိုက်တယ်၊ sunscreen လည်းမှန်မှန်လိမ်းပြီး အသားအရေက ခံနိုင်ရင် နေ့တိုင်းသုံးချင်သဘောပါ။ အသားခြောက်ရင်တော့ တစ်ရက်ခြား၊နှစ်ရက်ခြားမှ သုံးပေးတာကောင်းတယ်။

ထပ်မေးစရာ မေးခွန်းရှိရင်လည်း comment မှာမေးခဲ့နိုင်တယ်။ ဖြေပေးပါမယ်။

Let’s care with
Juliee,
let’s care with juliee ၏ ပုံနှင့်စာသားများကို ပြန်လည်ကူးယူတင်ခြင်း၊ ဆင်တူရိုးမှားပုံများ စာများ copy တာမျိုးလုံးဝမှခွင့်မပြု။

ခနခနလာမေးနေကြလို့လေ ဖြေရတာအားနာလာလို့ပါ🥺အက်မင်ကpage ကိုအခုနားထားပါတယ်နော်ပြန်စတဲ့ခါကျရင်ပြန်ပြောပေးပါ့မယ်ငွေဈေးကြောင့်ရေ...
01/10/2024

ခနခနလာမေးနေကြလို့လေ ဖြေရတာအားနာလာလို့ပါ🥺
အက်မင်ကpage ကိုအခုနားထားပါတယ်နော်
ပြန်စတဲ့ခါကျရင်ပြန်ပြောပေးပါ့မယ်
ငွေဈေးကြောင့်ရော တခြားအကြောင်းလေးတွေကြောင့်ပါ
ကျေးဇူးတင်ပါတယ်🤎

Lebelage collagen + Greentea 💖 အသားအရေတင်းရင်းပြီး ၊ ကြည်လင်ချင်တဲ့သူတွေ အဆီဖုရှိပြီး အမဲစက်နဲ့အမာရွက်တွေ ရှိတဲ့သူတွေအတွ...
21/06/2023

Lebelage collagen + Greentea

💖 အသားအရေတင်းရင်းပြီး ၊ ကြည်လင်ချင်တဲ့သူတွေ အဆီဖုရှိပြီး အမဲစက်နဲ့အမာရွက်တွေ ရှိတဲ့သူတွေအတွက် အရမ်းကို ကိုက်ညီတဲ့ Lebelage Collagen + Green tea Toner လေးနဲ့ Lotion (နို့ရည်) လေးပါရှင်

💧 Collagen ပါလို့ အရွယ်မတိုင်ခင်နှင့် အရွယ်တိုင်ပြီး ဖြစ်ပေါ်လာတဲ့ အရေးကြောင်းတွေကိုသက်သာစေပြီး အသားအရေကို နူးညံ စိုပြေ တင်းရင်းချောမွေ့စေအုံးမှာနော်

🌿 Green tea လေးလည်းပါလို့ ဝက်ခြံနဲ့ အဆီဖု ​တွေကိုသက်သာစေပါတယ်

🗒️သူ့မှာပါဝင်တဲ့ Hylauronic acid က အသားအရေခြောက်တာတွေ ၊ နေလောင်ဒဏ်ကြောင့် အသားအရေမညီတာတွေကိုလည်း သက်သာစေပါတယ်ရှင်

💜 Toner လေးမှာ Essence လေးလည်းပါသေးလို့ ပျစ်ပျစ်လေးနဲ့ လိမ်းလို့အရမ်းအဆင်ပြေတယ်နော်

💜 Emulsion (နို့ရည်) လေးကတော့အဆီပြန်တဲ့သူတွေ အတွက်ပါသုံးလို့ရပြီး တနေကုန် အစိုဓာတ်ကို ထိန်းပေးပါတယ်ရှင်

