Myat Mon 5 Show Room Pharmacy

Myat Mon 5 Show Room Pharmacy အင်္ဂလိပ်ဆေး၊ မြန်မာဆေး၊ ကချင်ဆေး၊ ဆေးရုံသုံးပစ္စည်းများလက်လီ/လက်ကား ရောင်းဝယ်ရေး

သင့်အတွက်စစ်မှန်သောဆေးပစ္စည်း၊အသက်သာဆုံးသောဈေးနှုန်း၊ကောင်းမွန်သော၀န်ဆောင်မှုနှင့်အတူ

အပူရှိန်ပြင်းထန်ချိန်မှာ Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ဘယ်လိုကာကွယ်မလဲ?အခုတလော မြန်မာနိုင်ငံရဲ့ အပူချိန်က အရမ်း...
03/04/2026

အပူရှိန်ပြင်းထန်ချိန်မှာ Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ဘယ်လိုကာကွယ်မလဲ?

အခုတလော မြန်မာနိုင်ငံရဲ့ အပူချိန်က အရမ်း မြင့်မားနေပါတယ်။ ဒီလိုအချိန်မှာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ Heat Stroke (အပူလျှပ်ခြင်း) ရုတ်တရက် ဖြစ်ပွားနိုင်ပါတယ်။
ကိုယ်အပူချိန် အရမ်းတက်လာပြီး သတိလစ်တာ၊ ကောင်ကောင်မသိတော့တာမျိုး ဖြစ်လာရင် အချိန်မဆွဲဘဲ အောက်ပါအတိုင်း အရေးပေါ် ကူညီပေးရပါမယ် -
✅ အရိပ်ထဲရွှေ့ပါ: လူနာကို အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာကို အမြန်ဆုံး ပို့ဆောင်ပါ။
✅ အပူချပေးပါ: အဝတ်အစား ကြပ်ကြပ်တွေကို ဖြေလျော့ပြီး ရေအေးဆွတ်ထားတဲ့ တဘက်နဲ့ တစ်ကိုယ်လုံးကို ပတ်ပေးပါ။
✅ ရေခဲကပ်ပါ: ချိုင်းကြား၊ ပေါင်ကြားနဲ့ လည်ပင်းတစ်ဝိုက်ကို ရေခဲအိတ် (သို့) ရေအေးပုလင်း ကပ်ပေးခြင်းက အပူချိန်ကို မြန်မြန်ကျစေပါတယ်။
🚫 သတိပြုရန်: လူနာ သတိမရပါက ရေ (လုံးဝ) အတင်းမတိုက်ပါနဲ့။
အပူရှပ် (Heat Stroke) ဖြစ်လို့ လဲကျသွားတဲ့သူကို ပြာယာခတ်ပြီး ရေအတင်းတိုက်မိရင် အဆုတ်ထဲ ရေဝင်ပြီး အသက်ရှူရပ်သွားနိုင်ပါတယ်။

🏥အထက်ပါ ရှေးဦးသူနာပြုစုနည်းတွေ လုပ်ဆောင်ရင်းနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပို့ဆောင်ပါ။ အချိန်မီ ကုသမှုခံယူဖို့က အသက်ကယ်ဖို့အတွက် အရေးကြီးဆုံးပါပဲ။

ဒီဗဟုသုတက တစ်ယောက်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်။ အခုပဲ Share ပြီး ကယ်တင်နိုင်ပါတယ်။ အခုပဲ Share ပြီး သင့်ချစ်ခင်ရသူတွေကို သတိပေးလိုက်ပါ။ ✨

01/04/2026

မဂ်လာအ​ပေါင်းနှင့်ပြည့်စုံ​သောနှစ်သစ်​လေးဖြစ်နိုင်ကြပါ​စေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့သူမြို့သားများ🙏🙏🙏

