Business Queen BQ

Business Queen BQ Happy with beauty skin care, smart clothing & date time to snacks.

Humidifier လေး ဘယ်လိုသုံးနေလဲ. . . . . . . ?✅ရေ 500ml ထည့်ရတဲ့ humidifier လေးကို အိပ်ခန်းထဲထည့်ထားတယ်။ သူက မီးပလပ်ပေါက်တ...
21/05/2024

Humidifier လေး ဘယ်လိုသုံးနေလဲ. . . . . . . ?

✅ရေ 500ml ထည့်ရတဲ့ humidifier လေးကို အိပ်ခန်းထဲ
ထည့်ထားတယ်။ သူက မီးပလပ်ပေါက်တိုက်ရိုက်
သုံးရတာ။ Remote control ပါတယ်။

✅မီးက အလှည့်ကျ ပေးတော့ မီးပျက်ရင်ကျ
Power bank နဲ့သုံးလို့ရတဲ့ 220ml car humidifier လေး ဆောင်ထားတယ်။ (နေ့ခင်းကျ ကားထဲ ထည့်သုံး)

✅Humidifier ကို တခါတလေ ရေငွေ့ထွက်ဖို့ပဲသုံးသလို
ကလေးနှာပိတိတော့ ကလေးသုံးတဲ့ Umbili တို့၊ Easy
Nose တို့ အစက်ခလေး ချပြီးသုံးတယ်၊ စသုံးသုံးချင်းညမှာပဲ လူကြီးကော၊ ကလေးကော နှာပိတ်သက်သာပြီး
အိပ်ကောင်းတယ်။
🌸(တစ်ခုသိထားရမှာက ကလေးက နှာခေါင်းထဲ နှပ်အခြောက်တွေရှိနေရင်တော့ ဆက်ပိတ်နေမယ်၊
ခါတိုင်းလို အစက်ချ နှပ်စုတ် ပုံမှန်လုပ်ပေးရမယ်၊ ဒါက မေမေတွေ သိတယ်။)🌸

✅ရနံ့သင်းသင်းလေး ရနေစေဖို့ နေ့ခင်းကို Hunky House၊ essential oil Thailand made ဇီဇဝါ ရနံ့လေး သုံးပြီး ဖွင့်ထားတယ်။
🌸 (ရိုးရှင်းပါတယ် ညက လက်ကျန်ရနံ့ကို
သွန်ပြီး ရေအသစ်ထပ်ထည့်ပြီး သုံးချင်တဲ့ ရနံ့ဆီလေး
ထည့်သုံးလိုက်တာ)🌸

⛔️အိပ်တဲ့အချိန်မှာ သုံးမယ်ဆိုရင်တော့
မိမိတို့ အသက်ရှူ လမ်းကြောင်းနဲ့ ၃ပေ အကွာလောက်မှာ ထားရပါမယ်နော်⛔️

✅500ml humidifier လေးကျ ညဆို ညအိပ်မီးအနေနဲ့လည်း သုံးလို့ရတယ်နော်၊ ကာလာစုံ တစ်ရောင်ပြီး
တစ်ရောက်လင်းတယ်၊ တစ်ရောင်ပဲလိုချင်တယ်ဆို
🌸ကိုယ်ကြိုက်တဲ့ ကာလာမီးအရောင် ရောက်ရင် ခလုတ်လေး တချက်နှိပ်လိုက်။ ပြီးတော့ သူက
Remote control လေးနဲ့ဆိုတော့ အိပ်ရာထဲကနေ နှိပ်ရုံပဲ🌸

✅နောက်တစ်ချက် မိုးဦးမကျတကျ ညနေခင်း မိုးချုပ်စ
ခြင်တွေ တအားထွက်တယ်ဟုတ်၊ စပါးလင်ရနံ့ဆီနဲ့
ထည့်ပြီး ခြင်ပြေးခိုင်းပါတယ်နော်။
ဘက်စုံရ၊ စွယ်စုံသုံးပါ။

🌸ခြင်ဆေးခွေ မကြိုက်တဲ့သူတွေ ဒါလေးနဲ့သုံး၊
နွေ မိုး ဆောင်း အကုန်သုံးနေရမှာ
(ငါဝယ်တာ မှားသွားမလား မပူနဲ့)🌸

✅ဟော တခြား အသုံးတည့်မယ့်နေရာတွေမှ အများကြီးကျန်သေးတယ်နော်
ကာကာတို့ ဉာဏ်ရှိသလိုသာ အသုံးချ အိုခေ၊ စိုပြေမယ်။

ပုံလေးက လက်ရှိသုံးနေတာလေး ထည့်ပေးလိုက်တယ်❤️❤️❤️






#ရေနွေးငွေ့စက်

#မြစ်ကြီးနား

စျေးလာဝယ်ကြပါဦးနံနံခြားထွက်ဖို့ ပိုက်ပိုက် စုနေလို့ပါ
21/05/2024

စျေးလာဝယ်ကြပါဦး

နံနံခြားထွက်ဖို့ ပိုက်ပိုက် စုနေလို့ပါ

🌸မင်မင်တို့ တမိသားစုလုံးကတော့  မီးလာလာ၊ မလာလာHumidifier လေးဖွင့်ပြီး အိပ်လို့ အဆင်ပြေအိုကေ စိုပြေနေပါပြီနော်🌸 🌸🌸🌸🌸စျေးနူ...
18/05/2024

