Phyo Phyo Lambest skin care

Phyo Phyo Lambest  skin care တင်းတိတ်၊အမဲစက်၊ဝက်ခြံ၊ဆားဝက်ခြံ၊အသား‌ ရေမညီညာမှုကင်းဝေးဖို
LAMBEST SKINCARE Product သုံးစို့နော် Kachinstate Taungkyistate Kayinstate Yangon Mandalay Naypyidaw

Promotion လေးက April လကုန်ထိ ရပါမယ်ရှင့်🥰🥰🥰 #အသားအရေနုပျိုလှပကျန်းမာစေသောLambest09-402780174
19/04/2025

Promotion လေးက April လကုန်ထိ ရပါမယ်ရှင့်🥰🥰🥰
#အသားအရေနုပျိုလှပကျန်းမာစေသောLambest
09-402780174

" ငါတို့ကတော့ iphone တွေဘာတွေမကိုင်ပါဘူးဒီဖုန်းလေးပဲကိုင်တယ် ဒါလည်းရတာပဲ" လို့ ပြောသံတွေကြားဖူးကြပါလိမ့်မယ်ဟုတ်ပါတယ် တချ...
26/03/2025

" ငါတို့ကတော့ iphone တွေဘာတွေမကိုင်ပါဘူး
ဒီဖုန်းလေးပဲကိုင်တယ် ဒါလည်းရတာပဲ" လို့
ပြောသံတွေကြားဖူးကြပါလိမ့်မယ်

ဟုတ်ပါတယ် တချို့လူတွေအတွက်
ဖုန်းအကောင်းစားကိုင်ဖို့မလိုအပ်ပါဘူး

ဒါပေမယ့်တချို့လူတွေအတွက်ကတော့
ဖုန်းကောင်းကောင်းတစ်လုံးရှိမှအဆင်ပြေမှာပါ
သူတို့ရဲ့တချို့အလုပ်တွေ
တချို့သော apps တွေ တချို့သော data တွေကို
ဖုန်းအနိမ့်တွေမှာ သုံးလို့မရပါဘူး

model မြင့်တဲ့ဖုန်းရှိမှပိုအဆင်ပြေတာမျိုးပါ
ဒါ့ကြောင့် သူတို့အတွက် ဖုန်းကောင်းတာလိုအပ်ပါတယ်

"ငါတို့ကတော့ အဝတ်အစားကောင်းကောင်းတွေမလိုပါဘူး
ရှိတာပဲဝတ်လိုက်တာပဲ အလကားပကာသနတွေပါ" လို့
ပြောသံတွေလည်း ကြားဖူးကြပါလိမ့်မယ်

သူတို့အတွက်မှန်ပါတယ်
သူတို့ကျင်လည်နေရတဲ့ပတ်ဝန်းကျင်က
အိမ်နေရင်းအဝတ်အစားနဲ့နေလည်း
ပြဿနာသိပ်မရှိတဲ့အနေအထားမျိုးမို့ပါ
ဒါပေမယ့်တချို့သောလူတွေအတွက်ကတော့
နေရာအပေါ်မူတည်ပြီး အလုပ်အပေါ်မူတည်ပြီး
ဝတ်ရစားရတာမျိုးရှိပါတယ်
တချို့အလုပ်တွေ တချို့ပွဲတွေကို
စွပ်ကျယ်နဲ့ဘောင်းဘီတိုနဲ့သွားလို့မရပါဘူး
ပလေကပ်ပုဆိုးဟောင်း ထမီစုတ်နဲ့လာလို့မရပါဘူး
လိုအပ်ချက် သတ်မှတ်ချက်တွေအရ ဝတ်ရစားရပါတယ်

ပွဲသွားစရာမလိုတဲ့အခြေအနေကလူတွေအတွက်
ပွဲမှာဝတ်တဲ့အဝတ်အစားတွေမလိုအပ်ပါဘူး

"ဘာလုပ်မှာလဲ ပိုက်ဆံရှိရင်ရပြီပေါ့" ဆိုတာမျိုးတွေလည်း
ကြားဖူးကြမှာပါ
တချို့နေရာတွေမှာ
ဘဏ်စာအုပ်ကြီးလည်ပင်းဆွဲသွားလို့မရပါဘူး
(တချို့နေရာတွေက ငွေကြေးနဲ့ဆုံးဖြတ်ကြတာမဟုတ်ပါဘူး)

