Cowdeys Myanmar MTH

Cowdeys Myanmar MTH cowdeys DHA အဟာရဓါတ်စာ နို့ခဲ Cash on delivery service

အိမ်တစ်အိမ်မှာ ဖခင်ပီသတဲ့ အိမ်ထောင်ဦးစီး သင်ပိုင်ဆိုင်နေပြီဆိုရင် လောကမှာ သင့်လောက်ကံကောင်းတဲ့သူမရှိဘူး။ ဘာကြောင့်လဲ မိသ...
29/01/2026

အိမ်တစ်အိမ်မှာ ဖခင်ပီသတဲ့ အိမ်ထောင်ဦးစီး သင်ပိုင်ဆိုင်နေပြီဆိုရင် လောကမှာ သင့်လောက်ကံကောင်းတဲ့သူမရှိဘူး။ ဘာကြောင့်လဲ မိသားစုကို လုံခြုံစေတာ အဖေဖြစ်တယ်။ အဖေပီသရင် ဘယ်သူမှလာထိခိုက်လို့မရသလို
မိသားစုကိုလာနှောက်ရှက်လို့မရဘူးဆိုတာသင်တွေးမိရဲ့လား။

အဖေကောင်းတစ်ယောက်က
မိသားစုဝေယာဝိစတွေကို အဖေတစ်ယောက်အနေနဲ့ တောင်းဆိုခံရဖို့မစောင့်ပါဘူး။

သူဟာ ဘာလုပ်ရမယ်ဆိုတာကို မြင်ပြီးလုပ်ဆောင်နေပါတယ်။ သူ့ရဲ့ဝန်ထုတ်ဝန်ပိုးတွေကို သူချစ်ရတဲ့မိသားစုကို
ဘယ်တော့မှ မပေးအပ်ခဲ့ဘူး။ မိသားစုရဲ့အခက်ခဲတွေကိုလည်း မမြင်ချင်ဘူး။

သူချစ်လို့ယူတဲ့ မိန်းမကိုမှ အလုပ်ပင်ပန်းမှာဆိုးလို့ သူပဲ
အပင်ပန်းခံပြီး ရုန်းကန်နေတဲ့ စားဝတ်နေရေးကို
တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသေား ဖခင်များလို့ပြောမယ့်အစား ဖခင်ပီသတဲ့အဖေများကိုလေးစားဖို့ ကောင်းတယ်။

လက်ခုတ်သံမပါဘဲ ဦးဆောင်မှုယူပါ။
ဝင်ရောက်စွက်ဖက်ဖို့ လုံလောက်တဲ့ အသိပညာကိုရှိဖို့လိုတယ်။

မိခင်တွေက အဖေရှိရဲ့သားနဲ့ စီမံခန့်ခွဲဖို့မလိုအပ်ဘူး။
ဒါက ပူးပေါင်းဆောင်ရွက်မှုမဟုတ်ဘူး ကြီးကြပ်မှုတစ်ခုဘဲ။

အိမ်ထောင်ဦးစီးကောင်းတစ်ယောက်က မိန်းမတွေရဲ့ သတိပေးခြင်းမရှိဘဲ ပေါ်လာတတ်ကြတယ်။ ဖခင်မပီသတဲ့
သူကြတော့ မိန်းမရဲ့ သတိပေးခြင်းအကြိမ်ကြိမ်ခံရပေမယ့်
ပေါ်လာချင်ရင်ပေါ်လာ / မလာချင်ရင်မလာဘူး။

မိသားစုဝင်တွေက လိုအပ်တဲ့အချိန်မှာ ပေါ်လာတဲ့သူက ဖခင်ကောင်းမဟုတ်ဘူး။ အချိန်မရှိတဲ့ကြားထဲက အချိန်ကိုရအောင် မိသားစုနဲ့ အကျိုးရှိရှိ အသုံးချနေတဲ့သူ ဖြစ်တယ်။

