Intellect Health Resources - IHR

Intellect Health Resources - IHR MEDICAL SERVICES Healthcare Service

02/08/2026

💙 နှုတ်ခမ်းကွဲ (Cleft Lip) နှင့် အာခေါင်ကွဲ (Cleft Palate) သည် မွေးရာပါ တွေ့ရလေ့ရှိသော အခြေအနေများဖြစ်ပြီး၊ အချိန်မီ ခွဲစိတ်ကုသမှုခံယူပါက ကလေး၏ စားသောက်နိုင်မှု၊ စကားပြောဖွံ့ဖြိုးမှုနှင့် မျက်နှာပုံသဏ္ဌာန်ကို သိသာစွာ တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

🇹🇭 Bangkok ရှိ အတွေ့အကြုံရှိသော ကလေးခွဲစိတ်အထူးကုနှင့် Plastic & Reconstructive Surgery အဖွဲ့များမှ နိုင်ငံတကာအဆင့်မီ ကုသမှုများကို ရရှိနိုင်ပါတယ်။

Intellect Health Resources (IHR) မှ မြန်မာလူနာများအတွက် IHR ဆရာဝန်နှင့် အခမဲ့ဆွေးနွေးတိုင်ပင်ခြင်း, သင့်လျော်သော Bangkok ဆေးရုံများတွင် ချိန်းဆိုမှု (Appointment) စီစဉ်ပေးခြင်း နှင့် ကုသမှုလုပ်ငန်းစဉ်တစ်လျှောက် အကူအညီများကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ သင့်ကလေး၏ အခြေအနေကို စောစီးစွာ အကဲဖြတ်ပြီး ကုသမှုစတင်ခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များရရှိရန် အရေးကြီးပါသည်။ အသေးစိတ်သိရှိလိုပါက Intellect Health Resources (IHR) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။

👉 ဆက်သွယ်ရန်
☎️ ဖုန်းနံပါတ်​-
📞09785411490 (viber)
📞09955696796

🏠 ရုံးခန်း လိပ်စာ
နံပါတ် ၄၄စီ၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

🦴 မွေးရာပါ ကျောရိုးဆစ်စောင်းခြင်း (Scoliosis) ကြောင့် ခန္ဓာကိုယ်ပုံစံ မညီညာခြင်း၊ ကျောနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် လ...
28/07/2026

🦴 မွေးရာပါ ကျောရိုးဆစ်စောင်းခြင်း (Scoliosis) ကြောင့် ခန္ဓာကိုယ်ပုံစံ မညီညာခြင်း၊ ကျောနာခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် လှုပ်ရှားမှုအခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါတယ်။

✨ Scoliosis Surgery ဖြင့် ကျောရိုးကို ပြန်လည်ဖြောင့်တန်းစေပြီး ကျောရိုးပိုမိုကွေးကောက်လာခြင်းကို ထိရောက်စွာ တားဆီးနိုင်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ဟန်ချက်ညီမှုနှင့် နေထိုင်မှုအရည်အသွေးကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

🏥 Thonburi 1 Hospital (Bangkok, Thailand) တွင် ကျောရိုးခွဲစိတ်အထူးကုများမှ ခေတ်မီနည်းပညာများဖြင့် အောင်မြင်စွာ ကုသမှုပေးလျက်ရှိပါတယ်ရှင့် ။

📞 ကုသမှုဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် Appointment ရယူလိုပါက ကျွန်မတို့ရဲ့ Intellect Health Resources (IHR ) မှ တစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

👉 ဆက်သွယ်ရန်
☎️ ဖုန်းနံပါတ်​-
📞09785411490 (viber)
📞09955696796

🏠 ရုံးခန်း လိပ်စာ
နံပါတ် ၄၄စီ၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

💓 X-ray ဖြင့် နှလုံးသွေးကြောကျဉ်း စစ်ဆေးခြင်းCoronary Angiography (CAG) သည် X-ray နှင့် Contrast Dye ကို အသုံးပြု၍ နှလုံ...
23/07/2026

💓 X-ray ဖြင့် နှလုံးသွေးကြောကျဉ်း စစ်ဆေးခြင်း

Coronary Angiography (CAG) သည် X-ray နှင့် Contrast Dye ကို အသုံးပြု၍ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ဆို့ခြင်းရှိ/မရှိကို တိကျစွာ စစ်ဆေးနိုင်သော Gold Standard စမ်းသပ်နည်းဖြစ်ပါသည်။