🌸မင်မင်တို့ တမိသားစုလုံးကတော့ မီးလာလာ၊ မလာလာ
Humidifier လေးဖွင့်ပြီး အိပ်လို့ အဆင်ပြေအိုကေ စိုပြေနေပါပြီနော်🌸

🌸🌸🌸🌸စျေးနူန်းလေးနဲ့ ပုံလေး တခါတည်းတွဲ
တင်ပေးထားတယ်နော်🌸🌸🌸🌸

Humidifier

ခုလို ပူလောင်အိုက်စပ်တဲ့ရာသီမှာ🔥☀️🌪️💥

🌺ညညဆို ကလေးတွေ နှာပိတ်လို့ ခဏခဏ နိုးနေတာ၊ ဂျီကျတာ၊ အိပ်ရေးမဝတာတွေအတွက် မေမေတွေ စိတ်မပူနဲ့တော့နော်

ဒါလေးဆောင်ထားလိုက်ပါ

ကလေးတွေအတွက်ဆို Umbili / easy nose တို့နဲ့ထည့်သုံးပေး၊ အရမ်းအဆင်ပြေ🩷

🌺မမတွေ၊ ကိုကိုတွေ နဲ့ ဘိုးဘိုးဘွာဘွား၊ ဦးဦး ဒေါ်ဒေါ်တွေက ကိုယ်ကြိုက်ရာ ရနံ့လေးထည့်သုံးပေးနော်🩷

⛔️ရနံ့မထည့်လည်းရ⛔️

🌸အိပ်ခန်းသုံး၊ အလုပ်လုပ်ရင်း၊ ဖုန်းသုံးရင်း၊တော်ကီဖုတ်ရင်းပဲသုံးမလား။

🌸ဘုရားခန်းမှာတင်ပြီး ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွား တရားအားထုတ်ရင်း သုံးမလား။

🌸Aromatherapy ရနံ့ကုထုံးလုပ်မလား၊ အိပ်ပျော်စေမယ်၊ ကိုယ်လက်ပေါ့ပါး စိတ်ကြည်လင်လန်းဆန်းစေမယ်။

✅မိမိကြိုက်နှစ်သက်ရာ ရနံ့လေးထည့်ပြီး သုံးမယ်ဆိုရင် သတိထားရမှာကတော့ ရေမှာပျော်ဝင်တဲ့၊အလ်ကိုဟောမပါတဲ့ အမွှေးရနံ့တွေပဲ သုံးရပါမယ်။

🏠တိုက်ခန်း၊ အလုံပိတ် အခန်းတွေ၊ အဲကွန်းခန်းနှင့် အလုပ်ခန်းတွေ၊ အမြဲ အဲကွန်းဖွင့်စီးရတဲ့ ကားတွေမှာ လေထုခြောက်သွေ့ပြီး နှာမွှန်၊ နှာပိတ်၊ အသားအရေခြောက်သွေ့ ယားယံတတ်ပါတယ်

ထပ်ပြီး Aromatherapy လို့ခေါ်တဲ့ ရနံ့ကုထုံးတွေ
လူကြိုက်များလာပါပြီ🌸🌼🌺🪷

🌸စိတ်ပင်ပမ်း ဖိအားများ အိပ်မရတာတွေ စိတ်
ကြည်လင်
လန်းဆန်းစေဖို့အတွက် Spa သွားစရာမလိုဘဲ
အိမ်မှာတင် humidifier /aroma diffuser လေးနဲ့ ကိုယ်ကြိုက်တဲ့ရနံ့လေး essential oil/ Fragrance oil ရွေးချယ်ပြီး စိတ်ချမ်းသာမှု ရယူလိုက်ပါ

✅Humidifier/ Aroma diffuser
✅Fragrance oil
✅Essential oil

Power bank type C ကြိုးနဲ့တွဲသုံးလို့ရတာ ပါပါမယ်
Humidifier ကို Aroma diffuser Aromatherapy အနေနဲ့ သုံးမယ်ဆို ရေမှာပျော်ဝင်တဲ့ အမွှေးဆီကိုပဲ သုံးပေးရပါမယ်

#မြစ်ကြီးနား online shop

09445852258
ခေမာသီရိ ၂၄ လမ်းသွယ်



#ရေနွေးငွေ့စက်


ကော်ဖီသောက်ပြီဟေ့ အဟေးဟေးဟေးEPC က မကယ်နိုင်ပေမယ့် ရွှေမိုးလေးက ကယ်ပြီဟေး
17/05/2024

ကော်ဖီသောက်ပြီဟေ့ အဟေးဟေးဟေး

EPC က မကယ်နိုင်ပေမယ့် ရွှေမိုးလေးက ကယ်ပြီဟေး

သားအချစ် မြေးအနှစ် တဲ့ မြေးတွေရဲ့ အသဲစွဲ❤️❤️အိုအို🩷🩷မင်မင်တို့နယ်မှာတော့ အိုအိုလို့ခေါ်ကြတယ်Pto
16/05/2024

