Yan Lin Naung

Yan Lin Naung ��

နာကြည်းတယ်​😊
16/12/2020

နာကြည်းတယ်​😊

ရေရှည်အတွက် RS တစ်ခုမှာ ဒါတွေ လိုအပ်တယ် ။ငါစိတ်ဆိုးနေရင် နင်လာချော.ပါနင်စိတ်ဆိုးနေရင် ငါ တောင်းပန်မယ်ငါမှားခဲ.ရင်   နင် ...
13/12/2020

ရေရှည်အတွက် RS တစ်ခုမှာ ဒါတွေ လိုအပ်တယ် ။

ငါစိတ်ဆိုးနေရင် နင်လာချော.ပါ

နင်စိတ်ဆိုးနေရင် ငါ တောင်းပန်မယ်

ငါမှားခဲ.ရင် နင် ခွင့်လွှတ်ပါ

နင်မှားခဲ.ရင် ငါအပြစ်မယူပူး

ငါဝမ်းနည်းချိန် နင့်ပုခုံးပေါ်အိပ်ခွင့်ပေးပါ

မင်းဝမ်းနည်းချိန် ငါ.ရင်ဘက်မှာငိုခွင့်ပေးမယ်

ငါသွေးပူချိန် နင်တိတ်ဆိတ်နေပေးပါ

နင်ပေါက်ကွဲချိန် ငါအလျော.ပေးမယ်

ငါလမ်းမှားရင် နင်လမ်းပြပါ

နင်လမ်းပျောက်ရင် ငါလက်ကမ်းကူမယ်

ငါလွမ်းနေချိန် မှာ နင်သတိရပေးပါ

နင်သတိရနေချိန် ငါ တမ်းတပေးမယ်

ငါချေ မိခဲ.ရင် နင်ရီ (ရယ်)နေလိုက်ပါ

နင် ပြန်ချေရင် ဟာသတွေနဲ.ငါပြန်ချော.မယ်

ငါအရှုံးပေးတိုင်း နင်အနိုင်မယူပါနဲ.

နင်အရှုံးပေးချိန် ငါ ဗိုလ်မကျဘူး

ငါအလေးထားတာကို နင်တန်ဖိုးထားပါ

နင် တန်ဖိုးထားတာကို ငါမြတ်နိုးပေးမယ်

ငါ. Best friend တွေကို နင်ခင်တွယ်ပါ

နင်ခင်တွယ်တဲ.လူတွေကို ငါ ပြန် ဂရုစိုက်မယ်

ငါ အရမ်းချစ်ပြသလို နင် ပြန်ချစ်ပြပါ

နင်ချစ်ပြတာထက် ငါ ပိုချစ်ပြမယ်

ရေရှည်အတွက် ဒါလေးတွေ လိုအပ်လိမ်.မယ် 😊

တစ်ခါတစ်လေမှာ အချစ်ထက် နားလည်မှု က
ပိုအရေးကြီးတက်တယ် ။

ကိုယ့်ချစ်သူကို ဂစ်တာကြိုးလို
သဘောထား ကြရတယ်။

အလျှော.အတင်း မရှိပဲ ကိုယ်.ဘက်က
တစ်ဖက်သတ်ကြီး လို ချင် နေသ၍ ဘယ်တော.မှ
အဆင်မပြေနိုင်ဘူး

သူ.လည်း မာန ရှိသလို ကိုယ့်မှာလည်း အတ္တ ရှိတယ်

သူ.မှာလည်း ပြသာနာ ရှိတက်သလို
ကိုယ့်မှာလည်း အဆင်မပြေတာမျိုးရှိတက်တယ်

သူကသူ ကိုယ်ကကိုယ်မို့ တခါတလေ
အမြင်ချင်းမတူတဲ.အခါ
သြော် သူက ကိုယ်မှမဟုတ်တာ ဆိုပြီး
မျှတွေးပေးတက်ရမယ်

စကားခနခန များကြပြီး ရန်တွေခနခနဖြစ်လို.
စိတ်ညစ် စိတ်ရှုပ်နေရလို. စိတ်မပျက်လိုက်နဲ.

ရန်ခနခန ဖြစ်တက်တဲ. RS တွေဟာ
ရန်သိပ်မဖြစ်တက်တဲ. RS တွေထက်
သက်တမ်းပိုကြာသလို
တစ်ယောက်ကို တစ်ယောက်လည်း
ပိုပြီးနားလည်မှုရှိတက်တယ် ။

ရန်ဖြစ် စိတ်ကောတ်တယ်ဆိုတာ သူမကြိုက်တဲ.
အပြောမျိုး အပြုအမူမျိုး တွေ လုပ်မိ ပြောမိလို.
ရန်ထဖြစ်ကြတာမျိုး လေ ။