ဘယ်သူတွေ စစ်ဆေးသင့်သလဲ?
• ရင်ဘတ်အောင့်၊ ရင်ဘတ်တင်းခြင်းရှိသူ
• လှုပ်ရှားရုံဖြင့် အသက်ရှူမဝသူ
• ECG၊ Echo သို့မဟုတ် Stress Test တွင် မူမမှန်တွေ့ရှိထားသူ
• နှလုံးဖောက်ဖူးသူ သို့မဟုတ် ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီမြင့်၊ ဆေးလိပ်သောက်သူနှင့် နှလုံးရောဂါဖြစ်နိုင်ခြေမြင့်သူ

အကျိုးကျေးဇူးများ
✅ သွေးကြောကျဉ်း/ပိတ်ဆို့နေသော နေရာနှင့် အတိုင်းအတာကို တိကျစွာ သိနိုင်ခြင်း
✅ ကုသမှုအစီအစဉ်ကို အကောင်းဆုံး ဆုံးဖြတ်နိုင်ခြင်း
✅ လိုအပ်ပါက Balloon Angioplasty နှင့် Stent ထည့်သွင်းကုသမှုကို ဆက်လက်ပြုလုပ်နိုင်ခြင်း

Package Price
💙 OPD – 40,000 THB
💙 IPD – 45,000 THB

📞 ဆက်သွယ်ရန်
09785411490 (Viber)
09955696796

🏠 လိပ်စာ
အမှတ် (၄၄-စီ)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

📣 ဇူလိုင်လအထူးပရိုမိုးရှင်း - တစ်ယောက်စာစျေးနှုန်းနဲ့ နှစ်ယောက်စာ ကျန်းမာရေးစောင့်ရှောက်မှု (Buy 1 Get 1 ) 📣ကျန်းမာခြင်း...
19/07/2026

📣 ဇူလိုင်လအထူးပရိုမိုးရှင်း - တစ်ယောက်စာစျေးနှုန်းနဲ့ နှစ်ယောက်စာ ကျန်းမာရေးစောင့်ရှောက်မှု (Buy 1 Get 1 ) 📣

ကျန်းမာခြင်းသည် စည်းစိမ်တစ်ခုဖြစ်ပြီး မိမိချစ်ရသူတွေနဲ့ အတူတကွမျှဝေရင် ပိုမိုပြည့်စုံပါတယ်။ ဒီဇူလိုင်လမှာ Phyathai ဆေးရုံကြီးမှ နိုင်ငံတကာလူနာများအတွက် သီးသန့်ရည်ရွယ်ပြီး အဆင့်မြင့်ပြီးပြည့်စုံတဲ့ Healthy Prosperity Check-Up Program (၁ ခုဝယ် ၁ ခုလက်ဆောင်) အထူးပရိုမိုးရှင်းကို ယူဆောင်လာပေးပါပြီ။ ✨

💡 Healthy Prosperity ပက်ကေ့ချ်မှာ ဘာတွေပါဝင်မလဲ။

၁ ခုဝယ် ၁ ခုလက်ဆောင် (Buy 1 Get 1 Free): မိသားစုဝင်ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းပဲဖြစ်ဖြစ် ၂ ဦး အတူတကွ လာရောက်စစ်ဆေးနိုင်ပါသည်။

ကျန်းမာရေးစစ်ဆေးချက်ပေါင်း ၂၆ ချက်စလုံး ပါဝင်ခြင်း: အခြေခံကျန်းမာရေး၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ အသည်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်၊ လည်ပင်းကြီးဟော်မုန်း (TSH)၊ ကင်ဆာအမှတ်အသားများ (အသည်းနှင့် အစာအိမ်လမ်းကြောင်း)၊ ရင်ဘတ်ဓာတ်မှန် (Chest X-Ray)၊ ဝမ်းဗိုက်တစ်ခုလုံး အာထရာဆောင်း (Ultrasound Whole Abdomen) နှင့် အရိုးသိပ်သည်းဆစစ်ဆေးခြင်း (BMD) တို့ ပါဝင်ပါသည်။

ဆေးရုံတွင်း အစားအသောက်ကူပွန်နှင့် အသေးစိတ် ကျန်းမာရေးမှတ်တမ်းစာအုပ် အခမဲ့ပေးပါမည်။