သားအချစ် မြေးအနှစ် တဲ့

မြေးတွေရဲ့ အသဲစွဲ

❤️❤️အိုအို🩷🩷

မင်မင်တို့နယ်မှာတော့ အိုအိုလို့ခေါ်ကြတယ်

Pto

ရာသီဥတုက ပူရတဲ့အထဲ😬သမီးရည်းစား ၂ယောက်စိတ်ကောက်နေလား😬စိတ်မညစ်နဲ့🤷🏼‍♀️Aroma Diffuser လေး တစ်လုံးသာ လက်ဆောင်ပေးလိုက်🌸အသားအရ...
15/05/2024

ရာသီဥတုက ပူရတဲ့အထဲ

😬သမီးရည်းစား ၂ယောက်စိတ်ကောက်နေလား😬

စိတ်မညစ်နဲ့

🤷🏼‍♀️Aroma Diffuser လေး တစ်လုံးသာ လက်ဆောင်
ပေးလိုက်

🌸အသားအရေ စိုပြေစေမယ်

🌸စိတ်ပျော်ရွှင်စေတယ်

🌸အိပ်ကောင်းပြီး လန်းဆန်းစေတယ်

🌸ကျန်းမာရေးအတွက် အကျိုးပြုတယ်

🌸အလုပ်ထဲ စိတ်တက်ကြွစေတယ်

✅နောက်ဆုံး အရာရာအဆင်ပြေတော့ ပိုအချစ်ခံရစေ
မယ်ကွာ နော်

🔸Flower Humidifier/ Aroma Diffuser (300ml)
32,000Ks

🔸Car Humidifier/ Aroma Diffuser (220ml)
35,000Ks

🔸Car Humidifier/ Aroma Diffuser (270ml)
35,000Ks

🔸Cat Humidifier/ Aroma Diffuser (300ml)
35,000Ks

🔸Humidifier/ Aroma Diffuser (500ml) 50,000Ks

🔹Essential oil (10ml) 7,000Ks Thailand
🔹Fragrance oil (30ml) 15,000Ks Thailand
🔹Hunky House (10ml) 15,000Ks Thailand
branded







မေး :        ရာသီဥတု အခြေအနေ ဘယ်လိုလဲဟေ့ဖြေ :       မြစ်ကြီးနား မှာတော့ ကော်ဖီဖျော်နေပြီနော်
15/05/2024

မေး : ရာသီဥတု အခြေအနေ ဘယ်လိုလဲဟေ့

ဖြေ : မြစ်ကြီးနား မှာတော့ ကော်ဖီဖျော်နေပြီနော်

Humidifier လေး ဖွင့်ထားတဲ့အခါ❄️❄️❄️  Humidifierခုလို ပူလောင်အိုက်စပ်တဲ့ရာသီမှာ🔥☀️🌪️💥🌺ညညဆို ကလေးတွေ နှာပိတ်လို့ ခဏခဏ နိုး...
14/05/2024

Humidifier လေး ဖွင့်ထားတဲ့အခါ❄️❄️❄️

Humidifier

ခုလို ပူလောင်အိုက်စပ်တဲ့ရာသီမှာ🔥☀️🌪️💥

🌺ညညဆို ကလေးတွေ နှာပိတ်လို့ ခဏခဏ နိုးနေတာ၊ ဂျီကျတာ၊ အိပ်ရေးမဝတာတွေအတွက် မေမေတွေ စိတ်မပူနဲ့တော့နော်
ဒါလေးဆောင်ထားလိုက်ပါ

ကလေးတွေအတွက်ဆို Umbili / easy nose တို့နဲ့ထည့်သုံးပေး၊ အရမ်းအဆင်ပြေ🩷

🌺မမတွေ၊ ကိုကိုတွေ နဲ့ ဘိုးဘိုးဘွာဘွား၊ ဦးဦး ဒေါ်ဒေါ်တွေက ကိုယ်ကြိုက်ရာ ရနံ့လေးထည့်သုံးပေးနော်🩷

⛔️ရနံ့မထည့်လည်းရ⛔️

🌸အိပ်ခန်းသုံး၊ အလုပ်လုပ်ရင်း၊ ဖုန်းသုံးရင်း၊တော်ကီဖုတ်ရင်းပဲသုံးမလား။

🌸ဘုရားခန်းမှာတင်ပြီး ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွား တရားအားထုတ်ရင်း သုံးမလား။

🌸Aromatherapy ရနံ့ကုထုံးလုပ်မလား၊ အိပ်ပျော်စေမယ်၊ ကိုယ်လက်ပေါ့ပါး စိတ်ကြည်လင်လန်းဆန်းစေမယ်။

✅မိမိကြိုက်နှစ်သက်ရာ ရနံ့လေးထည့်ပြီး သုံးမယ်ဆိုရင် သတိထားရမှာကတော့ ရေမှာပျော်ဝင်တဲ့၊အလ်ကိုဟောမပါတဲ့ အမွှေးရနံ့တွေပဲ သုံးရပါမယ်။