အဲ.တော့. ရန်တွေခနခန ဖြစ်ကြရင်း
ဘယ်ဟာကို သူမကြိုက်တက်မှန်းသိလာတယ်။

သူမကြိုက်တဲ.စကားတွေ ကိုရှောင်တက်လာတယ်။
သူ မကြိုက်တဲ.အပြုအမူတွေကို လုပ်မိခါနီး
"ဟာ မဖြစ်ဘူး ဟိုတစ်ခါ ရန်ဖြစ်ကြတာ ငါ
ဒီလိုလုပ်မိ ပြောမိလို. ဆိုပြီး သူမကြိုက်တာ
တွေကို ရှောင်တက်လာတာမျိုး ။

အဲ.တော့. ရန်ဖြစ်လေ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာလေမို.
သာမန် ရန်သိပ်မဖြစ်တဲ. RSတွေထက်

ရန်ခနခန ဖြစ်တက်တဲ. RS တွေက
ပိုနားလည်မှုရှိကြတယ် ။

အဲ.ဒီ.တော့. 😁

RS သက်တမ်းတည်မြဲဖို့.ရန်ခနခန ဖြစ်ကြစို့😆😞😔😒

ကိုယ်တွေကရန်ဖြစ်လေ ပြတ်ဖို့များလေပဲ😇

ကိုယ့်ချစ်သူလေးကို မန်းရှင်းခေါ်ကြမယ်😇😘😗

😚😘အားလုံးအချစ်ရေးကံကောင်းကြပါစေ
Crd

26/04/2020

မိဘ
____

ကျွန်တော်တို့မိဘတွေကို.......

မရှိတော့မှ လွမ်းနေမယ့်အစား
ရှိနေချိန်လေး ဂရုစိုက်ရအောင်လား။

မစားနိုင်တော့မှ ကျွေးနေမယ့်အစား
စားနိုင်တုန်လေး ကျွေးရအောင်လား။

မသိနိုင်တော့မှ အိပ်ယာဘေးမှာ
တရားခွေတွေဖွင့်ပြနေမယ့်အစား
သတိရှိတုန်းလေး တရားဓမ္မနာကြားဖို့
တိုက်တွန်းကြစို့လား။

မသွားနိုင်တော့မှ နောင်တရနေမယ့်အစား
သွားနိုင်တုန်းလေး ဘုရားဖူးပို့ကြစို့လား။

သေတော့မှ ငိုနေမယ့်အစား
အသက်ရှင်တုန်းလေး ကုသိုလ်တရားတွေရဖို့
အထောက်အပံ့ပေးကြစို့လား။

သေမှ ကုသိုလ်တွေလုပ်ပေးတာထက်
မသေခင် ကုသိုလ်တွေယူသွားအောင်
လုပ်ပေးတာက
ကျွန်တော်တို့သားသမီးတွေအတွက်
အကောင်းဆုံးသော
ကျေးဇူးဆပ်နည်းပါ။

မေတ္တာဖြင့် ရေးသားခြင်းဖြစ်သည်.....။
Crd:

✔  #စိတ် #လူ့စိတ် ပြောင်းရင်စာရိတ္တ ပြောင်းသွားတယ် ။ #စာရိတ္တ ပြောင်းရင်အမြင် ပြောင်းသွားတယ် ။ #အမြင် ပြောင်းရင်ပတ်ဝန်းကျင...
26/04/2020

✔ #စိတ်

#လူ့စိတ် ပြောင်းရင်
စာရိတ္တ ပြောင်းသွားတယ် ။

#စာရိတ္တ ပြောင်းရင်
အမြင် ပြောင်းသွားတယ် ။

#အမြင် ပြောင်းရင်
ပတ်ဝန်းကျင် ပြောင်းသွားတယ်။

#ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှု ပြောင်းသွားတယ်

#ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာပြောင်းသွားတယ် ။

#တကယ်ယုံကြည် အားထားရမှာက
မိမိရဲ့စိတ်ပါ ။

#ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊
ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊

#စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊
မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတ
ဖြစ်အောင်လုပ်မယ်။

#ရှေးလူကြီးတွေက ပြောတယ် -

#စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ
နားလည်တတ်လာတယ် တဲ့...၊
စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို
ထိန်းနိုင်ရင် တစ်ကိုယ်ကောင်း
ဆန်မှုတွေ လျော့ပါးသွားတယ် ။

#လူအချို့ကို ကြာပန်းလို....
ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။

#လူအချို့ကို လက်ဖက်ခြောက်လို.
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။

#လူအချို့ကို လေပြည်လို...
ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။

#လူအချို့ကို သစ်ပင်လို
မှီခိုသင့် မှီရတယ် ။

#အားလုံးက ရေစက်ပဲလေ.……

#လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။

#စိတ်ပျော့ပျောင်းသွားပြီ...
အရာရာလှပသွားပြီ ။

#စိတ်သန့်စင်သွားပြီ...
ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။

#စိတ်ပျော်ရွှင်သွားပြီ....
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

#ဒီတစ်သက်မှာ
ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချဘူး၊
ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊
အားလုံးက ကိုယ့်ကိုဖန်တီးတာ။

