Beautify U

Beautify U Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beautify U, Cosmetics Store, MyaeMyint, Myitkyina.

ဟိုင်းယားးး 🤸‍ ဒိုးပြန်လာဘီ 😇Local Brand သဘာဝမျက်နှာသစ်ဆပ်ပြာလေးတစ်ခုနဲ့ မိတ်ဆက်ပေးရင်း ပြန်လည်နှုတ်ဆက်ပါရစေရှင့်✌️😘Skin...
22/10/2022

ဟိုင်းယားးး 🤸‍ ဒိုးပြန်လာဘီ 😇

Local Brand သဘာဝမျက်နှာသစ်ဆပ်ပြာလေးတစ်ခုနဲ့ မိတ်ဆက်ပေးရင်း ပြန်လည်နှုတ်ဆက်ပါရစေရှင့်✌️😘

Skincare တဲ့ကိစ္စမာ မပါမဖြစ် အဓိကကျလှတဲ့ အချက်ထဲမှာ Cleansing Step ကလဲ အရေးကြီးတယ်ဆိုတာ ပျိုမေတိုင်းသိကြပါတယ်နော် 😇
ချစ်တို့ သုံးနေတဲ့ Products တွေထဲမာ Niacinamide, AHA, BHA, Retional စတဲ့ အနည်းငယ်ပြင်းတဲ့ ပစ္စည်းလေးတွေပါမယ်ဆိုရင် ချစ်တို့သုံးတဲ့ cleansing water, cleanser, toner စတဲ့အရာလေးတွေက အနုစားလေးတွေဖြစ်နေမှ ပိုပီးအဆင်ပြေမှာပါနော် 😇
မင်မင်ကိုယ်တိုင်လဲ Niacinamide သုံးတဲ့သူမို့ ဆပ်ပြာအနုစားလေးနဲ့ပဲ မျက်နှာသန့်စင်ပါတယ် 😇✌️

အခု Local Product လေးတခုဖြစ်တဲ့ Chan's Handmade Soap လေးဟာဆိုရင်လဲ သဘာဝပစ္စည်းလေးတွေနဲ့ပဲ ထုတ်လုပ်ထားတာဖြစ်လို့ မျက်နှာအသားအရေပျက်စီးမှာကို နဲနဲမှစိုးရိမ်စရာမရှိပဲ စိတ်ချလက်ချ သုံးစွဲလို့ရပါတယ်ရှင့် 😘
Product တစ်ခုချင်းစီကို တစ်ပုံချင်းသေချာလေ့လာဝယ်ယူနိုင်ပါတယ်နော် 😘

Customer feedback ကောင်းလေးတွေနဲ့ ဒိုးရဲ့ Chan's Handmade Soap လေးတွေနဲ့ မျက်နှာသန့်စင်ရင်း အလှတွေတိုးကြပါစေလို့🥰🥰🥰
Chan's ပေ့ဂျ်လေးမှာလဲ ရီဗြူးလေးတွေဝင်ဖတ်ကြည့်လို့ရပါတယ်နော်✌️

Chan's Handmade Soapလေးတွေကို
Bamboo Chacoal (ဝါးမီးသွေး)
Moringa(ဒန့်သလွန်)
Rice(ဆန်)
Honey Tumeric(ပျားရည်နနွင်း)
Alum(ကျောက်ချဥ်)
ဆိုပြီးငါးမျိုးထုတ်လုပ်ထားပါတယ်ရှင့်😇

All items 4500ks
အမြှုပ်အိတ်(bubble net) လေးတွေလဲ တစ်အိတ် 200ks နဲ့ဝယ်ယူနိုင်ပါတယ်😊

Soap အားလုံး Instock ပါနော်

Page Messenger ကနေ မှာယူနိုင်သလို

09 776 026 212 ကိုလဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင့်✌️😇🙆🏻‍♀️




❄️ ဆောင်းအကုန် နွေအကူးကာလမှာ မချမ်းတော့ မအေးတော့ဘူးဆိုပြီး ကိုယ့်ရဲ့ Lip Balm လေးတွေကို ပလစ်ဖို့ အတွေးမမှားကြပါနဲ့နော်  ...
13/03/2022

❄️ ဆောင်းအကုန် နွေအကူးကာလမှာ မချမ်းတော့ မအေးတော့ဘူးဆိုပြီး ကိုယ့်ရဲ့ Lip Balm လေးတွေကို ပလစ်ဖို့ အတွေးမမှားကြပါနဲ့နော် အချောလေးတို့ရေ😘....

ဘယ်လို Lipstick အမျိုးအစားမဆို မသုံးခင်မှာ နှုတ်ခမ်းကို Balm လေးခံပြီးဆိုးမှ နှုတ်ခမ်းနီရဲ့ အသားလေးညက်ညောပြီး အရောင်ထွက်လေးလှမှာပါနော် 🥰

ကိုယ်တွေရဲ့ Luscious Beauty Lip Balm လေးတွေက Colour ကို စုံစုံလင်လင်ထုတ်လုပ်ထားတဲ့အတွက် ကြိုက်နှစ်သက်ရာ Lipstick နဲ့တွဲဆိုးဖို့ အဆင်ပြေနေမှာပါနော် 👌😉

အခုလို နေရောင်ခြည်အရှိန်ပြင်းလာတဲ့ နွေဦးအချိန်အခါလေးမှာလဲ မိမိတို့ Skin အတွက် Sunscreen လိမ်းဖို့အရေးတကြီးလိုအပ်သလို နှုတ်ခမ်းသားအတွက် Spf ပါဝင်တဲ့ နှုတ်ခမ်းနီလေးက မရှိမဖြစ်အရေးပါလာပါတယ် အချောလေးတို့ရေ 🙆‍♀️