🏠တိုက်ခန်း၊ အလုံပိတ် အခန်းတွေ၊ အဲကွန်းခန်းနှင့် အလုပ်ခန်းတွေ၊ အမြဲ အဲကွန်းဖွင့်စီးရတဲ့ ကားတွေမှာ လေထုခြောက်သွေ့ပြီး နှာမွှန်၊ နှာပိတ်၊ အသားအရေခြောက်သွေ့ ယားယံတတ်ပါတယ်

ထပ်ပြီး Aromatherapy လို့ခေါ်တဲ့ ရနံ့ကုထုံးတွေ
လူကြိုက်များလာပါပြီ🌸🌼🌺🪷

🌸စိတ်ပင်ပမ်း ဖိအားများ အိပ်မရတာတွေ စိတ်
ကြည်လင်
လန်းဆန်းစေဖို့အတွက် Spa သွားစရာမလိုဘဲ
အိမ်မှာတင် humidifier /aroma diffuser လေးနဲ့ ကိုယ်ကြိုက်တဲ့ရနံ့လေး essential oil/ Fragrance oil ရွေးချယ်ပြီး စိတ်ချမ်းသာမှု ရယူလိုက်ပါ

✅Humidifier/ Aroma diffuser
✅Fragrance oil
✅Essential oil

Power bank type C ကြိုးနဲ့တွဲသုံးလို့ရတာ ပါပါမယ်
Humidifier ကို Aroma diffuser Aromatherapy အနေနဲ့ သုံးမယ်ဆို ရေမှာပျော်ဝင်တဲ့ အမွှေးဆီကိုပဲ သုံးပေးရပါမယ်

#မြစ်ကြီးနား online shop

09445852258
ခေမာသီရိ ၂၄ လမ်းသွယ်



#ရေနွေးငွေ့စက်


https://www.facebook.com/share/p/EXvEnp1LCTgZBH2s/?
14/05/2024

https://www.facebook.com/share/p/EXvEnp1LCTgZBH2s/?

ဘာသုံးသုံး အနံမွှေးမှ ကြိုက်တာ ဆိုသူတွေ သိကိုသိထားသင့်တဲ့ Essential Oil နဲ့ Fragrance Oil အကြောင်းပါ

ကိုယ်တွေအမြဲနေ့စဉ် သုံးနေရတဲ့ Skincare , Soap , ‌Body Wash , Lotion , Shampoo အစရှိသဖြင့် Products တွေမှာ အနံ‌ေမွှးဖုိ့ထည့်ရတဲ့ Essential Oil , Fragrance Oil ဆိုတာရှိပါတယ်၊ ဘာဝယ်ဝယ် Ingredient ဖတ်နေကြသူတွေဆို သတိထားမိလိမ့်မယ်

အနံလေးမွှေးနေတာမှ ကြိုက်တယ်ဆိုတဲ့ သူတွေ ဒီ Blog ကို သေသေချာချာလေး ဖတ်ကြည့်ပါနော် တစ်ခုခု သိသွားလိမ့်မယ် အကျိုးရှိမယ်ဆို မျှော်လင့်ပါတယ်

Essential Oil ( EO ) , Fragrance Oil ( FO ) ဆိုပြီး အတိုကောက် ရေးသွားပါမယ်နော်

➖➖➖➖➖➖➖➖➖➖➖➖

EO ဆိုတာက အသီး အပင် အရွက် အခေါက် အမြစ်စတာတွေက‌ ရရှိတာတွေကို ( Distilling ပေါင်းခံပြီး ) ရလာတဲ့ အဆီတွေပါ ၊ Aromatherapy ဆိုတာက EO တွေပေါင်းစပ်မှုက ဖြစ်ပေါ်တာမျိုး ရှုလိုက်ရင် ဦးနှောက်ရဲ့ Limit System မှာ လက်ခံနိုင်တယ် စိတ်ကျေနပ်မှုပေးတယ် Relax ဖြစ်စေတယ်

ဒါကြောင့် မျက်နှာသစ်ဆပ်ပြာ ၊ ရေချိုးဆပ်ပြာ ၊ ခေါင်‌းလျှော်ရည်တွေမှာ အနံလေးကမွှေးပြီး စိတ်ကို လန်းဆန်းသွားတာပဲ ဆိုတဲ့ ခံစားမှု ၊ Aromatherapy အနံမျုိး‌ေလး ရတယ်ဆိုတာ EO သုံးထားလို့ပါ

အနံကုထုံးအနေနဲ့ အခန်းထဲမှာထွန်းတဲ့ အမွှေးဖယောင်း ၊ အမွှေးခဲ တွေမှာဆို Aromatherapy အနံမျုိးရဖုိ့ EO သုံးလာကြပြီး ၊ Air Diffuser မှာ EO လေး ၁ စက် ၂ စက် ထည့်သုံးရတာက အခန်းထဲမှာ စိတ်ကြည်လင်စေတဲ့ အနံမျိုးရချင်လို့ပါ ၊ ဈေးကြီးလွန်းတဲ့ Authentic Perfume တွေမှာဆိုလည်း EO ကို အဓိထားပြီး ထည့်သွင်းဖော်စပ်ထားတာပါ