✍️✍️✍️ကချင်ပြည်နယ် မြစ်ကြီးနားမြို့​နေလူထုကျန်းမာ​ရေးအတွက်အားထားရာ ပစ္စည်းမှန်၊ ​စျေးနှုန်းမှန်💊《မြတ်မွန်​ဆေးနှင့်​ဆေးပစ...
03/12/2025

✍️✍️✍️ကချင်ပြည်နယ် မြစ်ကြီးနားမြို့​နေလူထုကျန်းမာ​ရေးအတွက်အားထားရာ ပစ္စည်းမှန်၊ ​စျေးနှုန်းမှန်💊《မြတ်မွန်​ဆေးနှင့်​ဆေးပစ္စည်းအ​ရောင်းဆိုင်ခွဲအသစ် 》💊ကိုတိုးချဲ့ဖွင့်လှစ်မည်ဖြစ်​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည်။
ဆိုင်အသစ်ဖွင့်ပွဲ အမှတ်တရအဖြစ် ဆိုင်ဖွင့်သည့်ရက်🙏🙏🙏《5.12.2025》🙏🙏🙏တွင် မည်သည့်ပစ္စည်းမဆို၀ယ်ယူပါက အမှတ်တရလက်​ဆောင်နှင့်အတူ ၅၀၀၀၀ကျပ်ဖိုးအထက်ဝယ်ယူသူတိုင်အတွက် Lucky Draw အစီစဥ်များ​ပြုလုပ်သွားမည်ဖြစ်​ကြောင်း​လေးစားစွာဖြင့်အသိ​ပေးအပ်ပါသည်။

ဆိုင်ခွဲအသစ်တည်​နေရာ👇
မြတ်မွန်​ဆေးနှင့်​ဆေးပစ္စည်းအ​ရောင်းဆိုင်[ရှမ်းစု]
အခန်းအမှတ် 《10》 စည်ပင်တိုက်ခန်း BOC ဆီဆိုင်အ​ရှေ့
09-2057181 / 09-675935100

31/10/2025

Atrovastatin အ​ကြောင်း

06/10/2025

မြတ်မွန်မိသားစုမှ ကျေးဇူးရှင် စျေး၀ယ်ကြီးများ ဆရာ၀န်ကြီးများ ဆရာမကြီးများကို ဂါရ၀ပြုလျက်🙏🙏🙏 သီတင်းကျွတ်ဆုမွန်ကောင်း

04/10/2025

ပစ္စည်မှန် စျေးနှုန်းမှန် မြတ်မွန်ဆေးဆိုင် အာမခံ

ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။ကားတစီးမှာ စက်တခုခု ချို့ယွင်းလာ...
16/09/2025

ဘယ်ဘက် လက်မောင်းနာတာ နှလုံးမှာ ပြသနာရှိနေလို့လား။

လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင်
ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

#ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

#နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

#လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

#ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

#ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

#ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

#အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ
အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်
အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

#‌ခြေထောက်တဘက်တည်းနာတယ်
#တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

ညဘက် ခြေသလုံးကြွက်တက်ခြင်း============================ညဘက်အိပ်နေရင်း ခြေသလုံးကြွက်တတ်တာ ခံစားဖူးကြမှာပါ။ ရုတ်တရက် ကြွက်သ...
22/08/2025

ညဘက် ခြေသလုံးကြွက်တက်ခြင်း
============================

ညဘက်အိပ်နေရင်း ခြေသလုံးကြွက်တတ်တာ ခံစားဖူးကြမှာပါ။ ရုတ်တရက် ကြွက်သားတွေ တောင့်တင်းပြီး နာကျင် ကိုက်ခဲတဲ့ဒဏ်က အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုကာကွယ်ကုသနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

ဘာကြောင့် ညဘက်ခြေသလုံးကြွက်တတ်သလဲ?
=====================================

၁။ #ရေဓာတ်ခမ်းခြောက်ခြင်း

ခန္ဓာကိုယ်မှာ ရေနဲ့ electrolyte (ဆား၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်) ဓာတ်တွေ နည်းသွားရင် ကြွက်တတ်နိုင်ပါတယ်။