တချို့အရာတွေက ကျင်လည်ရတဲ့ပတ်ဝန်းကျင်ကွာပါတယ်
လုပ်ကိုင်ရတဲ့အလုပ်အနေအထားတွေ ကွာခြားပါတယ်
ထိတွေ့ရတဲ့လူတွေရဲ့ level တွေ မတူပါဘူး
ဆရာဝန်က အားကစားဘောင်းဘီတိုနဲ့ဆေးရုံကြည့်လို့မရပါဘူး
ဒါကို ပကာသနတွေပါလို့ ပြောလို့တော့မရပါဘူး

ဒီလိုပဲ တချို့အလုပ်တွေက ကားလိုအပ်ပါတယ်
တချို့အလုပ်တွေက ဆိုင်ကောင်းကောင်းနဲ့ဖွင့်ရပါတယ်
တချို့အလုပ်တွေက hotel တွေမှာ လုပ်ရပြီး
တချို့ကိစ္စတွေကို နေရာကောင်းကောင်းမှာ ချိန်းဆိုရတာမျိုးပါ

ကျင်လည်ရတဲ့ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်ရတဲ့အလုပ်မတူတဲ့အခါ
လူတွေရဲ့အသွင်အပြင်ပုံစံပါ ကွာခြားသွားပါတယ်
ဒါကို တယောက်ကနောက်တယောက်အပေါ်
အကြောင်းမဲ့သက်သက်ဝေဖန်တာမျိုးကျတော့
မှားတယ်လို့ပြောရမှာဖြစ်ပါတယ်....

စာကလေးအတွက် သန်မာတဲ့ခြေထောက်တွေမလိုအပ်ပေမယ့်
သိန်းငှက်အတွက်တော့ သန်မာတဲ့ခြေထောက်တွေရှိမှ
ဆက်လက်ရှင်သန်နိုင်မှာမို့ပါ...............

Credit: Original Uploader

အသားရေအတွက်မရှိမဖြစ်လိုအပ်နေတဲ့ Collagen ကို အချိိန်ပိုင်းအတွင်းမှာ ဖြည့်ပေးနိုင်တဲ့ Lambest Collagen Mask💚Vita Collagen...
26/03/2025

အသားရေအတွက်မရှိမဖြစ်လိုအပ်နေတဲ့ Collagen ကို အချိိန်ပိုင်းအတွင်းမှာ ဖြည့်ပေးနိုင်တဲ့ Lambest Collagen Mask💚

Vita Collagen ကြောင့် အသားကြည်စေတယ် အသားရေတင်းရင်းစေတယ်

ဒါ့အပြင် ပုံမှန်သုံးပေးတဲ့အခါ အမဲစက်တွေပါးစေပြီး ချွေးပေါက်ကျဉ်းစေတယ်လေ

လူကြိုက်အရမ်းများသလို သုံးပြီးရင်သိသိသာသာပြောင်းလဲပေးလို့review ကောင်းတွေရထားတာနော်🫣🫣

smile line တွေ အရေးကြောင်းတွေအတွက် မရှိအောင်ကာကွယ်ပေးလို့
Lambest collagen mask လေးသုံးရအောင်နော်🤩🤩


#အသားအရေနုပျိုလှပကျန်းမာစေသောLambest

မိန်းကလေးတွေ လှကြစမ်းပါမိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူးတဲ့။အ...
16/03/2025

မိန်းကလေးတွေ လှကြစမ်းပါ

မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။ ပျင်းတဲ့ မိန်းကလေးပဲရှိမယ် ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာ မရှိဘူးတဲ့။

အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေက တာဝန်ယူတယ်၊ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာ တာဝန်ယူပါတဲ့။

ဒီလို စကားမျိုး ရှိပေမယ့် တချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းပါတယ်။

ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်။

ဒီလိုမျိုးမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြား တွေ့ရတတ်တယ်။ အခုဒီပို့စ်ကို ဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။

ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်က မထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်တယ်။ ဆံပင်ပုံ၊ အဝတ်အစား စတာတွေ လိုက်ဖက်အောင် ဝတ်ဆင်တယ်။ လက်ကောက်၊ လက်သည်းနီပါ မကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ် ရွေးချယ်တတ်တယ်။

ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် ထမိန်နဲ့ စကပ်နဲ့ မိတ်ကပ်တွေ ပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။

အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားက အဆီတုံးကြီးကို မကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။

ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တတ် ကြည့်တတ်လာတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။

အချစ်တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်။

တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။

တချို့ မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် သိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာတယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူ ငါ့ကို လွယ်လွယ်နဲ့ ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။

တချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင် မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့မိတ်ကပ်ကို မဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တဖြည်းဖြည်း သတိထားလာမိတတ်ကြတယ်

ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲသွားပါတယ်။

အပြင်ပန်း အပြင်အဆင် ပေါ့လျော့တဲ့အပြင် တချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ မက်စင်ဂျာနဲ့ အချိန်ဖြုန်းမယ်။ ရသစာလေးဖတ်ရရင် အချိန်ကုန်အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။

စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင် မလှည့်မိတတ်ကြပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားဖို့ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးလဲ။

တချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ "လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့" မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။

ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာမလိုဘူး ဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မယ့်အစား ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အချိန် ပိုပေးပြီး လှဖို့ အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်။

မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ်လေ နည်းနည်းထားပါ။

ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုချစ်ပါ။
တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။

အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းလေးသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့ စိတ်ကို ပြောင်းလဲကြည့်ပါ။

စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။

ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့ အလုပ်ကနေ တခဏလောက် ခွာကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။

မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။

မူရင်းရေးသားသူ-- Wo Lai Bao

(နှလုံးသားဝန်ဆောင်မှု စာအုပ်မှ)

💌

#နိုင်းနိုင်းစနေ

ဘယ်သူအကြောင်းမှစိတ်ဝင်စားဖို့မအားသလိုဘယ်သူကိုမှလည်း လိုက်မကြည့် လိုက်မဆုံးဖြတ်ဘူးဘယ်သူဘာလုပ်နေပြီဘယ်အထိရောက်နေပြီဆိုတာလဲ...
16/03/2025

ဘယ်သူအကြောင်းမှစိတ်ဝင်စားဖို့မအားသလို
ဘယ်သူကိုမှလည်း လိုက်မကြည့်
လိုက်မဆုံးဖြတ်ဘူး

ဘယ်သူဘာလုပ်နေပြီ
ဘယ်အထိရောက်နေပြီဆိုတာလဲ
ခေါင်းထဲကို မရှိဘူး
လိုက်လဲ မပြိုင် လိုက်လဲမပြောဘူး။

လူလူချင်း လေးစားစိတ်မပြည့်ရှိပေမယ့်
ဘယ်သူက ဘာကြီး ညာကြီးဆိုတာမျိုးတွေ
စိတ်ကို မဝင်စားဘူး။

ကိုယ့်အလုပ် ကိုယ်လုပ်တယ်
ကိုယ့်ဘဝနဲ့ကိုယ် အေးဆေးနေတယ်
ကိုယ့်မိသားစုကို ဘယ်လိုအကျိုးပြုရမလဲဆိုတာ
တွေးတယ်, လုပ်တယ်။

ကိုယ်နေထိုင်တဲ့ အသက်ရှင်တဲ့
လူ့အသိုင်းအဝိုင်းနဲ့
အများအကျိုးအတွက်
ဘာတွေလုပ်ပေးနိုင်လဲဆိုတာ
လိုက်ကြည့်ပြီး လိုက်ဖြည့်ဆည်းပေးတယ်
လုပ်တယ်။

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့
အကျင့်တွေနဲ့
လုံးဝ key မကိုက်သလို
ပြန်သိရပြီးရင်လဲ
အဲ့...လူနဲ့
အဲ့...ဆက်ဆံရေးကို
ချက်ချင်းရပ်ပစ်လိုက်တယ်။