➖➖➖➖➖➖➖➖➖➖➖➖

Frangrance Oil ဆိုတာကတော့ Lab ထဲမှာ Chemical အမျိုးမျိုးပေါင်းစပ်ပြီး လူတွေဖန်တီးထားတဲ့ အနံတွေပါ ၊ ဉီးနှောက်ရဲ့ Limit System မှာ မွှေးတယ်လို့တော့ ခံစားရပေမယ့် စိတ်ကျေနပ်မှူ အပြည့်အဝ မရရှိပါဘူး

ဥပမာ - Lavendar အနံဆိုရင် Distilled လုပ်ပြီးရလာတဲ့ အနံနဲ့ ၊ Lab ထဲမှာ ဖန်တီးထားတဲ့ အနံ မတူပါဘူး ၊ ဦးနှောက်က ဘယ်ဟာကို လက်ခံတယ်ဆိုတဲ့ ခံစားမှုကို အဆုံးအဖြတ်ပေးပါတယ်

Frangrance Oil တွေကိုထည့့်သွင်းလေ့ရှိတာကလည်း မျက်နှာသစ်ဆပ်ပြာ ၊ ရေချိုးဆပ်ပြာ ၊ Body Lotion ၊ Scrub ၊ Perfume ၊ ပန်ကန်းဆေးဆပ်ပြာ ၊ အဝတ်လျှော်ဆပ်ပြာ စသဖြင့် လူသုံးကုန် တိုင်းလိုလိုမှာ ထည့်ကြပါတယ်

Frangrance Oil ကို ဘာထုတ်ထုတ် ထည့်လိုက်လို့‌ေတာ့မရပါဘူး ၊ သူ့မှာ Great အဆင့်ဆင့် သတ်မှတ်တာရှိပါတယ် ၊ မျက်နှာတွက် ထုတ်ထားတဲ့ FO ၊ Body အတွက်ထုတ်တဲ့ FO ၊ ပန်ကန်းဆေးဆပ်ပြာအတွင် FO ၊ အဝတ်လျှော်ဆပ်ပြာတွက် FO ဆိုပြီး ခွဲထားသလို Solvent ဖြစ်တာချင်းလည်း မတူပါဘူး

Body Cosmetic နဲ့ Facial Cosmetic မှာထည့်ရတဲ့ FO ခြင်းလည်း မတူပါဘူး

မျက်နှာ အတွက်သုံးရတဲ့ ( Soap, Cleanser, Toner, Serum Moisturizer, Cream ) စသဖြင့် မျက်နှာပေါ်တင်ရတဲ့ ဘယ်အရာမျိုးမဆို FO ထည့်သွင်းထားပါက MSDS Certificate ပါတာဖြစ်ရမယ် Facial Cosmetic Grate အဆင့်ရှိတာ မျိုးကိုသာ ထည့်သွင်းရပါတယ်

( ဘာကြောင့်ပြောရလဲဆိုရင် Local Brand တွေထုတ်လာကြတဲ့သူတွေ အနေနဲ့ ဆပ်ပြာကုန်ကြမ်းဆိုင်ကနေ အလွယ်ဝယ်လို့ရတဲ့ အနံတွေကို ဘက်စုံသုံးလို့ရတယ်ထင်ပြီး ထည့်မသုံးကြပါနဲ့ တစ်ချို့ထုတ်သာထုတ်နေတာ မသိကြပါဘူး အဲ့လိုတွေကို Local Brand လို့တော့ ခေါင်းစဉ်မတပ်စေချင်ပါ 🙄🙄🙄 )

➖➖➖➖➖➖➖➖➖➖➖➖

EO နဲ့ FO ရဲ့ခြားနားချက်ကို သိပြီဆိုရင် အရေပြားပေါ်တင်သင့်မတင်သင့် ခွဲခြားရပါအုံးမယ်

မျက်နှာက Sensitive ဖြစ်လွန်းတဲ့သူတွေ‌ဆိုရင် FO ပါတာ လုံးဝ လုံးဝ မသုံးသင့်သလို EO ပါတာမျိုးကိုတောင်မှ မသုံးပါနဲ့ ရှောင်ပါလို့သာ အကြံပေးချင်ပါတယ် ၊ EO FO ဘာမှ မပါတာတာ သုံးပါ ၊ တခြား Ingredients တွေကကောင်းတာတောင် FO EO ကြောင့် Blemish ဖြစ်တာ Irritation ဖြစ်တာတွေ ဖြစ် နိုင်လို့ပါ၊ Formulation တွေနဲ့လည်း ‌ဆိုင်တာဖြစ်လို့ EO ပါလည်း Sensitive မဖြစ်တာလည်း ရှိတော့ရှိနိုင်ပါတယ် သုံးကြည့်မှာသာ သိနိုင်တာမျိုးပါ

မျက်နှာ Sensitive မဖြစ်တတ်တဲ့ သူတွေကတော့ EO နဲ့ FO ယှဉ်လာရင် EO ပါတာကို သုံးချင်သုံးနိုင်ပါတယ် ( ကိုယ့်မျက်နှာက Sensitive မဖြစ်သော်လည်း EO ထည့်သွင်းထားတဲ့ Concentration ပေါ်မူတည်ပြီး အခန့်မသင့်ရင် မတည့်တာလည်း ဖြစ်တတ်ပါသေးတယ် ဒါကတော့ ထုတ်လုပ်သူရဲ့Formulation ကျွမ်းကျင်မှု နဲ့ သက်ဆိုင်သွားပါပြီ )