၂။ #အာဟာရဓာတ်ချို့တဲ့ခြင်း

မဂ္ဂနီစီယမ် (အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အခွံမာသီး)

ပိုတက်ဆီယမ် (ငှက်ပျောသီး၊ အာလူး)

ကယ်လ်စီယမ် (နို့ထွက်ပစ္စည်း)

ဆိုဒီယမ် (ဆား) တို့ လိုအပ်ပါက ကြွက်တက်တတ်ပါတယ်။

၃။ #သွေးလည်ပတ်မှုမကောင်းခြင်း

ထိုင်တာ၊ ရပ်တာကြာရင် ကြွက်သားတွေဆီ သွေးစီးဆင်းမှုနည်းပြီး ကြွက်တတ်နိုင်ပါတယ်။

၄။ #ကြွက်သား အလွန်အမင်းညောင်းညာခြင်း

လေ့ကျင့်ခန်းအပြင်းအထန်လုပ်ပြီးရင် ညဘက်ကြွက်တတ်တတ်ပါတယ်။

၅။ #ဆေးဝါးဘေးထွက်ဆိုးကျိုး

ဆီးဆေး (diuretics)၊ ကိုလက်စထရောကျဆေး (statins) တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၆။ #ကိုယ်ဝန်ဆောင်ခြင်း

ဟော်မုန်းပြောင်းလဲမှုနဲ့ သွေးလည်ပတ်မှုပုံမှန်မဟုတ်တာကြောင့် ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များပါတယ်။

၇။ #အာရုံကြောဖိမိခြင်း

ခါးရိုးဆစ်ကျဉ်းတဲ့သူတွေမှာ အာရုံကြောဖိမိတာကြောင့် ခြေထောက်ကြွက်တတ်ပါတယ်။

၈။ #နာတာရှည်ရောဂါများ

ဆီးချို၊ အသည်းရောဂါ၊ သိုင်းရွိုက်ပြဿနာတွေကလည်း တစ်ခါတလေ အကြောင်းရင်းဖြစ်နိုင်ပါတယ်။

သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုကုသမလဲ?
=================================

၁။ #ရေဓာတ်ဖြည့်ပါ

တစ်နေ့ ရေ ၈ ခွက် အနည်းဆုံးသောက်ပါ။ အုန်းရည်၊ သံပရာရည်+ဆား စတဲ့ electrolyte ဖြည့်အရည်တွေလည်း သောက်နိုင်ပါတယ်။

၂။ #မဂ္ဂနီစီယမ်နဲ့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများ စားပေးပါ။

ငှက်ပျောသီး၊ ဟင်းနုနွယ်၊ အခွံမာသီး (ဗာဒံစေ့၊ မြေပဲ) ၊အာလူး။

၃။ #မုန်ညင်းဆီလိမ်း၍ နှိပ်နယ်ခြင်း

အိပ်ခါနီး ခြေသလုံးကြွက်သားတွေကို ဆီလူးပြီး နှိပ်နယ်ပေးပါ။

၄။ #နွေးအိတ်ကပ်ခြင်း

ကြွက်တတ်တဲ့နေရာကို ရေနွေးအိတ်ကပ်ပေးခြင်းက နာကျင်မှုသက်သာစေပါတယ်။

၅။ #အိပ်တဲ့ပုံစံပြောင်းလဲခြင်း

ခြေဖျားဆန့်ပြီး အိပ်တာထက် ဒူးအနည်းငယ်ကွေးပြီး အိပ်ခြင်းက ပိုကောင်းပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ?
==============================

