20/08/2026
20. August .2026 မှ 26. August .2026 အထိ၁ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
20.Aug.2026 မှ 26.Aug.2026 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
#တနင်္ဂနွေ
ငွေကြေးပိုင်းဆိုင်ရာ သိသာထင်ရှားစွာနဲ့ တိုးတက်နေနိုင်ပါတယ်။ အလုပ်တွေကတော့ များနေတတ်ပါတယ်။ မိသားစုကိုအချိန်မပေးနိုင်လို့ မိသားစုနဲ့အထင်လွဲစရာတွေကြုံတတ်ပါတယ်။ တတ်နိုင်သမျှ အားထည့်ပြီးအလုပ်လုပ်ပါ။ အချိန်ကောင်းမှာပျင်းနေလို့ မရပါ။မိုးရွာတုန်းရေခံစေချင်ပါတယ်။ စက်ပစ္စည်းများ ဝယ်ခြင်းများ၊ရောင်းခြင်းများ ဒီကာလ မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ အများနဲ့အတူ စဉ်းစားအဖြေထုတ်ခြင်း၊အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ မိတ်ဆွေ တွေနဲ့ တွေ့ဆုံပြီးတော့ အဖြေထုတ်ခြင်းများ ဆောင်ရွက်ခြင်းဖြင့်ရလဒ်ကောင်းတွေရလာတတ်ပါတယ်။အများနဲ့ဆိုင် သောငွေထဲ လက်ထဲမထားပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။ခရီးသွားပြီးလုပ်ကိုင်ရ သောအလုပ်တွေက ဝင်ငွေတိုး တတ် ပါလိမ့်မယ်။ လူမုန်းများနေတတ်ပါတယ်။ အွန်လိုင်းကနေ အနှောင့်အယှက်ပေး တာမျိုးတွေ၊ အွန်လိုင်းကနေ ဆဲဆိုခြင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။ သင်တန်းစတင် တက်ခြင်းများ ဆောင်ရွက် လို့ရပါတယ်။ဆရာကောင်း ဆီမှာ စတင်တပည့်ခံခြင်းများဆောင်ရွက်သင့်ပါတယ်။ အချစ်ရေးကြောင့်ပညာရေး နှောင့်နှေး တတ်သဖြင့် အလိုက် တသိ တစ်ကန့်ထား၍ကန့်သတ်ဆောင်ရွက်ပါ၊ အရေးအဆင်ပြေနေရာမှမမျှော်လင့် ဘဲခွဲခွာနေရတတ်သည်။ အိမ် ထောင် ရှင်များအိမ်ထောင်ရေးသာယာမှုမရှိတတ်ပေ။
အကျိုးပေးဂဏန်း---၂/၇/၉
အထူးဟော---ကံမြင့်မားနေမည်။
ယတြာ---ကော်ဖီဘုရားကပ်လှူပါ။
#တနင်္လာ
စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှု၊ပျော်ရွှင်မှုတွေရလာတတ်ပါတယ်။ အိမ်၊ခြံ၊မြေ၊ဆိုင်ခန်းအငှားတွေ စာချုပ်ချုပ်ခြင်း များဆောင်ရွက်လို့ကောင်းပါတယ်။ငွေကြေးကံအားကောင်းပြီးတော့ အဘက်ဘက်ကငွေဝင်လာဖို့ရှိပါတယ်။ ဆက်ဆံ ရေးပိုင်း၊လူမှုရေးပိုင်းအားကောင်းလာပြီး အလုပ််လုပ်တဲ့နေရာမှာ အချိတ်အဆက်မိမိ လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အထိုင် စီးပွားရေးများ ရလဒ်ကောင်းနေနိုင်ပါတယ်။ အလုပ်ရှုပ်နေသူများ အလုပ်တွေကို အပိုင်းလိုက် စီမံခန့်ခွဲ့နိုင်ပြီး နိုင်နိုင်နင်း