Body Wash , Scrub , Lotion , Shampoo တွေမှာတော့ EO ဖြစ်ဖြစ် FO ဖြစ်ဖြစ် အနံကို ကြိုက်တယ်ဆိုရင် Sensitive လည်းမဖြစ်တတ်ဘူးဆိုရင်တော့ သုံးနိုင်ပါတယ် မိမိသဘောပါ

➖➖➖➖➖➖➖➖➖➖➖➖

Me ဆိုရင် Skincare ( Toner , Serum ) စသဖြင့် မျက်နှာပေါ်မှာ စိမ့်ဝင်အောင် လိမ်းရမယ့် Product တွေမှာ အနံပါရင် မကြိုက်ဘူး ပါခဲ့ရင်တောင် EO ပါတာပဲရွေးဖြစ်ပေမယ့် ၊ ဘာအနံမှ မပါလေ ကြိုက်လေပါ

Facial Cleanser , Soap , Bodywash , Scrub , Lotion စသဖြင့် ဒီလို Products တွေမှာတော့ အနံပါတာကို ကြိုက်ပါတယ် ၊ အနံပါတာခြင်းတူရင်တောင်မှ EO ထည့်သွင်းထားတဲ့ Product ကိုပဲ ဦးစားပေးရွေးတယ် ၊ FO ပါတာလည်း သုံးတယ်ဆိုပေမယ့် EO ပါတာက Aromatherapy ဖြစ်တာမို့ EO ကိုသာလျှင်ပိုကြိုက်ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖

စာလည်းတော်တော်ရှည်သွားပြီ ဖတ်ပေးကြလို့ ကျေးဇူးများကြီးတင်ပါတယ်

လတ်တလော Covid ကူးစက် မှုတွေ များပြားလွန်းတာကြောင့်ကျန်မားရေးကို အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်

အားလုံးပဲ လှသထက် ပိုလှနိုင်ကြပါစေရှင်





https://www.facebook.com/share/p/wFCFHuf63Da649K7/?
13/05/2024

https://www.facebook.com/share/p/wFCFHuf63Da649K7/?

"နှာရည်ယို၊ နှာပိတ်ခြင်း - ​ဒေါက်တာစိမ့်"

ရာသီဥတုအေးတဲ့အခါဖြစ်​စေ၊ ရာသီအကူးအပြောင်းမှာဖြစ်​စေ၊ Covid19 အပါအဝင် တုပ်​ကွေးမိတဲ့အခါဖြစ်​စေ နှာပိတ်တဲ့ပြဿနာဟာ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ နှာပိတ်တာဟာ နှာခေါင်းတွင်းက တစ်ရှူးနဲ့ သွေးကြောတွေက အရည်တွေနဲ့ဖောင်းလာပြီး ပိတ်ဆို့လာတာပဲ ဖြစ်ပါတယ်။ နှာပိတ်တာဟာ တချို့တွေမှာလည်း နှာစေးတာ၊ နှာရည်ယိုတာနဲ့တွဲလေ့ရှိတယ်။ တချို့လည်း မဖြစ်ပါဘူး။ နှာပိတ်တာဟာ အသက်ရှူရခက်ခဲစေတဲ့အတွက် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ အထူးသဖြင့် အိပ်နေတုန်း အသက်ရှူပိတ်တဲ့အတွက် လန့်နိုးရတာဟာ ပိုဆိုးပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင် အစာကျွေးရခက်ခဲနိုင်ပါတယ်။

🤔 ဘာ​ကြောင့် ဖြစ်ရတာလဲ ❓❓

နှာခေါင်းတွင်းတစ်ရှူးတွေကို ရောင်ရမ်းစေတဲ့၊ သွားဆွစေတဲ့အရာတွေကြောင့် နှာပိတ်နိုင်ပါတယ်။ အအေးမိတာ၊ တုပ်ကွေး၊ ဦးခေါင်းခွံအခန်းငယ်လေးတွေ ရောင်ရမ်းတာ၊ အလက်ဂျစ်ဖြစ်တာတွေကြောင့် နှာရည်ယို၊ နှာပိတ်စေပါတယ်။ တခါတလေလည်း ဆေးရွက်ကြီးအငွေ့တွေ၊ ကားမီးခိုးတွေ ရှူရှိုက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို non-allergic rhinitis or vasomotor rhinitis လို့ ခေါ်ပါတယ်။ ရှားရှားပါးပါး အလုံးအကျိတ်တွေကြောင့် နှာပိတ်တာလည်း ရှိပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကတော့ -
အရိုးခေါင်းပွတွေရောင်ရမ်းတာ၊ အရက်၊ ဓာတ်မတည့်တာ၊ အအေးမိတာ၊ နှာပွင့်ဆေးတွေ အလွန်အကျွံသုံးတာ၊ နှာနုရိုးစောင်းတာ၊ လေအေးအေးရှူရတာ၊ အစပ်စားတာ၊ အရာဝတ္ထု၊ တုပ်ကွေးဖြစ်တာ၊ ကိုယ်ဝန်ဆောင် (ဟော်မုန်းအပြေင်းအလဲကြောင့်)၊ တချို့သွေးကျဆေးတွေ၊ စိတ်ကျဆေးတွေ၊ နှာခေါင်းတွင်းအလုံးကျိတ်တွေ၊ ပန်းနာရင်ကြပ်ဖြစ်တာ။