ဖခင်ကောင်းတစ်ယောက်ရဲ့အောက်မှာ ကြီးပြင်းတဲ့သူက
ဘယ်နေရာဘဲရောက်ရောက် ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူနိုင်တဲ့ အဆင့်ထိ ယုံကြည်မှုအပြည့်ရှိတယ်။
crd

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးနေဆဲ ကာလဟာ မွေးစကနေ (၆) နှစ် အတွင်းပါ။ ဒီအချိန်မှာ လူကြီးတွေရဲ့ အပြုအမူအမှားတွေကြောင့် ...
28/01/2026

ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးနေဆဲ ကာလဟာ မွေးစကနေ (၆) နှစ် အတွင်းပါ။ ဒီအချိန်မှာ လူကြီးတွေရဲ့ အပြုအမူအမှားတွေကြောင့် ကလေးတစ်ဘဝလုံး ထိခိုက်သွားနိုင်ပါတယ်။ 👶🏼👶🏼

ဒါတွေကို ရှောင်ကျဉ်နိုင်ဖို့ မလုပ်သင့်တာတွေကို မျှဝေပေးပါရစေ..

၁) ကလေးကို စကားသိပ်မပြော၊ ပြင်ပနဲ့ မထိတွေ့ခိုင်းတာ
- ကလေးနဲ့ စကားမပြောဘဲ ကလေးငြိမ်ရင် ပြီးရောဆိုပြီး TV/ဖုန်းတွေပဲ ကြည့်ခိုင်းတာမျိုးဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှေးကွေးစေပါတယ်။

- ကလေးဆိုတာ မမြင်ဖူးတာကို မြင်ရင် အရမ်းစိတ်ဝင်စားတာ သဘာဝပါပဲ။ TV/ဖုန်းတွေပြမယ့်အစား အပြန်အလှန် စကားပြောတာ၊ ပြင်ပသဘာဝနဲ့ ထိတွေ့ခိုင်းတာမျိုးက ကလေးရဲ့ ဦးနှောက်အတွက် အကောင်းဆုံး ဖွံ့ဖြိုးမှု ဖြစ်စေပါတယ်။

၂) ကြောက်လန့်အောင် ခြောက်ခြင်း
- ဒီလိုလုပ်နေရင် ဟိုလူကြီး လာလိမ့်မယ်။ အဲ့မှာ သရဲရှိတယ်၊ ဒီလိုခြိမ်းခြောက်မှုတွေကို စနောက်ပြီးတောင် မလုပ်သင့်ပါဘူး။
- ကလေးက ကြောက်နေရင်တောင် ဒါဟာကြောက်စရာမဟုတ်ကြောင်း ဘာကြောင့်ဒီလိုဖြစ်ရတယ် ဆိုတာမျိုးတွေကို ရှင်းပြပေးပါ။
- လိုအပ်ရင် အတူတူဖြေရှာတာမျိုး လုပ်ပေးပါ။ ဒါဟာ ကလေးကို ကြောက်စိတ်လျော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတက်စေပါတယ်။

၃) အလွန်အမင်း စည်းကမ်းတင်းကျပ်ခြင်း (သို့) စိတ်တိုင်းကျ လွှတ်ထားခြင်း
- "ဒါမလုပ်ရ" "ဟိုဟာမကိုင်ရ" ဆိုပြီး အလွန်အမင်း ကန့်သတ်တာက ကလေးရဲ့ စူးစမ်းလိုစိတ်ကို လျော့ကျစေပါတယ်။
- ဘာမှမထိန်းချုပ်ဘဲ အကုန်ခွင့်ပြုထားတာလည်း မကောင်းပါဘူး.
- ကလေးကို မလျော့မတင်းတဲ့ စည်းကမ်းလေးတွေ သတ်မှတ်ပြီး များသောအားဖြင့် ကလေးကိုယ်တိုင် လုပ်တာမျိုးကို ခွင့်ပြုပေးပါ။