နင်းဆောင်ရွက်နိုင်ပါလိမ့်မယ်။ အရွယ်တူတွေ၊သူငယ်ချင်းတွေရဲ့ ကောင်းသောသတင်းကိုကြားရတတ်ပါတယ်။ ဒီ တစ်ပတ်ထဲ အာရုံစိုက်ပြီးလုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေမယ်။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စားခြင်းများရှောင် လိုက်ပါ။ မိမိ အားစိုက်ရင် စိုက်သလောက် အဆင်ပြေခြင်း၊ဝင်ငွေတိုးခြင်းကြုံရတတ်ပါတယ်။ကျန်းမာရေးလဲ ဒေါင်ဒေါင် မည် ကောင်း နေတတ်ပါတယ်။ လေးလံထိုင်းမှိုင်းနေသူတောင်မှ အရာရာသွက်လက်ပေါ့ပါးပြီး အလုပ်ပြီးမြောက်မှုက မထင် မှတ် လောက်အောင်တိုးတတ်သွားနိုင်ပါတယ်။ငွေကြေးရင်းနှီးမြုပ်နှံခြင်း၊အစုစပ်ခြင်း၊အကျိုးတူပူးပေါင်းခြင်းများ ဒီကာလမှာ ဆောင်ရွက်နိုင်ပါတယ်။ အချစ်ရေးမှာ စိတ်ချမ်းသာစရာများပြားပါလိမ့်မယ်။မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို ရရှိခံစားရတတ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့ ကူညီဖေးမမယ့်သူတွေနဲ့ ဆုံရမယ်။ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ လုပ်ရင်ပိုထူးခြားတတ်တယ်။
အကျိုးပေးဂဏန်း---၃၊၆၊၉
အထူးဟော---တပည့်တပန်း၊အောက်လက်ငယ်သားတွေကြောင့်စိတ်ချမ်းသာရမယ်။
ယတြာ---ဆေးတစ်မျိုးမျိုးလိုအပ်သူကိုလှူဒါန်းလိုက်ပါ။
#အင်္ဂါ
အခက်အခဲလေးတွေရှိနေပေမဲ့ မိသားစုက ဝိုင်းဝန်းဖြေရှင်းပေးနိုင်တာမို့တော်ရုံပြဿနာတွေကို မှုစရာတော့ မလိုပါဘူး။ မိသားစုစီးပွားရေးလုပ််ငန်းများ သိသာစွာတိုးတတ်အောင်မြင်နိုင်ပါတယ်။ ထင်မှတ်မထားသော အပြောင်း အလဲတွေကြုံရတတ်ပါတယ်။ ကောင်းသော ပြောင်းလဲခြင်းတွေဖြစ်လာပါလိမ့်မယ်။ ကျန်းမာရေးအတွက် အနည်းငယ် စိတ်ပူပန်ရတတ်ပါတယ်။ ငွေကြေးပိုင်းလွယ်ကူချောမွေ့ပေမဲ့ လက်လွန်ထားတဲ့ငွေနဲ့ ချေးငှားလိုက်တဲ့ငွေတွေဆုံးသွား နိုင်တာကိုတွေ့ရပါတယ်။အတိတ်က အကူအညီတွေပေးခဲ့ဖူးသူတွေရှိရင် ထိုသူတွေက ပြန်ကူညီပေးတတ်ပါတယ်။ သားသမီး အတွက် ပူပန်စရာကိစ္စလေးတွေရှိနေတတ်ပါတယ်။ နေရာအပြောင်းအရွှေ့များဖြစ်တတ်မည်။ စီးပွားရေး အားလျှော့ နေ တတ်သည်။ များနေမည်။ ဆွေမျိုး များနှင့် အမျိုးသမီးများထံမှအကူအညီကောင်းများရ မည်။ စားကောင်း သောက် ဖွယ်များ၊ အဝတ်အစား ကောင်းများ၊ အဖိုးတန်ရတနာပစ္စည်းများဝင်ကိန်းရှိသည်။ အနီး ကပ်နေသူများ ၊အတွင်းလူ များနှင့် စိတ်သဘောထားမတိုက်ဆိုင်မှု များဖြစ် တတ်သည်။ဝန်ထမ်းများတာဝန်မဲ့ စွပ်စွဲပြော