💊 ဘယ်လိုပျောက်ကင်းသက်သာနိုင်မလဲ ❓
နှာပွင့်ဆေးတွေက နှာခေါင်းတွင်းတစ်ရှူးတွေ ဖောင်းတင်းနေတာကို လျော့ပါးသက်သာစေပြီး နှာခေါင်းအရိုးခေါင်းပွအတွင်းက ဖိအားကိုကျစေပါတယ်။ naphazoline (Privine), oxymetazoline (Afrin, Dristan, Nostrilla, Vicks Sinus Nasal Spray), phenylephrine (Neo-Synephrine, Sinex, Rhinall) ဆိုပြီး နှာခေါင်းတွင်းဖြန်းတဲ့ စပရေးတွေအနေနဲ့ ထုတ်ထားတာရှိသလို သောက်ဆေးအနေနဲ့ phenylephrine (Sudafed PE, and others) and pseudoephedrine (Sudafed) ဆိုပြီးလည်း လာပါတယ်။

nasal spray ခေါ် နှာခေါင်းတွင်းဖြန်းဆေးတွေကို ၃ ပတ်ထက် ပိုမသုံးသင့်ပါဘူး။ ဒီဆေးတွေကို အသက် ၄ နှစ်အောက်ကလေးတွေမှာ မသုံးရပါဘူး။

ဓာတ်မတည့်တာကြောင့် နှာပိတ်တာဆိုရင်တော့ antihistamines ဆေးအမျိုးစားတွေက နှာချေတာ၊ နှာစေးတာ၊ နှာပိတ်တာတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက နှာခေါင်းအရိုးတွင်း ဖိအားကိုကျစေ တဲ့အပြင် လူကို အိပ်စေတဲ့အာနိသင်ရှိတာကြောင့် အအေးမိတဲ့သူတွေကို ညဘက်ဆေးအဖြစ်နဲ့လည်း ပေးလေ့ရှိပါတယ်။

acetaminophen, ibuprofen, and naproxen လို အကိုက်ခဲပျောက်ဆေးတွေက နှာပိတ်တာကို လုံးဝ မပျောက်စေပေမယ့် အရိုးခေါင်းပွတွေ နာကျင်တာကို သက်သာစေပြီး ဖိအားကျစေပါတယ်။

🏨 ဘယ်အခါမှာ ဆေးခန်းပြဖို့လိုလဲ ❓

• နှာပိတ်တာတွေဟာ ၁၀ ရက်ကျော်လို့မှ မသက်သာရင်၊

• အဖျားအရမ်းကြီးရင်

• အစိမ်းရောင် (သို့) အဝါရောင် နှာရည်တွေကျနေရင် (အမြဲတော့မဟုတ်ပါ။ များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဆဲလ်သေတွေ၊ ပိုးမွှားအသေတွေ၊ တခြားအညစ်ကြေးတွေကြောင့် ဒီလိုအရောင်တွေ ဖြစ်ရတာပါ။ ဒီလို အစိမ်းရောင်နှပ်ရည်တွေကျတာအပြင် အအေးမိနှာစေးတာ ၁၀ ရက်ကျော်နေမှ ဆေးခန်းသွားပြဖို့လိုတာပါ။ ပုံမှန်အားဖြင့်တော့ အကြည်ရောင်နှာရည်က ကျန်းမာတဲ့လက္ခဏာပါ။ အဖြူရောင်နှပ်တွေကတော့ အအေးမိတာရဲ့လက္ခဏာ ဖြစ်ပါတယ်။)

• နှဖူးတွေ၊ နှာရိုးတွေပါ အရမ်းနာနေရင်

• ခေါင်းကိုခိုက်မိပြီးနောက် နှာရည်မှာ သွေးစတွေပါလာတာ ၊ ဒါမှမဟုတ် အရည်ကြည်ကြည်တွေကျဆင်းနေတာ

• ကလေးတွေမှာဆိုရင် အသက် ၂ လအောက်နဲ့ အဖျားရှိနေရင်၊

• ကလေးအသက်ရှူရခက်နေရင်

ကိုယ့်ဘာသာ ဆေးသောက်မနေနေတာ့ဘဲ ဆေးခန်းသွားပြီး သေချာကုသမှုခံယူဖို့လိုပါတယ်။

✅ နှာပိတ်တာဟာ လေအေးအေးခြောက်ခြောက်​တွေကို ရှူရတာကြောင့်လည်း ဖြစ်တတ်တာမို့ ဆေးဝါးတွေအပြင် အသက်ရှူလမ်းကြောင်းကို စိုစွတ်နေအောင် လုပ်ပေးရင်လည်း သက်သာစေပါတယ်။ နှာရည်ယို နှာပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းစိုစွတ်နေစေတဲ့ အိမ်တွင်းနည်းလေးတွေကတော့ -
အခန်းတွင်း ရေနွေးငွေ့ပေးစက် (သို့) ရေငွေ့ပေးစက်တပ်ဆင်ပါ။ အသက်ရှူရတဲ့ လေထုကို ရေဓာတ်ဖြည့်ပေးတဲ့အတွက် နှာပိတ်တာသက်သာစေပါတယ်။