၄) အော်ဟစ်ဆူပူခြင်း
- ကလေးကို မကြာခဏ အော်ဟစ်ဆူပူတာက ဦးနှောက်စွမ်းရည်ကို ကျစေတဲ့ အကြောင်းအရင်း တစ်ခုပါ။
- ကလေးဟာ ကြောက်လန့်စိတ်ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးခြင်း။ သင်ယူမှုစွမ်းရည်၊ မှတ်ဉာဏ်နဲ့ ခံစားမှုထိန်းချုပ်နိုင်စွမ်း ကျဆင်းတတ်ပါတယ်။
- ကလေးကိုပြောတော့မယ်ဆို စကားကို သက်တောင့်သက်သာ ဖြည်းဖြည်းအေးအေးလေး ပြောပေးပါ။

၅) ကလေးကို ငြိမ်ငြိမ်ပဲ နေခိုင်းခြင်း
- ကလေးအရွယ်ဟာ အော်ဟစ်ဆူညံ့ပြေးလွှားတာ သဘာဝပါပဲ။ ဒါကို အတင်းကန့်သတ်လိုက်မယ်ဆိုရင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်ကြီးထွားမှုကို ရပ်တန့်စေပါတယ်။
- ကလေးကို လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ပေးပါ။

အရေးကြီးဆုံးကတော့ ကလေးကို ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို အလေးထားပေးဖို့ပါပဲ။

Crd

အရက် သောက်ရင် ဆိုးကျိုး ၉ ချက် - ၁။ သတိကင်းလွတ်ခြင်း။ ၂။ အရှက်မရှိခြင်း။ ၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။ ၄။...
06/01/2026

အရက် သောက်ရင် ဆိုးကျိုး ၉ ချက် -

၁။ သတိကင်းလွတ်ခြင်း။
၂။ အရှက်မရှိခြင်း။
၃။ အကောင်းအဆိုး အမှားအမှန် မခွဲခြားတတ်ခြင်း။
၄။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း။
၅။ မကောင်းသောသတင်း ပျံ့နှံ့ခြင်း၊ ကျက်သရေမင်္ဂလာမရှိခြင်း။
၆။ ရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါတုန်ခြင်း၊
၇။ မွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ် မပြည့်ခြင်း။
၈။ လုပ်ငန်းတို့ကို မေ့လျေ့ာ၍ စီးပွားပျက်ခြင်း။
၉။ နောင်ဘ၀တို့၌ အရူးဖြစ်ရခြင်း။