❌ ဝက်ခြံတွေ အရမ်းများနေရင်တော့ မသုံးသင့်ပါဘူးနော်

Price - Toner - 11000
Emulsion - 11000

preorder / prepaid ပါရှင့်

Waiting time - 3 to 4 weeks

ကျေးဇူးတင်ပါတယ်🤎

Bear Coffee Soap Bear coffee scrub soap လေးကို နနွင်း / coffee / သစ်ဂျပိုးခေါက် စတဲ့သဘာဝကပေးတဲ့ဆုလာဘ်တွေနဲ့ ထုတ်လုပ်ထားတ...
20/06/2023

Bear Coffee Soap

Bear coffee scrub soap လေးကို နနွင်း / coffee / သစ်ဂျပိုးခေါက် စတဲ့သဘာဝကပေးတဲ့ဆုလာဘ်တွေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်....

-Coffee(အသားအရေကို ချောမွတ်သန့်စင်စေပါတယ်)
-နနွင်း (အသားအရေစိုပြေပြီး သွေးလည်ပတ်မှုအား
ကောင်းစေပါတယ် ၊ အသားအရေဝင်းဝါစိုပြေစေပါတယ်)
-သစ်ဂျပိုးခေါက် (ရောင်ရမ်းနေသောနေရာများအထူးသက်သာစေပါတယ် ၊ အသားဖြူဝင်းစိုပြေကောင်းမွန်စေပါတယ် )

Price - 2000

preorder / prepaid ပါရှင့်

Waiting time - 3 to 4 weeks

ကျေးဇူးတင်ပါတယ်🤎

Piggy Serum 50 mlဘယ်လောက်ပဲ skin ကောင်းကောင်း ချွေးပေါက်ကျယ်တာနဲ့ ဆားဝက်ခြံဖြစ်တဲ့ problem တော့ အနည်းနဲ့ အများတော့ ကြုံရ...
20/06/2023

Piggy Serum 50 ml

ဘယ်လောက်ပဲ skin ကောင်းကောင်း ချွေးပေါက်ကျယ်တာနဲ့ ဆားဝက်ခြံဖြစ်တဲ့ problem တော့ အနည်းနဲ့ အများတော့ ကြုံရတာပဲနော်၊ piggy serum လေးက ဒီ problem ကို ဖြေရှင်းပေးနိုင်မှာပါ

Hyaluronic acid 97% ပါလို့ အသားအရေကိုကြည်စိုပြီး တင်းတင်းအိအိလေးဖြစ်နေစေပါတယ်။ allgery မဖြစ်စေဘူးနော်။ ဝက်ခြံအမာရွတ်များကို သက်သာစေပြီး အသားအရေနီစပ်တာတွေကို သိသိသာသာ သက်သာစေတဲ့အပြင် အသားအရေတင်းပြီး အရေးအကြောင်းတွေကိုလဲ လျော့ချပေးတယ်။

အရောအနှောပါဝင်မှု အလွန်နည်းတဲ့ organic serum လေးဖြစ်တယ်။ အဓိကကတော့ ချွေးပေါက်တွေကျယ်တာကို သက်သာစေပြီး မျက်နှာကိုလဲ တင်းတင်းကြည်ကြည်လေး ဖြစ်စေတာပါ။ ဝက်ခြံထွက်တတ်တဲ့ အသားအရေပါသုံးလို့ အဆင်ပြေတယ်။

သုံးပြီးသိသိသာသာကို glow လာစေတဲ့အပြင် Pore Control ပါဝင်လို့ ချွေးပေါက်တွေကို ကျဉ်းသွားစေတယ်။ အရေးအကြောင်းတွေကိုလဲ ကာကွယ်ပေးတယ်။ ပေးရတဲ့စျေးနဲ့ ပိုကောင်းတဲ့ result ကို ရစေမယ့် serum လေးပါနော်

Price - 14000

preorder / prepaid ပါရှင့်

Waiting time - 3 to 4 weeks

ကျေးဇူးတင်ပါတယ်🤎

Address

Mudon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Durian Beauty & Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Durian Beauty & Lifestyle:

Share