အဲဒီအတွက် Luscious_Beautyက ထုတ်လုပ်တဲ့ Lip Balm လေးက ချစ်တို့ရဲ့ နှုတ်ခမ်းတွေ လှပနေစေဖို့အတွက် အဆင်သင့် ရှိနေပါတယ်နော် 😇😘

ပြီးတော့ တပတ်တကြိမ် မဖြစ်မနေလုပ်သင့်တဲ့ Lip Scrubing အတွက် Lip Scrub လေးတွေလဲ ချစ်တို့အတွက် အဆင်သင့်မှာယူနိုင်အောင် စီစဥ်ပေးထားပါတယ်နော် 😘

တွေဝေမနေဘဲ Page Messenger ကနေရော
မင်မင်ရဲ့ ဖုန်းနံပါတ် 09787443180 ကနေပါ
ဆက်သွယ်မှာယူအားပေးလိုက်ကြပါလို့ သတင်းကောင်းပါးလိုက်ပါရစေ အချောလေးတို့ရေ 😇😘😘

မူရင်း post လေးကိုလဲ ဒီမှာ ဝင်ကြည့်လို့ရပါတယ်နော် 😘 https://m.facebook.com/story.php?story_fbid=110464988126069&id=106455538527014



Lets Support Local Products 😍😍😘

ကျန်းမာရေး လက်ဆောင်😊ဆီနှင့်ပလုတ်ကျင်​းခြင်း၏ကျန်းမာရေးကောင်းကျိုးများ***************************************တန်ဖိုးထားရပ...
28/02/2022

ကျန်းမာရေး လက်ဆောင်😊

ဆီနှင့်ပလုတ်ကျင်​းခြင်း၏
ကျန်းမာရေးကောင်းကျိုးများ
***************************************
တန်ဖိုးထားရပါသောမိတ်ဆွေများအား
မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ
သံလွင်ဆီတစ်မျိုးမျိုးဖြင့်
တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်
ပလုတ်ကျင်းပေးခြင်းဖြင့်

ပြန်လည်ရရှိမည့်
ကျန်းမာရေး အကျိုးကျေးဇူးများနှင့်

ခံတွင်းက အာပုတ်ရည်များ
အစာအိမ်သို့ မရောက်ရှိတော့ဘဲ
အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ
ကာကွယ်ပြီးသားဖြစ်ပါကြောင်း
ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ

ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာ
မြန်မာဆရာဝန်များနှင့်အတူ
အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ
ဆေးရုံ ဆေးပေးခန်းတွေမှာ
အများအပြားတွေ့ရှိရတတ်တာကို
ကောင်းစွာ မှတ်မိနေပါသေးတယ်

ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း
ကောင်းကောင်းမှတ်မိနေသေးတာက

ကျွန်တော့်အမေဒူးအရမ်းနာနေ၍
ပခုက္ကူမြို့ထင်းတန်းရပ်မှာ
ဆေးခန်းဖွင့်ထားတဲ့
ပန်ချာဘီဆရာဝန်ကြီး
ဒေါက်တာမာဒေးထံသို့
သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး
လမ်းတောင်မလျှောက်နိုင်လို့
ဆေးခန်းသွားမယ်ဆိုရင်လည်း
အမေကိုဦးလေးတွေကချီမပြီး
ခေါ်သွားလေ့ရှိပါတယ်

ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကို
သေသေချာချာ စစ်ဆေးပြီးနောက်
သွားတွေကောင်းရဲ့လားလို့မေးတော့
အမေမျက်နာအမူအရာက
ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ
ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့
အံသွားပေါက်တွေကိုတွေ့သွားပါတယ်
အံသွားတွေကပြည်ပုပ်တွေဟာ
ဒူးကိုရောက်သွားပြီး
ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ

ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့
အမေဒူးနာလည်းကောင်းသွားတာကို
လက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်

ဆက်လက်၍ဒေါက်တာမာဒေးမှ
အမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်
ပလုတ်ကျင်းခိုင်းရာ
အမေဒူးနာပြန်မဖြစ်တော့တာကိုလည်း
သတိထားမိပါတယ်

နောက်တစ်ယောက်ကတော့
သိုင်းရွိုက်ရောဂါဖြစ်တဲ့
ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ
သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ
ဟိုမုန်းအထွက်နဲတော့
လူကလေးလံထိုင်းမှိုင်းပြီး
ကိုယ်အလေးချိန်လည်းတက်လာတယ်

ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး
ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက
သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို
blockလုပ္ထားလို့
ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်
သွားဆရာဝန်ဆီမှာ
သေချာကုသလိုက်တဲ့နောက်မှာတော့
ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်

သူလည်းသံလွင်ဆီကို
နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်
ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ
ပြန်ပြီးရောဂါမဖြစ်တော့တာကို
လေ့လာတွေ့ရှိရပါတယ်

ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့
သူတစ်ယောက်အကြောင်းကို
ပြောပြဆွေးနွေးလိုပါသေးတယ်

သူ့မှာကျောက်ကပ်က
ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး
မျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်

ခြေထောက်တွေကလည်း
ဖောပြီးရောင်ကိုင်းနေပါတော့တယ်
ကျောက်ကပ်ဆေးတွေသောက်လည်း
လူကသိပ်မသက်သာရှာပါဘူး
တစ်နေ့ သူသွားအရမ်းနာနေလို့

သွားဆရာဝန်ကိုသွားရောက်ပြသတဲ့
အခါကြတော့မှ သွားဆရာဝန်တွေက
သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့
သွားဖုံးတွေကိုပြန်ကောင်းအောင်
ကုပေးလိုက်တော့မှ
ကျောက်ကပ်လည်းပြန်ကောင်း
သွားတာကိုတွေ့ရှိရပါတယ်

သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ
နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်

ကျွန်တော်နဲ့အရမ်းခင်မင်တဲ့
ငယ်သူငယ်ချင်းတစ်ယောက်လည်း
ငယ်ငယ်ကတည်းက
ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ

ဘယ်လောက်တောင်းနံသလည်းဆိုရင်
မျက်နှာချင်းဆိုင်စကားပြောလို့တောင်
အဆင်သိပ်မပြေချင်ပါဘူး

ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.
သွားတိုက်လည်းအတော်လေး
ပျင်းသူဖြစ်တဲ့အတွက်
နှစ်တွေကြာလာတော့
ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်

ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ
ငယ်ငယ်ကတည်းကလည်း
သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ
ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်

ယခုအချိန်အခါမှာလည်း
ရာသီဥတုအစားအသောက်
အပြုအမူအနေအထိုင်တွေကြောင့်
လူတော်တော်များများဖြစ်နေတဲ့
ရောဂါဝေဒနာတွေကတော့
အသည်းရောဂါ အဆုတ်ရောဂါ
အစာအိမ် ကျောက်ကပ် နှလုံး
အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော
ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊
ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ
အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ
ခံတွင်းမှာရှိနေတဲ့
ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ
ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်
အများဆုံးဖြစ်နေကြတာကို
အားလုံးသတိထားမိစေချင်ပါတယ်

ခံတွင်းမသန့်လေ
ရောဂါထူလေဘဲဖြစ်ပြီး
ပါးစပ်နံလေရောဂါများလေ
အသက်တိုလေပဲဖြစ်ပါတယ်

သွားဖုံးအရင်းမှာ
အစိမ်းရောင်အဝါရောင်ရှိတဲ့
ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့
ရောဂါပိုးတွေရှိပါတယ်

ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို
အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို
ဖယ်ထုတ်ရှင်းလင်းဖို့
အကောင်းဆုံးနည်းကတော့
အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင်
ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်

ဘာကြောင့်လည်းဆိုတော့
ဆီကအဆိပ်စုပ်အားကောင်းပြီး
သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ
အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို
ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်

နံနက်စောစောအိပ်ယာထတာနဲ့
ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး
ပလုတ်ကျင်းပေးပါက
ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်

ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ
သွားတိုက်တာသည်အကောင်းဆုံးပါပဲ

ပလုပ်ကျင်းပြီးရင်တော့
ရေနွေးနွေးလေးဖြင့်ပါစပ်ကို
ပြန်လည်ဆေးကြောပေးရင်ဖြင့်
အကောင်းဆုံးပါပဲခင်ဗျာ

ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့
မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့
အုန်းဆီဘဲဖြစ်ပါတယ်

အုန်းဆီအပြင်သံလွင်ဆီ၊
နှမ်းဆီတွေနဲ့လည်း
ပလုတ်ကျင်းလို့လည်းရပါတယ်

ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့
ပလုတ်မကျင်းစေချင်ပါဘူး

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ဆီဖြင့်ပလုပ်ကျင်းတာကို
နေ့စဉ်မလုပ်နိုင်ရင်တောင်မှ
တစ်ပတ်ကို(၂)ခါ(၃)ခါလောက်
လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်

ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး
ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ
ကျန်းမာနေထိုင်တဲ့နည်းကို
နိုင်ငံတော်တော်များများအထူးသဖြင့်
ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကို
သိရှိရပါတယ်ခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ခံတွင်းမသန့်လေ
ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး
ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်
ခံတွင်းကိုသန့်ရှင်အောင်ထားပြီး
ကျန်ရှိနေသော အချိန်ခဏလေးကို
ကျန်းမာစွာဖြင့်ရှင်သန်
နေထိုင်ကြရအောင်ပါခင်ဗျာ

Credit.......
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ

Original Uploader
ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ🙏

☃️❄️ တနှစ်တာကာလရဲ့ အအေးဆုံးအချိန် ❄️☃️Covid 4th wave "Omicron" ကလည်းလာနေတော့ကိုယ်ခံအားကောင်းနေဖို့နဲ့ ရာသီတုတ်ကွေး အစချီ...
05/02/2022

☃️❄️ တနှစ်တာကာလရဲ့ အအေးဆုံးအချိန် ❄️☃️

Covid 4th wave "Omicron" ကလည်းလာနေတော့
ကိုယ်ခံအားကောင်းနေဖို့နဲ့ ရာသီတုတ်ကွေး အစချီတဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းတွေ မဖြစ်အောင် အတတ်နိုင်ဆုံးကာကွယ်ထားသင့်ပါတယ်
ဒီလိုကာကွယ်နိုင်ဖို့ရာအတွက်

👉 "ဂျင်း၊ကွမ်း၊ထန်းလျက်မှုန့်" 👈ကို နေ့စဉ်မှန်မှန် မှီဝဲပါ 😘

သဘာဝ organic ဂျင်းမှုန့်........ ၃၅%

ကွမ်းရွက်မှုန့် စစ်စစ် ............... ၁၀%

ထန်းသကြားအမှုန့် ............. .. ၅၅% တို့
အချိုးကျကျ ပါဝင်ပေါင်းစပ်ထားပြီး မည်သည့်ဓာတုဆေးဝါးမှ မပါဝင်ကြောင်း အာမခံအပြည့်အဝပေးတာမို့

🥶 ရေချိုးမှား - အအေးမိခြင်းကိုကာကွယ်ဖို့
🙆‍♂️ ကိုယ်လက်ကျန်းမာပေါ့ပါးစေဖို့
🙆‍♀️ ဆောင်းတွင်းအေးအေးမှာ ကိုယ်ခန္ဓာလေးနွေးစေဖို့အတွက် "ဂျင်း၊ကွမ်း၊ထန်းလျက်အမှုန့်ပြုတ်ရည်လေး" ကို မှီဝဲသုံးဆောင်သင့်ပါတယ်နော် 🥰

"ဂျင်း၊ကွမ်းရွက်၊ထန်းလျက်ပြုတ်ရည်" လေးကို ဘာကြောင့် သောက်သင့်သလဲ ?