အရက် မသောက်ရင် ကောင်းကျိုး ၃၀ -
၁။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့သော အလုပ် ကိစ္စတိ့ု၌ ကောင်းမွန် လျှင်မြန်စွာ သိလွယ်ခြင်း။
၂။ အမြဲ မပြတ်သော သတိတရားများ ရှိခြင်း။
၃။ စိတ် ဂယောင်ခြောက်ခြားမဖြစ်ဘဲ ရူးသွပ်မှ့ု မဖြစ်ခြင်း။
၄။ သတိလွတ်ကင်းမှ့ုမဖြစ်ဘဲ ဥာဏ်ပညာ ရှိခြင်း။
၅။ မပြင်းမရိ လုံ့လ ဝီရိယ ရှခြင်း။
၆။ ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းနေသူ မဖြစ်ခြင်း။
၇။ ပဋိသန္ဓေအားဖြင့် ဆွံ့-အ နေသူ မဖြစ်ခြင်း။
၈။ မတွေမဝေခြင်း။
၉။ မမေ့မလျှေ့ာခြင်း။
၁၀။ အသိပညာ ဥာဏ်မနည်းခြင်း။
၁၁။ ကိုယ်လက်အင်္ဂါ ခက်ထရော်ကြမ်းတမ်းမှ့ုမရှိခြင်း။
၁၂။ ဘေးအန္တာရာယ်ကင်း ခြင်း။
၁၃။ ကြောင့်ကြမှ့ု ကင်းခြင်း။
၁၄။ မှန်ကန်ကောင်းမွန်သော စကားကိုပြောဆိုလေ့ရှိခြင်း။
၁၅။ ကုန်းချော၊ကုန်းတိုက်သောစကား၊အကျိူးမဲ့သောစကား တိ့ုကို မပြောဆိုခြင်း၊
မိုက်ရိုင်း ကြမ်းတမ်းစွာ မပြောဆိုခြင်း။
၁၆။ နေ့ ည မပြတ် မပြင်းမရိ လုံ့လ ဝီရိယရှိခြင်း။
၁၇။ သူ ၏ ကျေးဇူးကို သိတတ်ခြင်း။
၁၈။ ပြုလုပ်ပြီးသော အမှ့ုကိစ္စကို မမေ့မလျှေ့ာသိခြင်း။
၁၉။ ဝန်တိုတတ်မှ့ု မရှိခြင်း
၂၀။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှ့ု ရှိခြင်း။
၂၁။ ကိုယ်ကျင့်သီလနှင့် ပြည်စုံတတ်ခြင်း။
၂၂။ ရိုးသား ဖြောင့်မတ်တတ်ခြင်း။
၂၃။ သူတစ်ပါးအား ရန်ပြုတတ်သော အမျက် ဒေါသနည်းပါးတတ်ခြင်း။
၂၄။ မကောင်းမှ့ုများကို ပြုလုပ်ရမည်ကို ရှက်ခြင်း။
၂၅။ မကောင်းမှ့ုများကို ပြုလုပ်ရမည်ကို ကြောက်ခြင်း။
၂၆။ ဖြောင့်မတ် မှန်ကန်သော အယူ ရှိ ခြင်း။
၂၇။ ကြီးမြတ်သော ကောင်းမှ့ု နှင့် ပြည့်စုံတတ်ခြင်း(ရှိခြင်း)။
၂၈။ ပညာဥာဏ် ရှိနိုင်ခြင်း၊
၂၉။ ပညာရှိ ဖြစ်နိုင်ခြင်း။
၃၀။ အကျိူးရှိသည် မရှိသည်တို့၌ လိမ္မာခြင်း(ကောင်းမှ့ု၊မကောင်းမှ့ုတို့ကို ခွဲခြား၍ သိတတ်ခြင်း)။

#မျှဝေပူဇော်ပါသည်
#ဓမ္မမိတ်ဆွေ

ဝမ်းနည်းပြီးစိတ်အပူရဆုံးအချိန်ကတော့ မိဘ နေမကောင်းဖြစ်တဲ့ အချိန်ပါပဲ။🌻
09/12/2025

ဝမ်းနည်းပြီး
စိတ်အပူရဆုံးအချိန်ကတော့
မိဘ နေမကောင်းဖြစ်တဲ့ အချိန်ပါပဲ။🌻

• သင့်အိမ်မှာ ရှမ်းနံနံပင် တစ်ပင်တည်း စိုက်ထားရင်ကိုပဲ အဖိုးတန် ဆေးသေတ္တာတစ်လုံး ရရှိထားသလိုပါပဲလို့ ကျွန်တော်တို့ ရဲရဲက...
28/11/2025

• သင့်အိမ်မှာ ရှမ်းနံနံပင် တစ်ပင်တည်း စိုက်ထားရင်ကိုပဲ အဖိုးတန် ဆေးသေတ္တာတစ်လုံး ရရှိထားသလိုပါပဲလို့ ကျွန်တော်တို့ ရဲရဲကြီး ပြောဝံ့ပါတယ်

• ရှမ်းနံနံ - အနံ့က ပြင်းပေမယ့် ကျန်းမာရေးအတွက် အစွမ်းထက်တယ်!