👉 မကြာခဏ ကြွက်တက်ပြီးနာကျင်မှုပြင်းထန်ရင်

👉ခြေထောက်ဖောရောင်ခြင်း၊ ထုံကျင်ခြင်း ပါတွဲဖြစ်ရင်

👉 ဆီးချို၊ နှလုံးရောဂါ စတဲ့ နာတာရှည်ရောဂါရှိရင် ဆရာဝန်နဲ့ ပြသပါ။

ဒီနည်းလမ်းတွေနဲ့ ညဘက်ခြေသလုံးကြွက်တတ်တဲ့ပြဿနာ ကို သက်သာအောင် ကုသနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ပျော်ဖို့ ဒီနည်းလမ်းတွေ စမ်းကြည့်လိုက်ပါနော်! 😊

ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင်ကြပါစို့! 💚

မေတ္တာဖြင့်...
စွမ်းအားသစ် - New Power

#ကျန်းမာရေး #ညဘက်ခြေသလုံးကြွက်တတ်ခြင်း #ခြေသလုံးနာကျင်ခြင်း #ကြွက်တတ် #ကြွက်တတ်ကုနည်း

❝ ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ  ❞‎ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ‎”သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို...
09/07/2025

❝ ဝါဆိုလပြည့်နေ့အကြောင်းသိကောင်းစရာ ❞

‎ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
‎”သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို
လဝါဆို” ဟု ထူးခြားမှုကို မှတ်တမ်းတင်ထား၏။

‎( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
‎ပဋိသန္ဓေနေသောနေ့

‎( ၂ ) ဘုရားလောင်း တောထွက်
‎တော်မူသောနေ့

‎( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
‎စတင်ဟောတော်မူသောနေ့

‎( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ‎ပြတော်မူသောနေ့

‎( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

‎( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

‎( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

‎( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
‎ကူးပြောင်းခွင့်ကြုံသောနေ့

‎( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
‎စတင်ကြားရသောနေ့

‎ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
‎~~~~~~~~~~~~~~~~~~~~~

‎ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂီ ၅ ဦးတို့ ‎စွန့်ခွာထွက်သွားပြီးသည်နောက် တကိုယ်တည်း ‎တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုည‎ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ‎ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်‎မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏ ‎လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကို ‎တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

‎ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣန္ဒြိပ‎ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။ ‎ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့‎ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး ‎ဖြစ်သည်။ ထိုမှတဆင့် ဥဒကရသေ့ဆရာကို‎မြင်တော်မူလေသည်။ ဥဒကရသေ့လည်း ကွယ်‎လွန်ခဲ့ပြီဖြစ်၏။

‎ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား ‎တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။ ‎ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်။ ‎သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ။ ‎သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ‎ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့ ‎ခရီးဆက်တော်မူလေသည်။

‎အစားနည်းသောအကျင့်မှ များသောအကျင့်သို့‎ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ‎ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း‎အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့ ‎ရောက်ခဲ့ ကြလေသည်။

‎မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့မြင်ကြ၏။ ‎ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ။ သို့ရာတွင် ‎အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။ ‎ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်‎ကြည်ညိုဖွယ်ရှိရာ ပဉ္စဂ္ဂီတို့သည် မကြိုဆိုပဲ မနေနိုင်ဖြစ်ကာ ခရီးဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏။ နှုတ်ခွန်းဆက်ကြ၏။

‎အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
‎လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏။ ‎ဆည်းဆာညချမ်း ဖြစ်သည်။
‎သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။ ‎မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့် ‎ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည် ‎ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ‎ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်‎တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်‎သံ အစတည်း။

‎ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်။ ‎ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ‎ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

‎ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ‎ကြောင်းမိန့်ကြား၏။ တရားနာယူကြရန်လည်း တဆက်‎တည်းတိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့် ‎သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

‎ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို ‎ဟောကြားတော်မူလေသည်။ ထိုတရားတော်၏‎အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ‎အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ ‎တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

‎ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ ‎ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ ‎( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌ ‎အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ‎တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။ ‎ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခုရဟန်း အဖြစ်ရောက်‎ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
‎မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို ‎ဟောကြားတော်မူခဲ့သည်။ ‎ဤတွင် ငါးဦးလုံး ရဟန္တာဖြစ်တော်မူကြလေသည်။ ‎ထိုနေ့ကိုလည်း '' ရဟန္တာနေ့ '' ဟု ဗုဒ္ဓဘာသာဝင်တို့‎သတ်မှတ်ယူကြကုန်သည်။