💰 ဇူလိုင်လ အထူးသက်သာသောစျေးနှုန်း -

၂ ဦးအတွက် ၁၈,၈၈၈ ဘတ် (THB 18,888.-) သာ (မူရင်းစျေး ၇၆,၀၀၀ ဘတ်)
👉 ဒီစျေးနှုန်းဟာ ဆရာဝန်ခ၊ နာပြုစုခနှင့် ဆေးရုံဝန်ဆောင်ခ အားလုံး အပြီးအစီး ပါဝင်ပြီးသား ဖြစ်ပါသည်။

📅 ပရိုမိုးရှင်းကာလ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိသာ။

👉 ဆက်သွယ်ရန်
☎️ ဖုန်းနံပါတ်​-
📞09785411490 (viber)
📞09955696796

🏠 ရုံးခန်း လိပ်စာ
နံပါတ် ၄၄စီ၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

🍎 ကလေးအဝလွန်ခြင်း (Childhood Obesity) ကို မပေါ့ဆသင့်ပါ ❎ကလေးအဝလွန်ခြင်းဟာ “ဝဝဖြိုးဖြိုးဆိုတော့ ကျန်းမာတယ်” ဟု ယူဆရမည့်အခ...
16/07/2026

🍎 ကလေးအဝလွန်ခြင်း (Childhood Obesity) ကို မပေါ့ဆသင့်ပါ ❎

ကလေးအဝလွန်ခြင်းဟာ “ဝဝဖြိုးဖြိုးဆိုတော့ ကျန်းမာတယ်” ဟု ယူဆရမည့်အခြေအနေမဟုတ်ပါဘူး။ မိမိတို့ရဲ့ သားသားမီးမီးတို့ဟာအသက်ငယ်စဉ်ကတည်းက အဝလွန်နေပါက အမျိုးအစား (၂) ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်မမှန်ခြင်း၊ အသည်းအဆီဖုံးရောဂါ (Fatty Liver) နှင့် နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ ထို့အပြင် အရိုးအဆစ်နာကျင်ခြင်း၊ အသက်ရှူရပ်ခြင်း (Sleep Apnea)၊ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ပါတယ်ရှင့်။

ကလေးအဝလွန်ခြင်း၏ အဓိကအကြောင်းရင်းများမှာ အချိုရည်၊ Bubble Tea၊ Energy Drink များ၊ Fast Food၊ အာလူးကြော်၊ သကြားနှင့် အဆီများသော အစားအစာများကို မကြာခဏစားသုံးခြင်း၊ ဖုန်း၊ Tablet၊ TV ကြည့်ချိန်များလွန်း၍ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် အိပ်ချိန်မလုံလောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

မိဘများအနေဖြင့် ကလေးကို အချိုရည်အစား ရေသန့်သောက်စေခြင်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို မျှတစွာကျွေးမွေးပေးခြင်း၊ Fast Food နှင့် သကြားပါဝင်မှုများသော မုန့်များကို လျှော့ချပေးခြင်းတို့ကို လုပ်ဆောင်သင့်ပါတယ်။ ထို့အပြင် နေ့စဉ် အနည်းဆုံး မိနစ် (၆၀) ခန့် ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ဘောလုံးကစားခြင်း၊ ကြိုးခုန်ခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်စေပြီး Screen Time ကို အသက်အလိုက် ကန့်သတ်ပေးသင့်ပါတယ်။

ကလေး၏ ကိုယ်အလေးချိန်လျှော့ချရန်ထက် ကျန်းမာသော နေထိုင်စားသောက်မှုပုံစံကို မိသားစုတစ်စုလုံး အတူလိုက်နာပေးခြင်းက ပိုမိုအောင်မြင်ပြီး ရေရှည်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ကလေး၏ အရပ်၊ ကိုယ်အလေးချိန် တိုးတက်မှုကို ပုံမှန်စစ်ဆေးပေးပြီး အဝလွန်နေသည်ဟု သံသယရှိပါက ကလေးအထူးကုဆရာဝန်နှင့် အချိန်မီ တိုင်ပင်စစ်ဆေးသင့်ပါတယ်။

💚 ကလေး၏ ယနေ့ကျန်းမာသော အလေ့အကျင့်များသည် မနက်ဖြန်၏ ကျန်းမာသော အနာဂတ်ကို တည်ဆောက်ပေးနိုင်ပါတယ် 💚

