ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း မြစ်ကြီးနား စီတာပူ

  • Home
  • Myanmar
  • Myitkyin
  • ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း မြစ်ကြီးနား စီတာပူ

ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း   မြစ်ကြီးနား  စီတာပူ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေး

18/04/2026

ဆေးခန်းအကူဝန်ထမ်း ထပ်မံ အလိုရှိသည်

အသက် ၂၀ နှင့် ၄၀ ကြား
အရည်အချင်း ...... အထက်တန်းအောင်
လစ်လပ်သောနေရာ ...... ဆေးခန်းအကူ

အခြေခံလစာ ......... ၃ သိန်း +++++

လျှောက်ထားလိုသူသည် ( ၂၀ .၄.၂၆ )နေ့ နောက်ဆုံးထား၍ ဆေးခန်းတွင် လာ၍ လျှောက်ထားနိုင်သည်

Messenger မှ လျှောက်ထားခြင်းများ လက်မခံပါ
ထူးစေတနာမွန်ဆေးခန်း
စီတာပူ

11/04/2026

ထူးစေတနာမွန်ဆေးခန်းအား
သကြံန်​တွင်း ပိတ်ပါမည်
၂၀ . ၄ . ၂၀၂၆ ရက်နေ့မှ ပြန်ဖွင့်ပါမည်
ခွေးရူး သားအိမ်ခေါင်းကင်ဆာ တုတ်ကွေး Bပိုး
ကာကွယ်ဆေးထိုးရမည့် ရက်ချိန်းလူနာများ
အေးမြသာယာ ရွှေလမ်းမ Htoo Family တည်းခိုခန်းဘေးအိမ် တွင် မနက် ၈ ခွဲမှ ၉ ခွဲ အတွင်း လာထိုးနိုင်သည်

05/04/2026

🔰🔰🔰 နှစ်စဥ်နှစ်တိုင်း ရာသီတုတ်ကွေးကာကွယ်ဆေးထိုးပေးနေကြဖြစ်သော မိတ်ဟောင်း မိတ်သစ်များခဗျာ

🔰🔰🔰စီတာပူရပ်ကွက်ရှိ ထူးစေတနာမွန်ဆေးခန်း၌ ရာသီတုတ်ကွေးကာကွယ်ဆေး ရောက်ရှိပြီဖြစ်သောကြောင့် ဆေးခန်းဖွင့်ချိန် လာ၍ ထိုးနိုင်ကြပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်

ထူးစေတနာမွန်ဆေးခန်း
စီတာပူ
၀၉၈၈၂၈၈၄၁၃၆
၀၉၈၈၂၈၈၄၁၃၇

https://www.facebook.com/share/p/15hbqo4pnjT/
31/01/2026

https://www.facebook.com/share/p/15hbqo4pnjT/

Liver enzymesတွေကို ညီငယ်ညီမငယ်တို့ Clinicalနဲ့ Basicတွဲမြင်နိုင်စေဖို့ sharingလုပ်ပါတယ်…

📌Liver enzymesတွေထဲမှာ ALT,AST,ALP,GGT (၄)မျိုးကို အဓိကထားစစ်ပါတယ်…

📌ALT(Alanine Aminotransferase)
ALTက Hepatocyte cytosolမှာရှိပါတယ်…Alanine to pyruvate & vice versa ပြောင်းတဲ့အလုပ်လုပ်ပါတယ်…Liver injuryအတွက် most specificပြောပါဆိုရင် သူပဲဖြစ်ပါလိမ့်မယ်…

📌AST(Aspartate Aminotransferase)
ASTက liverရဲ့ cytosolအပြင် mitochondriaမှာပါရှိပါတယ်…နောက်ပြီး liverမှာ specificallyမနေပါဘူး…Heart,Muscle,Kidney,Brain,RBCတွေမှာလဲ ဒီenzymeကိုထုတ်ပါတယ်…Alcoholicတွေမှာ hepatocyte mitochondria injuryရတာမလို့ mitachondriaရော cytosolထဲကရော AST leakဖြစ်ကြတယ်…အဲ့အပြင်ကိုမှ Muscle injuryကလဲ ASTအနည်းငယ်လေးထွက်သေးတော့ Alcoholicမှာ ASTက ALTထက်ပိုများလေ့ရှိတယ်…

📌ALP(Alkaline Phosphatase)
ALPက Parenchymaမှာထက် Bilitary treeမှာနေတယ်ပြောရင်ပိုမှန်ပါမယ်…Bile ductတွေရဲ့membrane,Osteoblast,Placentaနဲ့တခြားintestineတွေမှာ membrane-bound form နဲ့ရှိပြီး phosphate groupဖြုတ်တဲ့အလုပ်လုပ်ပါတယ်…Bile flowမကောင်းရင် hepatocyteမှာ ALP synthesisများပါတယ်…