‎ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား‎သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ့ '' ဟု ယနေ့အထိ ‎ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

‎ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

#မန္တလေးသတင်းကွန်ရက်
ပြန်လည်မျှဝေပူဇော်ပါသည်။

 #ကလေးလေးတို့ကို ဂရုစိုက်ကြပါနော် #အခုလက်ရှိ ကလေးတွေအတော်များများ ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။ ✅ဆရာ ဆောင်ရန်ရှောင်ရန...
07/07/2025

#ကလေးလေးတို့ကို ဂရုစိုက်ကြပါနော်

#အခုလက်ရှိ ကလေးတွေအတော်များများ
ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။

✅ဆရာ ဆောင်ရန်ရှောင်ရန်လေးတွေ အကျဉ်းချုံးပြောပြမယ်နော်။

- အခုတစ်ခေါက် တုပ်ကွေးပိုးက အတော်ဆိုးတယ်။
ကလေးတွေ အဖျားအရမ်းတက်တယ်။
ကလေးဖျားရင် ရေပတ်တိုက်လို့ရပါတယ်။
ပါရာစီတမော တိုက်လို့ရပါတယ်။
ပါရာစီတမော ကို ကလေးကိုယ်အလေးချိန်
တစ်ကီလိုဂရမ်ကို (၁၅)မီလီဂရမ် တိုက်ပါတယ်။
တစ်ကီလိုဂရမ်ဟာ ၂.၂ပေါင် နဲ့ညီမျှပါတယ်။
( 1kg = 2.2 lb) ဒီတော့
ဥပမာ ၁၀ကီလိုဂရမ်/ ၂၂ပေါင်
( 10kg = 22lb)ရှိတဲ့ကလေးအတွက် ပါရာစီတမော
တစ်ခါတိုက်စာ လိုအပ်ချက်ဟာ ၁၅၀ မီလီဂရမ်
ဖြစ်ပါတယ်။

✅ပါရာစီတမောကို ခြောက်နာရီခြားဖြစ်စေ၊ ရှစ်နာရီခြားဖြစ်စေ တိုက်နိုင်ပါတယ်။

- ဒီတစ်ခါ ဖျားကြရင်နှစ်ရက်လောက်တော့
ကြာကြတယ်။ ဆေးခန်းပြတဲ့အခါ ကြည့်ပေးတဲ့ဆရာက ပိုးသတ်ဆေးပေးကောင်းပေးပါလိမ့်မယ်။

✅ပေးလည်း နှစ်ရက်လောက်တော့ဖျားနိုင်တာပါပဲ။ ဒါပေမယ့် တစ်ရက်လောက် အဖျားမကျတာကို စိတ်မရှည်ဘဲ ဆေးခန်းပြောင်းပြရင်

✅ပထမဆရာပေးထားတဲ့ပိုးသတ်ဆေးက ဆေးပတ်လည်အောင်မတိုက်ရတဲ့အခါ ဆေးယဉ်သွားပြီ းနောက်တစ်ခုခုဆို တိုက်လို့အာနိသင်မရှိဖြစ်သွားတတ်ပါတယ်။

✅စိတ်ရှည်ပေးပါ၊ ရောဂါရဲ့သဘော သဘာဝကို
နားလည်ပေးပါ။ Doctor shopping တစ်ယောက်ပြီးတစ်ယောက်နဲ့ပြောင်းမပြပါနဲ့။