ငါ့ကို ထိရင် ဘယ်သူနဲ့ငြိမှာဆိုတဲ့
အမျိုးသမီး မဟုတ်ဘူး။

ငါ့ကိုထိရင် ငါနဲ့ငြိမှာဆိုတဲ့
အမျိုးသမီး ပဲ။

မာ,. ..တယ်
လိုအပ်လာရင် မာန်လဲ ရှိတယ်။

ငါ့ ကို မ ထိ နဲ့!!!!
(Don't touch)

မနက်ခင်း   SkinCare အသုံးပြုပုံအဆင့်ဆင့် 🥰(မတူညီသောအသားရေအလိုက် မတူညီသောသုံးနည်းလေးပါရှင့်)
14/03/2025

မနက်ခင်း

SkinCare အသုံးပြုပုံအဆင့်ဆင့် 🥰

(မတူညီသောအသားရေအလိုက် မတူညီသောသုံးနည်းလေးပါရှင့်)



💁💁ဝက်ခြံ တင်းတိတ် အမဲစက်ချွေးပေါက်ကျယ် အသားရေပြသနာများအတွက် အထိရောက်ဆုံးနဲ့အကောင်းဆုံး Lambest Skin Care📌📌15%Discount/20...
13/03/2025

💁💁ဝက်ခြံ တင်းတိတ် အမဲစက်ချွေးပေါက်ကျယ် အသားရေပြသနာများအတွက် အထိရောက်ဆုံးနဲ့အကောင်းဆုံး Lambest Skin Care

📌📌15%Discount/20%Discountတွေအပြင် မင်မင်ပေးမယ့်လက်ဆောင်ပါရမှာပါ။

🛒ကြိုက်ရာတစ်ဆက်ရွေးပြီး Delivery Free+ရာသက်ပန် 15%Off ခံစားခွင့် ရယူလိုက်ပါ။😍😍

⭐စျေးကွက်တွင် (၅)နှစ်ကျော်ကာလအတွင်း Customerတွေရဲ့ Feedback တွေReview ပေါင်းများစွာရရှိထားတဲ့ Skin Care ပစ္စည်းတစ်ခုဖြစ်ပါတယ်။

☑️မြန်မာနိုင်ငံအသိအမှတ်ပြုလက်မှတ်များနှင့်နိုင်ငံတက အသိမှတ်ပြုလက်မှတ်တွေလဲရရှိပြီးသားမို့ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်။

🌱သဘာ၀ပစ္စည်းတွေနှင့်ထုတ်လုပ်ထားတဲ့အတွက် အသားရေပျက်စီးမှာလဲစိတ်ပူစရာမလိုပါရှင့်။

☝️Quality ကြောင့်ထပ်ကာ ထပ်ကာ မှာနေကြတာကြောင့် အဆင်မပြေမှာ /မတည့်မှာ (လုံး၀လုံး၀ )စိတ်ပူစရာမလိုပါ။

✔️မြို့ပေါင်း(၂၀၀)ကျော် အိမ်ရောက်ငွေချေရယူနိုင်ပါတယ်။

🛍️လက်ကားစိတ်၀င်စားသူများ-09442781884 ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။

lambestproductများမှာယူလိုပါက ChatBox Or_09-402780174ဆက်သွယ်မှာယူနိုင်ပါတယ်။

#မြို့ပေါင်း၂၀၀ကျော်အိမ်ရောက်ငွေချေရပါတယ်

#မြန်မာတစ်နိုင်ငံလုံးလက်လီလက်ကားဖြန့်ချီပါတယ်

Lambest Conditioner လေးကဘာအတွက်ကောင်းလဲဆိုရင်!🌸သူလေးကတော့နေ့စဥ်လှုပ်ရှားသွားလာမှုမှာ မဖြစ်မနေကြုံတွေ့နေရတဲ့နေဒဏ် လေဒဏ် ဖ...
11/02/2025

Lambest Conditioner လေးက
ဘာအတွက်ကောင်းလဲဆိုရင်!