📌GGT(Gamma-glutamyl transferase)
GGTက hepatocyteနဲ့ bile duct epitheliumမှာ membrane-bound formအနေနဲ့ရှိပါတယ်…Kidney,Pancreas,Small intestinesမှာလဲရှိပါတယ်…Drugsတွေ Alcoholတွေနဲ့ အလွယ်တကူ inducedရလွယ်တဲ့ enzymeတမျိုးလဲဖြစ်ပါတယ်…ALPနည်းတူ bile obstructionဖြစ်ရင် hepatocyteမှာ GGT synthesisကိုများစေတယ်…

_______________________________________________

❇️Interpretတာကြည့်ရအောင်…

✔️ALT,ASTတက်ရင် hepatocellular injury…
✔️ALT>ASTဆိုရင် viral,ischemic,drugsတွေကြောင့်ဖြစ်နိုင်…
✔️AST>ALTဆိုရင် ALDဖြစ်နိုင်…
✔️ASTတခုတည်းတက်နေရင် Muscle injuryတွေ Haemolysisတွေဖြစ်နိုင်…
✔️ALPတက် GGTတက်ရင် biliary obstructionဖြစ်နိုင်…
✔️ALPတက် GGTမတက်ရင် Bone diseaseတွေ တခြားsourceတွေက လာတာဖြစ်နိုင်…
✔️ALPမတက် GGTပဲတက်နေရင် Drug inducedဖြစ်နိုင်…

_______________________________________________

❇️Practically important points…

🔥Alcoholicမှာတက်တဲ့ ASTက 300IU/Lကျော်ခဲတယ်လို့ဖတ်ဖူးတယ်…
🔥ALT,ASTထောင်ကျော်တက်နေရင် Ischemia,Acute HAV/HBV,Toxinတွေကိုစဉ်းစားပါလို့ အသင်ခံခဲ့ရဖူးတယ်…
🔥လက်တွေ့မှာ Hepatocyteနဲ့ Cholestasisပုံစံက သီးခြားမလာပဲ ရောပြီးလာတာများတယ်…အပေါ်မှာရေးပြထားတဲ့ interpretationတွေက လက်တွေ့မှာအသုံးချတဲ့အခါကျ သိကိုသိထားရမယ့် basic knowledgeတွေမလို့ အရေးတော့ကြီးတယ်…
🔥Drugsထဲမှာတောင် Hepatocyte injuryရစေတဲ့ဆေးက Stasis patternဘက်ကို ပိုယိုင်တာမျိုးတွေလဲတွေ့ဖူးတယ်…ပြောင်းပြန် Stasisရစေတဲ့ဆေးတွေက hepatocyte injury patternနဲ့လာတာတွေလဲတွေ့ဖူးတယ်…

Path to Practice
31.1.2026

29/11/2025

Check out Cherry’s video.

22/11/2025

175 likes, 9 comments. “Dr Cherry #ထူးစေတနာမွန်ဆေးခန်း (မြစ်ကြီးနား ) မက်ကလောင် ချစ်တတ်သူများ အတွက်”

04/11/2025

4.11.25 မှ 7.11.25 အထိ
ဆရာဝန် ခရီးထွက်နေ၍ ဆေးခန်း ၄ ရက် ပိတ်ပါသည် ဗျာ

25/09/2025

နှလုံးသွေးကြော ကျဉ်းတဲ့ လူနာတွေမှာ atorvastatin တို့၊ Rosuvastatin တို့လို သွေးတွင်းအဆီကျဆေး ( lipid lowering drugs)တွေ၊ aspirin, clopidogrel တို့လို သွေးကျဲဆေး ( anti platelets) တွေဟာ တစ်သက်လုံး စွဲသောက်ရမယ့်ဆေးတွေ ဖြစ်ပါတယ်။

အချို့ဆေးတွေက ဖြစ်နေတဲ့ ဝေဒနာကို သက်သာစေတဲ့ဆေးတွေပါ။ ဥပမာ -ဖျားနေတယ်။ ပါရာစီတမောသောက်တယ်။ အဖျားကျသွားတယ်။ ကိုက်နေခဲနေတာတွေပါ ကောင်းသွားတယ်။အဖျားပျောက်ရင် ဆေးရပ်လို့ရပါတယ်။နောက်တစ်ခါ မဖျားအောင် ပါရာစီတမော တောက်လျှောက်သောက်နေစရာမလိုပါဘူး။ ဖျားမှ သောက်ရတာပါ။ နောက်ဥပမာဆိုရင် နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်တယ်။ nitrol တစ်ပြား လျှာအောက်ငုံလိုက်တယ်။ ချက်ချင်းသက်သာသွားတယ်။ အဲ့ဒီလိုဆေးတွေက ဝေဒနာကို ချက်ချင်းလက်ငင်းသက်သာစေတဲ့ဆေးတွေပါ။ ဝေဒနာဖြစ်မှ လိုပါတယ်။