• ရှမ်းနံနံဟာ အရသာခံစားမှုနဲ့ ကျန်းမာရေးအတွက် အောက်ပါ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်-👇

✅ အစာချေစနစ်ကို အားဖြည့်ခြင်း: အစိမ်းလိုက် စားသုံးခြင်းက အစာချေရည်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်။

✅ လေပွလေထိုး သက်သာစေခြင်း: အစာစားပြီးနောက် ဗိုက်ချောင်ချိပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့အတွက် အစာကြေလွယ်စေပါတယ်။

✅ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း: အာရုံကြောကို အားဖြည့်ပေးတဲ့အတွက် စိတ်ဖိစီးမှုကို သိသိသာသာ လျှော့ချပေးပြီး ညဘက် အိပ်ပျော်လွယ် စေပါတယ်။

✅ နှလုံးနှင့် သွေးကြောကို ကာကွယ်ခြင်း: သွေးတိုးကို ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ကာကွယ်ပေးနိုင်တဲ့ သတ္တိတွေ ပါဝင်ပါတယ်။

• သဘာဝကုထုံးကို နှစ်သက်သူတွေအနေနဲ့ ညအိပ်ရာမဝင်ခင်မှာ မွှေးပျံ့တဲ့ ဆေးဖက်ဝင် လက်ဖက်ရည် (Herbal Tea) လိုမျိုး ပြုတ်ဖျော်ပြီး သောက်သုံးခြင်းဟာလည်း အလွန် အသုံးဝင် ထိရောက်ပါတယ်နော်။ အနံ့ရော၊ ကျန်းမာရေး အကျိုးကျေးဇူးပါ တစ်ပြိုင်နက် ရရှိစေမယ့် ရှမ်းနံနံ တစ်ပင်တည်းက တန်ဖိုးရှိလွန်းလှပါပြီ!

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

မေမေတို့ရေ...ရင်သွေးငယ်များ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ မျှတအောင်ကျွေးသင့်တဲ့ အစာအုပ်စု(၃)ခုရှိပါတယ်ရှင်။ 🥰 🚩 ကိုယ်ခန္ဓ...
21/08/2025

မေမေတို့ရေ...
ရင်သွေးငယ်များ နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ မျှတအောင်ကျွေးသင့်တဲ့ အစာအုပ်စု(၃)ခုရှိပါတယ်ရှင်။ 🥰

🚩 ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေသောအစာအုပ်စု (𝗕𝗼𝗱𝘆 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴)

ဒီအုပ်စုမှာဆိုရင် Protein လို့ခေါ်တဲ့ အသားဓာတ် ကြွယ်ဝတဲ့အစားအသောက်တွေ ပါဝင်ပါတယ်။ ဥပမာ- နို့၊ အသား​အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ကြက်ဥ၊ ဘဲဥ စတာတွေကို ကျွေးပေးရပါမယ်။ 🥛🥜🥚

တချို့ကလေးတွေဟာ မွေးရာပါ အသားလုံးဝမစားတာမျိုးရှိတတ်ပါတယ်။
အသားမစားတဲ့ကလေးငယ်ကို အသားပါမှန်းမသိအောင် နုတ်နုတ်စင်း အမှုန့်ကြိတ်ပြီးထည့်ကျွေးခြင်း၊ ပဲနို့၊ ပဲအမျိုးမျိုးနဲ့ ကြက်ဥ၊ ဘဲဥများကျွေးခြင်းဖြင့် Protein ပြည့်ဝအောင် ကျွေးပေးပါရှင်။

🚩 ရောဂါကာကွယ်စေသောအစာအုပ်စု (𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝘃𝗲)

တချို့ကလေးငယ်တွေက မကြာခဏဖျားနာတတ်ပြီး ချူချာလေ့ရှိကြတယ်။ အထူးသဖြင့် ဟိုဟာမစား၊ ဒီဟာမစား ချေးများတဲ့ကလေးငယ်တွေဟာ ကိုယ်ခံအားနည်းပြီး ဖျားလွယ်နာလွယ်တတ်ကြပါတယ်။
ဒါကြောင့် ဒုတိယအစာအုပ်စုဖြစ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်ကြွယ်ဝသောအစားအစာအုပ်စုကို မဖြစ်မနေ ထည့်သွင်းစားသုံးပေးဖို့ လိုအပ်ပါတယ်။