#ဘဝဆိုတာ တိုက်ပွဲမဟုတ်ဘူး၊..... ပဲ့တင်သံ ။

#သင့်ရဲ့အကောင်းဆုံးကို သူများကိုပေး
ကြည့်လိုက်၊ သူများရဲ့အကောင်းဆုံး
က သင့်ဆီပြန်လာတယ် ။

#သင်သူများကို ကူညီတာများလေလေ၊
သူများဆီက သင်အကူအညီပိုရလေလေ ။

#သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊
နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ
သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။

#နှိမ့်ချကျိုးနွံမှု များများနဲ့
ချီးမွမ်း ထောပနာများများ
အသုံးချတတ်ရင် လူ့ဘဝမှာနေရတာ
ပျော်ရွှင်မယ် ။

ပါမောက္ခချုပ်ဆရာတော်

"လမ်းခွဲမယ်" ပြောတဲ့သူကဘယ်တော့မှ ထားမသွားဘူး။"ထားမသွားနဲ့" ပြောတဲ့သူကတသက်လုံး လမ်းခွဲသွားတယ်။ #သက်ထက်တန်
25/04/2020

"လမ်းခွဲမယ်" ပြောတဲ့သူက
ဘယ်တော့မှ ထားမသွားဘူး။

"ထားမသွားနဲ့" ပြောတဲ့သူက
တသက်လုံး လမ်းခွဲသွားတယ်။

#သက်ထက်တန်

😍😍😍
25/04/2020

😍😍😍

25/04/2020

#ဒီလောက်ပါဘဲ

မိုးဘယ်တော့ရွာမလဲ မသိပေမယ့်
ပျိုးပင်တွေတော့ကြဲထားတယ် ။

ဘယ်သူ့ဆီကဘာရမလဲ မသိပေမယ့်
အဖြူစင်ဆုံး ကူညီပေးလိုက်မယ် ။

အသွားအပြန်ရှိလာ မသိပေမဲ့
တစ်ယူမသန်ဘဲ မူမှန်မှန်နေမယ် ။

ပေးတိုင်းလဲ မယူတတ်ခဲ့သလို
ပူတိုင်းလဲ ဘယ်သူ့ကိုမှ မကူခိုင်းတတ်ပါဘူး ။

တယောင်တဆောင် သဘောနဲ့လဲ
မရှိတာအရှိလုပ် ဟိတ်ဟန်ကြီးမထုတ်ခဲ့ဘူး ။

မဟုတ်ရင်မခံတတ်တဲ့ စိတ်တွေကို
တစ်နေ့နေ့မှာတော့ ပုံစံကျကျ
ပြုံးပြတတ်အောင် လေ့ကျင့်နေတယ် ။

ဘဝက ရိုးရိုး ရှင်းရှင်းလေးပါ
အတ္တတွေကြောင့် ရှုပ်ရင်း ရှင်းရင်း
လိုရင်း မရောက်တာများလား ။

ရှုံးရင်လဲ ပြုံးနိုင်အောင်
မုန်းရင်လဲ ပြုံးနိုင်ဖို့ဆိုတာ
စိတ်ဓာတ်က ပကတိ
ရှင်းသန့်နေဖို့လိုတယ်မဟုတ်လား ။

ယှဉ်ပြိုင်မှုက လှပသလောက်
ပြိုင်ဆိုင်မှုက အကျည်းတန်မှန်း
အသက်အရွယ်အရ အလိုလိုသိလာတယ် ။

သမိုင်းမဝင်ခဲ့ရင်တောင်
လူမရိုင်းဘဲ စိတ်ထားလေးကို
သိမ်မွေ့နိုင်အောင်ကြိုးစားယူမယ် ။

လုပ်တိုင်းမပေါက်ခဲ့ပေမဲ့
လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းနေဖို့
ဆုံးဖြတ်ချက်တွေက သိပ်အရေးကြီးတယ် ။

ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်တိုင်က ကောင်းမွန်စွာ
နေထိုင်သွားနိုင်ဖို့ အတတ်နိုင်ဆုံး
လေ့ကျင့်ယူတဲ့ ရလာဒ်ဟာ
စိတ်အေးချမ်းခြင်းရဲ့ အဆုံးသတ်တစ်ခုဘဲ ။

လူတိုင်းက မေတ္တာနဲ့မတန်ရင်တောင်
မေတ္တာတရားကိုတော့ လူတိုင်းအပေါ်
ပိုပိုသာသာထားတတ်ဖို့ နှလုံးသွင်းထားတယ် ။

#နှင်းငယ်ငြိမ်း

Address

Nyaungshwe

Website

Alerts

Be the first to know and let us send you an email when Yan Lin Naung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share