မိမိတို့ရဲ့ သားသားမီးမီးကျန်းမာရေးကို Bangkok ရှိ Samitivej ကလေးအထူးကုဆေးရုံကြီးရှိက​ေလးအထူးကုဆရာဝန်ကြီးများနှင့် လူကိုယ်တိုင်ဖြစ်စေ၊ virtual consultation ဖြစ်စေပြသလိုပါက ကျွန်မတို့ရဲ့ Intellect Health Resources ( IHR ) မှ အခမဲ့ ကူညီပေးနေပါတယ်ရှင့် ။

👉 ဆက်သွယ်ရန်
☎️ ဖုန်းနံပါတ်​-
📞09785411490 (viber)
📞09955696796

🏠 ရုံးခန်း လိပ်စာ
နံပါတ် ၄၄စီ၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

✈️ အထူးပရိုမိုးရှင်း 👏🏻👏🏻👏🏻👏🏻👏🏻Bangkok တွင် အရိုး၊ အဆစ် သို့မဟုတ် ကျောရိုးခွဲစိတ်ကုသမှု ပြုလုပ်သော လူနာများအား “လေယာဉ်လက...
09/07/2026

✈️ အထူးပရိုမိုးရှင်း 👏🏻👏🏻👏🏻👏🏻👏🏻

Bangkok တွင် အရိုး၊ အဆစ် သို့မဟုတ် ကျောရိုးခွဲစိတ်ကုသမှု ပြုလုပ်သော လူနာများအား “လေယာဉ်လက်မှတ် (Air Ticket) အခမဲ့” ပေးအပ်သွားမည့် အထူးအစီအစဉ်။ 🎉

🦴 အရိုး၊ အဆစ်နှင့် ကျောရိုးပြဿနာများကို အဆင့်မြင့်ကုသမှုဖြင့် ယုံကြည်စိတ်ချစွာ ဖြေရှင်းလိုက်ကြပါစို့။

✔️ ဒူးနာ
✔️ တင်ပါးဆုံနာ
✔️ ပခုံးအဆစ်နာ
✔️ ခါးရိုးနာ
✔️ လည်ပင်းရိုးနာ

လမ်းလျှောက်ရခက်ခြင်း၊ နာကျင်မှုကြောင့် နေ့စဉ်ဘဝအရည်အသွေး ကျဆင်းနေပါသလား?

🇹🇭 Thailand International ဆေးရုံများတွင် နိုင်ငံတကာစံချိန်မီ အရိုး၊ အဆစ်နှင့် ကျောရိုးဆိုင်ရာ အထူးကုဆရာဝန်ကြီးများက နောက်ဆုံးပေါ်နည်းပညာများဖြင့် စစ်ဆေးကုသပေးလျက်ရှိပါသည်။

💙 ကျန်းမာရေးဝန်ဆောင်မှုများ ရယူလိုပါက Intellect Health Resources (IHR) ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါသည်။

📞 ဆက်သွယ်ရန်
09 785 411 490 (Viber)
09 955 696 796

📢 လေးစားအပ်ပါသော Customer များရှင့်Customer များ၏ လုံခြုံမှုနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် အောက်ပ...
05/07/2026

📢 လေးစားအပ်ပါသော Customer များရှင့်

Customer များ၏ လုံခြုံမှုနှင့် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် အောက်ပါအချက်များကို အသိပေးအပ်ပါတယ်ရှင့်။

ကျွန်မတို့ IHR ၏ ဝန်ဆောင်မှုများကို တရားဝင်ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် Official Facebook Messenger မှတစ်ဆင့်သာ ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။

လက်ရှိတွင် အချို့သော ဖုန်းနံပါတ်များမှ IHR အမည်ကို အသုံးပြု၍ ဆက်သွယ်လာနိုင်ခြင်းများ ရှိနိုင်ပါသဖြင့် Customer များအနေဖြင့် အထူးသတိပြုကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

IHR ၏ တရားဝင် မဟုတ်သော ဖုန်းနံပါတ်များမှ ဆက်သွယ်မှုများ၊ ငွေလွှဲပေးချေမှုများနှင့် အရောင်းအဝယ်ကိစ္စရပ်များအတွက် IHR မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါရှင်။
📌 Official Contact
📱 Viber: 09-785411490
📱09-940004884
💬 IHR Official Facebook Messenger

Order တင်ခြင်း၊ ငွေပေးချေခြင်းနှင့် စုံစမ်းမေးမြန်းခြင်းများကို အထက်ဖော်ပြပါ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့်သာ ပြုလုပ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

💙 အစဉ်အမြဲ ယုံကြည်စိတ်ချစွာ အားပေးလျက်ရှိသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

03/07/2026

👶 ကလေးရယူရန် အိပ်မက်ကို အကောင်အထည်ဖော်လိုပါသလား?