1!❄️ အစာခြေစနစ်ကို အားပေးတယ်။

ပူရှိန်းရှိန်းတဲ့ အရသာရှိတဲ့ ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်ဟာ သင့်အစာခြေစနစ်ကို ကောင်းမွန်စေဦးမှာပါ။
Stomach Emptying Time ကို မြန်စေပြီး အစာခြေဖျက်ခြင်းကို အားပေးတာကြောင့် အစာမကြေလွယ်တဲ့သူတွေအတွက်ဆို "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်"က အားထားရာတစ်ခုပါ။ 🙆‍♀️

2!❄️ ရောင်ရမ်းတာကို လျော့ကျစေတဲ့ အာနိသင်ရှိတယ်။

"ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်မှာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေတဲ့ Gingerols လို့ခေါ်တဲ့ ပစ္စည်း တစ်မျိုးပါဝင်ပါတယ်။ ဒါကြောင့်မို့ မနက်ပိုင်းကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီးချိန်တိုင်းမှာ ကိုယ်လက်ကိုက်ခဲတာကို သက်သာစေဖို့အတွက် "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်ကသာ အသင့်တော်ဆုံးပါရှင့် 🥰

3!❄️ မကောင်းတဲ့ (ကိုလက်စရော) ကို လျော့ကျစေတယ်။

နှလုံးရောဂါ ဖြစ်အောင် တွန်းအားပေးတဲ့ (LDL ကိုလက်စရော) ကို "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်က ကောင်းကောင်းကြီး အနိုင်ယူနိုင်ပါတယ် 😍

4!❄️ အမျိုးသမီးများ လစဉ်ဓမ္မတာလာလို့ နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပြီး သွေးသန့်ကြည်လင် လန်းဆန်းစေပါတယ်။ သန္ဓေတားဆေးသုံးတဲ့ အိမ်ထောင်ရှင်အမျိုးသမီးများလဲ တလတခါသောက်သုံးပေးခြင်းဖြင့် သွေးသားသန့်စင်လှပစေပါတယ်နော် 🙆‍♀️

ဒီလောက်ကောင်းမွန်လှတဲ့ "ဂျင်း၊ကွမ်း၊ထန်းလျက်ပြုတ်ရည်" တစ်ခွက်ကို ဘယ်လိုပြင်ဆင်ပြီးသောက်ရမလဲ ? 🤔

❄️ ဂျင်းထန်းလျက်ပြုတ်ရည် တစ်ခွက်လုပ်ရတာ အင်မတန်မှ ရိုးရှင်းလွယ်ကူလှပါတယ်နော် 🥰

ဂျင်းထန်းလျက်မှုန့်လေးကို ရေနွေးပူပူလေးနဲ့ အသင့်အလွယ်တကူဖျော်သောက်ရုံပါပဲ

- ကော်ဖီတခွက်စာ ရေနွေးပူပူထဲသို့ လက်ဖက်စားဇွန်း ၁ ဇွန်းမောက်မောက်ထည့်ပြီး အသင့်သောက်သုံးနိုင်ပါတယ်နော် 🥰

တဘူး 3500ks 😍

09787443180 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် 🥰

ဆံနွယ်မို့ သန်ပါ့မလားဆိုသူတွေအတွက် မင်မင်က ဆံနွယ်မှဆံနွယ်စစ်စစ်လေးပါနော်...သန်သလား မသန်လား။ နက်မလား ကျွတ်မလား။အတွေးတွေ ဝ...
02/02/2022

ဆံနွယ်မို့ သန်ပါ့မလားဆိုသူတွေအတွက် မင်မင်က ဆံနွယ်မှဆံနွယ်စစ်စစ်လေးပါနော်...
သန်သလား မသန်လား။ နက်မလား ကျွတ်မလား။
အတွေးတွေ ဝေဝါးမနေရအောင် ပုံတွေသာကြည့်လိုက်ပါတော့😘

🌿လက်ဖက်ဆီ 🌿

🌿ဦးရေပြားအေးမြစေသည်။

🌿ဆံသားတောက်ပြောင်စေသည်။

🌿 ဆံပင်ကို သိသိသာသာနက်စေသည်။

🌿ဆံပင်ထူပြီး အရှည်မြန်စေသည်။

🌿ဆံပင်ကျဲခြင်း

🌿ဆံပင်ရှုပ်ခြင်း

🌿ဆံသားကြမ်းခြင်း

🌿ဆံပင်နှစ်ခွဖြစ်ခြင်း

🌿ဆံသားပျက်စီးခြင်း

🌿ဆံပင်ခွဲကြောင်းကျဲခြင်း

🌿ဆံသားခြောက်သွေ့ခြင်း

🌿အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း

🌿သားရေပင်ကဲ့သို့ ဆွဲဆန့်၍ရနေခြင်း

🌿ကောက်၊ဖြောင့်၊ဆိုဆေး၊ အပူဒဏ်ကြောင့် ဆံသားနီခြင်း

🌿ထိပ်ပြောင်၍ အလှောင်ခံရခြင်မှ ကင်းဝေးစေပါတယ်။

သဘာဝ လက်ဖက်ဆီ ၁ ဆကို အုန်းဆီ ၃ ဆဖြင့် ရောကာ (အနည်းဆုံး ခေါင်းမလျှော်ခင် တစ်နာရီ နှစ်နာရီအလိုကတည်းက လိမ်းထားပါ။)