🌸သူလေးကတော့

နေ့စဥ်လှုပ်ရှားသွားလာမှုမှာ မဖြစ်မနေကြုံတွေ့နေရတဲ့

နေဒဏ် လေဒဏ် ဖုန်မှုန့်ဒဏ်နဲ့ Chemical များ

ဆံသားများပေါ်သို့ တိုက်ရိုက်မထိတွေ့အောင်

ကာကွယ်ပေးပါတယ်နော်

ကဲ

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့

ဆိုရိုးစကားလေးအတိုင်း

Lambest conditioner လေးသုံးပီး

ဆံသားများပျက်စီးခြင်းကို ကာကွယ်ကြရအောင်နော်🥰



ဆံသားနှစ်ခွဖြစ်ကာ ခြောက်ပြီး ဖွာနေလို့  အဆင်မပြေဖြစ်နေလား…..?ဆံသားရဲ့ပြဿနာအတွက်Lambest Shampoo🧖‍♀️က ဖြေရှင်းပေးပါလိမ့်မယ...
08/02/2025

ဆံသားနှစ်ခွဖြစ်ကာ ခြောက်ပြီး ဖွာနေလို့ အဆင်မပြေဖြစ်နေလား…..?

ဆံသားရဲ့ပြဿနာအတွက်Lambest Shampoo🧖‍♀️က ဖြေရှင်းပေးပါလိမ့်မယ်နော်

ဆံသားကို အရင်းပိုင်းထိ Moisture ဖြည့်ပေးပြီး သဘာဝကျကျ အိစက်ပြောင်လက်စေပါတယ်။

ဆံသားမှာ ဗောက်ထခြင်းနှင့် ဦးရေပြား ယားယံခြင်းတို့ကို သက်သာစေပြီး
ရေဓာတ်ဆုံးရှုံးမှုကိုလဲ လျော့ကျစေပါတယ်

ဆံသားနှစ်ခွဖြစ်တာတွေ ကင်းဝေးဖို့
Lambest Shampoo လေးကို သုံးလိုက်ကြစို့……




#မြန်မာတစ်နိုင်ငံလုံးလက်လီလက်ကားဖြန့်ချီပါတယ်

#09-402780174

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။ ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။ လောကမှာ အပြစ်ကင်းစင်ပြီး လုံးဝ စ...
07/02/2025

ကံကောင်းနေတယ်ဆိုတာ စိတ်ထားကောင်းလို့ပါ။

ပျော်ရွှင်နေတယ်ဆိုတာ အတွေးတွေ မှန်ကန်နေလို့ပါ ။

လောကမှာ အပြစ်ကင်းစင်ပြီး
လုံးဝ စိတ်ထားကောင်းတဲ့သူဆိုတာ မရှိပါဘူး ။
စိတ်ထားကောင်းအောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိတယ် ။

အမြဲတမ်း ပျော်ရွှင်နေတဲ့သူဆိုတာ မရှိပါဘူး ။
ပျော်အောင် ကြိုးစားနေထိုင်တဲ့သူပဲ ရှိပါတယ် ။

အမြဲတမ်း အဆင်ပြေတဲ့သူဆိုတာလည်း မရှိပါဘူး ။
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်
ကြိုးစားနေထိုင်တဲ့ သူပဲ ရှိပါတယ် ။

ဘဝမှာ
ပြည့်စုံတဲ့သူရယ်လို့ မရှိပါဘူး ။
လူတိုင်းမှာ ပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေကြီးပါ ။

မွေးဖွားကြတယ် ။
ရှင်သန်ကြတယ် ။
ပြီးတော့ မဖြစ်မနေ သေဆုံးသွားကြတယ် ။
တကယ်တမ်း တွေးကြည့်ရင် ဘဝဆိုတာ တိုတိုလေးပါ ။

ဒါကြောင့်
စိတ်ညစ်လည်း တစ်နေ့ ။ ပျော်လည်း တစ်နေ့ ။
အချိန်တွေ ကုန်ဆုံးသွားမည့်အတူတူ
နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာ ဖြတ်သန်းပါ ။

Crd.....

Address

Naypyidaw

Telephone

+959402780174

Website

Alerts

Be the first to know and let us send you an email when Phyo Phyo Lambest skin care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyo Phyo Lambest skin care:

Shortcuts

Share