ဆိုခြင်းခံရ တတ်သည်။ ပညာရေး မှာတော့ ရန်အနှောင့် ယှက် များကြောင့်အခက်အခဲကြုံ ရတတ်မည် ။နှောင့်နှေး နေမည်။ အချစ်ရေး အဆင်ပြေသော်လည်း မိသားစုအနှောင့် အယှက်မကင်းတတ်ပေ။အိမ်ထောင်ရေး အဆင်ပြေနေ မည်။ ကျန်းမာရေး မျက်စေ့နှင့်ဦးခေါင်းတွင်ရောဂါအန္တရာယ်များရတတ်သည်။ရုတ်တရက်ထိခိုက်ရှနာမှုများဖြစ်တတ်သည်။
အကျိုးပေးဂဏန်း---၈/၁/၂
အထူးဟော---ကံအနည်းငယ်ညံ့ဖျင်းနေတတ်ပါတယ်။
ယတြာ---ဂုဏ်တော်ကိုးပါးနဲ့ပုတီးစိပ်ပါ။
#ဗုဒ္ဓဟူး/ရာဟု
ကာလရှည်ကြာ ကြပ်တည်းနေတဲ့ကိစ္စတွေမှာတော့ ပြေလည်မှုုတွေရလာတတ်ပါတယ်။ ကျန်းမာရေး အညံ့ အဆိုး တွေ ရှိရင် အညံ့ကနေလွတ်သွားနိုင်ပါတယ်။ ငွေကြေးပိုင်းဆိုင်ရာမှာတော့ အစုစပ်၊စပ်တူရှယ်ယာအလုပ် တွေက အထူးအဆင်ပြေနေနိုင်ပါတယ်။ငွေကြေးနဲ့ ကျန်းမာရေးမှာ အားနည်းချက် ရှိနေ တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ နဂိုအခံ ရှိသူတွေ ပိုပြီးတော့ သတိပြုပါ။ မိုးရွာထဲအသွားအလာ ဆင်ခြင်ပါ။လူငယ်တွေ အချစ်ရေးကိစ္စ အဆင် ပြေမယ်။စောင့်ဆိုင်းနေရတဲ့ အလုပ် တွေ ပြန်စနိုင်မယ်။ အဆက်အသွယ်တွေ ပြန်ရ မယ်။ အလုပ်တွေ ခါတိုင်းထက် သွက်လက် မြန်ဆန်လာမယ်။ အလုပ်အကိုင်ကတော့ အဆက်အသွယ်တွေနဲ့ ချိတ်ဆက်နိုင် မယ်။ လုပ်ငန်းအကြံ အစည်များတိုးတက်အောင်မြင်နေမည်။လုပ်ငန်းများတိုးချဲ့ လုပ်ကိုင် ရတတ်သည်။ ဆွေမျိုးများ နှင့် တရားတဘောင် ရင်ဆိုင်ရတတ်သည်။ သို့သော်ရန် အပေါင်းကို အောင်မြင်နိုင်သည်။အစုစပ်လုပ်ငန်းများရှောင်ပါ။ အကြောင်းမဲ့ ခရီးယာယီများနေတတ်သည်။ခရီးကြောင့်ငွေကုန်လူပန်းပြီးကျန်းမာရေး၊ စီးပွားရေးထိခိုက်လာတတ် သည်ကိုသတိပြု ပါ။ အလုပ်၊အကြံအစည် ရည်ရွယ်ချက်တွေပါ အောင်မြင်မယ်။ လုပ်ရဲ ကိုင်ရဲရှိရင် ပိုအဆင်ပြေမယ်။ လူအများနဲ့ ဆက်ဆံရာမှာတော့ သတိပြုရမယ်။ ငွေဝင် သလောက် အဖတ်မတင် ဖြစ်မယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက် ကြောင့်စိတ်ချမ်းသာရမယ်။ အရက်ကြိုက် သူများဒီတစ်ပတ်လျှော့သောက်ပါ။ မလျှော့ပါက အစာ အိမ် ဒုက္ခပေးပါလိမ့် မယ်။ပညာရေးတိုး တက် ကောင်းမွန်နေ မည်။ပညာရေးအတွက် စတင်ရင်းနှီးမြုပ်နှံလို့ကောင်းတဲ့ ကာလပဲဖြစ်ပါတယ်။
အကျိုးပေးဂဏန်း---၅/၇/၀
အထူးဟော---ကံအသင့်အတင့်ကောင်းပါတယ်။
ယတြာ--ပြောင်းဖူးကြော်ပြီးဘုရားကပ်ပါ။
#ကြာသပတေး