ထို့နောက်နှစ်သက်ရာခေါင်းလျော်ရည်ဖြင့် ပြောင်စင်အောင်လျှော်ပါ။ အဆီအနှစ်နဲ့နှပ်ထားတာဖြစ်လို့ သေချာတော့လျှော်ပါရှင့်။
ပြောင်းဖူးမွှေးကဲ့သို့ ပျက်စီးနေသော ဆံပင်တောင် ပျော့ပျောင်းနူးညံ့ပြီး တောက်ပြောင်လာမှာပါ။

လက်ဖက်ဆီကို လက်ဖက်ရည်ကြမ်းသောက်ရာတွင် တစ်စက်နှစ်စက်ခန့် ထဲ့သောက်ပါက လက်ဖက်နံ့လေးသင်းကာ သောက်လို့အလွန်ကောင်းပါတယ်။

လက်ဖက်ဆီတဘူး............ 3500ks ပါရှင့်

🥥အုန်းဆီ🥥

🥥 သဘာဝ အုန်းဆီ ဖြစ်ပါတယ်ရှင့်🥥

🥥မီးနဲ့ ကြိုချက်ထားခြင်းမဟုတ်ပါဘူး
မီးနဲ့ ကြိုချက်ထားသောအုန်းဆီများ ဆံပင်ကျွတ်ပါတယ်

🥥sun dried coconut oil အမျိူးစား ဖြစ် ပြီး
နေလှန်းအခြောက်ခံ ပြီးမှ ကြိတ်တာ ဖြစ်လို့ 100% သဘာဝအုန်းဆီအပြည့်ဝဖြစ်ပါတယ်

🥥cooking coconut oil မဟုတ်လို့ အနံ့ မကောင်းမှာ စိုးရိမ်စရာမလိုသလို အုန်းဆီကြောင့်ဘေးထွက်ဆိုးကျိူး စိတ်ပူပန်စရာမလိုပါဘူးရှင်

🥥မိဘရိုးရာ နည်းအတိုင်းမို့ လူကြီးမင်းတို့ရဲ့အလှကုန်လုပ်ငန်း ကျန်းမာရေးလုပ်ငန်းတွေမှာ 100%စိတ်ချယုံ ကြည်စွာ အသုံးပြုလို့ရပါတယ်ရှင်
100%ကျန်းမာရေးအတွက်ပါ အထူးသင့်လျော်ပါတယ်ရှင်

🥥virgin oil ဖြစ် လို့ စိတ်ချယုံ ကြည်စွာအသုံးပြု လို့ရပါတယ်ရှင်
အုန်းဆီ..................125ml 2500ks
.................280ml 4500ks🥰❤️

Page Messenger သို့မဟုတ်
09787443180 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🥰🙆🏻‍♀️


🌿 လက်ဖက်ဆီ 🌿✅ဆံပင်ကျွတ်ပြီး ဆံပင်မသန်သူများ✅ဆံပင်ဖြူသူများ✅ဆံသား weight မရှိသူများ အတွက် အထူးသင့်လျော်ပါတယ်...လက်ဖက်ဆီဆိ...
15/01/2022

🌿 လက်ဖက်ဆီ 🌿
✅ဆံပင်ကျွတ်ပြီး ဆံပင်မသန်သူများ
✅ဆံပင်ဖြူသူများ
✅ဆံသား weight မရှိသူများ အတွက် အထူးသင့်လျော်ပါတယ်...

လက်ဖက်ဆီဆိုတာ.....

🌿လက်ဖက်ရွက်ပေါင်းလို့ရတဲ့အရည်ကို အစေးကျအောင် ပြန်ကြိုထားတဲ့ သဘာဝအဆီအနှစ်တစ်မျိုးပါ...

🌿မိုးပြဲဒယ်နဲ့ အချိန်၂ နာရီ ၃နာရီကြိုမှသာ အဆီ ၂ပိသာလောက်ရတာမျိုးပါ
အချိန်လည်းပေးရသလို ထင်းလည်းတော်တော်ကုန်ပါတယ်

🌿လက်အရမ်းဝင်ပြီး အချိန်ကုန်တာမို့ မှာတဲ့သူရှိမှကြိုပေးပါတယ် မဟုတ်ရင် လက်ဖက်ပေါင်းရည်တွေကို သွန်ပစ်ကြပါတယ်

🌿လက်ဖက်ဆီချက်တဲ့အခါ လက်ဖက်စိုအိတ်ကထွက်လာတဲ့အရည်ကို ချက်တာမျိုးမဟုတ်ပဲ လက်ဖက်ပေါင်းရည် သန့်သန့်ကိုသာ ချက်တဲ့အတွက်
အနံ့နံတာမျိုးမရှိပဲ လက်ဖက်လှော်နံ့သင်းသင်းလေးထွက်တဲ့ 100% သန့်စင်တဲ့ လက်ဖက်ဆီကိုပဲရောင်းချပါတယ်ရှင်....။

