11/02/2026
လမ်းပျောက်တယ်လို့ ခံစားရရင်
ကိုယ့်ကိုကိုယ် ကျေးဇူးတင်လိုက်ပါ။
ဘာကြောင့်လဲဆို
တကယ်လမ်းပျောက်တဲ့သူက
ကိုယ့်ကိုကိုယ် လမ်းပျောက်လို့
ပျောက်မှန်းမသိဘူး။
အဖေ့ကြောင့်၊ အမေ့ကြောင့်၊
အမျိုးကြောင့်၊ သူဌေးကြောင့်၊
ဝန်ထမ်းကြောင့်
ဘာကြောင့် ညာကြောင့်
ကြောင့်ပေါင်းများစွာနဲ့
တခြားသူတွေကို
အပြစ်တင်လို့ မပြီးနိုင်လို့။
လမ်းပျောက်တာကိုသိတဲ့သူက
ရည်မှန်းချက်ရှိတဲ့သူပဲ။
ရည်မှန်းချက်ရှိလို့လဲ
ခုလုပ်နေတာနဲ့
ရည်မှန်းချက်မရောက်နိုင်ဘူးသိလို့
လမ်းပျောက်တယ်လို့ခံစားရတာ။
ရည်မှန်းချက်တောင်မရှိတဲ့သူက
ဘယ်လမ်းရောက်ရောက်
လမ်းမပျောက်ဘူး။
သူတိတိကျကျသွားချင်တဲ့နေရာမှမရှိတာ။
Phyo Paing @ Derek