IVF (In Vitro Fertilization) သည် သဘာဝအတိုင်း ကိုယ်ဝန်ရရန် အခက်အခဲရှိသော စုံတွဲများအတွက် ခေတ်မီပြီး ထိရောက်သော မျိုးဆက်ပွါးကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကုသမှုလုပ်ငန်းစဉ်တွင် မျိုးဥလှုံ့ဆော်ခြင်း၊ မျိုးဥထုတ်ယူခြင်း၊ ဓာတ်ခွဲခန်းတွင် မျိုးအောင်စေခြင်း (IVF/ICSI)၊ Embryo မွေးမြူခြင်းနှင့် Embryo Transfer ပြုလုပ်ခြင်းတို့ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးနေပါတယ်။

Bangkok ရှိ Phyathai Hospital, Samitivej Hospital နှင့် Thonburi Hospital တို့၏ အဆင့်မြင့် Fertility Center များတွင် အတွေ့အကြုံရင့်ကျက်သော Fertility Specialists များနှင့် ခေတ်မီနည်းပညာများဖြင့် IVF၊ ICSI၊ Egg Freezing နှင့် Fertility Treatment များကို ယုံကြည်စိတ်ချစွာ ခံယူနိုင်ပါတယ်။

Intellect Health Resources (Medical Tourism) မှ လူနာများအတွက် ဆေးရုံနှင့် ဆရာဝန်ရွေးချယ်ပေးခြင်း၊ Appointment စီစဉ်ပေးခြင်း၊ ကုသမှုအစီအစဉ် ညှိနှိုင်းပေးခြင်း၊ Medical Visa အကြံပေးခြင်း၊ ဘာသာပြန်ဝန်ဆောင်မှုနှင့် ခရီးစဉ်စီစဉ်ပေးခြင်းတို့ကို အစအဆုံး တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

💙 မိမိတို့ရဲ့ မိသားစုဘဝကို အပြည့်အဝဖြည့်ဆည်းပေးမည့် ခရီးစဉ်ကို ယုံကြည်စိတ်ချရသော ဆေးရုံများနှင့်အတူ စတင်ရန် Intellect Health Resources နှင့် ဆက်သွယ်၍ အနာဂတ် ဖေဖေမေမေ များအတွက် အသင့်တော်ဆုံး IVF ကုသမှုအစီအစဉ်ကို IHR တွင် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့် ။
#အခမဲ့

22/06/2026

🧠 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသမှုများဟာ အသက်အန္တရာယ်နှင့် နေ့စဉ်ဘဝအရည်အသွေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသော အလွန်တိကျနူးညံ့သည့် ကုသမှုများဖြစ်ပါတယ်။ ထို့ကြောင့် အောင်မြင်သော ကုသမှုရလဒ်များရရှိရန် အောက်ပါအချက်များမှာ မဖြစ်မနေ အရေးကြီးပါတယ်။

✅ အတွေ့အကြုံကြွယ်ဝပြီး ကျွမ်းကျင်သော Neurosurgeon များ၏ စနစ်တကျ အကဲဖြတ်ကုသမှု

✅ တိကျမှန်ကန်သော ရောဂါရှာဖွေမှုနှင့် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ သင့်လျော်သော ကုသမှုအစီအစဉ် ရွေးချယ်နိုင်မှု

✅ ခေတ်မီအဆင့်မြင့် ဆေးဘက်ဆိုင်ရာ နည်းပညာများနှင့် ခွဲစိတ်ကိရိယာများကို အသုံးပြုနိုင်မှု

✅ ခွဲစိတ်ပြီးနောက် အနီးကပ်စောင့်ကြည့်ကုသပေးမှု၊ ပြန်လည်သန်စွမ်းရေးနှင့် ရေရှည်နောက်ဆက်တွဲ စောင့်ရှောက်မှုစနစ်