ဒီအုပ်စုမှာတော့ အသီးအနှံအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးပါဝင်ပါတယ်။ 🥦🥬🥕🌽ဟင်းသီးဟင်းရွက်မစားတဲ့ သားသားမီးမီးတွေကိုတော့ အသားနဲ့ရောပြီး ချက်ပြုတ်ကျွေးတာ၊ Puree အသီးအနှစ်လေးတွေ ကြိတ်ပြီးကျွေးတာ၊ သူတို့စားချင်စေမယ့် ရုပ်ပုံလေးတွေဖော်ပြီးကျွေးတာ စသဖြင့် အမျိုးမျိုးဖန်တီးပြီးကျွေးပေးပါ။

🚩 အင်အားဖြစ်စေသောအစာအုပ်စု (𝗘𝗻𝗲𝗿𝗴𝘆 𝗚𝗶𝘃𝗶𝗻𝗴)

နောက်ဆုံးအုပ်စုကတော့ ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်)နဲ့ အဆီဓာတ်ပေးသောအစာအုပ်စုဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ အဓိကအစားအစာဖြစ်တဲ့ ဆန်၊ ဂျုံ အပါအဝင် ပြောင်း၊အာလူး၊ သကြား၊ ထောပတ်၊ ဆီစတာတွေပါဝင်ပါတယ်။ 🍞🧈
ထမင်းစားတဲ့အရွယ်မှာ ထမင်းကျွေးရခက်တဲ့ သားသားမီးမီးတို့ကိုတော့ ထမင်းအစား ကြာဆံ၊ ခေါက်ဆွဲ၊ အာလူး၊ ဂျုံနဲ့ပြုလုပ်တဲ့အစားအစာများ ကျွေးနိုင်ပါတယ်။ ထမင်းစားချင်စိတ်ရှိလာအောင် အမျိုးမျိုးဖန်တီးကျွေးမွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ဒီလို အစာအုပ်စုကြီး(၃)ခုကို နေ့စဉ်မျှတအောင်ကျွေးမွေးမယ်ဆိုရင် ကျန်းမာသန်စွမ်း၊ ထွားကျိုင်းဖွံ့ဖြိုးပြီး ရောဂါကင်းစင်တဲ့ ရင်သွေးငယ်လေးတွေ ဖြစ်လာစေမှာပါရှင်။ 🥰👧👶

ကလေးငယ်များ အစာစားချင်စိတ် ပိုမိုဖြစ်စေပြီး တခြားသောလိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ဝစေဖို့အတွက် 𝗖𝗼𝘄𝗱𝗲𝘆𝘀 𝗗𝗛𝗔 နို့ခဲလေးတွေကိုလည်း နေ့စဉ်ပုံမှန်တိုက်ကျွေးဖို့ မမေ့နဲ့နော်။🥰🥰

📢 Promotion ‼ Promotion ‼ Promotion ‼️Hello မေမေတို့ရေ🤗🤗အရမ်းကိုတန်တဲ့ ပရိုမိုးရှင်းကြီး အထူးလက်ဆောင်တွေနဲ့အတူ Cowdeys D...
20/08/2025

📢 Promotion ‼ Promotion ‼ Promotion ‼️

Hello မေမေတို့ရေ🤗🤗
အရမ်းကိုတန်တဲ့ ပရိုမိုးရှင်းကြီး အထူးလက်ဆောင်တွေနဲ့အတူ Cowdeys DHA နို့ခဲဆေးဘူးလေးတွေကို
ရောင်းချပေးနေပါပြီဆိုတာလေး သတင်းကောင်းပါးလိုက်ပါတယ်ရှင့်😍🙋

🎁Cowdeys DHA နို့ခဲလေး (၅)ဘူးဝယ် (၁)ဘူးအပိုလက်ဆောင်ရမယ့်အပြင် Deliveryပို့ခ Free လေးနဲ့လဲ အိမ်အရောက်ပို့ပေးအုံးမှာပါနော်😱👏

Promotion တွေပေးနေတာ🤷Quality ကောင်းပါ့မလား🤔လို့စိတ်ပူနေရင်တော့
Review ကောင်းတွေချည်း ပိုင်ဆိုင်ထားတဲ့ DHAနို့ခဲဓာတ်စာဖြစ်တဲ့အတွက် မင်မင်တို့ကို အားမနာတမ်း ဓာတ်စာလေးအကြောင်း မေးလို့ရပါတယ်ရှင့်💯💯