လုပ်ငန်းသစ်စချင်သူများ ဒီကာလမှာအထူးအလေးပေး ဆောင် ရွက် လို့ကောင်းပါတယ်။ အလှအပ နှင့်ဆိုင်သောပစ္စည်းများလက်ဆောင်ရတတ်ပါတယ်။အခြေအနေအားလုံးက ကိုယ့်စိတ်တိုင်းကျပုံစံကို ပြောင်းလာ မယ်။ အလုပ်တွေ ကောင်းသလို ရည်မှန်းချက်တွေ လည်း ဖြစ်မြောက်လာမယ်။ ငွေကြေးကံ အတော်သင့် ကောင်းမယ်။ နှလုံးသားရေးမှာ အဆင် မပြေတာတွေ ပြေလည် မှုရရှိလာမယ်။အဆက်ဟောင်းတွေနဲ့ ပြန်အဆင်ပြေခြင်းကြုံ ရမယ်။ အလုပ်ကိစ္စရော အချစ်ရေး နဲ့ အိမ်ထောင်ရေးမှာပါ စိတ်ချမ်းသာမှု အများဆုံး ရမယ့်အချိန် ဖြစ်တယ်။ ငွေကြေး ကိစ္စ တွေမှာတော့ သတိ ထားရမယ်။ အပေးအယူ မှား တတ်တယ်။ အချေးအငှားတွေ ရှောင်ကျဉ် ရမယ်။ သူများကိစ္စ ကြားဝင်မိရင် ပိုဆိုးမယ်။ ကျန်းမာရေး အညံ့ မရှိ။ သို့ သော် ဝမ်းဗိုက်နဲ့ ပတ်သက်လို့ ကျန်းမာရေး အညံ့ ရှိနိုင်တယ်။ သတိထားပါ။ ငွေကြေး ကိစ္စတွေမှာ ကိုယ်တိုင် ဆုံးဖြတ် ပါ။ သူတပါးကို ကြားဝင် လုပ်ခိုင်းရင် ဆုံးရှုံးလိမ့်မယ်။ အလုပ်အခက်အခဲတွေ ပြေ လည်မယ်။ ဝင်ငွေလမ်းကြောင်းသစ်တွေ ပေါ်လာမယ်။ အလုပ်၊ နေရာ ဌာန အပြောင်း အလဲ ပေါ်တတ်တယ်။ ပြောင်းဖြစ် ရင်လည်း ကောင်း လိမ့်မယ်။ ဘာလုပ် လုပ် အကြီးအကဲ၊ ဆရာသမားတွေနဲ့ တိုင်ပင် ပြီးမှ လုပ်ပါ။ သူတို့ ရဲ့ အကြံဉာဏ် နဲ့ဆို လုပ်ငန်း၊ စီးပွားကိစ္စ တွေမှာ အောင်မြင်မှု အထိုက်အလျောက် ရလာ လိမ့်မယ်။
အကျိုးပေးဂဏန်း---၆/၃/၇
အထူးဟော---စီးပွားကံအားကောင်းမည်
ယတြာ--မနက်စောစောတရားခွေဖွင့်ခြင်း၊တရားနာယူခြင်းဖြင့်ကုသိုလ်ယူပါ
#သောကြာ
ဒီတစ်ပတ်ထဲမှာ လုပ်စရာအလုပ်တွေ၊ပြုလုပ်ရမဲ့ လူမှုရေးကိစ္စတွေအထထူးများပြားတတ်ပါတယ်။ မိဘတွေရဲ့ ကျန်းမာရေးနဲ့ ဂရုစိုက်ရတတ်ပါတယ်။ မလိုအပ်သေးရင် အလုပ်ခရီးမသွားတာမျိုးက ပိုကောင်းပါတယ်။ အများအပြား ဝင်လာတတ်တာကတော့ အောက်လက်ငယ်သားတွေရဲ့ ပြဿနာတွေပါ။ သူတို့တွေရဲ့ပြဿနာတွေကို ကိုယ်ကဒိုင်ခံဖြေ ရှင်းပေးနေရတတ်ပါယ်။ ငွေကြေးအကုန်အကျများနေနိုင်ပေမဲ့ ဝင်ငွေကတော့ ရပ်တန့်မှာမဟုတ်ပါဘူး။ အိုးအိမ်ကိစ္စ များ၊ ခရီးကိစ္စများ၊ ရေနဲ့ဆက်စပ်သော ကိစ္စများ အဆင်မပြေဖြစ်တတ်ပါတယ်။အနောက်အရပ်မှနေသူများနှင့် ပူးပေါင်း ၍ လုပ်သောလုပ်ငန်း တို့မှ ကောင်းသောအကျိုး ဆက်များ ပေါ်ထွန်းရရှိပေမည်။ တနင်္လာနေ့၊ ကြာသပတေးနေ့ မွေးသူများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရ မည်။ ၄င်းတို့၏ ပြဿနာများ မိမိ ဖြေရှင်းရခြင်းကြုံမည်။ ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ ချရမဲ့ဘဝလမ်းသစ် စတင်ရတတ် တယ်။ ငွေကြေးနဲ့အလုပ်က ပြဿနာတွေကို ဖြေရှင်း နိုင်မယ်။ မေတ္တာရေး မှာ ကံကောင်းလာမယ်။ နေရာဌာနရွှေ့ပြောင်းရ ကိန်း ရှိတယ်။ ကာလရှည်ကြာအလုပ်တွေ လက်စ သတ်မယ်။ မျက်စိကို ဂရုစိုက်ရမယ်။ နေရထိုင်ရတာ စိတ်ထဲ စိုးရိမ်မှုတွေ ဖြစ်နေမယ်။ ဒါပေမယ့် တကယ်တမ်းမှာ အခြေအနေ မဆိုးဘဲ ကျန်းမာ ချမ်းသာမယ်။ အကြီးအကဲတွေအစိုးရပိုင်းတွေနဲ့ ဆက်ဆံရင် ကိုယ့်ဘက်က သတိပြုရ မယ်။ အထင်အမြင် လွဲခံ ရတတ်တယ်။ လူငယ်တွေအလုပ်သစ်ရတတ်တယ်။ဒီအပတ်ထဲ အိမ်တွင်းနဲ့ မိသားစုအတွက် စိတ်သောက များ ရှိနေတတ်ပြီးဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်တတ်တယ်။
အကျိုးပေးဂဏန်း---၅/၄/၆
အထူးဟော---အရာရာရှေ့တိုးလုပ်လို့မကောင်းသေးပါ။
ယတြာ လက်ဖက်ရည်နှင့်ကိတ်မုန့် ဘုရားကပ်ပါ။
#စနေ
ဒီအပတ်ထဲမှာ ကျန်းမာရေးကလွဲလို့ ကျန်တာတွေ အညံ့အရမ်းကြီး မထင်ရှားပါဘူး။ နေရာထိုင်ခင်းအပြောင်း အလဲတွေဖြစ်တတ်ပါတယ်။ အလှုပ်အရှားအသွားအလာများတဲ့ကာလလဲဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ အဝင်များနေတတ်ပေမဲ့ သားသမီးအတွက်ဖြစ်စေ၊မိဘအတွက်ဖြစ်စေ ငွေပြန်ထွက်နိုင်ပါတယ်။ အလုပ်နားနေသူဖြစ် ရင်တောင် မိသားစုအလုပ်တွေ၊ သူငယ်ချင်းတွေရဲ့အလုပ်တွေ ဝိုင်းလုပ်ပေးနေရတတ်ပါတယ်။နှလုံးသားရေးမှာ တကျက် ကျက်နဲ့ စကားများနေပေမဲ့ အဆိုး ကြီးတော့ မတွေ့ရဘူး။အိမ်ထောင်ရေးသာယာမှု ပျော်ရွှင်မှုတွေရှိနေနိုင် ပါတယ်။ဒီတစ်ပတ်အတွင်း အလုပ်များ၊တာဝန်များနေတတ်ပါတယ်။ နေပူလိုက်မိုးရွာလိုက် ဖြစ်နေတာကြောင့် ခေါင်းကိုက် ခြင်း၊ခေါင်းမူး ခြင်းအလွန်ဖြစ်တတ်ပါတယ်။ ကျန်းမာရေးဂရုစိုက်ပေးပါ။ ဒီကာလ အတွင်း အလုပ်တွင်း ငြိမ်းချမ်းမှုပျောက်ဆုံးနေတတ်ပါတယ်။ ပူပူလောင်လောင်နဲ့ငွေရှာရတတ်ပါတယ်။ အသက် အရွယ်ကြီးရင့်သူများ အနည်းငယ် အနေအထိုင်ဂရုစိုက်ပါ။ကျန်းမာရေးအားနည်းသွားတတ်လို့ပါ။ ငွေကြေး နဲ့ ပတ်သက်ပြီးရှာဖွေရတာ အနည်းငယ်စိတ်ရှည်ဖို့လိုပါတယ်။ ဒီကာလမှာရင်းနှီးမြုပ်နှံမှုတွေစတင်မယ်ဆို သတိထား လုပ်ဖို့ တိုက်တွန်းပါရစေ။ အိမ်ပြင်ခြင်းများဆောင်ရွက်မယ်ဆို စိတ်ချရတဲ့သူတွေဆီမှသာ အလုပ်အပ်ပါ။ ကြုံတဲ့ သူခိုင်းရင်ကပျက်ကချော် လုပ်ကိုင်သွားရတတ်ပါတယ်။
အကျိုးပေးဂဏန်း…၁/၆/၀
အထူးဟော--ခန္ဓာကိုယ်တွင်းအပူအားကြီးနေမည်။
ယတြာ---သောက်တော်ရေနေ့စဉ်ဘုရားကပ်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
0977 5555 695
09 44 5555 695