🌿ဆံပင်သန်လက်ဖက်ဆီ🌿
သဘာဝလက်ဖက်ဆီကို လိမ်း​ပေးခြင်းဖြင့်

✔ဦးရေပြားအေးမျှစေတယ်
✔ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုသက်သာစေပီး ထပ်မကွဲအောင်ကာကွယ်ပေးတယ်
✔ဆံသားကို တောက်ပြောင်စေတယ်
✔ သဘာဝ လက်ဖက်သင်းရနှံ့လေးနဲ့ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်
✔ဆံသားကို ပျော့ပျောင်းလာစေတယ်.....
✔ ခေါင်းချွေးနံ့ နံခြင်းကို ပျောက်ကင်းစေတယ်
✔ဆံပင်ကျွတ်ခြင်းကို သက်သာစေတယ်....
✔ ဆံပင်ကို သိသိသာသာမဲနက်လာစေပါတယ်
✔မျက်ခုံး​မွှေးထူချင်လဲ လက်ဖက်ဆီ​လေးကို လိမ်း​ပေးလို့ရပါတယ်

💁ဒါကတော့ အဖက်ဖက်က အသုံးဝင်တဲ့ လက်ဖက်ဆီ အကြောင်းပါနော်

👉ကဲ....အသုံးပြုပုံက​တော့

လက်ဖက်ဆီ အစစ်ဖြစ်သောကြောင့် အရမ်းစေးကပ် ပါတယ်​.... ဒါ​ကြောင့်မို့ သူ့ချည်းပဲ သုံးလို့ မရပါဘူး​နော်

လက်ဖက်ဆီကို ရှား​စောင်းလတ်ပတ်အဆီ (သို့) အုန်းဆီ (သို့) သံလွင်ဆီဖြင့် ရောစပ်၍ ဆံသားနှင့် ​ခေါင်းဦး​ရည်ကို နှံစပ်​အောင်လိမ်းပါ တနာရီခန့်ထားပေးပါ ခြောက်၍ တောင့်လာလျှင် ခေါင်းလျှော်ချလို့ရပါပီ​နော်

🔖လက်ဖက်ဆီ တစ်ဆ ဆို ကျန်တဲ့ရောစပ်ပြီး အသုံးပြုမယ့် အဆီ ကို ၂ ဆ ၃ ဆ ထည့်နိုင်ပါတယ်

💜လက်ဖက်ဆီ ၁ ဘူး - 3,500 ks
📱09787443180ကိုဆက်သွယ်မှာယူနိုင်ပါတယ်🙆🏻‍♀️ မြစ်ကြီးနားမြို့တွင်း Deli ခသက်သာစွာပို့ဆောင်ပေးပါတယ်ရှင့်🥰✌️တခြားအနီးနားမြို့တွေလဲပို့ဆောင်ပေးပါတယ်ရှင့်🙆🏻‍♀️💓💓💓

Soap Nut(ကင်ပွန်းသီး)ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျ...
13/01/2022

Soap Nut(ကင်ပွန်းသီး)

ကင်ပွန်းသီးက လူသိများတဲ့ဆေးဖက်ဝင်အပင်တွေထဲတစ်မျိုးပါ။ သဘာဝရဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို၊ ကုန်ကျစရိတ်လည်းသက်သာပြီး ပြန်လည်းအသုံးပြုလို့ရပါတယ်။

ကင်ပွန်းသီးကို ရေနဲ့ထိတွေ့လိုက်တဲ့အခါ ဆပ်ပြာလိုမျိုး အမြှုပ်လေးတွေ ထွက်လာတတ်ပါတယ်။ ကင်ပွန်းသီးကို အဝတ်တွေလျှော်တာကနေစလို့ လက်ဝတ်ရတနာတွေအ ရောင်တင်တာမျိုးအထိ အမျိုမျိုးအသုံးပြုနိုင်ပါတယ်။

လူတော်တော်များများကတော့ ကင်ပွန်းသီးက ဆံသားအတွက် ကိုကျန်းမာသန်စွမ်းစေတယ်လို့သိထားကြပါတယ်။ ကင်ပွန်းသီးက ဆံသားအတွက်တင်မကဘူး။ အရေပြားနဲ့ ကျန်းမာရေးအတွက်လည်းအထောက်ကူပြုနိုင်ပါတယ်။

ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းက သဘာဝဆံသားထိန်းသိမ်းတဲ့ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ကင်ပွန်းပင်မှာ ဆံသားကိုနက်မှောင်သန်စွမ်းစေတဲ့ ဆာဖိုနင်ဓာတ်ပါဝင်နေပါတယ်။

ကင်ပွန်းသီးက အထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေအနေနဲ့လည်း ရွေးချယ်သင့်တဲ့ သဘာယအလှအပထိန်းသိမ်းရေး ပစ္စည်းတစ်မျိုးပါ။

အရေပြားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
အရေပြားသန့်စင်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးက သဘာဝသန့်စင်ဆေးတစ်မျိုးပါ။ ဆပ်ပြာအစားအသုံးပြုလို့ရပါတယ်။ အရေပြားကိုအေးမြစေပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။ အရေပြားကိုနူးညံံ့စေပြီး ခြောက်သွေ့မှုကင်းဝေးစေပါတယ်။

အသားအရေအရောင်ကို တောက်ပစေခြင်း

ကင်ပွန်းသီးကို ဆပ်ပြာအစားအသုံးပြုပေးမယ်ဆိုရင် အရေပြားကိုနူးညံ့စိုပြေစေမှာဖြစ်ပါတယ်။ ကင်ပွန်းသီးကို မျက်နှာအရေပြားပေါ်က ဝက်ခြံတွေနဲ့ ဆားဝက်ခြံတွေသက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ မျက်နှာအသားအရေ ကိုလည်းပိုမိုတောက်ပစေပါတယ်။