Stockလဲ အများကြီးမကျန်တော့တာကြောင့် လက်ကျန်ဖြတ် Promotion ကြီး🎁🎉ပေးချင်လွန်းလို့ ပေးနေတာပါနော်🤗

ယခု ပရိုမိုးရှင်းကြီးကို Instockရှိသလောက်

‼️အစုံ (100)စာ‼️ထိဘဲ Promotion ချပေးထားတာမို့ လက်မနှေးပဲ အမြန် မှာယူလိုက်ပါရှင့်၊ နောက်မှ”ရသေးလားမင်မင်”မမေးနဲ့နော်🥹

မြို့နယ်ပေါင်း (100) ကျော်ကိုအိမ်အရောက်ငွေချေနဲ့ရတဲ့အပြင် ဆိုင်မှာကိုယ်တိုင်ကိုယ်ကျ ဝယ်ယူအားပေးလို့လည်းရပါတယ်ရှင့်🥳🥳

တစ်ဗူး - 34000ကျပ်(အလုံး 60ပါ)

၅ဘူးကစ လက်ကားဈေးရှိပါတယ်📌

☎️ 09977262996
09449077099

#လက်ကျန်ဖြတ်အထူးပရိုမိုးရှင်း

💠 အာရုံကြော အားနည်း နေတဲ့ လက္ခဏာများ 💠💠 ထုံကျဉ်ခြင်းခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ဘဲ ...
20/08/2025

💠 အာရုံကြော အားနည်း နေတဲ့ လက္ခဏာများ 💠

💠 ထုံကျဉ်ခြင်း

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။

ဗီတာမင် B12 အားနည်းခြင်းကအာရုံကြောတွေကို ဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

Crohn’s ရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်း ရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

💠 ပိုချမ်းတတ်ခြင်း

အရင်ကဆို မှု့လောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး၊ နည်းနည်းအေးတာနဲ့ ကိုယ်ကခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။

ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

💠 ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမ ဖြစ်လာခြင်းအာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ၊ မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

💠 အားနည်းလာခြင်း

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

💠 နှလုံးခုန်မြန်လာခြင်း

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်းတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါးတို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။

B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေဝမ်းချုပ်တာ ဖြစ်လာစေနိုင်ပါတယ်။

💠 ပါးစပ်အနာများပေါက်ခြင်း

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်း တခုခုကြောင့် ဖြစ်နိုင်ပါတယ်။

💠 ဝမ်းဗိုက်ပြဿနာများဖြစ်ခြင်း

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

💠 အာရုံကြောအားကောင်းစေတဲ့အစားအစာများ

💠 အာရုံကြော အားနည်းလာပြီဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

💠 ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လို့ရပါတယ်။

💠 ဗီတာမင် B1 (သီရာမင်း)
ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💠 ဗီတာမင် B6
အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တခုပါ။

💠 ဗီတာမင် B12ကျန်းမာစေနိုင်ပါတယ်။
ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

💠 ကော့ပါး
သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💠 အာရုံကြော ကျန်းမာစေဖို့ ဘာတွေစားမလဲ။

💠 ဟင်းနုနွယ်ရွက်
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း

💠 ဆန်လုံးညို
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💠 ကိုကိုး

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💠 ငါး
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။စေနိုင်ပါတယ်။

💠 ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကို ရေဓာတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ်

💠 ကြက်သွန်ဖြူ

ဓာတ်တိုး ဆန့်ကျင် အာနိသင် ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကို နေ့စဉ် တခု နှစ်ခုလောက် ပါဝင်အောင် စားသုံးပေးပြီး အာရုံကြော ကျန်းမာအောင်စားပေးပါနော်။