✅ ရေနွေးနွေးလေးနဲ့ ကြာကြာချိုးပါ။ 🚿🛁

✅ ရေများများသောက်ပါ။ ဒီလိုသောက်ပေးခြင်းက ပိတ်ဆို့နေတဲ့ နှာရည်ပျစ်ပျစ်တွေကို ကျဲစေပြီး နှာပိတ်တာ သက်သာစေပါတယ်။

✅ စလိုင်းရည်ကို နှာခေါင်းတွင်း အစက်ချပါ။

✅ ရေနွေးစိမ်ထားတဲ့ သဘက်နွေးနွေးကို ရေညှစ်ပြီး မျက်နှာတွင် အုပ်ထားပါ။

✅ ရေနွေးပူပူတည်ပြီး ထွက်လာတဲ့ ရေနွေးငွေ့တွေကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ရှူပေးပါ။ ပိတ်ဆို့နေတဲ့ နှပ်တွေအရည်ပျော်ပြီး အအေးမိတာကြောင့် နဖူး၊ နှာရိုးနာကျင်တာတွေပါ သက်သာစေပါတယ်။

✅ အိပ်စက်တဲ့အခါ ဦးခေါင်းပိုင်းကို ပိုမြင့်အောင်ထားပြီး အိပ်ပါ။ ခေါင်းအုံးထပ်ပြီး မြှင့်မယ်ဆိုရင် အသက်ရှူရတာ လည်း ပိုပြီးအဆင်ပြေစေပါတယ်။

🚫 ကလိုရင်းခပ်ထားတဲ့ရေကန်တွေမှာ မကူးပါနဲ့။ နှာခေါင်းတွင်းတစ်သျှူးတွေကို သွားဆွပေးသလိုဖြစ်စေပါတယ်။

ဒေါက်တာစိမ့် (For Your Health For Your Beauty)
အခွင့်အလမ်းဂျာနယ်မှ ​ဆောင်းပါးကို ပြန်လည်​​ဖော်ပြသည်။

Cat Humidifier (300ml ) -35,000Ks🌺ကောင်မလေး ချောချောလှလှ ချစ်စရာလေးတွေဆို ဒါလေးယူ🌺🌺သူတို့ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွ...
12/05/2024

Cat Humidifier (300ml ) -35,000Ks

🌺ကောင်မလေး ချောချောလှလှ ချစ်စရာလေးတွေဆို
ဒါလေးယူ🌺

🌺သူတို့ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေဆိုလည်း ဒါလေးယူ နော်🌺

🌸အိပ်ခန်းသုံး၊ အလုပ်လုပ်ရင်း၊ ဖုန်းသုံးရင်း၊တော်ကီဖုတ်
ရင်းပဲသုံးမလား။

🌸ဘုရားခန်းမှာတင်ပြီး ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွား တရားအားထုတ်ရင်း သုံးမလား။

🌸Aromatherapy ရနံ့ကုထုံးလုပ်မလား၊ အိပ်ပျော်စေမယ်၊ ကိုယ်လက်ပေါ့ပါး စိတ်ကြည်လင်လန်းဆန်းစေမယ်။

✅မိမိကြိုက်နှစ်သက်ရာ ရနံ့လေးထည့်ပြီး သုံးမယ်ဆိုရင် သတိထားရမှာကတော့ ရေမှာပျော်ဝင်တဲ့၊အလ်ကိုဟောမပါတဲ့ အမွှေးရနံ့တွေပဲ သုံးရပါမယ်

✅Type C အားသွင်းကြိုးနဲ့ power bank နဲ့တွဲသုံးလို့ရပါတယ်

✅ဖော့ချောင်းပါတဲ့အတွက် တစ်ပတ်ကိုအနည်းဆုံး ၃၊ ၄ ကြိမ် ဖော့ချောင်းကို သန့်ရှင်းပေးရပါမယ်၊ ရေလဲရင်းနဲ့လည်း တခါတည်း သန့်ရှင်းပေးလို့ရပါတယ်။ ရေသန့်နဲ့သုံးပေးခြင်းဖြင့် လေထုကို ပိုမိုသန့်သင်စေပါတယ်။


#ရေနွေးငွေ့စက်


🤱Happy Mother’s Day 🤱အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ🌺🌺အမေများအားလုံး သားသမီးကောင်းတွေကြောင့် စိတ်အေးချမ်းပါစေအမေမ...
12/05/2024

🤱Happy Mother’s Day 🤱

အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ🌺🌺

အမေများအားလုံး သားသမီးကောင်းတွေကြောင့် စိတ်အေးချမ်းပါစေ

အမေများအားလုံး အမျိုးကောင်းသားကြောင့် ရင်အေးငြိမ်းချမ်းပါစေ

အမေများအားလုံး မိဘကောင်းတွေကြောင့် အပူပင်ကင်းပါစေ

Address

Myitkyina

Telephone

+959765426674

Website

Alerts

Be the first to know and let us send you an email when Business Queen BQ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share