🏥 ဦးနှောက်အကျိတ်၊ ဦးနှောက်သွေးကြောရောဂါများ၊ ကျောရိုးနှင့် အာရုံကြောဆိုင်ရာ ရောဂါများအတွက် အရည်အသွေးမြင့် ကုသမှုကို ရယူလိုပါက ထိုင်းနိုင်ငံရှိ Phyathai Hospital ၏ ကျွမ်းကျင်အထူးကုအဖွဲ့နှင့် ယုံကြည်စိတ်ချစွာ တိုင်ပင်ကုသနိုင်ပါပြီရှင့်။

✨ Intellect Health Resources မှတဆင့် ဆေးရုံချိန်းဆိုခြင်း၊ ဆရာဝန်နှင့် တိုက်ရိုက်တိုင်ပင်နိုင်ရန် စီစဉ်ပေးခြင်းနှင့် Medical Tourism ဝန်ဆောင်မှုများကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့် ။

🎀 ရင်သားကင်ဆာ အသိပညာ မျှဝေခြင်းရင်သားကင်ဆာဟာ အမျိုးသမီးများတွင် အများဆုံးတွေ့ရသော ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်သော်လည်း စ...
18/06/2026

🎀 ရင်သားကင်ဆာ အသိပညာ မျှဝေခြင်း

ရင်သားကင်ဆာဟာ အမျိုးသမီးများတွင် အများဆုံးတွေ့ရသော ကင်ဆာရောဂါများထဲမှ တစ်ခုဖြစ်သော်လည်း စောစီးစွာ တွေ့ရှိပါက ကုသနိုင်မှုနှုန်း အလွန်မြင့်မားတဲ့ရောဂါဖြစ်ပါသည်။

ရင်သားတွင် အကျိတ်ထွက်ခြင်း၊ နို့သီးခေါင်းမှ သွေးရည် သို့မဟုတ် အရည်ထွက်ခြင်း၊ ရင်သားအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ပြောင်းလဲခြင်း၊ အရေပြား ချိုင့်ဝင်ခြင်းများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်သင့်ပါတယ်..

အသက် 40 နှစ်နှင့်အထက် အမျိုးသမီးများအနေဖြင့် Mammogram စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်…

ရင်သားကင်ဆာ ကုသမှုသည် ရောဂါအဆင့်၊ အကျိတ်အရွယ်အစားနှင့် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ စီမံကုသရတဲ့ရောဂါဖြစ်ပါတယ်…

ခွဲစိတ်ကုသမှုများတွင် Breast Conserving Surgery (BCS) ဟုခေါ်သော ကင်ဆာအကျိတ်နှင့် ပတ်ဝန်းကျင်တစ်စိတ်တစ်ပိုင်းသာ ဖယ်ရှားသည့်နည်းလမ်းနှင့် Mastectomy ဟုခေါ်သော ရင်သားတစ်ဖက်လုံး သို့မဟုတ် နှစ်ဖက်လုံး ဖယ်ရှားသည့်နည်းလမ်းများ ရှိပါတယ်…

ခွဲစိတ်ပြီးနောက်တွင်လည်း Bangkok ရှိဆေးရုံများတွင် ရင်သားပုံသဏ္ဍာန် ပြန်လည်တည်ဆောက်ခြင်း (Breast Reconstruction Surgery) ကို ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်နိုင်ပြီး လူနာ၏ ယုံကြည်မှုနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်…

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆင့်မြင့်ဆေးရုံများတွင် Breast Surgeon, Oncologist နှင့် Plastic Surgeon များ ပါဝင်သော Multidisciplinary Team ဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း ကုသပေးလျက်ရှိတာမို့လို့ Bangkok ရှိ International ဆေးရုံများတွင်ပြသလိုပါက

Intellect Health Resources မှ ဘန်ကောက်ရှိ အထူးကုဆရာဝန်များနှင့် ချိတ်ဆက်ပေးခြင်း၊ ဆေးရုံချိန်းဆိုခြင်း၊ ကုသမှုအစီအစဉ် စီစဉ်ပေးခြင်းနှင့် Medical Tourism ဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်

Address

Naypyidaw

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959785411490

Alerts

Be the first to know and let us send you an email when Intellect Health Resources - IHR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share