ပြန်လည် ကူးယူ ဖော်ပြပါတယ်။

မူရင်း ရေးသားသူ အမည်မသိရပါ။

မူရင်း ရေးသားသူ ပညာရှင်ကို ကျေးဇူးတင်ပါတယ်။

 #သင့်ရဲ့ဗိုက်ဘယ်နားတွေကနာနေပါသလဲ🙏🙏🙏 #ကျန်းမာရေးဗဟုသုတရကြပါစေ
03/07/2025

#သင့်ရဲ့ဗိုက်ဘယ်နားတွေကနာနေပါသလဲ🙏🙏🙏

#ကျန်းမာရေးဗဟုသုတရကြပါစေ

လှေကားတက်ရင် ဒူးနာတယ်၊ ကြာကြာထိုင်ရင် ခါးနာတယ်။ အဆစ်နာတာ၊ ဒူးဆစ်ရောင်တာ၊ အရိုးပါးတာတွေဖြစ်ပြီး ဆရာဝန်က အရိုးကျို:လွယ်လို...
28/06/2025

လှေကားတက်ရင် ဒူးနာတယ်၊ ကြာကြာထိုင်ရင် ခါးနာတယ်။ အဆစ်နာတာ၊ ဒူးဆစ်ရောင်တာ၊ အရိုးပါးတာတွေဖြစ်ပြီး ဆရာဝန်က အရိုးကျို:လွယ်လို့ ချောလဲကျတာကို သတိထားဖို့ အထူးသတိပေးခဲ့တယ်။ အရိုးတွေက အရမ်းနုနေလို့ပါတဲ့။ ဒါပေမဲ့ ဆိတ်ဖူးဥ ဖျော်ရည်ကို တစ်ပတ်ကို ၂-၃ ရက်လောက် သောက်ကြည့်လိုက်တာ တစ်လပဲရှိသေးတယ် သိသိသာသာ ထူးခြားလာတယ်။ လမ်းလျှောက်တာ သွက်လက်လာတယ်၊ နာကျင်တာတွေလည်း လျော့နည်းလာပြီး အရိုးသိပ်သည်းဆလည်း ပိုကောင်းလာတယ်။

➡️ ပြုလုပ်နည်းကတော့.........
ဆိတ်ဖူးဥ အစိမ်း ၃၀၀ ဂရမ်ကို ရေ ၅၀၀ မီလီလီတာနဲ့ ရောပြီး ကြိတ်ပါ။ (ပြီးရင် အရည်ကိုပဲ စစ်ယူပါ။)

သောက်တဲ့အခါ ကျိုထားတဲ့ရေနွေးနွေးလေး အနည်းငယ်ထပ်ထည့်၊ သံပရာသီးညှစ်ထည့်၊ ပျားရည်အနည်းငယ် ထည့်ပြီး သောက်ပါ။ တစ်နေ့ကို မနက်တစ်ခွက်၊ ညနေတစ်ခွက် နှစ်ခွက်သောက်ပါ။ သောက်ရလွယ်ကူပါတယ်။ တစ်လပြည့်လို့ ဆရာဝန်နဲ့ပြန်စစ်ဆေးတဲ့အခါ အံ့အားသင့်သွားတယ်။ညအရိုးသိပ်သည်းဆ ပိုကောင်းလာတယ်၊ လမ်းလျှောက်တာ ပိုသွက်လက်လာတယ်၊ အဆစ်နာတာလည်း သက်သာသွားတယ်။

ဒူးဆစ်နာတာ၊ အရိုးပါးတာတွေ ရှိတဲ့သူတွေ အချိန်နောက်ကျတဲ့အထိ မစောင့်ပါနဲ့။ အရိုးကျို:လွယ်တဲ့သူတွေ၊ အဆစ်နာတဲ့သူတွေ ဒီနည်းလေးကို စမ်းသောက်ကြည့်သင့်ပါတယ်.....!

MON SOUNG
Crd

Address

Pyinmana-tungnyo
Naypyidaw

Telephone

+959449077099

Website

Alerts

Be the first to know and let us send you an email when Cowdeys Myanmar MTH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cowdeys Myanmar MTH:

Share