မျက်နှာသစ်ဆပ်ပြာအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ နေ့စဉ်အသုံးပြုနေတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေက မျက်နှာကိုဖြူစေတယ်ဆိုပေမယ့် အရေပြားခြောက်သွေ့စေပါတယ်။ ကင်ပွန်းသီးကို မျက်နှာသစ်ဆေးအဖြစ်အသုံးပြုမယ်ဆိုရင် ဆိုးကျိုးမရှိဘဲ မျက်နှာအသားအရေကို ဖြူဝင်းချောမွေ့စေမှာဖြစ်ပါတယ်။

ဓာတ်မတည့်မှုကင်းဝေးစေခြင်း

ကင်ပွန်းသီးကနေ ရရှိနိုင်တဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က အရေပြားဓာတ်မတည့်မှု မဖြစ်စေတာဘဲဖြစ်ပါတယ်။ အထိအခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ ကလေးငယ်လေးတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပြဿနာတွေကို သက်သာစေနိုင်ခြင်း

ကင်ပွန်းသီးကရာနှုန်းပြည့် သဘာဝပစ္စည်းစစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးဆပ်ပြာကို သုံးပြီးအရေပြားကိုနေ့စဉ် သန့်ရှင်းပေးတာက ရောဂါတော်တော်များများကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဓာတုဗေဒပစ္စည်းတွေနဲပ လုပ်ထားတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ ဓာတုဓာတ်ပစ္စည်းတွေကနေ အရေပြားကနေတဆင့် သွေးကြောထဲရောက်ရှိသွားပြီး အရေပြားဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်ခံစားရစေတာဖြစ်ပါတယ်။


ဆံသားအတွက် ကင်ပွန်းသီးရဲ့ အကျိုးကျေးဇူး
ဆံပင်ကျွတ်သက်သာစေခြင်း

ကင်ပွန်းသီးက ဆံသားအတွက်အကျိုးပြုတယ်ဆိုတာကိုတော့ တော်တော်များများသိပြီးဖြစ်ပါတယ်။ ခေါင်းလျှော်၇ည်တော်တော်များများထဲမှာ ကင်ပွန်းသီးကို ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်းဆံသားတွေသန်စွမ်းတောက်ပြောင်စေဖို့အတွက် တရော် ကင်ပွန်းသီးနဲ့ခေါင်းလျှော်တာမျိုးလုပ်လာခဲ့တာ ရှေးယခင်ကာလတွေကတည်းစလို့ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ကင်ပွန်သီးက ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပါတယ်။ ဦးခေါင်းပေါ်ကသန်းတွေကို ဖယ်ရှားဖို့အတွက်လည်း အရမ်းအသုံးဝင်ပါတယ်။

ဆံပင်ပျက်စီးတာကို သက်သာစေနိုင်ခြင်း

ကျန်းမာ တောက်ပတဲ့ ဆံနွယ်တွေကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ကတော့ ကင်ပွန်းသီးကိုအသုံးပြုတာစိတ်အချရဆုံးလို့ပဲ အကြံပြုပါရစေ။ ကင်ပွန်းသီးနဲ့ခေါင်းလျှော်ပြီးတိုင်း ဆံသားကချောမွေ့သွားတာကို ခံစားရမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားကို ပိုမိုတောင်ပစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်ပျော့ဆေးအဖြစ်အသုံးပြုနိုင်ခြင်း

ကင်ပွန်းသီးကို ဆံပင်သန်ဆေးအဖြစ်ရော၊ ဆံပင်ပျော့ဆေးအဖြစ်ရော အသုံးပြုပေးနိုင်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေ ခြောက်သွေ့ ဖွာထွက်နေတာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို ဆံပင်အရောင်မွဲတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကင်ပွန်းသီးက ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ မှိုပိုးကိုသေစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဆံသားကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

ဆံပင်ခြောက်သွေ့တာကို ကာကွယ်ပေးနိုင်ခြင်း

ကင်ပွန်းသီးက ဦးရေကိုအေးမြစေပြီး သဘာဝပစ္စည်း စစ်စစ်ဖြစ်တာကြောင့် ကင်ပွန်းသီးနဲ့ တစ်ပတ်တစ်ခါခါင်းလျှော်ပေးမယ်ဆိုရင် ဆံသားခြောက်သွေ့မှုကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။

အဖျား နှစ်ခွမဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း

ဆံပင်ကို ကင်ပွန်းသီးနဲ့လျှော်ပေးမယ်ဆိုရင် ဓာတုပစ္စည်းတွေနဲ့ ခေါင်းလျှော်သလိုမျိုး ဆံသားနှစ်ခွဖြစ်တာမျိုးတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ကင်ပွန်းသီးက ဆံသားတွေကို ကျန်းမာစေပြီး ဆံပင်အဖျားနှစ်ခွ ဖြစ်ပေါ်မှုကိုလျှော့ချပေးပါတယ်။

ကျန်းမာရေးအတွက် ကင်ပွန်းသီးရဲအကျိုးကျေးဇူး
အဆိပ်တွေ ဖယ်ရှားပေးနိုင်ခြင်း

ကင်ပွန်းသီးရဲ့ အရေးအပါဆုံးသော ကျန်းမာရေးအကျိုးကျေးဇူးကတော့ အဆိပ်ပြေစေနိုင်တဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။ ကင်ပွန်းသီးကို မြွေအဆိပ်ထုတ်ရာမှာလည်း အသုံးပြုကြပါတယ်။ ကင်းမြီးကောက်နဲ့ အခြားအဆိပ်ရှိတြ့ အကောင်တွေကိုက်ခံရတယ်ဆိုရင်လည်း ကင်ပွန်းသီးကို အသုံးပြုပြီး အဆိပ်ထုတ်လို့ရပါတယ်။