✅ကလေးကိုယ်ခံအားကနိုင်လာတဲ့အခါ အဖျားကျပါလိမ့်မယ်။

#အဖျားနှစ်ရက်ကျော်လာပြီဆိုရင်

(အဖျား၄၈နာရီကျော်လာရင်) သွေးလွန်တုပ်ကွေး သတိရှိပါ။

- အပူတအားကြီးရင် ရေပတ်ရွှဲနေအောင်တိုက်လို့ ရပါတယ်၊ ရေချိုးချပစ်လို့ရပါတယ်။ မကြောက်ပါနဲ့။
အပူကြီးတဲ့ကလေးကို ရေချိုးရမှာ ကြောက်ကြတယ်၊
ကလေးပိုဆိုးမှာ ကြောက်ကြတယ်ဆိုတာ
နားလည်ပါတယ်။

✅သဘောတရားက အရမ်းပူလွန်းတဲ့အခါ ကလေးတက်မှာစိုးလို့၊ မီးကို ရေနဲ့ ငြိမ်းသလို အရမ်းပူနေတဲ့ခန္ဓာကိုယ်ကို ရေချိုးပြီး အေးစေတာပါ။

✅အပူကြီးပြီးမှိန်းသွားမှာ၊တက်သွားမှာ စိုးလို့ ရေချိုးခိုင်းတာပါ။

- ရေတိုက်ပါ။ ဖျားရင် ရေပိုတိုက်ပါ။
နို့စို့ကလေးဆိုရင် အမေနို့ပိုတိုက်ပါ။
အပူတက်လေလေ ရေဓာတ်ခန်းလေလေပါပဲ။
ခန္ဓာကိုယ်မှာရေ လုံလုံလောက်လောက်ရှိမှ
ကလေး လန်းမှာပါ။ မြန်မြန်ပြန်ကျန်းမာမှာပါ။
ဓာတ်ဆားတိုက်ချင်ရင် တိုက်ပါရပါတယ်။

❌သီးစုံဓာတ်ဆား၊ အားကစားသမားဓာတ်ဆား
မတိုက်သင့်ပါ။ ❌

✅ကလေးဓာတ်ဆားဖြစ်စေ၊ အငန်ဓာတ်ဆားဖြစ်စေ၊
အငန်ဓာတ်ဆားကို အရသာရှိရုံလး flavor ထည့်ထားတဲ့ ဓာတ်ဆားဖြစ်စေတိုက်လို့ရပါတယ်။

- ဒီတစ်ခေါက်အဖျားမှာ ကလေးတွေအတော်လေး
အစားအသောက်ပျက်တယ်။ ရသလောက်လေး
သူတို့စားချင်တာလေးတွေ တည့်တာလေးတွေ
ကျွေးပေးပါ။

✅နေကောင်းပြီး သုံးလေးရက်နေရင်
ပြန်စားလာပါလိမ့်မယ်။ ဒီမတိုင်ခင်ကတော့
အစားအသောက်ပျက်မှာပါပဲ။ ကြိုးစားကျွေးပါ။

✅ဆရာထပ်မှာပါမယ်။ တစ်ရက်နဲ့အဖျားမကျလို့
စိတ်ပူပြီး ပိုးသတ်ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ်
တိုက်တာ၊ ဆေးပြင်းတွေနင်းကန်တိုက်တာ
မလုပ်ပါနဲ့။

✅ခန္ဓာကိုယ်ကပြန်ပြီးကုသမယ့်အချိန်ကိုစောင့်ပါ၊
မှိန်းလွန်းရင် ကိုယ်ပြနေကျဆရာဝန်ကို
ကိုယ်ယုံတယ်ဆိုရင် သူနဲ့ဆက်တိုင်ပင်ပြီးပြန်ပြပါ။

✅ရေများများတိုက်မယ်၊ အာဟာရရှိတာလေးတွေ
ဆက်ကျွေးမယ်။ အအေးမပတ်အောင်ထားကြမယ်နော်။

#ကျန်းမာကြပါစေ။ ဆရာဆုတောင်းပေးပါတယ်။


Dr. စိုင်းမြတ်သူ

Address

Myitkyina
01013

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+9592057181

Website

Alerts

Be the first to know and let us send you an email when Myat Mon 5 Show Room Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share