အချို့ဆေးတွေက ဝေဒနာ လက်ငင်းသက်သာစေတာမဟုတ်ပါဘူး။ ဒါပေမယ့် နောင်တချိန်မှာ ကျိန်းသေပေါက်ဖြစ်လာမယ့် အန္တရာယ်ဆိုးတစ်ခုကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေက အဲ့ဒီလို ဆေးမျိုးတွေပါ။ ပြောချင်တာက
- ဒီဆေးတွေသောက်လို့ မိတ်ဆွေတို့ နေရထိုင်ရတာ ပေါ့သွားတာ၊ ထူးပြီးကောင်းလာတာ ရှိချင်မှရှိပါလိမ့်မယ်။ ရင်ဘတ်အောင့်တာလည်း သက်သာချင်မှ သက်သာပါလိမ့်မယ်။
- ဒါပေမယ့် နောင် ၄၊၅၊၁၀ နှစ်မှာ ဒီဆေးတွေ သေချာသောက်မနေတဲ့ ၊ မိတ်ဆွေနဲ့ ကျန်းမာရေးအခြေအနေတူအခြားလူတွေ နှလုံးသွေးကြောပိတ်ပြီးဆေးရုံတက်နေရချိန်မှာ မိတ်ဆွေ နှလုံးသွေးကြောမပိတ်သေးဘူး။ (နှလုံးသွေးကြောကျဉ်းတာနဲ့၊ ပိတ်တာနဲ့ အန္တရာယ်
- ချင်း အပုံကြီးကွာပါတယ်)
- နောင် ၄၊၅၊၁၀ နှစ်မှာ မိတ်ဆွေနဲ့ ကျန်းမာရေးအခြေအနေတူ အခြားလူတွေ လေဖြန်း၊ လေဖြတ်ပြီး ဒုက္ခရောက်ချိန်မှာ မိတ်ဆွေက လေမဖြန်း၊ လေမဖြတ်သေးဘူး။
ဒီလောက်ဆို နှလုံးသွေးကြောကျဉ်းတဲ့ လူနာတွေမှာ သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေဟာ တစ်သက်လုံးသောက်ရမယ်ဆိုတာ သိလောက်ပါပြီ။

အားလုံးကို ကျေးဇူးတင်ပါတယ်
ခင်ဗျား

ဒေါက်တာစိုးထက်အောင်
M.B..B.S( YGN)
MRCP( UK)

အောက်ပါဖုန်းနံပါတ်ပိုင်ရှင်က  သူ့ကိုယ်သူ  ထူးစေတနာမွန်ဆေးခန်းက  ဒေါက်တာချယ်ရီလို့   ပြောပြီး    Viber ကနေ    အမျိုးသမီးလ...
04/09/2025

အောက်ပါဖုန်းနံပါတ်ပိုင်ရှင်က သူ့ကိုယ်သူ ထူးစေတနာမွန်ဆေးခန်းက ဒေါက်တာချယ်ရီလို့ ပြောပြီး Viber ကနေ အမျိုးသမီးလေးများအား ရင်သားကြီးဆေးရောင်းမည်ဆိုပြီး ရင်သားပုံတွေပို့ခိုင်းခြင်း ခြိမ်းခြောက်ငွေတောင်းခံခြင်းများပြုလုပ်နေပါတယ်

ဒီလူလိမ်အား အရေးယူနိုင်သူရှိလျှင်ယူပေးကြပါ

ဒီနံပါတ်က လူလိမ်ပါ ဒေါက်တာချယ်ရီအစစ် မဟုတ်ပါဘူးနော်

ဒေါက်တာချယ်ရီအစစ်က လိုင်းပေါ်မှာ ဘာဆေးမှ မရောင်းပါဘူးနော် သူ့ဆေးခန်းနဲ့ သူ့လူနာတွေနဲ့ တင် အချိန်မလောက်လွန်းလို့ ထမင်းစားချိန်တောင် အလောပါ
မအားပါဘူးဆိုမှ ဒီလူလိမ်ပြသနာတွေက တမှောင့်​ရှင်းနေရပြန်တယ်

04/08/2025

ကြေငြာပါရစေ
ခွေးရူးကာကွယ်ဆေးဖိုး ထောက်ပံ့ရသည့်ဦးရေ များပြားလာခြင်းကြောင့်
ခွေးရူးကာကွယ်ဆေးဖိုး ထောက်ပံ့ပေးခြင်းအစီအစဥ်ကို ထောက်ပံ့ပေးနေသောအဖွဲ့အစည်းမှ ဆေးရုံတက်ရလောက်အောင် ပြင်းထန်သော ခွေးကိုက်ဒဏ်ရာများအတွက်သာ ထောက်ပံ့ပေးတော့မည်ဖြစ်ကြောင်း နက်ဖြန်မှစ၍ ဒဏ်ရာမပြင်းထန်သောသူများအား ထောက်ပံ့သည့်အစီအစဥ်အား ခဏရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်

4.8.25

Address

စီတာပူ တက္ကသိုလ်လမ်းမကြီးပေါ် တက္ကသိုလ်ဂိတ်ပေါက်အနီး
Myitkyin

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00

Telephone

+959882884136

Website

Alerts

Be the first to know and let us send you an email when ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း မြစ်ကြီးနား စီတာပူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထူးစေတနာမွန် အထွေထွေရောဂါကုဆေးခန်း မြစ်ကြီးနား စီတာပူ:

Share