အကျင့်ဆိုးတွေကို ကာကွယ်ရာမှာ အထောက်အကူပြုနိုင်ခြင်း

ကင်ပွန်းသီးကို ဆေးလိပ်သောက်သုံးသူတွေ၊ ဆေးရွက်ကြီးစွဲလန်းသူတွေကို ဆေးလိပ်ဖြတ်တာနဲပ ဆေးရွက်ကြီးစွဲလန်းမှုကို ဖြတ်ရာမှာလည်းအသုံးပြုပေးလို့ရပါတယ်။

ကင်ဆာ အကျိတ်ဆဲလ်ကြီးထွားမှုကို တားဆီးပေးနိုင်ခြင်း

သုတေသနအချို့မှာ ကင်ပွန်းသီးက လူ့ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ ကင်ဆာကျိတ်ဆဲလ်တွေ ကြီးထွားမလာအောင် ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

Psoriasis (အရေပြားလေးဖက်နာ) နဲ့ နှင်းခူနာတွေကို သက်သာစေခြင်း

ကင်ပွန်းသီးမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားလေးဖက်နာရောဂါနဲ့ နှင်းခူနာတွေလိုမျိုး အရေပြားဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်ပါတယ်။ တင်းတိပ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်။

-ကင်ပွန်းသီးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

-တံတွေးအထွက်များတာကို သက်သာစေနိုင်ခြင်း

-ရောင်ရမ်းမှုကို သက်သာစေနိုင်စွမ်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။

-ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေနိုင်တာကြောင့် E.coli လိုမျိုး ဝေဒနာတွေဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

-ကင်ပွန်းသီးက သဘာဝဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။

-ကင်ပွန်းသီးက ကိုလက်စထရောပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

-ကင်ပွန်းသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း က ကင်ဆာရောဂါအချို့ကနေ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

-ကင်ပွန်းသီးက ဆီးချိုကိုကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။

-ဝမ်းလျှောတာ၊ အစာမကြေတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။



ကင်ပွန်းသီးရဲ့ ဆေးဖက်ဝင်ပုံများ
-ကင်ပွန်းသီးမှာ ဓာတ်မတည့်မှုကို တိုက်ဖျက်ပေးပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် လက်သန့်ဆေးရည်တွေထဲမှာ အသုံးပြုလေ့ရှိပါတယ်။

-အရေပြားသန့်ဆေးတွေအနေနဲ့လည်း အသုံးပြုကြပါတယ်။

-အဆိပ်ပြေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သစ်သီးတွေနဲ့ ဟင်းသီဒဟင်းရွက်တွေမှာ ကပ်ညှိနေနိုင်တဲ့အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။

– ရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်အနည်းငယ်ရှိတာကြောင့် အလှကုန်တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

-ကင်ပွန်းသီးမှုန့်၊ကျောက်ချဉ် (alum) နဲ့ရေတို့ကို ရောစပ်ပြီး သွားတိုက်ဆေးအဖြစ်အသုံးပြုပေးလို့လည်းရပါတယ်။

ကင်ပွန်းသီးရဲ့ အခြားအသုံးဝင်ပုံများ
– သစ်သားတွေ၊သိုးမွှေးတွေ၊ဖန်ထည်တွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကိုဆေးကြောရာမှာ အသုံးပြုလို့ရပါတယ်။

-မြေဆီလွှာတွေကို အဆိပ်အတောက်ကင်းစင်အောင်လည်း ကင်ပွန်းသီးအသုံးပြုပေးလို့ရပါတယ်။

-အရောင်ချွတ်ဆေးအဖြစ်အသုံးပြုလို့လည်းရပါတယ်။

-အနာတွေပိုးမဝင်စေဖို့အတွက်နဲ့ အနာမရင်းစေဖို့အတွက်လည်း ကင်ပွန်းသီးကိုအသုံးပြုလို့ရပါတယ်။

-ကင်ပွန်းရည်ကိုသုံးပြီး ပန်းကန်တွေ ဇွန်းတွေဆေးလို့ရပါတယ်။

-ကြမ်းတိုက်ဆေးရည်အဖြစ်အသုံးပြုလို့ရသလို ဘက်တီးရီးယားတွေ ကင်းစင်စေဖို့အတွက် အိမ်သန့်ရှင်းရေးလုပ်ရာမှာလည်း အသုံးပြုပေးလို့ရပါတယ်။ ရေချိုးခန်းတိုက်ရာမှာ သုံးနိုင်သလို ပြတင်းပေါက်မှန်တွေသန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

-ကော်ဇောတွေနဲ့ ခန်းဆီးလိုက်အဟောင်းတွေကို လျှော်ဖွတ်ရာမှာလည်း အသုံးပြုလို့ရပါတယ်။

-ပိုးသတ်ဆေးအဖြစ်နဲ့လည်း အသုံးပြုလို့ရပါသေးတယ်။

သတိပြုစရာ အချက်များ
-ကင်ပွန်းသီးက အရေပြား၊ဆံသားနဲ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုပေမယ့် ကင်ပွန်းသီးနဲ့ ဓာတ်မတည့်သူတွေအနေနဲ့တော့ ကင်ပွန်းသီးကို အသုံးမပြုသင့်ပါဘူး။

-မျက်စိထဲကိုမဝင်အောင်ဂရုစိုက်သင့်ပါတယ်။ ကင်ပွန်းသီးမှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို မျက်ခမ်းတွေရောင်ရမ်းတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ crd

Address

MyaeMyint
Myitkyina
01011

Website

Alerts

Be the first to know and let us send you an email when Beautify U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share